ဘီလီယံခ်ီတန္သည့္ စိတ္ကူးမ်ား

ကိုယ္ပိုင္လုပ္ငန္းတစ္ခုတည္ေထာင္ရတာဟာ မလြယ္ကူတဲ့အလုပ္တစ္ခုျဖစ္ပါတယ္။ စတင္ထူေထာင္တဲ့ လုပ္ငန္း ၁၀ ခုမွာ ၉ ခုေလာက္က ဆံုး႐ႈံးမႈေတြနဲ႔ ရင္ဆိုင္ၾကရပါတယ္။ ဒါေပမယ့္ တစ္ခ်ီတည္းနဲ႔ ထိပ္ဆံုးထိ ေရာက္ေအာင္ ေအာင္ျမင္ၿပီး ဘီလ်ံနာေတြျဖစ္သြားတဲ့သူေတြလည္း ရွိပါတယ္။ သူတို႔ရဲ႕ ေအာင္ျမင္မႈ ေသာ့ခ်က္ကေတာ့ သူမတူေအာင္ထူးျခားတဲ့စိတ္ကူးပဲျဖစ္ပါတယ္။ ဒီေတာ့ ကိုယ္ထူးကိုယ္ခၽြန္ႀကိဳးစားၿပီး ေအာင္ျမင္လာခဲ့တဲ့ ဘီလ်ံနာလုပ္ငန္းရွင္ေတြရဲ႕ စိတ္ကူးေတြကို ေလ့လာၾကည့္ၾကရေအာင္ပါ။

(၁) Larry Page ႏွင့္ Sergey Brin

သူတို႔ႏွစ္ေယာက္ကေတာ့ နာမည္ေက်ာ္ လူသံုးမ်ား အင္တာနက္ရွာေဖြေရး၀န္ေဆာင္မႈလုပ္ငန္းတစ္ခုျဖစ္တဲ့ Google ကို စတင္တီထြင္ခဲ့သူေတြျဖစ္ၿပီး Google ကို တီထြင္ခဲ့ခ်ိန္မွာ တကၠသိုလ္ေက်ာင္းသားအရြယ္ပဲ ရွိပါေသးတယ္။ သူတို႔ရဲ႕စိတ္ကူးကေတာ့ အင္တာနက္ရွာေဖြေရး၀န္ေဆာင္မႈေတြမွာ အသံုးျပဳေနက် Keywords စကားလံုးကရွာေဖြတာမ်ိဳးထက္ အေရအတြက္နဲ႔ သင့္ေတာ္မႈေပၚမွာမူတည္ၿပီး ရွာေဖြတာမ်ိဳးကို တမူထူးျခားစြာ ဆန္းသစ္ခဲ့ၾကတာပဲျဖစ္ပါတယ္။ Google ဟာဆိုရင္ အခုေစ်းကြက္အတြင္းမွာ ဦးေဆာင္ေနတဲ့ Search Engine တစ္ခုျဖစ္ၿပီး ကမာၻတစ္၀ွမ္းလူသံုးမ်ားေနတဲ့ Android စနစ္နဲ႔ Youtube ဗီဒီယို၀က္ဆိုက္ဒ္တို႔ကိုလည္း ေအာင္ျမင္စြာ ထုတ္လုပ္စီမံေနၿပီျဖစ္ပါတယ္။

Larry Page နဲ႔ Sergey Brin တို႔ႏွစ္ဦးကေတာ့ တစ္ဦးကို အေမရိကန္ေဒၚလာ (၃၀)ဘီလီယံနီးပါး ပိုင္ဆိုင္ေနၾကၿပီျဖစ္ပါတယ္။

(၂) Mark Zuckerberg

Mark Zuckerberg ကေတာ့ ဟားဗတ္တကၠသိုလ္ေက်ာင္းသားတစ္ဦးျဖစ္ၿပီး Facemash လို႔ေခၚတဲ့ ၀က္ဆိုက္ဒ္ေလးတစ္ခုကို စတင္လုပ္ေဆာင္ရာကေန နည္းပညာအသံုးျပဳၿပီး လူေတြကို ဆက္သြယ္ေပးႏိုင္တာကို ေတြ႕ရွိခဲ့ပါတယ္။ ဒီလိုနဲ႔ thefacebook.com ကိုစတင္ ထုတ္လုပ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အခုတကမာၻလံုးနီးပါးက အသံုးျပဳေနၾကတဲ့ Facebook လို႔အမည္ေျပာင္းခဲ့ၿပီး ဆယ္စုႏွစ္တစ္ခုအတြင္းမွာ ေဒၚလာ ၂၅၀ ဘီလီယံေလာက္တန္ေၾကးရွိတဲ့ ကုမၸဏီတစ္ခုျဖစ္လာခဲ့ပါတယ္။

