ေအာင္ျမင္သူတစ္ေယာက္ျဖစ္ဖို႔က ေျပာဆိုတဲ့အေၾကာင္းအရာသာမက ကိုယ္ဟန္အမူအယာေတြကပါ အေရးႀကီးပါတယ္။ ေအာင္ျမင္သူတိုင္း ထူးျခားတဲ့ ကိုယ္ေနဟန္ အမူအယာေတြရွိၾကပါတယ္။ လက္မႏွစ္ေခ်ာင္းေထာင္ျပတာပဲျဖစ္ျဖစ္၊ လက္ပိုက္ၿပီး ခန္႔ခန္႔ႀကီးရပ္ေနတာပဲျဖစ္ျဖစ္ ထူးျခားတဲ့ အမူအယာေတြက သူတို႔ရဲ႕ကိုယ္ရည္ကိုယ္ေသြးကို ထင္ဟပ္ျပသေနပါတယ္။ ဒါ့ေၾကာင့္ ေအာင္ျမင္တဲ့ ဘီလ်ံနာလုပ္ငန္းရွင္ (၅)ဦးရဲ႕ ကိုယ္ဟန္အေနအထားေတြကို ေလ့လာႏိုင္ေအာင္ တင္ျပလိုက္ပါတယ္။
၁။ ရစ္ခ်က္ ဘရန္ဆန္ (လက္သီးႏွစ္ခုတိုက္ျခင္း)
Virgin Group ရဲ႕ တည္ေထာင္သူျဖစ္တဲ့ ရစ္ခ်တ္ဘရန္ဆန္ရဲ႕ အမူအက်င့္ကေတာ့ တဖက္လူနဲ႔ လက္သီးခ်င္းဖြဖြေလးထိုးတာပဲျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ရစ္ခ်က္ဘရန္ဆန္က လက္ဆြဲႏႈတ္ဆက္တာကို မႀကိဳက္တဲ့အတြက္ျဖစ္ၿပီး သူရဲ႕ပင္ကိုယ္စတိုင္တစ္ခုလည္း ျဖစ္တာေၾကာင့္ ဒီလိုအမူအယာမ်ိဳးရွိေနတာျဖစ္ပါတယ္။
(၂) ဂ်က္ မာ (လက္မ ႏွစ္ေခ်ာင္းေထာင္ျခင္း)
တရုတ္လူမ်ိဳး ဘီလ်ံနာလုပ္ငန္းရွင္ တစ္ဦးျဖစ္တဲ့ ဂ်က္ မာ ရဲ႕ အမူအယာကေတာ့ လက္မႏွစ္ေခ်ာင္းေထာင္တာ ပဲျဖစ္ပါတယ္။ ဂ်က္ မာ ဟာ က်ရႈံးမႈေတြ အႀကိမ္ႀကိမ္ႀကံဳေတြ႕ခဲ့ရၿပီးမွ ေအာင္ျမင္လာခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ သူ႔လိုပဲ က်႐ႈံးမႈေတြ ၾကံဳေတြ႕ေနရသူေတြကို စိတ္ပ်က္အ႐ႈံးမေပးဖို႔ အားေပးတဲ့အေနနဲ႔ လက္မႏွစ္ေခ်ာင္း ေထာင္ျပတာျဖစ္ပါတယ္။
(၃) မာ့ ဇူကာဘက္ (တဖက္လူအမူအယာကို လိုက္တုျခင္း)
နာမည္ေက်ာ္ Social media တစ္ခုျဖစ္တဲ့ Facebook ကို တည္ေထာင္ခဲ့သူ မာ့ ဇူကာဘက္ ရဲ႕ အမူအက်င့္ ကေတာ့ တဖက္လူရဲ႕အမူအယာကို လုိက္တုတာပဲျဖစ္ပါတယ္။ အဲဒီလို တဖက္လူရဲ႕အမူအယာကို လိုက္တု တာဟာ ေႏြးေထြးပ်ဴငွာတဲ့ ကိုယ္ေနဟန္ထားတစ္ခုျဖစ္ၿပီး တဖက္သူရဲ႕ခံစားခ်က္ကို ပိုမိုနားလည္ႏိုင္ပါတယ္။
(၄) စတိဗ္ ေဂ်ာ့ဘ္ (စူးရွတဲ့မ်က္လံုးအၾကည့္)
