လိင္ဆက္ဆံစဥ္ ၾကံဳေတြ႕ရႏိုင္သည့္ အႏၱရာယ္(၇)ခု

လိင္ဆက္ဆံရတာဟာ သင့္အတြက္ ခံစားမႈေကာင္းေတြရရွိေစႏိုင္သလို နည္းနည္းေလာက္ ဂ႐ုမစိုက္လိုက္တာ နဲ႔ သင့္အတြက္ ဒဏ္ရာဒဏ္ခ်က္ေတြ ရရွိသြားေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ လိင္ဆက္ဆံေနတုန္းမွာ ၾကံဳေတြ႕ရႏိုင္တဲ့ အႏၱရယ္ေတြကို သိရွိေရွာင္က်ဥ္ႏိုင္ေအာင္ စုစည္းေဖာ္ျပလိုက္ပါတယ္။

၁။ လိင္တံက်ိဳးျခင္း

လိင္တံကို အ႐ုိးနဲ႔ဖြဲ႕စည္းထားတာမဟုတ္ေပမယ့္ ေသြး၀င္လာမွ ေတာင့္တင္းမာထန္လာေစတဲ့ ျပြန္ေတြနဲ႔ ဖြဲ႕စည္းထားတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လိင္တံေတာင့္တင္ေနခ်ိန္မွာ မာေက်ာတဲ့အရာတစ္ခုကို အားနဲ႔ထိုးမိတာပဲျဖစ္ျဖစ္၊ အဆင္မေျပတဲ့အေနအထားေၾကာင့္ပဲျဖစ္ျဖစ္ ျပြန္ေလးေတြရဲ႕ တစ္႐ႈးေတြကို ဆုတ္ျပဲသြားေစၿပီး လိင္တံက်ိဳးျခင္းကို ျဖစ္ေစႏိုင္ပါတယ္။

၂။ ပြန္းပဲ့ျခင္း

သင့္ရဲ႕မိန္းကေလးကို ႏူးႏွပ္ၿပီး စိတ္ပါလာေအာင္မလုပ္ပဲ လိင္ဆက္ဆံမိတဲ့အခါမွာ ျဖစ္ႏိုင္ပါတယ္။ မိန္းကေလးဘက္က စိတ္မပါေသးတဲ့အတြက္ သူမရဲ႕အဂၤါက ေျခာက္ေသြ႕ေနတတ္ၿပီး ဒီအခ်ိန္မွာ လိင္ဆက္ဆံမိခဲ့ရင္ ပြတ္တိုက္မႈေတြေၾကာင့္ အပူေလာင္သလို ပြန္းပဲ့နီရဲလာမွာျဖစ္ပါတယ္။ ဒီလိုျဖစ္ၿပီဆိုရင္ ကုသဖို႔အခ်ိန္အေတာ္ၾကာၿပီး လိမ္းေဆးရည္ေတြလိမ္းရမွာျဖစ္သလို မေပ်ာက္မခ်င္း လိင္ဆက္ဆံမႈကို ေရွာင္ရမွာျဖစ္ပါတယ္။

၃။ လိင္တံအစြပ္ေၾကာင့္ ေရာင္ရမ္းျခင္း

လိင္တံမွာ လက္စြပ္သဖြယ္စြပ္ထားရတဲ့ ကြင္းေတြကို အသံုးျပဳၿပီး လိင္တံေထာင္မတ္မႈကို ၾကာရွည္ခံေအာင္ လုပ္လို႔ရပါတယ္။ ဒါေပမယ့္ ဒီလိင္တံအစြပ္ကို မခၽြတ္ပဲအခ်ိန္အၾကာႀကီး ၀တ္ဆင္ထားမယ္ဆိုရင္ေတာ့ သင့္လိင္တံဆီကို ေသြးလည္ပတ္မႈကို ထိခိုက္ေစၿပီး ေရာင္ရမ္းလာေစမွာျဖစ္ပါတယ္။ ဒါ့အျပင္ အစြပ္ရဲ႕ ေအာက္ဘက္က အေရျပားစုတ္ျပဲမႈေတြလည္း ျဖစ္ေစႏိုင္ပါေသးတယ္။

