လူတစ္ေယာက္နဲ႔ တစ္ေယာက္ မႏွစ္သက္တဲ့ အရာျခင္း မတူၾကပါဘူး။ ဒါေပမယ့္ သင့္ရဲ႕ သက္သက္သာသာ ေနႏိုင္တဲ့ အေျခအေနေတြထက္ ေက်ာ္လြန္ၿပီး အလုပ္လုပ္တာဟာ ခက္ခဲပင္ပန္းပါတယ္ဆိုတာေတာ့ လူတိုင္း သေဘာတူၾကပါတယ္။
အေကာင္းဆံုးနည္းလမ္းကေတာ့ တစ္ပါတ္ကိုတစ္ေခါက္ ခက္ခဲတယ္လို႔ ထင္ရတဲ့ အလုပ္တစ္ခုကို ႐ွာၿပီး လုပ္တာပါ။ ၾကာလာရင္ သင့္ရဲ႕ ေန႔စဥ္ဘဝထဲကို ေနသားက်သြားရင္ ခက္ခဲဲတဲ့အရာေတြဟာ ပံုမွန္ ကိစၥေတြလို အသြင္ေျပာင္းသြားပါလိမ့္မယ္။
လူေတြကို အက်ိဳးျပဳတဲ့ ခက္ခဲပင္ပန္းတဲ့အရာ တခ်ိဳ႕ကေတာ့
၁. အရာတိုင္းကို ေမးခြန္းထုတ္ပါ
အေျဖ႐ွိ႐ွိ မ႐ွိ႐ွိ အရာတိုင္းကို ေမးခြန္းျပန္ထုတ္ၿပီး ကိုယ့္ဘာသာ ဆန္းစစ္ၾကည့္ပါ။ အဲဒါဟာ ခက္ခဲပင္ပန္းေပမယ့္ မတူတဲ့ အျခားဘက္က ျမင္ႏိုင္တဲ့ အက်ိဳးကို ရေစပါတယ္။
၂. ႐ုိးသားပါ
သင့္ဘဝထဲက သင့္ရဲ႕ သူငယ္ခ်င္း၊ ပါတနာ၊ တစ္စံုတစ္ေယာက္အေပၚ လံုးဝ ႐ုိးသားဖို႔ဟာ အရမ္းခက္ခဲပင္ပန္းပါတယ္။ သင္ ေကာင္းတာပဲ ျဖစ္ျဖစ္၊ ဆိုးတာပဲ ျဖစ္ျဖစ္ ပါတနာတစ္ေယာက္ကို ေဝဖန္ခ်င္တဲ့ ခံစားခ်က္အားလံုးကို ႐ုိး႐ိုးသားသား စာတစ္ေစာင္ ခ်ေရးၿပီး သူ႔ကို ေပးလိုက္ပါ။ ၿပီးရင္ အဲဒီစာက သင္နဲ႔ သူ႔ၾကားဘယ္လို အက်ိဳးသက္ေရာက္သြားတယ္ဆိုတာလဲ သတ္သတ္ စာတစ္ေစာင္ ခ်ေရးပါ။ အဲဒိအေတြ႕အၾကံဳကို တစ္ဘဝလံုး မေမ့ပါနဲ႔။
၃. ေစာေစာထပါ
ေနမထြက္ခင္ ထတာဟာ စာက်က္ဖို႔နဲ႔ အလုပ္အတြက္ အေကာင္းဆံုး ပါတ္ဝန္းက်င္ကို ေပးႏိုင္ပါတယ္။ မနက္ ငါးနာရီ တျခားသူအားလံုး အိပ္ေနတုန္း ထဖို႔ဟာ ခက္ခဲပင္ပန္းလွပါတယ္။
၄. ေငြကို သတိထားသံုးပါ
သင့္ ကားျပင္စရိတ္နဲ႔ အာမခံက စလို႔ ေကာ္ဖီဖိုး၊ အာလူးေၾကာ္ဖိုးအထိ သင္ သံုးလို႔ ကုန္က်သမ်ွအားလံုးကို စာရင္းျပဳစုထားပါ။ လေပါင္းမ်ားစြာ ၾကာလာရင္ သင္ ေငြကို ဂ႐ုစိုက္ မွတ္သားသံုးတာေၾကာင့္ ထြက္လာတဲ့ အပိုေငြ ပမာဏကို အံဩစရာေကာင္းေလာက္ေအာင္ ေတြ႕ရမွာပါ။
၅. ဘာစားလဲဆိုတာ စာရင္းမွတ္ထားပါ
တစ္ေန႔တာအတြင္း သင္ စားသမ်ွ အစားအေသာက္ေတြနဲ႔ လုပ္သမ်ွ ေလ့က်င့္ခန္းေတြကို စာရင္းမွတ္ထားရတာ ခက္ခဲမွာပါ။ ဒါေပမယ့္ အက်ိဳးအေနနဲ႔ သင္ ဘယ္အာဟာရကို နည္းနည္းပဲ ရသလဲ?? တစ္ေန႔ကို အဆီ၊ သၾကား ဘယ္ေလာက္ စားသံုးေနလဲဆိုတာ သိ႐ွိလာၿပီး ခ်ိန္ညႇိႏိုင္မွာပါ။