Mark Zuckerberg ရဲ႕ပိုင္ဆိုင္ၾကြယ္၀မႈကေတာ့ ေဒၚလာ (၃၅) ဘီလီယံေလာက္ရွိပါတယ္။

(၃) Michael Blomberg

၁၉၇၀ ခုႏွစ္မ်ားမွာ Wall Street က ကုန္သည္တစ္ေယာက္အျဖစ္ အလုပ္လုပ္ခဲ့တဲ့ Micheal Bloomberg ဟာ ဘ႑ာေရးလုပ္ငန္းႀကီးေတြဟာ ယုံၾကည္စိတ္ခ်ရတဲ့ စီးပြားေရးဆိုင္ရာသတင္းအခ်က္အလက္ေတြကို ေငြေၾကးအေျမာက္အျမားအကုန္အက်ခံ ၀ယ္ယူခ်င္ၾကတာကို သိရွိခဲ့ပါတယ္။ ဒီလိုနဲ႔ သူဟာ ကြန္ပ်ဴတာနည္းပညာကိုအသံုးျပဳၿပီး အေရးႀကီးတဲ့ ဘ႑ာေရးဆိုင္ရာအခ်က္အလက္ေတြကို ပံ့ပိုးေပးတဲ့ ၀န္ေဆာင္မႈလုပ္ငန္းျဖစ္တဲ့ Bloomberg ကို စတင္ထူေထာင္ခဲ့ပါတယ္။

အခုဆိုရင္ သူ႔ရဲ႕ Bloomberg လုပ္ငန္းစုဟာ ကမာၻ႔အင္အားႀကီး စီးပြားေရးဆိုင္ရာ မီဒီယာတစ္ခုျဖစ္လာ ၿပီး ႏွစ္စဥ္၀င္ေငြ ေဒၚလာ(၈)ဘီလီယံခန္႔ရရွိေနၿပီျဖစ္ပါတယ္။ Michael Bloomberg ရဲ႕ ပိုင္ဆိုင္မႈအ၀၀ကေတာ့ အၾကမ္းဖ်င္း ေဒၚလာ (၃၇)ဘီလီယံခန္႔ တန္ဖိုးရွိပါတယ္။

(၄) Jeff Bezos

Micheal Bloomberg လိုပဲ Wall Street မွာ အလုပ္လုပ္ရာကေန ကိုယ္ပိုင္လုပ္ငန္းလုပ္ေဆာင္ၿပီး ဘီလီယံနာ ျဖစ္လာခဲ့သူ ေနာက္တစ္ဦးကေတာ့ Amazon အြန္လိုင္းအေရာင္းအ၀ယ္လုပ္ငန္းကို တည္ေထာင္ခဲ့တဲ့ Jeff Bezos ပဲျဖစ္ပါတယ္။ Jeff Bezos ဟာ အြန္လိုင္း စာအုပ္အေရာင္းဆိုင္ေလးတစ္ခုကို စတင္ထူေထာင္ခဲ့တာ ျဖစ္ၿပီး အခုဆိုရင္ သူ႔ရဲ႕ Amazon.com မွာ စာအုပ္ေတြသာမက အိမ္သံုးပစၥည္းေတြ၊ ေခတ္ေပၚပစၥည္းေတြ ကေန ၀ိုင္အရက္အထိ ၀ယ္လို႔ရေနၿပီျဖစ္ပါတယ္။

တစ္ႏွစ္ကို ေရာင္းအား ေဒၚလာ(၈၈)ဘီလီယံဖိုးေလာက္ ရွိၿပီး Bezos ရဲ႕ပိုင္ဆိုင္မႈကေတာ့ ကန္ေဒၚလာ (၃၈)ဘီလီယံရွိပါတယ္။

(၅) Larry Ellison

ေနာက္ထပ္ အၾကံေကာင္းတစ္ခုနဲ႔ ဘီလ်ံနာျဖစ္လာခဲ့တဲ့ Larry Ellison ရဲ႕ငယ္ဘ၀ကေတာ့ မလွပခဲ့ပါဘူး။ ဒါေပမယ့္ သူဟာ IBM နည္းပညာကုမၸဏီက ထုတ္ျပန္ေၾကညာတဲ့ SQL Database ေရးဆြဲနည္းစနစ္ကို အသံုးျပဳၿပီး Oracle Database ကို ဖန္တီးခဲ့ပါတယ္။ ႏွစ္အနည္းငယ္အတြင္းမွာပဲ သူ႔ရဲ႕ Oracle database ဟာ လူႀကိဳက္အမ်ားဆံုး Database ျဖစ္လာၿပီး Larry Ellison ကိုလည္း ကမာၻ႕အခ်မ္းသာဆံုးပုဂၢိဳဟ္ေတြထဲက တစ္ဦးျဖစ္လာေစခဲ့ပါတယ္။