၄။ စုပ္ရာမ်ား

သင့္ရဲ႕အေဖာ္မိန္းကေလးက ပါးစပ္နဲ႔လိင္ဆက္ဆံတာကို ကၽြမ္းက်င္သူျဖစ္တဲ့အခါမွာ သင့္ရဲ႕လိင္တံမွာ အနီကြက္ စုပ္ရာေတြထင္က်န္ခဲ့ေစႏိုင္ပါတယ္။ ဒီလိုျဖစ္ရတာဟာ လိင္တံမွာရွိတဲ့ ဆံျခည္မွ်င္ေသြးေၾကားေလးေတြ ေပါက္သြားတာေၾကာင့္ျဖစ္ပါတယ္။ ဒီလိုျဖစ္တဲ့အခါမွာ ဘာမွမလုပ္ပဲ ဒီအတိုင္းထားလိုက္ပါ။ ရက္အနည္းငယ္ၾကာရင္ ျပန္ေကာင္းသြားပါလိမ့္မယ္။ တပတ္ေလာက္ၾကာတဲ့အထိ မေကာင္းေသးဘူးဆိုရင္ေတာ့ ဆရာ၀န္နဲ႔ျပၾကည့္ဖို႔လိုပါၿပီ။

၅။ ကိုက္ရာမ်ား

Oral Sex လို႔ေခၚတဲ့ ပါးစပ္နဲ႔လိင္ဆက္ဆံမႈေၾကာင့္ ျဖစ္ႏိုင္တဲ့အႏၱရာယ္တစ္ခုျဖစ္ပါတယ္။ ဒီလို သင့္လိင္တံ အကိုက္ခံရၿပီဆိုရင္ ထိခိုက္မႈကို ေသခ်ာစစ္ေဆးပါ။ အေရျပားေပါက္သြားခဲ့တယ္ဆိုရင္ အနာလိမ္းေဆးတစ္ခုခု လိမ္းထားၿပီး ပိုးမ၀င္ေအာင္ ဆရာ၀န္ဆီမွာ ပဋိဇီ၀ေဆးတစ္လံုးေလာက္ထိုးထားဖို႔ လိုပါလိမ့္မယ္။

၆။ လိင္တံနာျခင္း

လိင္ဆက္ဆံၿပီးတဲ့ေနာက္မွာ သင့္ရဲ႕လိင္တံက ႏူးညံ့ေနၿပီး အေရျပားအေရာင္ကလည္း နဂိုကထက္ပိုမိုနီျမန္းေန မယ္ဆိုရင္ ဒါဟာ သာမာန္ထက္အခ်ိန္ပိုၾကာေအာင္ ေတာင့္တင္းေနတာေၾကာင့္ ျဖစ္တဲ့ လိင္တံနာက်ဥ္မႈမ်ိဳး ျဖစ္ပါတယ္။ ဒီကိစၥက သိပ္စိတ္ပူစရာမရွိပါဘူး။ သင့္ရဲ႕လိင္တံထဲကို ေသြးေတြေတာ္ေတာ္မ်ားမ်ား ၀င္ေရာက္ေနတဲ့အတြက္ ႏူးညံ့ၿပီး အထိမခံႏိုင္ေအာင္ နာက်ဥ္ေနတာျဖစ္ပါတယ္။