၆. အာဟာရျဖစ္မယ့္ အစားအစာပဲ စားပါ
အာဟာရ႐ွိမယ့္ဟာပဲ စားျခင္းဟာ သင့္ရဲ႕ဘဝကို လံုးဝ ေျပာင္းလဲသြားေစႏိုင္ပါတယ္။ ပုိးသတ္ေဆးသံုးမထားတဲ့ ေအာ္ဂဲနစ္ အစားအစာေတြကို စားပါ။ ေစ်းပိုႀကီးႏိုင္ေပမယ့္ ေဆးဖိုးဝါးခထက္ေတာ့ သက္သာပါေသးတယ္။ အဆီမပါတဲ့ အသားေတြနဲ႔ ဟင္းသီးဟင္းရြက္ အဓိကစားၿပီး ဆန္၊ ဂ်ံဳ ေလ်ွာ့စားပါ။ အရမ္းခက္ခဲပင္ပန္းမွာ ျဖစ္ေပမယ့္ အက်ိဳး ၁၀၀ ရာႏႈန္း ႐ွိပါတယ္။
၇. လူေတြၾကားထဲ စကားေျပာတတ္ေအာင္ က်င့္ပါ
ေတြးရတာေတာင္ လန္႔စရာေကာင္းေနေပမယ့္ ဘဝတစ္ေကြ႕မွာေတာ့ သင္ လူေတြေ႐ွ႕မွာ စကားေျပာရဖို႔ ေသခ်ာပါတယ္။ ေလ့က်င့္တာဟာ သင့္ရဲ႕ လူမႈဆက္သြယ္ေရး စြမ္းရည္ တိုးတက္ဖို႔ အေကာင္းဆံုး နည္းလမ္းပါပဲ။
၈. မျဖစ္ႏိုင္ဘူးလို႔ ထင္ရတဲ့ ပန္းတိုင္တစ္ခု ေအာင္ျမင္ေအာင္ လုပ္ပါ
သင္ လုပ္ႏိုင္သမ်ွ အခက္ခဲအပင္ပန္းဆံုး ျဖစ္မယ့္ဟာကေတာ့ သင္ လုပ္ခဲ့သမ်ွ ပန္းတိုင္အားလံုးထက္ ပိုၿပီး ခက္ခဲတဲ့ ပန္းတိုင္တစ္ခုကို ေရာက္ဖို႔ပါပဲ။ သင္ တစ္ေန႔တာ အဆင္ေျပေျပ လုပ္ႏိုင္တဲ့ အလုပ္တစ္ခုကို ေၾကာက္ဖို႔ေကာင္းတဲ့ အေျခအေနထိ ခ်ဲ့ယူပါ။ ဥပမာ သင္ တစ္ေန႔ကို တစ္မိုင္ ေျပးရင္ ၇ မိုင္ေျပးဖို႔ဆိုတာ လန္႔စရာေကာင္းပါတယ္။ အဲဒါကို တစ္ႏွစ္ပန္းတိုင္အျဖစ္ သတ္မွတ္ထားပါ။ ဒီ ပန္းတိုင္ကို ေရာက္ဖို႔ သင့္ရဲ႕ ႐ုပ္ပုိင္း စိတ္ပိုင္းစြမ္းရည္အားလံုးကို သံုးဖို႔ လိုပါလိမ့္မယ္။
၉. အလုပ္တစ္ခုခုကို ေရြးခ်ယ္ၿပီး ဆရာတစ္ဆူအဆင့္ ျဖစ္တဲ့ထိ ေလ့က်င့္ပါ
ကိုယ့္ဘာသာ တိုးတက္ခ်င္သူေတြ အေတြ႕ရအမ်ားဆံုး ျပသနာကေတာ့ သူတို႔ ဘာလုပ္ခ်င္လဲဆိုတာ မသိတာပါပဲ။ သင္ဟာ စိတ္ဝင္စားမႉေတြကို တစ္ခုၿပီးတစ္ခု ေျပာင္းေနရင္ သင့္ရဲ႕ စြမ္းရည္ကို ေတြ႕ႏိုင္မွာ မဟုတ္ပါဘူး။ အဲဒါေၾကာင့္ တစ္ခုခုကို ေရြးခ်ယ္ၿပီး ဆရာတစ္ဆူျဖစ္တဲ့အထိ စိတ္ႏွစ္ေလ့က်င့္ပါ။ ဘာလဲဆိုတာ အေရးမႀကီးပါဘူး။ သင္ လုပ္ေနဖို႔ပဲ အေရးႀကီးတာပါ။
ထိထိမိမိစကားေျပာဆိုုႏိုုင္ဖိုု႕
ကပ္စီးကုပ္ကိုု ျပဳျပင္ဖိုု႕
GM ရဲ့ တျခား လူမႈေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/social/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
တစ်သက်လုံး အကျိုးပြန်ပေးသွားမယ့် ခက်ခဲတဲ့ အလုပ် ၉ ခု
