အခုေခတ္ကာလမွာ ေဟာေဟာဒိုင္းဒိုင္းလုပ္တတ္ကိုင္တတ္ၿပီး လူသိမ်ားတဲ့ စြန္႔ဦးလူငယ္ေတြမ်ားစြာ ရွိပါတယ္။ ဒီလိုအခ်ိန္မွာ မိမိကိုယ္ကိုႏွိမ့္ခ်တာဟာ ဘယ္လိုမ်ားအေရးပါသလဲလို႔ ေတြးမိပါသလား။ တကယ္ေတာ့ ဒီအခ်က္ဟာ အမ်ားစုမွာ လိုအပ္ေနတာျဖစ္ပါတယ္။ မိမိကိုယ္ကို ႏွိမ့္ခ်တတ္ျခင္းဟာ ေအာင္ျမင္မႈအတြက္ မရွိမျဖစ္လိုအပ္ခ်က္တစ္ခုျဖစ္ပါတယ္။ ေလ့လာမႈေတြအရလည္း မိမိကိုယ္ကို ႏွိမ့္ခ်တတ္သူေတြဟာ ပိုၿပီးအစြမ္းထက္တဲ့ ေခါင္းေဆာင္ေတြျဖစ္ၾကၿပီး တစ္ဦးခ်င္းမွာေရာ အသင္းအဖြဲ႕လိုက္မွာပါ စြမ္းေဆာင္ရည္ျမင့္မားၾကတယ္လို႔ ဆိုထားပါတယ္။
ဒါဆိုရင္ မိမိကိုယ္ကို ႏွိမ့္ခ်တတ္တယ္ဆိုတာ ဘယ္လိုမ်ိဳးပါလဲ ? ႏွိမ့္ခ်တတ္ျခင္းကို အမ်ားစုက သိမ္ငယ္ျခင္းနဲ႔ မွားတတ္ၾကပါတယ္။ တကယ္ေတာ့ ႏွိမ့္ခ်တတ္ျခင္းဟာ သင့္ကိုသင္ အထင္မႀကီးျခင္းပဲျဖစ္ပါတယ္။ ၿပီးေတာ့ သိမွတ္႐ႈျမင္တတ္ျခင္း၊ မိမိကိုယ္ကိုနားလည္ျခင္း၊ ၾကင္နာတရားရွိျခင္းေတြနဲ႔လည္း ပတ္သက္ေနပါတယ္။ ႏွိမ့္ခ်တတ္တဲ့ ေခါင္းေဆာင္ေတြဟာ သူတို႔ရဲ႕အားသာခ်က္၊ အားနည္းခ်က္ေတြနဲ႔ ပတ္သက္ၿပီး ႐ုိးသားၾကသလို ဘ၀င္မျမင့္ပဲ ယုံၾကည္မႈရွိတတ္ၾကပါတယ္။ တစ္ယူသန္ေခါင္းမမာတတ္ပဲ စိတ္ထားပြင့္လင္းၾကပါတယ္။ အေလွ်ာ့ေပးတာမ်ိဳးမဟုတ္ပဲ ေထာက္ပ့ံကူညီတတ္ၾကပါတယ္။
ေခါင္းေဆာင္ေကာင္းေတြရဲ႕ ထူးျခားခ်က္ဟာ ကိုယ္ရည္ကိုယ္ေသြးထက္ ႏွိမ့္ခ်တတ္ျခင္းေပၚမွာ မူတည္ပါတယ္။ ဒါ့ေၾကာင့္ ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ပဲျဖစ္ျဖစ္၊ စြန္႔ဦးလူငယ္တစ္ေယာက္ပဲျဖစ္ျဖစ္ ေန႔စဥ္လႈပ္ရွားမႈေတြမွာ လိုအပ္တဲ့ ႏွိမ့္ခ်ျခင္းသံုးခုကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ႐ိုက်ိဳးစြာ နားေထာင္တတ္ျခင္း
နားေထာင္ျခင္းဟာ ေအာင္ျမင္သူတိုင္းရဲ႕ ႏွလံုးသားထဲမွာတည္ရွိပါတယ္။ ႐ုိ႐ိုက်ိဳးကိ်ဳးနားေထာင္တတ္တာဟာ အျခားသူေတြရဲ႕ထင္ျမင္ယူဆခ်က္ေတြကို ေလးစားသမႈနဲ႔ လက္ခံေပးတတ္တာကို ျပသပါတယ္။ မိမိကိုယ္ကို ႏွိမ့္ခ်တတ္သူေတြဟာ ေဖာက္သည္ေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အဖြဲ႕အစည္းထံက သေဘာထားထင္ျမင္ခ်က္ကို ေလးေလးနက္နက္ နားေထာင္ေလ့ရွိပါတယ္။ ဒီလိုနည္းလမ္းနဲ႔ ေဖာက္သည္ေတြရဲ႕ သစၥာရွိမႈကို တည္ေဆာက္ႏိုင္သလို ၀န္ထမ္းေတြရဲ႕ စိတ္ဓာတ္ကိုလည္း ျမွင့္တင္ေပးႏိုင္ပါတယ္။
၂။ စမ္းသပ္စစ္ေဆးျခင္း။
