လိင္စိတ္ညွိးေနရင္ ဘာလုပ္မလဲ။

တစ္ေယာက္ေယာက္ရဲ႕ လိင္ဆက္ဆံလိုစိတ္ ေပ်ာက္ဆံုးေနတာဟာ တကယ္ကို ခက္ခဲတဲ့ အေျခအေန ျဖစ္ပါတယ္။ ၾကံ႕ခိုင္မႈပိုင္းနဲ႔ စိတ္ခံစားမႈပိုင္းဆိုင္ရာ တက္ၾကြမႈမရွိတာဟာ ခ်ိဳ႕ယြင္းမႈတစ္ခုပါပဲ။ ဒီလို အေျခအေနၾကံဳလာရင္ ဘာလုပ္သင့္လဲဆိုတာကို ေလ့လာၾကည့္ပါ။

၁။ ျပႆနာကိုလက္ခံလိုက္ပါ။

ဘယ္ျပႆနာမဆို ေျဖရွင္းဖို႔ပထမဆံုးနည္းလမ္းက အေျခအေနကို လက္ခံလိုက္ဖို႔ပဲျဖစ္ပါတယ္။ အမ်ိဳးသား ေတာ္ေတာ္မ်ားမ်ားက ဘ၀ရဲ႕အျခားကိစၥေတြကို ျပစ္တင္တတ္ၾကေပမယ့္ ဒီကိစၥမွာေတာ့ လက္မခံတတ္ၾက ပါဘူး။ တကယ္ေတာ့ လိင္စိတ္ၾကံ႕ခိုင္မႈနည္းပါးေနတာကို အမွန္အတိုင္းလက္ခံႏိုင္မယ္ဆိုရင္ ေျဖရွင္းရတာ ပိုမိုလြယ္ကူမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ရွက္ေၾကာက္မေနပဲ အမွန္အတိုင္းလက္ခံႏိုင္ဖို႔လိုအပ္ပါတယ္။

၂။ ေဆး၀ါးအေထာက္အပံ့ရယူပါ။

သင့္ၾကံဳေတြ႕ေနရတဲ့ ျပႆနာနဲ႔ပတ္သက္ၿပီး ဆရာ၀န္နဲ႔ တိုင္ပင္ၿပီး အေျဖရွာပါ။ ေဆး၀ါးျဖည့္စြက္စာေတြက အက်ိဳးရွိရွိ အကူအညီေပးႏိုင္ပါတယ္။ Viagra လိုမ်ိဳး အျခားေဆး၀ါးေတြကလည္း တက္စ္တိုစတီ႐ုန္းထုတ္လုပ္ မႈကို အေထာက္အကူျဖစ္ေစၿပီး လိင္တံေထာင္မတ္ေနေစဖို႔ ကူညီေပးပါလိမ့္မယ္။

၃။ စိတ္ပိုင္းဆိုင္ရာျပႆနာမ်ားေျဖရွင္းပါ။

စိတ္ခံစားမႈ မညီညြတ္တာကလည္း ျပႆနာတစ္ခုပါ။ အမ်ိဳးသားေတြက ညႈိးႏြမ္းေနတဲ့ လက္ရွိအေျခအေနကို စိတ္ပ်က္ေနတတ္ၾကၿပီး စိတ္ဓာတ္ေတြက်လာတတ္ပါတယ္။ ဒါ့ေၾကာင့္ စိတ္ေရာဂါနဲ႔သက္ဆိုင္တဲ့ အကူအညီ ယူၿပီး စိတ္သက္သာရာရဖို႔လည္း လုပ္ေဆာင္သင့္ပါတယ္။

၄။ အိပ္ရာအတြင္း စိတ္လႈပ္ရွားစရာမ်ားဖန္တီးပါ။

လိင္ဆက္ဆံလိုစိတ္ေလ်ာ့နည္းလာတာဟာ လိင္ဆက္ဆံတဲ့အခါမွာ ရင္ဖိုစိတ္လႈပ္ရွားစရာမရွိလို႔လည္း ျဖစ္တတ္ပါတယ္။ ဒီလိုဆိုရင္ေတာ့ သင့္ရဲ႕အမ်ိဳးသမီးကို ျဖစ္ေၾကာင္းကုန္စင္ဖြင့္ေျပာၿပီး စိတ္ကူးသစ္ေတြ၊ ပံုစံသစ္ေတြနဲ႔ လိင္ဆက္ဆံဖို႔ တိုင္ပင္ညွိႏႈိင္းသင့္ပါတယ္။