လူတစ်ယောက်နဲ့ တစ်ယောက် မနှစ်သက်တဲ့ အရာခြင်း မတူကြပါဘူး။ ဒါပေမယ့် သင့်ရဲ့ သက်သက်သာသာ နေနိုင်တဲ့ အခြေအနေတွေထက် ကျော်လွန်ပြီး အလုပ်လုပ်တာဟာ ခက်ခဲပင်ပန်းပါတယ်ဆိုတာတော့ လူတိုင်း သဘောတူကြပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ တစ်ပါတ်ကိုတစ်ခေါက် ခက်ခဲတယ်လို့ ထင်ရတဲ့ အလုပ်တစ်ခုကို ရှာပြီး လုပ်တာပါ။ ကြာလာရင် သင့်ရဲ့ နေ့စဉ်ဘဝထဲကို နေသားကျသွားရင် ခက်ခဲတဲ့အရာတွေဟာ ပုံမှန် ကိစ္စတွေလို အသွင်ပြောင်းသွားပါလိမ့်မယ်။
လူတွေကို အကျိုးပြုတဲ့ ခက်ခဲပင်ပန်းတဲ့အရာ တချို့ကတော့
၁. အရာတိုင်းကို မေးခွန်းထုတ်ပါ
အဖြေရှိရှိ မရှိရှိ အရာတိုင်းကို မေးခွန်းပြန်ထုတ်ပြီး ကိုယ့်ဘာသာ ဆန်းစစ်ကြည့်ပါ။ အဲဒါဟာ ခက်ခဲပင်ပန်းပေမယ့် မတူတဲ့ အခြားဘက်က မြင်နိုင်တဲ့ အကျိုးကို ရစေပါတယ်။
၂. ရိုးသားပါ
သင့်ဘဝထဲက သင့်ရဲ့ သူငယ်ချင်း၊ ပါတနာ၊ တစ်စုံတစ်ယောက်အပေါ် လုံးဝ ရိုးသားဖို့ဟာ အရမ်းခက်ခဲပင်ပန်းပါတယ်။ သင် ကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ် ပါတနာတစ်ယောက်ကို ဝေဖန်ချင်တဲ့ ခံစားချက်အားလုံးကို ရိုးရိုးသားသား စာတစ်စောင် ချရေးပြီး သူ့ကို ပေးလိုက်ပါ။ ပြီးရင် အဲဒီစာက သင်နဲ့ သူ့ကြားဘယ်လို အကျိုးသက်ရောက်သွားတယ်ဆိုတာလဲ သတ်သတ် စာတစ်စောင် ချရေးပါ။ အဲဒိအတွေ့အကြုံကို တစ်ဘဝလုံး မမေ့ပါနဲ့။
၃. စောစောထပါ
နေမထွက်ခင် ထတာဟာ စာကျက်ဖို့နဲ့ အလုပ်အတွက် အကောင်းဆုံး ပါတ်ဝန်းကျင်ကို ပေးနိုင်ပါတယ်။ မနက် ငါးနာရီ တခြားသူအားလုံး အိပ်နေတုန်း ထဖို့ဟာ ခက်ခဲပင်ပန်းလှပါတယ်။
၄. ငွေကို သတိထားသုံးပါ
သင့် ကားပြင်စရိတ်နဲ့ အာမခံက စလို့ ကော်ဖီဖိုး၊ အာလူးကြော်ဖိုးအထိ သင် သုံးလို့ ကုန်ကျသမျှအားလုံးကို စာရင်းပြုစုထားပါ။ လပေါင်းများစွာ ကြာလာရင် သင် ငွေကို ဂရုစိုက် မှတ်သားသုံးတာကြောင့် ထွက်လာတဲ့ အပိုငွေ ပမာဏကို အံဩစရာကောင်းလောက်အောင် တွေ့ရမှာပါ။
၅. ဘာစားလဲဆိုတာ စာရင်းမှတ်ထားပါ
တစ်နေ့တာအတွင်း သင် စားသမျှ အစားအသောက်တွေနဲ့ လုပ်သမျှ လေ့ကျင့်ခန်းတွေကို စာရင်းမှတ်ထားရတာ ခက်ခဲမှာပါ။ ဒါပေမယ့် အကျိုးအနေနဲ့ သင် ဘယ်အာဟာရကို နည်းနည်းပဲ ရသလဲ?? တစ်နေ့ကို အဆီ၊ သကြား ဘယ်လောက် စားသုံးနေလဲဆိုတာ သိရှိလာပြီး ချိန်ညှိနိုင်မှာပါ။