အခုဆိုရင္သူဟာ ကန္ေဒၚလာ (၆၅)ဘီလီယံ ပိုင္ဆိုင္တဲ့ ဘီလ်ံနာတစ္ဦးျဖစ္ေနပါၿပီ။

(၆) Bill Gates

အားလံုးကသိၾကတဲ့ Microsoft ကုမၸဏီရဲ႕ ပိုင္ရွင္ Bill Gates ဟာလည္း စိတ္ကူးေကာင္းေၾကာင့္ ေအာင္ျမင္ခ်မ္းသာလာခဲ့တာျဖစ္ပါတယ္။ ၁၉၇၅ ခုႏွစ္ေနာက္ပိုင္းမွာ Bill Gates ရဲ႕ Microsoft ဟာ DOS လို႔ေခၚတဲ့ Operating system ကို စတင္ဖန္တီးခဲ့ပါတယ္။ အဲဒီေနာက္မွာ အခုလက္ရွိ တစ္ကမာၻလံုးက ကြန္ပ်ဴတာေတြမွာ အသံုးမ်ားေနတဲ့ Windows operating system ကို တီထြင္ႏိုင္ခဲ့ပါတယ္။ အခုဆိုရင္ Microsoft ကုမၸဏီဟာ Server ေတြ၊ Data Centres ေတြသာမက Games အမ်ိဳးမ်ိဳးနဲ႔ Mobile phone ေစ်းကြက္ေတြမွာပါ ေနရာရရွိေနၿပီျဖစ္ပါတယ္။

Microsoft ရဲ႕ေအာင္ျမင္မႈက Bill Gates ကို ကမာၻ႔အခ်မ္းသာဆံုး ပုဂၢိဳဟ္တစ္ဦးျဖစ္လာေစခဲ့ၿပီး သူ႔ရဲ႕ ပိုင္ဆိုင္မႈ စုစုေပါင္းက ကန္ေဒၚလာ ဘီလီယံ (၈၀)နီးပါးရွိပါတယ္။

(၇) Marc Benioff

၁၉၉၈ ခုႏွစ္မွာ အြန္လိုင္းေပၚကေနတဆင့္ software ေတြကို Install လုပ္ႏိုင္ Update လုပ္ႏိုင္ေအာင္ ၀န္ေဆာင္မႈေပးတဲ့ Salesforce ကုမၸဏီကိုတည္ေထာင္ခဲ့သူ Marc Benioff ဟာဆိုရင္လည္း အခုဆိုရင္ Cloud market ရဲ႕ ဦးေဆာင္သူ ဘီလ်ံနာတစ္ဦး ျဖစ္ေနၿပီျဖစ္ပါတယ္။

သူ႔ရဲ႕ ပိုင္ဆိုင္ၾကြယ္၀မႈကေတာ့ ကန္ေဒၚလာ (၃.၈) ဘီလီယံရွိပါတယ္။

(၈) Mark Cuban

Mark Cuban ကေတာ့ ၁၉၉၀ ျပည့္ႏွစ္ေတြတုန္းက အင္တာနက္စြန္႔ဦးလုပ္ငန္းရွင္တစ္ဦးျဖစ္ခဲ့ၿပီး အင္တာနက္ေပၚကေနတဆင့္ ၿဂိဳဟ္တု႐ုပ္သံလိုင္းေတြၾကည့္လို႔ရေအာင္ ၀န္ေဆာင္မႈေပးတဲ့ Broadcast.com ကုမၸဏီကို တည္ေထာင္ခဲ့ပါတယ္။ ေနာက္ေတာ့ Braodcast.com ကို Yahoo ထံသို႔ ေဒၚလာ ၅.၇ ဘီလီယံ နဲ႔ ေရာင္းခ်ခဲ့ပါတယ္။ ဒါ့အျပင္ Dallas Mavericks ဘက္စကက္ေဘာအသင္းကို ပိုင္ဆိုင္ထားၿပီး ရင္းႏွီးျမဳပ္ႏွံသူ ဘီလ်ံနာတစ္ဦးအျဖစ္ရပ္တည္ေနပါတယ္။

သူ႔ရဲ႕ပိုင္ဆိုင္မႈက ေဒၚလာ (၃)ဘီလီယံခန္႔ရွိၿပီး ရုပ္သံအစီအစဥ္ေတြမွာပါ၀င္တဲ့အတြက္ လူသိမ်ားတဲ့ပုဂၢိဳဟ္ တစ္ဦးလည္းျဖစ္ပါတယ္။