၅။ အပ္စိုက္ကုသမႈခံယူပါ။

အပ္စိုက္ကုသတာဟာ လိင္စိတ္တက္ၾကြေစဖို႔အတြက္ သံုးတဲ့ ေရွးကုထံုးတစ္ခုလည္း ျဖစ္ပါတယ္။ အပ္စိုက္ကုသျခင္းနဲ႔အတူ တိုင္းရင္းေဆး၀ါးေတြကို ပူးတြဲအသံုးျပဳမယ္ဆိုရင္ သင့္ရဲ႕စိတ္ကို ျပန္လည္ တက္ၾကြလာေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အပ္စိုက္ကုသသူတစ္ေယာက္နဲ႔ တိုင္ပင္ၿပီး သင့္ရဲ႕လိင္စြမ္းရည္ အသစ္ျဖစ္ေစဖို႔ ကုသမႈခံယူလိုက္ပါ။

၆။ အစားအေသာက္ဂ႐ုစိုက္ၿပီးေလ့က်င့္ခန္းလုပ္ေဆာင္ပါ။

သင့္ေတာ္တဲ့အစားအေသာက္နဲ႔ ေလ့က်င့္ခန္းလုပ္ေဆာင္တာဟာ လိင္ကိစၥအပါအ၀င္ အလံုးစံုေသာ က်န္းမာေရးအတြက္ အေထာက္အကူျပဳပါတယ္။ အသားဓာတ္ၾကြယ္၀အစားအစာေတြ၊ အစိမ္းေရာင္ ဟင္းသီးဟင္းရြက္ေတြနဲ႔ အမွ်င္ဓာတ္ေတြက ေဟာ္မုန္းပမာဏေတြကို ညီမွ်ေစၿပီး လိင္စိတ္ကို အားျဖစ္ေစတဲ့ ေဟာ္မုန္းထုတ္လုပ္မႈကိုလည္း အေထာက္အကူျဖစ္ေစပါတယ္။ ေလ့က်င့္ခန္းလုပ္ျခင္းကလည္း ေသြးလည္ပတ္မႈကို မွန္ကန္ေစၿပီး စိတ္ဖိစီးမႈကို ေလ်ာ့က်ေစပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

လိင်စိတ်ညှိုးနေရင် ဘာလုပ်မလဲ။

တစ်ယောက်ယောက်ရဲ့ လိင်ဆက်ဆံလိုစိတ် ပျောက်ဆုံးနေတာဟာ တကယ်ကို ခက်ခဲတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကြံ့ခိုင်မှုပိုင်းနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ တက်ကြွမှုမရှိတာဟာ ချို့ယွင်းမှုတစ်ခုပါပဲ။ ဒီလို အခြေအနေကြုံလာရင် ဘာလုပ်သင့်လဲဆိုတာကို လေ့လာကြည့်ပါ။

၁။ ပြဿနာကိုလက်ခံလိုက်ပါ။
ဘယ်ပြဿနာမဆို ဖြေရှင်းဖို့ပထမဆုံးနည်းလမ်းက အခြေအနေကို လက်ခံလိုက်ဖို့ပဲဖြစ်ပါတယ်။ အမျိုးသား တော်တော်များများက ဘဝရဲ့အခြားကိစ္စတွေကို ပြစ်တင်တတ်ကြပေမယ့် ဒီကိစ္စမှာတော့ လက်မခံတတ်ကြ ပါဘူး။ တကယ်တော့ လိင်စိတ်ကြံ့ခိုင်မှုနည်းပါးနေတာကို အမှန်အတိုင်းလက်ခံနိုင်မယ်ဆိုရင် ဖြေရှင်းရတာ ပိုမိုလွယ်ကူမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ရှက်ကြောက်မနေပဲ အမှန်အတိုင်းလက်ခံနိုင်ဖို့လိုအပ်ပါတယ်။