ႏွိမ့္ခ်တတ္သူေတြဟာ ဘယ္အရာကိုမွ ခ်က္ခ်င္း အမွန္လို႔ မယူဆတတ္ပါဘူး။ သူတို႔ရဲ႕ပင္ကိုယ္သိစိတ္ကို အသံုးခ်ၿပီး ထင္ျမင္ယူဆခ်က္ေတြကို အမွန္ အမွား စစ္ေဆးေလ့ရွိပါတယ္။ ထင္ျမင္ယူဆခ်က္ေတြကို အမွန္ဟုတ္မဟုတ္စစ္ေဆးတာက အရမ္းႀကီးအက်ိဳးသက္ေရာက္ဖို႔ မလိုပါဘူး။ ဘယ္ဟာက အလုပ္ျဖစ္တယ္၊ ဘယ္ဟာက အလုပ္မျဖစ္ဘူးဆိုတာ သိရုံနဲ႔လုံေလာက္ပါတယ္။။
၃။ ၀န္ခံျခင္း
လူဆိုတာ မွားတတ္ပါတယ္။ အမွားကို၀န္ခံတတ္တာက ႏွိမ့္ခ်ျခင္းတစ္မ်ိဳးျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔အမ်ားစုက အမွားကို၀န္ခံတာကို ေပ်ာ့ညံ႔မႈရဲ႕လကၡဏာတစ္ခုအျဖစ္ သတ္မွတ္တတ္ၾကပါတယ္။ တကယ္ေတာ့ အမွားကို ၀န္ခံတာဟာ ယဥ္ေက်းမႈရွိ၊ သေဘာထားႀကီးၿပီး ပါးနပ္မႈရွိသူေတြရဲ႕လုပ္ရပ္ျဖစ္ပါတယ္။ အမွားကို ၀န္ခံတတ္ၿပီး အကူအညီေတာင္းတာက သင္ယူေလ့လာလိုစိတ္ရွိၿပီး အျခားသူေတြကို ေနရာေပးတတ္တာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ယုံၾကည္မႈကို တည္ေဆာက္ၿပီးသားလည္း ျဖစ္သြားေစပါတယ္။
မိမိကိုယ္ကို ႏွိမ့္ခ်တတ္ျခင္းဟာ ေအာင္ျမင္မႈအတြက္ စြဲမက္စရာေကာင္းတဲ့ အမူအက်င့္တစ္ခုေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ အမွန္တကယ္လိုအပ္တဲ့အရာျဖစ္ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
မိမိကိုယ်ကို နှိမ့်ချခြင်း (သို့) အောင်မြင်မှုအတွက် လိုအပ်ချက်
အခုခေတ်ကာလမှာ ဟောဟောဒိုင်းဒိုင်းလုပ်တတ်ကိုင်တတ်ပြီး လူသိများတဲ့ စွန့်ဦးလူငယ်တွေများစွာ ရှိပါတယ်။ ဒီလိုအချိန်မှာ မိမိကိုယ်ကိုနှိမ့်ချတာဟာ ဘယ်လိုများအရေးပါသလဲလို့ တွေးမိပါသလား။ တကယ်တော့ ဒီအချက်ဟာ အများစုမှာ လိုအပ်နေတာဖြစ်ပါတယ်။ မိမိကိုယ်ကို နှိမ့်ချတတ်ခြင်းဟာ အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ လေ့လာမှုတွေအရလည်း မိမိကိုယ်ကို နှိမ့်ချတတ်သူတွေဟာ ပိုပြီးအစွမ်းထက်တဲ့ ခေါင်းဆောင်တွေဖြစ်ကြပြီး တစ်ဦးချင်းမှာရော အသင်းအဖွဲ့လိုက်မှာပါ စွမ်းဆောင်ရည်မြင့်မားကြတယ်လို့ ဆိုထားပါတယ်။
ဒါဆိုရင် မိမိကိုယ်ကို နှိမ့်ချတတ်တယ်ဆိုတာ ဘယ်လိုမျိုးပါလဲ ? နှိမ့်ချတတ်ခြင်းကို အများစုက သိမ်ငယ်ခြင်းနဲ့ မှားတတ်ကြပါတယ်။ တကယ်တော့ နှိမ့်ချတတ်ခြင်းဟာ သင့်ကိုသင် အထင်မကြီးခြင်းပဲဖြစ်ပါတယ်။ ပြီးတော့ သိမှတ်ရှုမြင်တတ်ခြင်း၊ မိမိကိုယ်ကိုနားလည်ခြင်း၊ ကြင်နာတရားရှိခြင်းတွေနဲ့လည်း ပတ်သက်နေပါတယ်။ နှိမ့်ချတတ်တဲ့ ခေါင်းဆောင်တွေဟာ သူတို့ရဲ့အားသာချက်၊ အားနည်းချက်တွေနဲ့ ပတ်သက်ပြီး ရိုးသားကြသလို ဘဝင်မမြင့်ပဲ ယုံကြည်မှုရှိတတ်ကြပါတယ်။ တစ်ယူသန်ခေါင်းမမာတတ်ပဲ စိတ်ထားပွင့်လင်းကြပါတယ်။ အလျှော့ပေးတာမျိုးမဟုတ်ပဲ ထောက်ပ့ံကူညီတတ်ကြပါတယ်။