၇။ ေ၀ွးေစ့မ်ား နာက်ဥ္ျခင္း

လိင္ဆက္ဆံတာက ေ၀ွးေစးေတြနဲ႔ေတာ့ သိပ္မဆိုင္ပါဘူး။ ဒါေပမယ့္ တစ္ခါတစ္ရံ မသိမသာနာက်ဥ္မႈမ်ိဳး ခံစားရတတ္ပါတယ္။ ဒါဟာ လိင္ဆက္ဆံေနခ်ိန္မွာ ေ၀ွးေစ့ေတြကို လိမ္လွည့္ျခင္း၊ ဆြဲျခင္း၊ ညစ္ျခင္းေတြ ေၾကာင့္ ျဖစ္ပါတယ္။ သင့္ရဲ႕ေ၀ွးေစ့ေတြက အလြန္အထိမခံတဲ့အရာေတြျဖစ္တဲ့အတြက္ ဂရုတစိုက္ ကုသဖို႔ လိုအပ္ပါတယ္။ တစ္ခါတစ္ရံမွာ အျပင္းအထန္သုက္လႊတ္မႈေၾကာင့္လည္း ေ၀ွးေစ့ေတြ နာက်ဥ္ေနတတ္ပါတယ္။ ဒီလိုျဖစ္လို႔ နာက်ဥ္ရတာဆိုရင္ေတာ့ ကုသေနစရာမလိုအပ္ပါဘူးလို႔ အၾကံျပဳလိုက္ပါရေစ။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

လိင်ဆက်ဆံစဉ် ကြုံတွေ့ရနိုင်သည့် အန္တရာယ်(၇)ခု

လိင်ဆက်ဆံရတာဟာ သင့်အတွက် ခံစားမှုကောင်းတွေရရှိစေနိုင်သလို နည်းနည်းလောက် ဂရုမစိုက်လိုက်တာ နဲ့ သင့်အတွက် ဒဏ်ရာဒဏ်ချက်တွေ ရရှိသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံနေတုန်းမှာ ကြံုတွေ့ရနိုင်တဲ့ အန္တရယ်တွေကို သိရှိရှောင်ကျဉ်နိုင်အောင် စုစည်းဖော်ပြလိုက်ပါတယ်။

၁။ လိင်တံကျိုးခြင်း
လိင်တံကို အရိုးနဲ့ဖွဲ့စည်းထားတာမဟုတ်ပေမယ့် သွေးဝင်လာမှ တောင့်တင်းမာထန်လာစေတဲ့ ပြွန်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် လိင်တံတောင့်တင်နေချိန်မှာ မာကျောတဲ့အရာတစ်ခုကို အားနဲ့ထိုးမိတာပဲဖြစ်ဖြစ်၊ အဆင်မပြေတဲ့အနေအထားကြောင့်ပဲဖြစ်ဖြစ် ပြွန်လေးတွေရဲ့ တစ်ရှုးတွေကို ဆုတ်ပြဲသွားစေပြီး လိင်တံကျိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။

၂။ ပွန်းပဲ့ခြင်း
သင့်ရဲ့မိန်းကလေးကို နူးနှပ်ပြီး စိတ်ပါလာအောင်မလုပ်ပဲ လိင်ဆက်ဆံမိတဲ့အခါမှာ ဖြစ်နိုင်ပါတယ်။ မိန်းကလေးဘက်က စိတ်မပါသေးတဲ့အတွက် သူမရဲ့အင်္ဂါက ခြောက်သွေ့နေတတ်ပြီး ဒီအချိန်မှာ လိင်ဆက်ဆံမိခဲ့ရင် ပွတ်တိုက်မှုတွေကြောင့် အပူလောင်သလို ပွန်းပဲ့နီရဲလာမှာဖြစ်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် ကုသဖို့အချိန်အတော်ကြာပြီး လိမ်းဆေးရည်တွေလိမ်းရမှာဖြစ်သလို မပျောက်မချင်း လိင်ဆက်ဆံမှုကို ရှောင်ရမှာဖြစ်ပါတယ်။

၃။ လိင်တံအစွပ်ကြောင့် ရောင်ရမ်းခြင်း
လိင်တံမှာ လက်စွပ်သဖွယ်စွပ်ထားရတဲ့ ကွင်းတွေကို အသုံးပြုပြီး လိင်တံထောင်မတ်မှုကို ကြာရှည်ခံအောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် ဒီလိင်တံအစွပ်ကို မချွတ်ပဲအချိန်အကြာကြီး ၀တ်ဆင်ထားမယ်ဆိုရင်တော့ သင့်လိင်တံဆီကို သွေးလည်ပတ်မှုကို ထိခိုက်စေပြီး ရောင်ရမ်းလာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် အစွပ်ရဲ့ အောက်ဘက်က အရေပြားစုတ်ပြဲမှုတွေလည်း ဖြစ်စေနိုင်ပါသေးတယ်။