Apple ကုမၸဏီရဲ႕ တည္ေထာင္သူ စတိဗ္ ေဂ်ာ့ဘ္ကေတာ့ တင္ဆက္မႈေတြလုပ္ေဆာင္ရာမွာ တက္ၾကြစြာ လႈပ္ရွားေလ့ရွိၿပီး အေရးအႀကီးဆံုးကေတာ့ စတိဗ္ ေဂ်ာ့ဘ္ ဟာ ဧည့္ပရိသတ္ေတြနဲ႔ မ်က္လံုးအၾကည့္ခ်င္း ဆံုေအာင္ၾကည့္ေလ့ရွိတာပဲျဖစ္ပါတယ္။ ဒီအေလ့အက်င့္ေၾကာင့္ သူစကားေျပာေနခ်ိန္မွာ ပရိသတ္ရဲ႕ အာ႐ုံကို အျပည့္အ၀ရရွိခဲ့ပါတယ္။
(၅) မာ့ခ္ ကူးဘန္း (ႏွစ္လိုဖြယ္ရာအျပံဳး)
Dallas Mavericks ဘက္စကက္ေဘာအသင္းရဲ႕ ပိုင္ရွင္ မာ့ခ္ ကူးဘန္း ကေတာ့ ႏွစ္လိုဖြယ္ရာအျပံဳးကို ျပံဳးျပ တတ္သူျဖစ္ပါတယ္။ ျပံဳးျပတာဟာ လူေတြနဲ႔ဆက္ဆံေရးကို ပိုမိုေႏြးေထြးေစၿပီး အျခား ကိုယ္ေနဟန္ထားေတြနဲ႔ ေပါင္းစပ္လိုက္မယ္ဆိုရင္ အားလံုးက ေလးစားအားက်ရဲ႕တဲ့ ပုဂၢိဳဟ္တစ္ဦးျဖစ္လာႏိုင္ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
ဘီလျံနာလုပ်ငန်းရှင်တို့ရဲ့ ကိုယ်ပိုင်အမူအယာများ
အောင်မြင်သူတစ်ယောက်ဖြစ်ဖို့က ပြောဆိုတဲ့အကြောင်းအရာသာမက ကိုယ်ဟန်အမူအယာတွေကပါ အရေးကြီးပါတယ်။ အောင်မြင်သူတိုင်း ထူးခြားတဲ့ ကိုယ်နေဟန် အမူအယာတွေရှိကြပါတယ်။ လက်မနှစ်ချောင်းထောင်ပြတာပဲဖြစ်ဖြစ်၊ လက်ပိုက်ပြီး ခန့်ခန့်ကြီးရပ်နေတာပဲဖြစ်ဖြစ် ထူးခြားတဲ့ အမူအယာတွေက သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးကို ထင်ဟပ်ပြသနေပါတယ်။ ဒါ့ကြောင့် အောင်မြင်တဲ့ ဘီလျံနာလုပ်ငန်းရှင် (၅)ဦးရဲ့ ကိုယ်ဟန်အနေအထားတွေကို လေ့လာနိုင်အောင် တင်ပြလိုက်ပါတယ်။
၁။ ရစ်ချက် ဘရန်ဆန် (လက်သီးနှစ်ခုတိုက်ခြင်း)
Virgin Group ရဲ့ တည်ထောင်သူဖြစ်တဲ့ ရစ်ချတ်ဘရန်ဆန်ရဲ့ အမူအကျင့်ကတော့ တဖက်လူနဲ့ လက်သီးချင်းဖွဖွလေးထိုးတာပဲဖြစ်ပါတယ်။ အကြောင်းကတော့ ရစ်ချက်ဘရန်ဆန်က လက်ဆွဲနှုတ်ဆက်တာကို မကြိုက်တဲ့အတွက်ဖြစ်ပြီး သူရဲ့ပင်ကိုယ်စတိုင်တစ်ခုလည်း ဖြစ်တာကြောင့် ဒီလိုအမူအယာမျိုးရှိနေတာဖြစ်ပါတယ်။
