အရက္ေသာက္ျခင္းေၾကာင့္ လုပ္ငန္းစြမ္းေဆာင္ရည္ကို မထိခိုက္ႏိုင္

အလုပ္ဆင္းေနရတဲ့ရက္ေတြမွာ ညေနပိုင္းေလး ေဘာ္ဒါေတြစုၿပီး ၀ိုင္းတည္ခ်င္သူေတြပဲျဖစ္ျဖစ္၊ တစ္ေယာက္တည္း ပ်င္းလို႔ပဲျဖစ္ျဖစ္ ယမကာေလးမွီ၀ဲခ်င္ေပမယ့္ မနက္က်ရင္ အလုပ္မလုပ္ႏိုင္မွာကို စိုးရိမ္ေနစရာမလိုေတာ့ပါဘူး။

မၾကာေသးမွီက လုပ္ေဆာင္ခဲ့တဲ့ ေလ့လာမႈေတြအရ အိပ္ေရးပ်က္ျခင္းကသာ လုပ္ငန္းစြမ္းေဆာင္ရည္ကို ထိခိုက္ေစႏိုင္ၿပီး အရက္ေသစာေသာက္စားျခင္းေၾကာင့္ မထိခိုက္ႏိုင္ဘူးလို႔ သိရပါတယ္။ ဒါ့ေၾကာင့္ ေကာင္းေကာင္း အိပ္ေပ်ာ္ေနသမွ်ေတာ့ ညဖက္အရက္ေသာက္လည္း အလုပ္ၿပီးေျမာက္မႈနဲ႔ ပတ္သက္လို႔ ျပႆနာမရွိႏိုင္ဘူးလို႔ ဆိုပါတယ္။

အိပ္ေရးပ်က္တာဟာ လုပ္ငန္းစြမ္းေဆာင္ရည္ကို ေလ်ာ့ပါးေစတဲ့ အဓိကအေၾကာင္းရင္းေတြထဲက တစ္ခ်က္ျဖစ္သလို အလုပ္မွာ လူသာေရာက္ၿပီး အေကာင္းဆံုးစြမ္းေဆာင္ရည္ေတြ ထြက္မလာတာမ်ိဳး ျဖစ္ေစပါတယ္။

တစ္ညကို အိပ္ခ်ိန္ (၆)နာရီထက္နည္းၿပီး အိပ္ရသူေတြဟာ (၇)နာရီ (၈)နာရီ အိပ္ရသူေတြေလာက္ လုပ္ငန္းေဆာင္တာေတြကို မလုပ္ေဆာင္ႏိုင္တာကိုလည္း ေလ့လာေတြ႕ရွိခဲ့ပါတယ္။ ဒါ့အျပင္ အလုပ္ဖိအားေတြ ခံစားေနရသူေတြနဲ႔ ေငြေရးေၾကးေရးျပႆနာရွိသူေတြဟာလည္း လုပ္ငန္းစြမ္းေဆာင္ရည္ က်ဆင္းတတ္ပါတယ္။

ညဖက္မွာ အရက္နဲ႔ ေဆးလိပ္ကို သာမန္မွ်ေသာက္သံုးသူေတြမွာေတာ့ အလုပ္ကိုထိခိုက္ေစႏိုင္တဲ့ အေၾကာင္းအခ်က္ မေတြ႔ရဘူးလို႔ ဆိုပါတယ္။ ဒါေပမယ့္ အရက္ကိုအလြန္အကၽြံေသာက္သံုးမယ္ဆိုရင္ေတာ့ ေရရွည္မွာ ထိခိုက္လာႏိုင္တာေၾကာင့္ တစ္ခါတစ္ေလဆိုတာထက္ မပိုသင့္ဘူးလို႔ ပညာရွင္ေတြက အၾကံျပဳထားပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
==============================================

အရက်သောက်ခြင်းကြောင့် လုပ်ငန်းစွမ်းဆောင်ရည်ကို မထိခိုက်နိုင်

အလုပ်ဆင်းနေရတဲ့ရက်တွေမှာ ညနေပိုင်းလေး ဘော်ဒါတွေစုပြီး ၀ိုင်းတည်ချင်သူတွေပဲဖြစ်ဖြစ်၊ တစ်ယောက်တည်း ပျင်းလို့ပဲဖြစ်ဖြစ် ယမကာလေးမှီဝဲချင်ပေမယ့် မနက်ကျရင် အလုပ်မလုပ်နိုင်မှာကို စိုးရိမ်နေစရာမလိုတော့ပါဘူး။

မကြာသေးမှီက လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေအရ အိပ်ရေးပျက်ခြင်းကသာ လုပ်ငန်းစွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပြီး အရက်သေစာသောက်စားခြင်းကြောင့် မထိခိုက်နိုင်ဘူးလို့ သိရပါတယ်။ ဒါ့ကြောင့် ကောင်းကောင်း အိပ်ပျော်နေသမျှတော့ ညဖက်အရက်သောက်လည်း အလုပ်ပြီးမြောက်မှုနဲ့ ပတ်သက်လို့ ပြဿနာမရှိနိုင်ဘူးလို့ ဆိုပါတယ်။

အိပ်ရေးပျက်တာဟာ လုပ်ငန်းစွမ်းဆောင်ရည်ကို လျော့ပါးစေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ချက်ဖြစ်သလို အလုပ်မှာ လူသာရောက်ပြီး အကောင်းဆုံးစွမ်းဆောင်ရည်တွေ ထွက်မလာတာမျိုး ဖြစ်စေပါတယ်။

တစ်ညကို အိပ်ချိန် (၆)နာရီထက်နည်းပြီး အိပ်ရသူတွေဟာ (၇)နာရီ (၈)နာရီ အိပ်ရသူတွေလောက် လုပ်ငန်းဆောင်တာတွေကို မလုပ်ဆောင်နိုင်တာကိုလည်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် အလုပ်ဖိအားတွေ ခံစားနေရသူတွေနဲ့ ငွေရေးကြေးရေးပြဿနာရှိသူတွေဟာလည်း လုပ်ငန်းစွမ်းဆောင်ရည် ကျဆင်းတတ်ပါတယ်။

ညဖက်မှာ အရက်နဲ့ ဆေးလိပ်ကို သာမန်မျှသောက်သုံးသူတွေမှာတော့ အလုပ်ကိုထိခိုက်စေနိုင်တဲ့ အကြောင်းအချက် မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အရက်ကိုအလွန်အကျွံသောက်သုံးမယ်ဆိုရင်တော့ ရေရှည်မှာ ထိခိုက်လာနိုင်တာကြောင့် တစ်ခါတစ်လေဆိုတာထက် မပိုသင့်ဘူးလို့ ပညာရှင်တွေက အကြံပြုထားပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
==============================================

Related Posts

%%footer%%