ကိုယ္အေလးခ်ိန္ ၀ိတ္ေလွ်ာ့ခ်င္တာ ဒါမွမဟုတ္ အျခားရည္မွန္းခ်က္တစ္ခုခုကို အေကာင္အထည္ေဖာ္ရာမွာ စီစဥ္ထားတဲ့အတိုင္းမျဖစ္လို႔ စိတ္ညစ္ေနစရာမလိုေတာ့ပါဘူး။ သင့္ရဲ႕ရည္မွန္းခ်က္ေတြကို ၿပီးေျမာက္ေအာင္ျမင္ေစမယ့္ လွည့္ကြက္ေလးတစ္ခုကို သိပၸံပညာရွင္ေတြက ေတြ႕ရွိခဲ့ၿပီျဖစ္ပါတယ္။
ရည္မွန္းခ်က္ေတြကို အေကာင္အထည္ေဖာ္ရာမွာ မိမိကိုယ္ကိုထိန္းခ်ဳပ္ႏိုင္စြမ္းရွိဖို႔ လိုအပ္ပါတယ္။ ေလ့လာမႈေတြအရ မိမိကိုယ္ကိုထိန္းခ်ဳပ္ႏိုင္စြမ္းကို ထိန္းသိမ္းထားႏိုင္ဖို႔အတြက္ ေအာင္ေအာင္ျမင္ျမင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့ ျဖစ္ရပ္အနည္းငယ္ေလာက္ကို ျပန္ေတြးၾကည့္တာက အေကာင္းဆံုးနည္းလမ္းျဖစ္တယ္လို႔ ဆိုပါတယ္။ ေအာင္ျမင္မႈေတြအမ်ားႀကီးကို ျပန္ေတြးတာ ဒါမွမဟုတ္ ဆံုး႐ႈံးမႈေတြအေၾကာင္းကို ေတြးမိတာက အနာဂတ္ရည္မွန္းခ်က္ကို လက္လႊတ္အ႐ႈံးေပးသြားေစပါတယ္။
အလုပ္တာ၀န္တစ္ခုကိုၿပီးေျမာက္ႏိုင္စြမ္းအေပၚမွာ စိတ္ခံစားမႈအေျခအေနနဲ႔ ယုံၾကည္မႈတို႔က အက်ိဳးသက္ေရာက္မႈရွိပါတယ္။ ေအာင္ျမင္မႈေတြအမ်ားႀကီးကို ျပန္ေတြးဖို႔ႀကိဳးစားတဲ့အခါမွာ ႐ႈပ္ေထြးၿပီး တြန္းအားျဖစ္ေစဖို႔ ခက္ခဲပါတယ္။ ဒါေပမယ့္ ေအာင္ျမင္ခဲ့တဲ့အေၾကာင္းအရာအနည္းငယ္ကိုပဲ ျပန္ေတြးတဲ့အခါမွာေတာ့ ယုံၾကည္မႈကို အရွိန္ျမင့္ေစၿပီး မိမိကိုယ္ကိုပိုၿပီးထိန္းခ်ဳပ္လာႏိုင္ပါတယ္။
က်႐ႈံးမႈေတြကို ေတြးမိတဲ့အခါမွာေတာ့ စိတ္ႏွလံုးရႊင္လန္းစရာမဟုတ္တဲ့အတြက္ မိမိကိုယ္ကို ယုံၾကည္မႈေပ်ာက္ဆံုးၿပီး ဘာကိုမွမစြမ္းေဆာင္ႏိုင္ေတာ့ဘူးလို႔ ထင္သြားတတ္ၾကပါတယ္။ စိတ္ခံစားမႈ မေကာင္းတဲ့အခါမွာ မလုပ္သင့္တာေတြကိုေတာင္ လုပ္မိဖို႔ေတာင္မွ ကိုယ့္စိတ္ကိုအလိုလိုက္တတ္ၾကပါတယ္။
ရည္မွန္းခ်က္တစ္ခု ၿပီးေျမာက္ဖို႔အတြက္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့ ေအာင္ျမင္မႈ (၂)ခုေလာက္ကို ျပန္ေတြးၾကည့္႐ုံနဲ႔ လုံေလာက္ပါတယ္။ ဒီနည္းလမ္းဟာ ကာလရွည္ရည္မွန္းခ်က္ေတြကို အေကာင္အထည္ေဖာ္ရာမွာလည္း အက်ိဳးသက္ေရာက္မႈ ရွိပါတယ္။ ဒါ့ေၾကာင့္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်တာကစလို႔ စာေမးပြဲကို ထူးထူးခၽြန္ခၽြန္ေအာင္ျမင္ဖို႔၊ ၿပိဳင္ပြဲတစ္ခုအတြက္ ေလ့က်င့္ဖို႔ စတဲ ရည္မွန္းခ်က္ေတြ အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ လတ္တေလာ ေအာင္ျမင္မႈႏွစ္ခုေလာက္ကို ျပန္စဥ္းစားလိုက္႐ုံနဲ႔ မိမိကိုယ္ကုိထိန္းခ်ဳပ္ႏိုင္ၿပီး ရည္မွန္းခ်က္ပန္းတိုင္ကို လွမ္းကိုင္ႏိုင္မွာပဲျဖစ္ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
ရည်မှန်းချက်ပန်းတိုင်ကို လှမ်းကိုင်နိုင်ဖို့ လှည့်ကွက်တစ်ခု