(၉) Jack Ma

Jack Ma ကေတာ့ ၁၉၉၅ ခုႏွစ္မွာ အေမရိကန္ကို လာေရာက္လည္ပတ္ရင္း အင္တာနက္ကေနတဆင့္ စီးပြားေရးလုပ္ဖို႔ စိတ္ကူးရသြားခဲ့တာျဖစ္ပါတယ္။ ပထမဆံုး သူတည္ေထာင္တဲ့ လုပ္ငန္းႏွစ္ခုစလံုး ႐ႈံးနိမ္းခဲ့ရေပမယ့္ တတိယအႀကိမ္မွာေတာ့ သြင္းကုန္ထုတ္ကုန္လုပ္ငန္းရွင္ေတြရဲ႕ ပစၥည္းစာရင္းေတြကို ၾကည့္ၿပီး ၀ယ္ယူသူေတြက တိုက္႐ုိက္ဆက္သြယ္၀ယ္ယူႏိုင္တဲ့ Alibaba အမည္ရ ၀န္ေဆာင္မႈလုပ္ငန္း တစ္ခုကို တည္ေထာင္ကာ ေအာင္ျမင္ခဲ့ပါတယ္။

Alibaba ကိုစတင္တည္ေထာင္ခ်ိန္က ေခ်းေငြေတြနဲ႔ ထူေထာင္ခဲ့ေပမယ့္ အခုဆိုရင္ ေဒၚလာ (၂၀၀)ဘီလီယံ တန္ေၾကးရွိလုပ္ငန္းတစ္ခုျဖစ္ေနၿပီျဖစ္သလို Jack Ma ဟာဆိုရင္လည္း ကန္ေဒၚလာ (၂၄)ဘီလီယံေက်ာ္ ၾကြယ္၀သူတစ္ဦးျဖစ္ေနၿပီျဖစ္ပါတယ္။

(၁၀) Jan Koum

WhatsApp ကို တီထြင္ခဲ့တဲ့ Jan Koum ဟာဆိုရင္လည္း တကယ္အသံုးတည့္တဲ့ တယ္လီဖုန္းလမ္းညႊန္း ေဆာ့ဖ္၀ဲတစ္ခုကို ဖန္တီးဖို႔ စိတ္ကူးကေနေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ တကမာၻလံုးမွာ WhatsApp အသံုးျပဳသူေပါင္း သန္း(၈၀၀)ေက်ာ္ရွိေနၿပီျဖစ္ပါတယ္။

Jan Koum ရဲ႕ ၾကြယ္၀မႈကေတာ့ ေဒၚလာ (၆.၈)ဘီလီယံခန္႔ရွီပါတယ္။

(၁၁) Jerry Yang ႏွင့္ David Filo

သူတို႔ႏွစ္ေယာက္ကေတာ့ Stanford တကၠသိုလ္က ေက်ာင္းသားႏွစ္ေယာက္ျဖစ္ၿပီး အင္တာနက္ ၀က္ဘ္ဆိုက္ဒ္လမ္းညႊန္၀န္ေဆာင္မႈလုပ္ငန္းကို စတင္ထူေထာင္ခဲ့ပါတယ္။ သူတို႔ရဲ႕ ၀န္ေဆာင္မႈကို Jerry and David’s Guide to the World Wide Web လို႔ နာမည္ေပးခဲ့ၿပီး တစ္ႏွစ္ၾကာတဲ့အခါမွာ လူသံုးမ်ား ၀က္ဘ္ဆုိက္တစ္ခုျဖစ္လာခဲ့ပါတယ္။ ေနာက္ပိုင္းမွာ သူတို႔ရဲ႕လုပ္ငန္းအမည္ကို Yahoo လို႔ေျပာင္းလဲ အမည္ေပးခဲ့ပါတယ္။

Jerry Yang ကေတာ့ Yahoo မွာ ဆက္ၿပီးမလုပ္ေတာ့ေပမယ့္ ပိုင္ဆိုင္မႈ ေဒၚလာ(၂)ဘီလီယံ ရွိပါတယ္။ David Filo က Yahoo ကို ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ၿပီး ၾကြယ္၀မႈ ေဒၚလာ (၃)ဘီလီယံရွိပါတယ္။

(၁၂) Michael Dell

တကၠဆပ္တကၠသိုလ္ေက်ာင္းသားတစ္ဦးျဖစ္ခဲ့တဲ့ Michael Dell ဟာ ကြန္ပ်ဴတာေတြကို အလုံးလိုက္မဟုတ္ပဲ အစိတ္အပိုင္းတစ္ခုခ်င္းစီကို ေစ်းႏႈန္းအသင့္အတင့္နဲ႔ ေဖာက္သည္ေတြထံ တိုက္႐ုိက္ေရာင္းခ်ေပးတဲ့ Dell ကုမၸဏီကို တည္ေထာင္ခဲ့သူျဖစ္ပါတယ္။ ပထမႏွစ္မွာတင္ ေရာင္းအား ေဒၚလာ(၆)သန္းဖိုးခန႔္ရွိခဲ့ၿပီး ၂၀၀၁ ခုႏွစ္မွာ ကမာၻအႀကီးဆံုး ကြန္ပ်ဴတာထုတ္လုပ္ေရးကုမၸဏီႀကီးတစ္ခု အျဖစ္ ရပ္တည္လာႏိုင္ခဲ့ပါတယ္။

