ခ်မ္းသာၾကြယ္၀ဖို႔ ေရွာင္ၾကဥ္ရမည့္ ေငြေၾကးဆိုင္ရာ အမွားမ်ား

ေငြက ဘယ္ေတာ့မွ မအိပ္ဘူးဆိုတဲ့ စကားကိုၾကားဖူးပါသလား။ ဟုတ္ပါတယ္။ ေငြေၾကးဟာ အခ်ိန္နဲ႔အမွ် အလုပ္လုပ္ေနတယ္လို႔ ယုံၾကည္ၾကသူေတြသာ ခ်မ္းသာၾကြယ္၀လာတာျဖစ္ပါတယ္။ လူခ်မ္းသာေတြဟာ သူတို႔ရဲ႕ေငြေၾကးကို တေလးတစားနဲ႔ အာရုံစိုက္တတ္ၾကပါတယ္။ ေငြေၾကးကို ဂ႐ုမစိုက္ဘူးဆိုတဲ့ စကားဟာ လက္ထဲမွာ ပိုက္ဆံမရွိတဲ့သူေတြရဲ႕ လက္သံုးစကားျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေငြေၾကးနဲ႔ ပတ္သက္ၿပီး ဂရုတစိုက္ စီမံခန္႔ခြဲအသံုးခ်တတ္ဖို႔ လုိပါတယ္။ ဒီအတြက္ ေရွာင္ရွားသင့္တဲ့ ေငြေၾကးဆိုင္ရာ အမွားေတြကို စုစည္းေဖာ္ျပလိုက္ပါတယ္။

၁။ အၿပီးတိုင္လြတ္ေျမာက္မႈကို မရွာပဲ ခဏတာသာယာမႈေနာက္လိုက္ျခင္း

၀င္ေငြမ်ားလို႔ ခဏတာအဆင္ေျပသာယာမႈဟာ ေငြေၾကးအပူအပင္မရွိတဲ့အေျခအေနေရာက္ဖို႔ အဟန္႔အတားျဖစ္ပါတယ္။ လူလတ္တန္းစားေတြအားလံုးဟာ ဒီလို သာယာမႈမ်ိဳးကိုပဲ အဟုတ္ႀကီးထင္ေနၾကတတ္ပါတယ္။ လူခ်မ္းသာေတြကေတာ့ ေငြေၾကးအတြက္ ပူပင္စရာမလိုေလာက္ေအာင္ အၿပီးတိုင္လြတ္ေျမာက္မႈရရွိသည္အထိ ႀကိဳးစားတတ္ၾကပါတယ္။

၂။ အလုပ္အမ်ိဳးမ်ိဳးမွာ ရင္းႏွီးျမဳပ္ႏွံျခင္း

အစပိုင္းမွာ ရင္းႏွီးျမဳပ္ႏွံမႈကို ခြဲျခမ္းစိတ္ျဖာျခင္းအားျဖင့္ ဘယ္ေတာ့မွာ အမွန္တကယ္ ခ်မ္းသာလာမွာ မဟုတ္ပါဘူး။ သင့္ေငြေၾကးကို လုပ္ငန္းမ်ိဳးစံုမွာ ရင္းႏွီးျမဳပ္ႏွံတာဟာ ငတံုးေတြရဲ႕အလုပ္လို႔ ဘီလ်ံနာလုပ္ငန္းရွင္ Mark Cuban က ေျပာခဲ့ဖူးပါတယ္။ ဒါ့ေၾကာင့္ လုပ္ငန္းနယ္ပယ္တစ္ခုအေၾကာင္းကို ေသခ်ာေလ့လာၿပီး အားလံုးရင္းႏွီးျမဳပ္ႏံွတာက အေကာင္းဆံုးျဖစ္ပါတယ္။