၆. အာဟာရဖြစ်မယ့် အစားအစာပဲ စားပါ
အာဟာရရှိမယ့်ဟာပဲ စားခြင်းဟာ သင့်ရဲ့ဘဝကို လုံးဝ ပြောင်းလဲသွားစေနိုင်ပါတယ်။ ပိုးသတ်ဆေးသုံးမထားတဲ့ အော်ဂဲနစ် အစားအစာတွေကို စားပါ။ ဈေးပိုကြီးနိုင်ပေမယ့် ဆေးဖိုးဝါးခထက်တော့ သက်သာပါသေးတယ်။ အဆီမပါတဲ့ အသားတွေနဲ့ ဟင်းသီးဟင်းရွက် အဓိကစားပြီး ဆန်၊ ဂျုံ လျှော့စားပါ။ အရမ်းခက်ခဲပင်ပန်းမှာ ဖြစ်ပေမယ့် အကျိုး ၁၀၀ ရာနှုန်း ရှိပါတယ်။
၇. လူတွေကြားထဲ စကားပြောတတ်အောင် ကျင့်ပါ
တွေးရတာတောင် လန့်စရာကောင်းနေပေမယ့် ဘဝတစ်ကွေ့မှာတော့ သင် လူတွေရှေ့မှာ စကားပြောရဖို့ သေချာပါတယ်။ လေ့ကျင့်တာဟာ သင့်ရဲ့ လူမှုဆက်သွယ်ရေး စွမ်းရည် တိုးတက်ဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။
၈. မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ ပန်းတိုင်တစ်ခု အောင်မြင်အောင် လုပ်ပါ
သင် လုပ်နိုင်သမျှ အခက်ခဲအပင်ပန်းဆုံး ဖြစ်မယ့်ဟာကတော့ သင် လုပ်ခဲ့သမျှ ပန်းတိုင်အားလုံးထက် ပိုပြီး ခက်ခဲတဲ့ ပန်းတိုင်တစ်ခုကို ရောက်ဖို့ပါပဲ။ သင် တစ်နေ့တာ အဆင်ပြေပြေ လုပ်နိုင်တဲ့ အလုပ်တစ်ခုကို ကြောက်ဖို့ကောင်းတဲ့ အခြေအနေထိ ချဲ့ယူပါ။ ဥပမာ သင် တစ်နေ့ကို တစ်မိုင် ပြေးရင် ၇ မိုင်ပြေးဖို့ဆိုတာ လန့်စရာကောင်းပါတယ်။ အဲဒါကို တစ်နှစ်ပန်းတိုင်အဖြစ် သတ်မှတ်ထားပါ။ ဒီ ပန်းတိုင်ကို ရောက်ဖို့ သင့်ရဲ့ ရုပ်ပိုင်း စိတ်ပိုင်းစွမ်းရည်အားလုံးကို သုံးဖို့ လိုပါလိမ့်မယ်။
၉. အလုပ်တစ်ခုခုကို ရွေးချယ်ပြီး ဆရာတစ်ဆူအဆင့် ဖြစ်တဲ့ထိ လေ့ကျင့်ပါ
ကိုယ့်ဘာသာ တိုးတက်ချင်သူတွေ အတွေ့ရအများဆုံး ပြသနာကတော့ သူတို့ ဘာလုပ်ချင်လဲဆိုတာ မသိတာပါပဲ။ သင်ဟာ စိတ်ဝင်စားမှူတွေကို တစ်ခုပြီးတစ်ခု ပြောင်းနေရင် သင့်ရဲ့ စွမ်းရည်ကို တွေ့နိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် တစ်ခုခုကို ရွေးချယ်ပြီး ဆရာတစ်ဆူဖြစ်တဲ့အထိ စိတ်နှစ်လေ့ကျင့်ပါ။ ဘာလဲဆိုတာ အရေးမကြီးပါဘူး။ သင် လုပ်နေဖို့ပဲ အရေးကြီးတာပါ။
ထိထိမိမိစကားပြောဆိုနိုင်ဖို့
ကပ်စီးကုပ်ကို ပြုပြင်ဖို့
GM ရဲ့ တခြား လူမှုရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/social/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================