၄။ စုပ်ရာများ
သင့်ရဲ့အဖော်မိန်းကလေးက ပါးစပ်နဲ့လိင်ဆက်ဆံတာကို ကျွမ်းကျင်သူဖြစ်တဲ့အခါမှာ သင့်ရဲ့လိင်တံမှာ အနီကွက် စုပ်ရာတွေထင်ကျန်ခဲ့စေနိုင်ပါတယ်။ ဒီလိုဖြစ်ရတာဟာ လိင်တံမှာရှိတဲ့ ဆံခြည်မျှင်သွေးကြေားလေးတွေ ပေါက်သွားတာကြောင့်ဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာ ဘာမှမလုပ်ပဲ ဒီအတိုင်းထားလိုက်ပါ။ ရက်အနည်းငယ်ကြာရင် ပြန်ကောင်းသွားပါလိမ့်မယ်။ တပတ်လောက်ကြာတဲ့အထိ မကောင်းသေးဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြကြည့်ဖို့လိုပါပြီ။

၅။ ကိုက်ရာများ
Oral Sex လို့ခေါ်တဲ့ ပါးစပ်နဲ့လိင်ဆက်ဆံမှုကြောင့် ဖြစ်နိုင်တဲ့အန္တရာယ်တစ်ခုဖြစ်ပါတယ်။ ဒီလို သင့်လိင်တံ အကိုက်ခံရပြီဆိုရင် ထိခိုက်မှုကို သေချာစစ်ဆေးပါ။ အရေပြားပေါက်သွားခဲ့တယ်ဆိုရင် အနာလိမ်းဆေးတစ်ခုခု လိမ်းထားပြီး ပိုးမဝင်အောင် ဆရာဝန်ဆီမှာ ပဋိဇီဝဆေးတစ်လုံးလောက်ထိုးထားဖို့ လိုပါလိမ့်မယ်။

၆။ လိင်တံနာခြင်း
လိင်ဆက်ဆံပြီးတဲ့နောက်မှာ သင့်ရဲ့လိင်တံက နူးညံ့နေပြီး အရေပြားအရောင်ကလည်း နဂိုကထက်ပိုမိုနီမြန်းနေ မယ်ဆိုရင် ဒါဟာ သာမာန်ထက်အချိန်ပိုကြာအောင် တောင့်တင်းနေတာကြောင့် ဖြစ်တဲ့ လိင်တံနာကျဉ်မှုမျိုး ဖြစ်ပါတယ်။ ဒီကိစ္စက သိပ်စိတ်ပူစရာမရှိပါဘူး။ သင့်ရဲ့လိင်တံထဲကို သွေးတွေတော်တော်များများ ၀င်ရောက်နေတဲ့အတွက် နူးညံ့ပြီး အထိမခံနိုင်အောင် နာကျဉ်နေတာဖြစ်ပါတယ်။

၇။ ဝှေးစေ့များ နာကျဉ်ခြင်း
လိင်ဆက်ဆံတာက ဝှေးစေးတွေနဲ့တော့ သိပ်မဆိုင်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်ရံ မသိမသာနာကျဉ်မှုမျိုး ခံစားရတတ်ပါတယ်။ ဒါဟာ လိင်ဆက်ဆံနေချိန်မှာ ဝှေးစေ့တွေကို လိမ်လှည့်ခြင်း၊ ဆွဲခြင်း၊ ညစ်ခြင်းတွေ ကြောင့် ဖြစ်ပါတယ်။ သင့်ရဲ့ဝှေးစေ့တွေက အလွန်အထိမခံတဲ့အရာတွေဖြစ်တဲ့အတွက် ဂရုတစိုက် ကုသဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ အပြင်းအထန်သုက်လွှတ်မှုကြောင့်လည်း ဝှေးစေ့တွေ နာကျဉ်နေတတ်ပါတယ်။ ဒီလိုဖြစ်လို့ နာကျဉ်ရတာဆိုရင်တော့ ကုသနေစရာမလိုအပ်ပါဘူးလို့ အကြံပြုလိုက်ပါရစေ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%