၃။ ၀င္ေငြလမ္းေၾကာင္းတစ္ခုတည္အေပၚတြင္ မွီခိုေနျခင္း

၀င္ေငြဘယ္ေလာက္ပဲ မ်ားမ်ားရေနပါေစ၊ ၀င္ေငြလမ္းေၾကာင္းတစ္ခုတည္းအေပၚမွာ မီွခိုမေနသင့္ပါဘူး။ အမွန္တကယ္ခ်မ္းသာၾကြယ္၀လာေစဖို႔ အဓိက ၀င္ေငြလမ္းေၾကာင္းတစ္ခုအျပင္ အျခားသီးသန္႔ ၀င္ေငြရႏိုင္ေခ်ရွိတဲ့ ရင္းႏွီးျမဳပ္ႏွံမႈေတြကိုလည္း လုပ္ေဆာင္ဖို႔ လိုပါတယ္။ ဒါက နံပါတ္(၂)မွာ ေဖာ္ျပခဲ့သလို

လုပ္ငန္းမ်ိဳးစံုကို ေလွ်ာက္ၿပီးရင္းႏွီးျမဳပ္ႏွံတာနဲ႔ မတူပါဘူး။ အဓိက ၀င္ေငြလမ္းေၾကာင္းအျပင္ အျခားလမ္းေၾကာင္းေတြ တည္ေဆာက္ၿပီး ဓနအင္အားကို ေတာင့္တင္ခိုင္မာေစတာျဖစ္ပါတယ္။

၄။ အျခားသူမ်ားႏွင့္ ႏႈိင္းယွဥ္ျခင္း

သင့္ရဲ႕ပိုင္ဆိုင္မႈ ဓနအင္အားကို အျခားသူေတြနဲ႔ ႏႈိင္းယွဥ္ေနသ၍ ဘယ္ေတာ့မွခ်မ္းသာလာမွာ မဟုတ္ပါဘူး။ တစ္ခါတစ္ရံမွာ လူေတြက ကိုယ့္ထက္ဆင္းရဲႏြမ္းပါသူေတြနဲ႔ ႏႈိင္းယွဥ္ၿပီး ေတာ္ေတာ္ဟုတ္ေနၿပီလို႔ ထင္တတ္ၾကပါတယ္။ အျခားသူေတြရဲ႕ ေငြေၾကးအေျခအေနက သင္နဲ႔မဆိုင္ပါဘူး။ ဒါ့ေၾကာင့္ မႏႈိင္းယွဥ္ပါနဲ႔။

၅။ အခြင့္အလမ္းကို လိုက္ၿပီးရင္းႏွီးျမဳပ္ႏွံျခင္း

ေနာက္ဆံုးေပၚနည္းပညာေတြ အေပၚရင္းႏွီးျမဳပ္ႏွံတာကို ေရွာင္ၾကဥ္ပါ။ ေနာက္ထပ္နည္းပညာသစ္ေတြ ထြက္ေပၚလာၿပီး အစားထိုးေနရာယူသြားမွာျဖစ္ပါတယ္။ ရင္းႏွီးျမဳပ္ႏွံမႈကၽြမ္းက်င္သူ ဘီလ်ံနာတစ္ဦးျဖစ္တဲ့ Warren Buffett က လွ်ပ္စစ္စြမ္းအင္၊ မီးရထားလုပ္ငန္း၊ ဘဏ္လုပ္ငန္း၊ အာမခံလုပ္ငန္း၊ ေဖ်ာ္ရည္လုပ္ငန္းနဲ႔ အစားအေသာက္ကုမၸဏီေတြမွာ ရင္းႏွီးျမဳပ္ႏွံေလ့ရွိပါတယ္။ ျဖည္းျဖည္းမွန္မွန္ေအာင္ပြဲခံဆိုတဲ့အတိုင္း ေသခ်ာတဲ့ရင္းႏွီးျမဳပ္ႏွံမႈေတြကို လုပ္ေဆာင္ပါ။

၆။ သက္ေသမရွိပဲ ယုံၾကည္ျခင္း

လူေတြကို သေဘာက်တာ၊ အားနာတာေတြေၾကာင့္ ခိုင္လုံတဲ့သက္ေသအထာက္အထားမရွိပဲ ရင္းႏွီးျမဳပ္ႏွံမႈေတြ လုပ္မိရင္ မွားဖို႔မ်ားပါတယ္။ လူေတြနဲ႔ပတ္သက္တဲ့ ခံစားခ်က္ေတြကို ေဘးခ်ိတ္ထားၿပီး ခိုင္လံုတဲ့သက္ေသကိုရွာေဖြပါ။ သက္ေသျပဖို႔ မေျပာႏိုင္ရေလာက္ေအာင္ မ်က္ႏွာနာတဲ့လူေတြဆိုရင္လည္း သူတို႔နဲ႔ စီးပြားေရးမလုပ္ဖို႔ပဲ ဆံုးျဖတ္လိုက္ပါ။

