မိန်းမတွေ ဘာလိုချင်သလဲ
မိန်းမတွေ ဘာလိုချင်သလဲ
မိန်းမတွေဟာ ထူးခြားပါတယ်။ ကျွန်တော်တို့ ကျွန်တော်တို့ အင်္ဂါအရွယ်အစားအတွက် စိုးရိမ်နေတုန်းမှာ သူတို့ဟာ သူတို့ ပစ္စည်းအတွက် လုံးဝ ဂရုမထားတတ်ကြပါဘူး။ မိန်းမ မဂ္ဂဇင်းတစ်ခုကို စစ်တမ်းကောက်ယူရာမှာ သူတို့ဟာ ကျွန်တော်တို့ အလေးထားတဲ့ လိင်ကိစ္စနဲ့ စည်းစိမ်ဥစ္စာတွေကို အလေးမထားကြပါဘူး ဆိုတာ တွေ့ရပါတယ်။
စစ်တမ်းမှာ ဆိုတာက ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ သူတို့ကို ဆွဲဆောင်နိုင်တာ မရှိပါဘူး တဲ့။ သူတို့ကို ဆွဲဆောင်နိုင်တာကတော့ ရက်ရောတဲ့ နှလုံးသားရယ် ဟာသဉာဏ်ရယ် လွတ်လပ်စွာ တွေးခေါ်တတ်တာရယ် ကြင်နာတတ်တာရယ်ပါပဲ။
ယောက်ျားတစ်ယောက်မှာ မရှိမဖြစ် လိုအပ်တဲ့ အချက်သုံးချက်ကတော့ ဟာသဉာဏ်ရယ်၊ အလေ့အထ ကောင်းကောင်းရယ် ကိုယ့်ဘာသာ ယုံကြည်မှုရယ် ပါပဲ။
လိင်ကိစ္စမှာဆို ယောက်ျားတော်တော်များများက စိတ်ဖိစီးမှု ဖြေလျော့ဖို့ နည်းလမ်းအနေနဲ့ပဲ မြင်ထားကြပါတယ်။ မိန်းမတွေအတွက်လဲ စိတ်ဖိစီးမှု ပြေနိုင်ပေမယ့် သူတို့ဟာ ရိုမန်တစ်ဆန်မှူနဲ့ ကြင်နာနွေးထွေးမှုကိုလဲ တစ်ချိန်ထဲ လိုချင်တတ်ကြပါသေးတယ်။ သူတို့ကို တကယ် ကျေနပ်အောင် ပေးစွမ်းနိုင်ဖို့က သင့်တာဝန်ပါပဲ။
သင်ကတော့ စိတ်ဖိစီးမှု ပြေပျောက်ဖို့ ဘာမှ မနွှေး အစမပြုပဲ တန်းပြီး ဆက်ဆံလိုက်တယ်။ သူမ ဘယ်လိုခံစားရမလဲဆိုတာ ကိုယ်ချင်းစာကြည့်ပါ။ သင် Hand Job, Oral တွေကို ကြိုက်ပါသလား။ သူမလဲ တူတူပါပဲ။
တခါတစ်လေမှာ ယောက်ျားတွေဟာ အကြမ်းစား ဆက်ဆံရတာကို နှစ်သက်ပါတယ်။ မိန်းမတွေလဲ တူတူပါပဲ။ သူတို့ကလဲ အဲဒါကို ကြိုက်တတ်ပါတယ်။ ဒါပေမယ့် စ လိင်ဆက်ဆံတဲ့ မိနစ်မှာပဲ အပြာကားထဲကလို နံရံမှာကပ်ပြီး ဆောင့်ခံနေရတာကို မကျေနပ်တဲ့ မိန်းကလေးတွေ အများကြီး ရှိပါတယ်။ အဲဒိလိုဆက်ဆံတာဟာ အချိန်မှန် နေရာမှန်မှာ လုပ်မှ ကောင်းတာပါ။ ဒါပေမယ့် မိန်းကလေး တော်တော်များများ က မကြိုက်တတ်တာ သတိပြုရပါမယ်။ ရှက်တတ်တဲ့ ကောင်မလေးတွေဆို ပိုဆိုးပါတယ်။
မိန်းမတွေက သူတို့ ခန္ဓာကိုယ်တွေကို သင် သဘောကျတာ ကြိုက်ပေမယ့် တခြားမိန်းမတွေရဲ့ ခန္ဓာကိုယ်ကို တစ်ချိန်ထဲမှာ သဘောကျနေတာကိုတော့ မကြိုက်တတ်ပါဘူး။ တခြားမိန်းမတွေကို မျက်စိအစာကျွေးတတ်တဲ့ ယောက်ျားတွေနဲ့ ဘယ်သူမှ တွဲ မသွားချင်ပါဘူး။ သင် ခိုးလုပ်လို့ရမယ်လဲ မထင်ပါနဲ့။
သင် ကြည့်ချင်ရင် နှစ်ယောက်တူတူ အလောင်းအစားပုံစံနဲ့ ကြည့်ပါ။ ဟိတ် ဟိုကောင်မလေး ဝတ်ထားတာ မိုက်တယ်နော်.. ။ အဲလိုမျိုးပါ။ ဒါမှမဟုတ် လက်ကောက်ဝတ်မှာ သားရေကွင်းတစ်ကွင်း ပတ်ထားပြီး တခြားမိန်းမကို ကြည့်မိတိုင်း အဲဒါနဲ့ ကိုယ့်ဘာသာကိုယ် ပစ်ပါ။နာကျင်မှုနဲ့ အာရုံမလွှဲနိုင်ရင်တော့ နေကာမျက်မှန်သာ ဆောင်ထားပါတော့။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================