Michael Dell ရဲ႕ ခ်မ္းသာၾကြယ္၀မႈကေတာ့ ေဒၚလာ (၁၈)ဘီလီယံခန္႔ရွိပါတယ္။

(၁၃) Nick Woodman

GoPro ကုမၸဏီရဲ႕တည္ေထာင္သူ Nick Woodman ကေတာ့ ကိုယ္တိုင္လည္း ေရလႈိင္းစီးသူတစ္ဦးျဖစ္ၿပီး အျခားေရလႈိင္းစီးသမားေတြ လႈိင္းစီးခ်ိန္မွာ ကိုယ့္ပံုကိုယ္ျပန္႐ိုက္ႏိုင္ေအာင္ ကူညီေပးခ်င္ခဲ့ပါတယ္။ ဒီလိုနဲ႔ ႏွစ္မ်ားစြာ အခ်ိန္ယူၿပီး GoPro ကင္မရာေတြကို စတင္ထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္။ အခုဆိုရင္ သူ႔ရဲ႕ ကင္မရာေတြကို ေရထဲမွာ႐ိုက္ကူးဖို႔အတြက္သာမက ၿပိဳင္ကားေတြေရွ႕မွာပါ တပ္ဆင္ၿပီး တြင္တြင္က်ယ္က်ယ္ အသံုးခ်ေနၾကၿပီျဖစ္ပါတယ္။

Nick Woodman ဟာလည္း ေဒၚလာ (၂.၅)ဘီလီယံၾကြယ္၀တဲ့ ဘီလ်ံနာတစ္ဦးျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

ဘီလီယံချီတန်သည့် စိတ်ကူးများ

ကိုယ်ပိုင်လုပ်ငန်းတစ်ခုတည်ထောင်ရတာဟာ မလွယ်ကူတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ စတင်ထူထောင်တဲ့ လုပ်ငန်း ၁၀ ခုမှာ ၉ ခုလောက်က ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ကြရပါတယ်။ ဒါပေမယ့် တစ်ချီတည်းနဲ့ ထိပ်ဆုံးထိ ရောက်အောင် အောင်မြင်ပြီး ဘီလျံနာတွေဖြစ်သွားတဲ့သူတွေလည်း ရှိပါတယ်။ သူတို့ရဲ့ အောင်မြင်မှု သော့ချက်ကတော့ သူမတူအောင်ထူးခြားတဲ့စိတ်ကူးပဲဖြစ်ပါတယ်။ ဒီတော့ ကိုယ်ထူးကိုယ်ချွန်ကြိုးစားပြီး အောင်မြင်လာခဲ့တဲ့ ဘီလျံနာလုပ်ငန်းရှင်တွေရဲ့ စိတ်ကူးတွေကို လေ့လာကြည့်ကြရအောင်ပါ။

(၁) Larry Page နှင့် Sergey Brin
သူတို့နှစ်ယောက်ကတော့ နာမည်ကျော် လူသုံးများ အင်တာနက်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Google ကို စတင်တီထွင်ခဲ့သူတွေဖြစ်ပြီး Google ကို တီထွင်ခဲ့ချိန်မှာ တက္ကသိုလ်ကျောင်းသားအရွယ်ပဲ ရှိပါသေးတယ်။ သူတို့ရဲ့စိတ်ကူးကတော့ အင်တာနက်ရှာဖွေရေးဝန်ဆောင်မှုတွေမှာ အသုံးပြုနေကျ Keywords စကားလုံးကရှာဖွေတာမျိုးထက် အရေအတွက်နဲ့ သင့်တော်မှုပေါ်မှာမူတည်ပြီး ရှာဖွေတာမျိုးကို တမူထူးခြားစွာ ဆန်းသစ်ခဲ့ကြတာပဲဖြစ်ပါတယ်။ Google ဟာဆိုရင် အခုစျေးကွက်အတွင်းမှာ ဦးဆောင်နေတဲ့ Search Engine တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလူသုံးများနေတဲ့ Android စနစ်နဲ့ Youtube ဗီဒီယိုဝက်ဆိုက်ဒ်တို့ကိုလည်း အောင်မြင်စွာ ထုတ်လုပ်စီမံနေပြီဖြစ်ပါတယ်။
Larry Page နဲ့ Sergey Brin တို့နှစ်ဦးကတော့ တစ်ဦးကို အမေရိကန်ဒေါ်လာ (၃၀)ဘီလီယံနီးပါး ပိုင်ဆိုင်နေကြပြီဖြစ်ပါတယ်။