၇။ စုေဆာင္းျခင္း

ေငြစုၿပီး ေငြေၾကးလြတ္ေျမာက္မႈရသည္အထိ ခ်မ္းသာလာဖို႔က ဘယ္လိုနည္းနဲ႔မွ မျဖစ္ႏိုင္ပါဘူး။ ဒါ့ေၾကာင့္ စုေဆာင္းမယ္ဆိုရင္လည္း ရင္းႏွီးျမဳပ္ႏွံမႈတစ္ခုခုအတြက္ ရည္ရြယ္ၿပီးစုေဆာင္းပါ။ တစ္ဖက္ကလည္း လိုအပ္တဲ့ ပညာဗဟုသုတနဲ႔ သတၱိကို ေလ့လာစုေဆာင္း ျပင္ဆင္ပါ။

၈။ ေငြသံုးႏိုင္သူအျဖစ္ ဟန္ေဆာင္ျခင္း

အေရးႀကီးတဲ့ေနာက္ဆံုးအခ်က္ကေတာ့ ေငြသံုးႏိုင္သူအျဖစ္ ဟန္ေဆာင္တတ္တာပဲျဖစ္ပါတယ္။ တစ္ခ်ိဳ႕ေတြက အမ်ားအထင္ႀကီးေစဖို႔ ေငြေတြသံုးျပတတ္ပါတယ္။ တကယ္ေတာ့ ဒီလိုသံုးျပေနသူေတြက သူတို႔ကိုယ္ပိုင္ေငြေၾကးမဟုတ္ပါဘူး။ အျခားတစ္ေယာက္ေယာက္ရဲ႕ေငြကို သံုးျပေနၾကတာျဖစ္ပါတယ္။ အမွန္တကယ္ခ်မ္းသာၾကြယ္၀သူေတြကေတာ့ လူအထင္ႀကီးခံရဖို႔ထက္ ေငြေၾကးလြတ္ေျမာက္မႈရရွိဖို႔ကိုသာ အာရုံစိုက္တတ္ၾကပါတယ္။ ေငြေၾကးလြတ္ေျမာက္မႈရၿပီဆိုရင္ေတာ့ ကားေတြ၊ ေလွေတြ၊ ေလယာဥ္ေတြ၊ အပန္းေျဖအိမ္ေတြ စသျဖင့္ ေလွ်ာက္သံုးပစ္တတ္ၾကပါတယ္။ ဒီလိုေလွ်ာက္သံုးလို႔ လက္ဖြာတယ္ထင္ရေပမယ့္ သူတို႔ရွာႏိုင္တာနဲ႔ ႏႈိင္းယွဥ္ရင္ သံုးတဲ့ပမာဏက ေျပာပေလာက္စရာမရွိပါဘူး။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

ချမ်းသာကြွယ်ဝဖို့ ရှောင်ကြဉ်ရမည့် ငွေကြေးဆိုင်ရာ အမှားများ

ငွေက ဘယ်တော့မှ မအိပ်ဘူးဆိုတဲ့ စကားကိုကြားဖူးပါသလား။ ဟုတ်ပါတယ်။ ငွေကြေးဟာ အချိန်နဲ့အမျှ အလုပ်လုပ်နေတယ်လို့ ယုံကြည်ကြသူတွေသာ ချမ်းသာကြွယ်ဝလာတာဖြစ်ပါတယ်။ လူချမ်းသာတွေဟာ သူတို့ရဲ့ငွေကြေးကို တလေးတစားနဲ့ အာရုံစိုက်တတ်ကြပါတယ်။ ငွေကြေးကို ဂရုမစိုက်ဘူးဆိုတဲ့ စကားဟာ လက်ထဲမှာ ပိုက်ဆံမရှိတဲ့သူတွေရဲ့ လက်သုံးစကားဖြစ်ပါတယ်။ ဒါ့ကြောင့် ငွေကြေးနဲ့ ပတ်သက်ပြီး ဂရုတစိုက် စီမံခန့်ခွဲအသုံးချတတ်ဖို့ လိုပါတယ်။ ဒီအတွက် ရှောင်ရှားသင့်တဲ့ ငွေကြေးဆိုင်ရာ အမှားတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