(၂) ဂျက် မာ (လက်မ နှစ်ချောင်းထောင်ခြင်း)
တရုတ်လူမျိုး ဘီလျံနာလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဂျက် မာ ရဲ့ အမူအယာကတော့ လက်မနှစ်ချောင်းထောင်တာ ပဲဖြစ်ပါတယ်။ ဂျက် မာ ဟာ ကျရှုံးမှုတွေ အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရပြီးမှ အောင်မြင်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သူ့လိုပဲ ကျရှုံးမှုတွေ ကြံုတွေ့နေရသူတွေကို စိတ်ပျက်အရှုံးမပေးဖို့ အားပေးတဲ့အနေနဲ့ လက်မနှစ်ချောင်း ထောင်ပြတာဖြစ်ပါတယ်။
(၃) မာ့ ဇူကာဘက် (တဖက်လူအမူအယာကို လိုက်တုခြင်း)
နာမည်ကျော် Social media တစ်ခုဖြစ်တဲ့ Facebook ကို တည်ထောင်ခဲ့သူ မာ့ ဇူကာဘက် ရဲ့ အမူအကျင့် ကတော့ တဖက်လူရဲ့အမူအယာကို လိုက်တုတာပဲဖြစ်ပါတယ်။ အဲဒီလို တဖက်လူရဲ့အမူအယာကို လိုက်တု တာဟာ နွေးထွေးပျူငှာတဲ့ ကိုယ်နေဟန်ထားတစ်ခုဖြစ်ပြီး တဖက်သူရဲ့ခံစားချက်ကို ပိုမိုနားလည်နိုင်ပါတယ်။
(၄) စတိဗ် ဂျော့ဘ် (စူးရှတဲ့မျက်လုံးအကြည့်)
Apple ကုမ္ပဏီရဲ့ တည်ထောင်သူ စတိဗ် ဂျော့ဘ်ကတော့ တင်ဆက်မှုတွေလုပ်ဆောင်ရာမှာ တက်ကြွစွာ လှုပ်ရှားလေ့ရှိပြီး အရေးအကြီးဆုံးကတော့ စတိဗ် ဂျော့ဘ် ဟာ ဧည့်ပရိသတ်တွေနဲ့ မျက်လုံးအကြည့်ချင်း ဆုံအောင်ကြည့်လေ့ရှိတာပဲဖြစ်ပါတယ်။ ဒီအလေ့အကျင့်ကြောင့် သူစကားပြောနေချိန်မှာ ပရိသတ်ရဲ့ အာရုံကို အပြည့်အဝရရှိခဲ့ပါတယ်။
(၅) မာ့ခ် ကူးဘန်း (နှစ်လိုဖွယ်ရာအပြံုး)
Dallas Mavericks ဘက်စကက်ဘောအသင်းရဲ့ ပိုင်ရှင် မာ့ခ် ကူးဘန်း ကတော့ နှစ်လိုဖွယ်ရာအပြံုးကို ပြံုးပြ တတ်သူဖြစ်ပါတယ်။ ပြံုးပြတာဟာ လူတွေနဲ့ဆက်ဆံရေးကို ပိုမိုနွေးထွေးစေပြီး အခြား ကိုယ်နေဟန်ထားတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် အားလုံးက လေးစားအားကျရဲ့တဲ့ ပုဂ္ဂိုဟ်တစ်ဦးဖြစ်လာနိုင်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================