၂။ ဆေးဝါးအထောက်အပံ့ရယူပါ။
သင့်ကြံုတွေ့နေရတဲ့ ပြဿနာနဲ့ပတ်သက်ပြီး ဆရာဝန်နဲ့ တိုင်ပင်ပြီး အဖြေရှာပါ။ ဆေးဝါးဖြည့်စွက်စာတွေက အကျိုးရှိရှိ အကူအညီပေးနိုင်ပါတယ်။ Viagra လိုမျိုး အခြားဆေးဝါးတွေကလည်း တက်စ်တိုစတီရုန်းထုတ်လုပ် မှုကို အထောက်အကူဖြစ်စေပြီး လိင်တံထောင်မတ်နေစေဖို့ ကူညီပေးပါလိမ့်မယ်။

၃။ စိတ်ပိုင်းဆိုင်ရာပြဿနာများဖြေရှင်းပါ။
စိတ်ခံစားမှု မညီညွတ်တာကလည်း ပြဿနာတစ်ခုပါ။ အမျိုးသားတွေက ညှိုးနွမ်းနေတဲ့ လက်ရှိအခြေအနေကို စိတ်ပျက်နေတတ်ကြပြီး စိတ်ဓာတ်တွေကျလာတတ်ပါတယ်။ ဒါ့ကြောင့် စိတ်ရောဂါနဲ့သက်ဆိုင်တဲ့ အကူအညီ ယူပြီး စိတ်သက်သာရာရဖို့လည်း လုပ်ဆောင်သင့်ပါတယ်။
၄။ အိပ်ရာအတွင်း စိတ်လှုပ်ရှားစရာများဖန်တီးပါ။
လိင်ဆက်ဆံလိုစိတ်လျော့နည်းလာတာဟာ လိင်ဆက်ဆံတဲ့အခါမှာ ရင်ဖိုစိတ်လှုပ်ရှားစရာမရှိလို့လည်း ဖြစ်တတ်ပါတယ်။ ဒီလိုဆိုရင်တော့ သင့်ရဲ့အမျိုးသမီးကို ဖြစ်ကြောင်းကုန်စင်ဖွင့်ပြောပြီး စိတ်ကူးသစ်တွေ၊ ပုံစံသစ်တွေနဲ့ လိင်ဆက်ဆံဖို့ တိုင်ပင်ညှိနှိုင်းသင့်ပါတယ်။
၅။ အပ်စိုက်ကုသမှုခံယူပါ။
အပ်စိုက်ကုသတာဟာ လိင်စိတ်တက်ကြွစေဖို့အတွက် သုံးတဲ့ ရှေးကုထုံးတစ်ခုလည်း ဖြစ်ပါတယ်။ အပ်စိုက်ကုသခြင်းနဲ့အတူ တိုင်းရင်းဆေးဝါးတွေကို ပူးတွဲအသုံးပြုမယ်ဆိုရင် သင့်ရဲ့စိတ်ကို ပြန်လည် တက်ကြွလာစေနိုင်ပါတယ်။ ဒါ့ကြောင့် အပ်စိုက်ကုသသူတစ်ယောက်နဲ့ တိုင်ပင်ပြီး သင့်ရဲ့လိင်စွမ်းရည် အသစ်ဖြစ်စေဖို့ ကုသမှုခံယူလိုက်ပါ။

၆။ အစားအသောက်ဂရုစိုက်ပြီးလေ့ကျင့်ခန်းလုပ်ဆောင်ပါ။
သင့်တော်တဲ့အစားအသောက်နဲ့ လေ့ကျင့်ခန်းလုပ်ဆောင်တာဟာ လိင်ကိစ္စအပါအဝင် အလုံးစုံသော ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ အသားဓာတ်ကြွယ်ဝအစားအစာတွေ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ အမျှင်ဓာတ်တွေက ဟော်မုန်းပမာဏတွေကို ညီမျှစေပြီး လိင်စိတ်ကို အားဖြစ်စေတဲ့ ဟော်မုန်းထုတ်လုပ်မှုကိုလည်း အထောက်အကူဖြစ်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကလည်း သွေးလည်ပတ်မှုကို မှန်ကန်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%