(၂) Mark Zuckerberg
Mark Zuckerberg ကတော့ ဟားဗတ်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး Facemash လို့ခေါ်တဲ့ ၀က်ဆိုက်ဒ်လေးတစ်ခုကို စတင်လုပ်ဆောင်ရာကနေ နည်းပညာအသုံးပြုပြီး လူတွေကို ဆက်သွယ်ပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ thefacebook.com ကိုစတင် ထုတ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အခုတကမ္ဘာလုံးနီးပါးက အသုံးပြုနေကြတဲ့ Facebook လို့အမည်ပြောင်းခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်းမှာ ဒေါ်လာ ၂၅၀ ဘီလီယံလောက်တန်ကြေးရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ်။
Mark Zuckerberg ရဲ့ပိုင်ဆိုင်ကြွယ်ဝမှုကတော့ ဒေါ်လာ (၃၅) ဘီလီယံလောက်ရှိပါတယ်။
(၃) Michael Blomberg
၁၉၇၀ ခုနှစ်များမှာ Wall Street က ကုန်သည်တစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့တဲ့ Micheal Bloomberg ဟာ ဘဏ္ဍာရေးလုပ်ငန်းကြီးတွေဟာ ယုံကြည်စိတ်ချရတဲ့ စီးပွားရေးဆိုင်ရာသတင်းအချက်အလက်တွေကို ငွေကြေးအမြောက်အမြားအကုန်အကျခံ ၀ယ်ယူချင်ကြတာကို သိရှိခဲ့ပါတယ်။ ဒီလိုနဲ့ သူဟာ ကွန်ပျူတာနည်းပညာကိုအသုံးပြုပြီး အရေးကြီးတဲ့ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်တွေကို ပံ့ပိုးပေးတဲ့ ၀န်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Bloomberg ကို စတင်ထူထောင်ခဲ့ပါတယ်။
အခုဆိုရင် သူ့ရဲ့ Bloomberg လုပ်ငန်းစုဟာ ကမ္ဘာ့အင်အားကြီး စီးပွားရေးဆိုင်ရာ မီဒီယာတစ်ခုဖြစ်လာ ပြီး နှစ်စဉ်ဝင်ငွေ ဒေါ်လာ(၈)ဘီလီယံခန့်ရရှိနေပြီဖြစ်ပါတယ်။ Michael Bloomberg ရဲ့ ပိုင်ဆိုင်မှုအဝဝကတော့ အကြမ်းဖျင်း ဒေါ်လာ (၃၇)ဘီလီယံခန့် တန်ဖိုးရှိပါတယ်။

(၄) Jeff Bezos
Micheal Bloomberg လိုပဲ Wall Street မှာ အလုပ်လုပ်ရာကနေ ကိုယ်ပိုင်လုပ်ငန်းလုပ်ဆောင်ပြီး ဘီလီယံနာ ဖြစ်လာခဲ့သူ နောက်တစ်ဦးကတော့ Amazon အွန်လိုင်းအရောင်းအဝယ်လုပ်ငန်းကို တည်ထောင်ခဲ့တဲ့ Jeff Bezos ပဲဖြစ်ပါတယ်။ Jeff Bezos ဟာ အွန်လိုင်း စာအုပ်အရောင်းဆိုင်လေးတစ်ခုကို စတင်ထူထောင်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် သူ့ရဲ့ Amazon.com မှာ စာအုပ်တွေသာမက အိမ်သုံးပစ္စည်းတွေ၊ ခေတ်ပေါ်ပစ္စည်းတွေ ကနေ ၀ိုင်အရက်အထိ ၀ယ်လို့ရနေပြီဖြစ်ပါတယ်။
တစ်နှစ်ကို ရောင်းအား ဒေါ်လာ(၈၈)ဘီလီယံဖိုးလောက် ရှိပြီး Bezos ရဲ့ပိုင်ဆိုင်မှုကတော့ ကန်ဒေါ်လာ (၃၈)ဘီလီယံရှိပါတယ်။