၁။ အပြီးတိုင်လွတ်မြောက်မှုကို မရှာပဲ ခဏတာသာယာမှုနောက်လိုက်ခြင်း
၀င်ငွေများလို့ ခဏတာအဆင်ပြေသာယာမှုဟာ ငွေကြေးအပူအပင်မရှိတဲ့အခြေအနေရောက်ဖို့ အဟန့်အတားဖြစ်ပါတယ်။ လူလတ်တန်းစားတွေအားလုံးဟာ ဒီလို သာယာမှုမျိုးကိုပဲ အဟုတ်ကြီးထင်နေကြတတ်ပါတယ်။ လူချမ်းသာတွေကတော့ ငွေကြေးအတွက် ပူပင်စရာမလိုလောက်အောင် အပြီးတိုင်လွတ်မြောက်မှုရရှိသည်အထိ ကြိုးစားတတ်ကြပါတယ်။

၂။ အလုပ်အမျိုးမျိုးမှာ ရင်းနှီးမြုပ်နှံခြင်း
အစပိုင်းမှာ ရင်းနှီးမြုပ်နှံမှုကို ခွဲခြမ်းစိတ်ဖြာခြင်းအားဖြင့် ဘယ်တော့မှာ အမှန်တကယ် ချမ်းသာလာမှာ မဟုတ်ပါဘူး။ သင့်ငွေကြေးကို လုပ်ငန်းမျိုးစုံမှာ ရင်းနှီးမြုပ်နှံတာဟာ ငတုံးတွေရဲ့အလုပ်လို့ ဘီလျံနာလုပ်ငန်းရှင် Mark Cuban က ပြောခဲ့ဖူးပါတယ်။ ဒါ့ကြောင့် လုပ်ငန်းနယ်ပယ်တစ်ခုအကြောင်းကို သေချာလေ့လာပြီး အားလုံးရင်းနှီးမြုပ်နှံတာက အကောင်းဆုံးဖြစ်ပါတယ်။

၃။ ၀င်ငွေလမ်းကြောင်းတစ်ခုတည်အပေါ်တွင် မှီခိုနေခြင်း
၀င်ငွေဘယ်လောက်ပဲ များများရနေပါစေ၊ ၀င်ငွေလမ်းကြောင်းတစ်ခုတည်းအပေါ်မှာ မှီခိုမနေသင့်ပါဘူး။ အမှန်တကယ်ချမ်းသာကြွယ်ဝလာစေဖို့ အဓိက ၀င်ငွေလမ်းကြောင်းတစ်ခုအပြင် အခြားသီးသန့် ၀င်ငွေရနိုင်ချေရှိတဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုလည်း လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါက နံပါတ်(၂)မှာ ဖော်ပြခဲ့သလို
လုပ်ငန်းမျိုးစုံကို လျှောက်ပြီးရင်းနှီးမြုပ်နှံတာနဲ့ မတူပါဘူး။ အဓိက ၀င်ငွေလမ်းကြောင်းအပြင် အခြားလမ်းကြောင်းတွေ တည်ဆောက်ပြီး ဓနအင်အားကို တောင့်တင်ခိုင်မာစေတာဖြစ်ပါတယ်။

၄။ အခြားသူများနှင့် နှိုင်းယှဉ်ခြင်း
သင့်ရဲ့ပိုင်ဆိုင်မှု ဓနအင်အားကို အခြားသူတွေနဲ့ နှိုင်းယှဉ်နေသ၍ ဘယ်တော့မှချမ်းသာလာမှာ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ လူတွေက ကိုယ့်ထက်ဆင်းရဲနွမ်းပါသူတွေနဲ့ နှိုင်းယှဉ်ပြီး တော်တော်ဟုတ်နေပြီလို့ ထင်တတ်ကြပါတယ်။ အခြားသူတွေရဲ့ ငွေကြေးအခြေအနေက သင်နဲ့မဆိုင်ပါဘူး။ ဒါ့ကြောင့် မနှိုင်းယှဉ်ပါနဲ့။