ခေါင်းဆောင်ကောင်းတွေရဲ့ ထူးခြားချက်ဟာ ကိုယ်ရည်ကိုယ်သွေးထက် နှိမ့်ချတတ်ခြင်းပေါ်မှာ မူတည်ပါတယ်။ ဒါ့ကြောင့် ခေါင်းဆောင်တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ စွန့်ဦးလူငယ်တစ်ယောက်ပဲဖြစ်ဖြစ် နေ့စဉ်လှုပ်ရှားမှုတွေမှာ လိုအပ်တဲ့ နှိမ့်ချခြင်းသုံးခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ရိုကျိုးစွာ နားထောင်တတ်ခြင်း
နားထောင်ခြင်းဟာ အောင်မြင်သူတိုင်းရဲ့ နှလုံးသားထဲမှာတည်ရှိပါတယ်။ ရိုရိုကျိုးကျိုးနားထောင်တတ်တာဟာ အခြားသူတွေရဲ့ထင်မြင်ယူဆချက်တွေကို လေးစားသမှုနဲ့ လက်ခံပေးတတ်တာကို ပြသပါတယ်။ မိမိကိုယ်ကို နှိမ့်ချတတ်သူတွေဟာ ဖောက်သည်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဖွဲ့အစည်းထံက သဘောထားထင်မြင်ချက်ကို လေးလေးနက်နက် နားထောင်လေ့ရှိပါတယ်။ ဒီလိုနည်းလမ်းနဲ့ ဖောက်သည်တွေရဲ့ သစ္စာရှိမှုကို တည်ဆောက်နိုင်သလို ၀န်ထမ်းတွေရဲ့ စိတ်ဓာတ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။
၂။ စမ်းသပ်စစ်ဆေးခြင်း။
နှိမ့်ချတတ်သူတွေဟာ ဘယ်အရာကိုမှ ချက်ချင်း အမှန်လို့ မယူဆတတ်ပါဘူး။ သူတို့ရဲ့ပင်ကိုယ်သိစိတ်ကို အသုံးချပြီး ထင်မြင်ယူဆချက်တွေကို အမှန် အမှား စစ်ဆေးလေ့ရှိပါတယ်။ ထင်မြင်ယူဆချက်တွေကို အမှန်ဟုတ်မဟုတ်စစ်ဆေးတာက အရမ်းကြီးအကျိုးသက်ရောက်ဖို့ မလိုပါဘူး။ ဘယ်ဟာက အလုပ်ဖြစ်တယ်၊ ဘယ်ဟာက အလုပ်မဖြစ်ဘူးဆိုတာ သိရုံနဲ့လုံလောက်ပါတယ်။။
၃။ ၀န်ခံခြင်း
လူဆိုတာ မှားတတ်ပါတယ်။ အမှားကိုဝန်ခံတတ်တာက နှိမ့်ချခြင်းတစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့အများစုက အမှားကိုဝန်ခံတာကို ပျော့ညံ့မှုရဲ့လက္ခဏာတစ်ခုအဖြစ် သတ်မှတ်တတ်ကြပါတယ်။ တကယ်တော့ အမှားကို ၀န်ခံတာဟာ ယဉ်ကျေးမှုရှိ၊ သဘောထားကြီးပြီး ပါးနပ်မှုရှိသူတွေရဲ့လုပ်ရပ်ဖြစ်ပါတယ်။ အမှားကို ၀န်ခံတတ်ပြီး အကူအညီတောင်းတာက သင်ယူလေ့လာလိုစိတ်ရှိပြီး အခြားသူတွေကို နေရာပေးတတ်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယုံကြည်မှုကို တည်ဆောက်ပြီးသားလည်း ဖြစ်သွားစေပါတယ်။
မိမိကိုယ်ကို နှိမ့်ချတတ်ခြင်းဟာ အောင်မြင်မှုအတွက် စွဲမက်စရာကောင်းတဲ့ အမူအကျင့်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမှန်တကယ်လိုအပ်တဲ့အရာဖြစ်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================