(၅) Larry Ellison
နောက်ထပ် အကြံကောင်းတစ်ခုနဲ့ ဘီလျံနာဖြစ်လာခဲ့တဲ့ Larry Ellison ရဲ့ငယ်ဘဝကတော့ မလှပခဲ့ပါဘူး။ ဒါပေမယ့် သူဟာ IBM နည်းပညာကုမ္ပဏီက ထုတ်ပြန်ကြေညာတဲ့ SQL Database ရေးဆွဲနည်းစနစ်ကို အသုံးပြုပြီး Oracle Database ကို ဖန်တီးခဲ့ပါတယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ သူ့ရဲ့ Oracle database ဟာ လူကြိုက်အများဆုံး Database ဖြစ်လာပြီး Larry Ellison ကိုလည်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုဟ်တွေထဲက တစ်ဦးဖြစ်လာစေခဲ့ပါတယ်။
အခုဆိုရင်သူဟာ ကန်ဒေါ်လာ (၆၅)ဘီလီယံ ပိုင်ဆိုင်တဲ့ ဘီလျံနာတစ်ဦးဖြစ်နေပါပြီ။
(၆) Bill Gates
အားလုံးကသိကြတဲ့ Microsoft ကုမ္ပဏီရဲ့ ပိုင်ရှင် Bill Gates ဟာလည်း စိတ်ကူးကောင်းကြောင့် အောင်မြင်ချမ်းသာလာခဲ့တာဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်နောက်ပိုင်းမှာ Bill Gates ရဲ့ Microsoft ဟာ DOS လို့ခေါ်တဲ့ Operating system ကို စတင်ဖန်တီးခဲ့ပါတယ်။ အဲဒီနောက်မှာ အခုလက်ရှိ တစ်ကမ္ဘာလုံးက ကွန်ပျူတာတွေမှာ အသုံးများနေတဲ့ Windows operating system ကို တီထွင်နိုင်ခဲ့ပါတယ်။ အခုဆိုရင် Microsoft ကုမ္ပဏီဟာ Server တွေ၊ Data Centres တွေသာမက Games အမျိုးမျိုးနဲ့ Mobile phone စျေးကွက်တွေမှာပါ နေရာရရှိနေပြီဖြစ်ပါတယ်။
Microsoft ရဲ့အောင်မြင်မှုက Bill Gates ကို ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုဟ်တစ်ဦးဖြစ်လာစေခဲ့ပြီး သူ့ရဲ့ ပိုင်ဆိုင်မှု စုစုပေါင်းက ကန်ဒေါ်လာ ဘီလီယံ (၈၀)နီးပါးရှိပါတယ်။

(၇) Marc Benioff
၁၉၉၈ ခုနှစ်မှာ အွန်လိုင်းပေါ်ကနေတဆင့် software တွေကို Install လုပ်နိုင် Update လုပ်နိုင်အောင် ၀န်ဆောင်မှုပေးတဲ့ Salesforce ကုမ္ပဏီကိုတည်ထောင်ခဲ့သူ Marc Benioff ဟာဆိုရင်လည်း အခုဆိုရင် Cloud market ရဲ့ ဦးဆောင်သူ ဘီလျံနာတစ်ဦး ဖြစ်နေပြီဖြစ်ပါတယ်။
သူ့ရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုကတော့ ကန်ဒေါ်လာ (၃.၈) ဘီလီယံရှိပါတယ်။

(၈) Mark Cuban
Mark Cuban ကတော့ ၁၉၉၀ ပြည့်နှစ်တွေတုန်းက အင်တာနက်စွန့်ဦးလုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့ပြီး အင်တာနက်ပေါ်ကနေတဆင့် ဂြိုဟ်တုရုပ်သံလိုင်းတွေကြည့်လို့ရအောင် ၀န်ဆောင်မှုပေးတဲ့ Broadcast.com ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ နောက်တော့ Braodcast.com ကို Yahoo ထံသို့ ဒေါ်လာ ၅.၇ ဘီလီယံ နဲ့ ရောင်းချခဲ့ပါတယ်။ ဒါ့အပြင် Dallas Mavericks ဘက်စကက်ဘောအသင်းကို ပိုင်ဆိုင်ထားပြီး ရင်းနှီးမြုပ်နှံသူ ဘီလျံနာတစ်ဦးအဖြစ်ရပ်တည်နေပါတယ်။
သူ့ရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ (၃)ဘီလီယံခန့်ရှိပြီး ရုပ်သံအစီအစဉ်တွေမှာပါ၀င်တဲ့အတွက် လူသိများတဲ့ပုဂ္ဂိုဟ် တစ်ဦးလည်းဖြစ်ပါတယ်။

(၉) Jack Ma
Jack Ma ကတော့ ၁၉၉၅ ခုနှစ်မှာ အမေရိကန်ကို လာရောက်လည်ပတ်ရင်း အင်တာနက်ကနေတဆင့် စီးပွားရေးလုပ်ဖို့ စိတ်ကူးရသွားခဲ့တာဖြစ်ပါတယ်။ ပထမဆုံး သူတည်ထောင်တဲ့ လုပ်ငန်းနှစ်ခုစလုံး ရှုံးနိမ်းခဲ့ရပေမယ့် တတိယအကြိမ်မှာတော့ သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်တွေရဲ့ ပစ္စည်းစာရင်းတွေကို ကြည့်ပြီး ၀ယ်ယူသူတွေက တိုက်ရိုက်ဆက်သွယ်ဝယ်ယူနိုင်တဲ့ Alibaba အမည်ရ ၀န်ဆောင်မှုလုပ်ငန်း တစ်ခုကို တည်ထောင်ကာ အောင်မြင်ခဲ့ပါတယ်။
Alibaba ကိုစတင်တည်ထောင်ချိန်က ချေးငွေတွေနဲ့ ထူထောင်ခဲ့ပေမယ့် အခုဆိုရင် ဒေါ်လာ (၂၀၀)ဘီလီယံ တန်ကြေးရှိလုပ်ငန်းတစ်ခုဖြစ်နေပြီဖြစ်သလို Jack Ma ဟာဆိုရင်လည်း ကန်ဒေါ်လာ (၂၄)ဘီလီယံကျော် ကြွယ်ဝသူတစ်ဦးဖြစ်နေပြီဖြစ်ပါတယ်။