၅။ အခွင့်အလမ်းကို လိုက်ပြီးရင်းနှီးမြုပ်နှံခြင်း
နောက်ဆုံးပေါ်နည်းပညာတွေ အပေါ်ရင်းနှီးမြုပ်နှံတာကို ရှောင်ကြဉ်ပါ။ နောက်ထပ်နည်းပညာသစ်တွေ ထွက်ပေါ်လာပြီး အစားထိုးနေရာယူသွားမှာဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုကျွမ်းကျင်သူ ဘီလျံနာတစ်ဦးဖြစ်တဲ့ Warren Buffett က လျှပ်စစ်စွမ်းအင်၊ မီးရထားလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဖျော်ရည်လုပ်ငန်းနဲ့ အစားအသောက်ကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံလေ့ရှိပါတယ်။ ဖြည်းဖြည်းမှန်မှန်အောင်ပွဲခံဆိုတဲ့အတိုင်း သေချာတဲ့ရင်းနှီးမြုပ်နှံမှုတွေကို လုပ်ဆောင်ပါ။

၆။ သက်သေမရှိပဲ ယုံကြည်ခြင်း
လူတွေကို သဘောကျတာ၊ အားနာတာတွေကြောင့် ခိုင်လုံတဲ့သက်သေအထာက်အထားမရှိပဲ ရင်းနှီးမြုပ်နှံမှုတွေ လုပ်မိရင် မှားဖို့များပါတယ်။ လူတွေနဲ့ပတ်သက်တဲ့ ခံစားချက်တွေကို ဘေးချိတ်ထားပြီး ခိုင်လုံတဲ့သက်သေကိုရှာဖွေပါ။ သက်သေပြဖို့ မပြောနိုင်ရလောက်အောင် မျက်နှာနာတဲ့လူတွေဆိုရင်လည်း သူတို့နဲ့ စီးပွားရေးမလုပ်ဖို့ပဲ ဆုံးဖြတ်လိုက်ပါ။

၇။ စုဆောင်းခြင်း
ငွေစုပြီး ငွေကြေးလွတ်မြောက်မှုရသည်အထိ ချမ်းသာလာဖို့က ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် စုဆောင်းမယ်ဆိုရင်လည်း ရင်းနှီးမြုပ်နှံမှုတစ်ခုခုအတွက် ရည်ရွယ်ပြီးစုဆောင်းပါ။ တစ်ဖက်ကလည်း လိုအပ်တဲ့ ပညာဗဟုသုတနဲ့ သတ္တိကို လေ့လာစုဆောင်း ပြင်ဆင်ပါ။

၈။ ငွေသုံးနိုင်သူအဖြစ် ဟန်ဆောင်ခြင်း
အရေးကြီးတဲ့နောက်ဆုံးအချက်ကတော့ ငွေသုံးနိုင်သူအဖြစ် ဟန်ဆောင်တတ်တာပဲဖြစ်ပါတယ်။ တစ်ချို့တွေက အများအထင်ကြီးစေဖို့ ငွေတွေသုံးပြတတ်ပါတယ်။ တကယ်တော့ ဒီလိုသုံးပြနေသူတွေက သူတို့ကိုယ်ပိုင်ငွေကြေးမဟုတ်ပါဘူး။ အခြားတစ်ယောက်ယောက်ရဲ့ငွေကို သုံးပြနေကြတာဖြစ်ပါတယ်။ အမှန်တကယ်ချမ်းသာကြွယ်ဝသူတွေကတော့ လူအထင်ကြီးခံရဖို့ထက် ငွေကြေးလွတ်မြောက်မှုရရှိဖို့ကိုသာ အာရုံစိုက်တတ်ကြပါတယ်။ ငွေကြေးလွတ်မြောက်မှုရပြီဆိုရင်တော့ ကားတွေ၊ လှေတွေ၊ လေယာဉ်တွေ၊ အပန်းဖြေအိမ်တွေ စသဖြင့် လျှောက်သုံးပစ်တတ်ကြပါတယ်။ ဒီလိုလျှောက်သုံးလို့ လက်ဖွာတယ်ထင်ရပေမယ့် သူတို့ရှာနိုင်တာနဲ့ နှိုင်းယှဉ်ရင် သုံးတဲ့ပမာဏက ပြောပလောက်စရာမရှိပါဘူး။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%