ကိုယ်အလေးချိန် ၀ိတ်လျှော့ချင်တာ ဒါမှမဟုတ် အခြားရည်မှန်းချက်တစ်ခုခုကို အကောင်အထည်ဖော်ရာမှာ စီစဉ်ထားတဲ့အတိုင်းမဖြစ်လို့ စိတ်ညစ်နေစရာမလိုတော့ပါဘူး။ သင့်ရဲ့ရည်မှန်းချက်တွေကို ပြီးမြောက်အောင်မြင်စေမယ့် လှည့်ကွက်လေးတစ်ခုကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပြီဖြစ်ပါတယ်။
ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။ လေ့လာမှုတွေအရ မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အောင်အောင်မြင်မြင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဖြစ်ရပ်အနည်းငယ်လောက်ကို ပြန်တွေးကြည့်တာက အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ဆိုပါတယ်။ အောင်မြင်မှုတွေအများကြီးကို ပြန်တွေးတာ ဒါမှမဟုတ် ဆုံးရှုံးမှုတွေအကြောင်းကို တွေးမိတာက အနာဂတ်ရည်မှန်းချက်ကို လက်လွှတ်အရှုံးပေးသွားစေပါတယ်။
အလုပ်တာဝန်တစ်ခုကိုပြီးမြောက်နိုင်စွမ်းအပေါ်မှာ စိတ်ခံစားမှုအခြေအနေနဲ့ ယုံကြည်မှုတို့က အကျိုးသက်ရောက်မှုရှိပါတယ်။ အောင်မြင်မှုတွေအများကြီးကို ပြန်တွေးဖို့ကြိုးစားတဲ့အခါမှာ ရှုပ်ထွေးပြီး တွန်းအားဖြစ်စေဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် အောင်မြင်ခဲ့တဲ့အကြောင်းအရာအနည်းငယ်ကိုပဲ ပြန်တွေးတဲ့အခါမှာတော့ ယုံကြည်မှုကို အရှိန်မြင့်စေပြီး မိမိကိုယ်ကိုပိုပြီးထိန်းချုပ်လာနိုင်ပါတယ်။
ကျရှုံးမှုတွေကို တွေးမိတဲ့အခါမှာတော့ စိတ်နှလုံးရွှင်လန်းစရာမဟုတ်တဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှုပျောက်ဆုံးပြီး ဘာကိုမှမစွမ်းဆောင်နိုင်တော့ဘူးလို့ ထင်သွားတတ်ကြပါတယ်။ စိတ်ခံစားမှု မကောင်းတဲ့အခါမှာ မလုပ်သင့်တာတွေကိုတောင် လုပ်မိဖို့တောင်မှ ကိုယ့်စိတ်ကိုအလိုလိုက်တတ်ကြပါတယ်။
ရည်မှန်းချက်တစ်ခု ပြီးမြောက်ဖို့အတွက် စွမ်းဆောင်နိုင်ခဲ့တဲ့ အောင်မြင်မှု (၂)ခုလောက်ကို ပြန်တွေးကြည့်ရုံနဲ့ လုံလောက်ပါတယ်။ ဒီနည်းလမ်းဟာ ကာလရှည်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရာမှာလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန် လျှော့ချတာကစလို့ စာမေးပွဲကို ထူးထူးချွန်ချွန်အောင်မြင်ဖို့၊ ပြိုင်ပွဲတစ်ခုအတွက် လေ့ကျင့်ဖို့ စတဲ ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ရေးအတွက် လတ်တလော အောင်မြင်မှုနှစ်ခုလောက်ကို ပြန်စဉ်းစားလိုက်ရုံနဲ့ မိမိကိုယ်ကိုထိန်းချုပ်နိုင်ပြီး ရည်မှန်းချက်ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာပဲဖြစ်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================