(၁၀) Jan Koum
WhatsApp ကို တီထွင်ခဲ့တဲ့ Jan Koum ဟာဆိုရင်လည်း တကယ်အသုံးတည့်တဲ့ တယ်လီဖုန်းလမ်းညွှန်း ဆော့ဖ်ဝဲတစ်ခုကို ဖန်တီးဖို့ စိတ်ကူးကနေအောင်မြင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် တကမ္ဘာလုံးမှာ WhatsApp အသုံးပြုသူပေါင်း သန်း(၈၀၀)ကျော်ရှိနေပြီဖြစ်ပါတယ်။
Jan Koum ရဲ့ ကြွယ်ဝမှုကတော့ ဒေါ်လာ (၆.၈)ဘီလီယံခန့်ရှီပါတယ်။

(၁၁) Jerry Yang နှင့် David Filo
သူတို့နှစ်ယောက်ကတော့ Stanford တက္ကသိုလ်က ကျောင်းသားနှစ်ယောက်ဖြစ်ပြီး အင်တာနက် ၀က်ဘ်ဆိုက်ဒ်လမ်းညွှန်ဝန်ဆောင်မှုလုပ်ငန်းကို စတင်ထူထောင်ခဲ့ပါတယ်။ သူတို့ရဲ့ ၀န်ဆောင်မှုကို Jerry and David’s Guide to the World Wide Web လို့ နာမည်ပေးခဲ့ပြီး တစ်နှစ်ကြာတဲ့အခါမှာ လူသုံးများ ၀က်ဘ်ဆိုက်တစ်ခုဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့ရဲ့လုပ်ငန်းအမည်ကို Yahoo လို့ပြောင်းလဲ အမည်ပေးခဲ့ပါတယ်။
Jerry Yang ကတော့ Yahoo မှာ ဆက်ပြီးမလုပ်တော့ပေမယ့် ပိုင်ဆိုင်မှု ဒေါ်လာ(၂)ဘီလီယံ ရှိပါတယ်။ David Filo က Yahoo ကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ကြွယ်ဝမှု ဒေါ်လာ (၃)ဘီလီယံရှိပါတယ်။

(၁၂) Michael Dell
တက္ကဆပ်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ခဲ့တဲ့ Michael Dell ဟာ ကွန်ပျူတာတွေကို အလုံးလိုက်မဟုတ်ပဲ အစိတ်အပိုင်းတစ်ခုချင်းစီကို စျေးနှုန်းအသင့်အတင့်နဲ့ ဖောက်သည်တွေထံ တိုက်ရိုက်ရောင်းချပေးတဲ့ Dell ကုမ္ပဏီကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။ ပထမနှစ်မှာတင် ရောင်းအား ဒေါ်လာ(၆)သန်းဖိုးခန့်ရှိခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ကမ္ဘာအကြီးဆုံး ကွန်ပျူတာထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခု အဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။

Michael Dell ရဲ့ ချမ်းသာကြွယ်ဝမှုကတော့ ဒေါ်လာ (၁၈)ဘီလီယံခန့်ရှိပါတယ်။

(၁၃) Nick Woodman
GoPro ကုမ္ပဏီရဲ့တည်ထောင်သူ Nick Woodman ကတော့ ကိုယ်တိုင်လည်း ရေလှိုင်းစီးသူတစ်ဦးဖြစ်ပြီး အခြားရေလှိုင်းစီးသမားတွေ လှိုင်းစီးချိန်မှာ ကိုယ့်ပုံကိုယ်ပြန်ရိုက်နိုင်အောင် ကူညီပေးချင်ခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်များစွာ အချိန်ယူပြီး GoPro ကင်မရာတွေကို စတင်ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အခုဆိုရင် သူ့ရဲ့ ကင်မရာတွေကို ရေထဲမှာရိုက်ကူးဖို့အတွက်သာမက ပြိုင်ကားတွေရှေ့မှာပါ တပ်ဆင်ပြီး တွင်တွင်ကျယ်ကျယ် အသုံးချနေကြပြီဖြစ်ပါတယ်။

Nick Woodman ဟာလည်း ဒေါ်လာ (၂.၅)ဘီလီယံကြွယ်ဝတဲ့ ဘီလျံနာတစ်ဦးဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%