လူအမ်ားယုံၾကည္မႈရွိေစမည့္ ကိုယ္ေနဟန္

လူအမ်ားနဲ႔ ေျပာဆိုဆက္ဆံရာမွာ သင့္ရဲ႕ကိုယ္ေနဟန္ဟာ သင္ဘယ္လိုလူမ်ိဳးလဲဆိုတာကို ေဖာ္ျပႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင္ဟာ တက္ၾကြထက္ျမက္သူတစ္ဦးအျဖစ္ လူအမ်ားက ယုံၾကည္ေစႏိုင္မယ့္ ကိုယ္ေနဟန္ (၅)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) မ်က္လံုးအၾကည့္ျဖင့္ စိတ္၀င္စားမႈကို ျပသပါ။

သင့္မ်က္လံုးေတြက သင့္ရဲ႕အာရုံစူးစိုက္မႈကို ေဖာ္ျပေနပါတယ္။ အကယ္၍ တစ္ေယာက္ေယာက္နဲ႔ စကားေျပာေနတုန္းမွာ တျခားေနရာကိုၾကည့္ေနတာမ်ိဳးက တစ္ဖက္လူေျပာသမွ်စိတ္၀င္စားမႈမရွိသည့္ အမူအယာျဖစ္တဲ့အတြက္ အထင္ေသးခံရပါလိမ့္မယ္။ ဒါ့ေၾကာင့္ စကားေျပာရာမွာ မ်က္လံုးအၾကည့္ခ်င္း ဆံုေအာင္ ႀကိဳးစားၿပီး ေထာက္ခံတဲ့အေနနဲ႔ ေခါင္းညိတ္ျပတာ၊ နားေထာင္ေနစဥ္ မ်က္ခုံးပင့္တာေတြက သင့္ရဲ႕ စိတ္၀င္စားမႈကို ေဖာ္ျပေပးတဲ့ အမူအယာေတြျဖစ္ပါတယ္။

(၂) လက္ေတြကိုလည္း ဂရုစိုက္ပါ။

လက္ေတြကို ေနာက္ပစ္ထားတာ၊ လက္ပိုက္ထားတာေတြက တဖက္လူကို ပမာမခန္႔လုပ္ျပတာပဲျဖစ္ပါတယ္။ သင့္ရဲ႕လက္ေခ်ာင္းေတြကို ေရွ႕မွာယွက္ထားၿပီး လက္ေတြကို သက္သက္သာသာအေနအထား ထားရွိတာဟာ အေကာင္းဆံုးပါပဲ။

(၃) စမတ္က်က် မတ္တပ္ရပ္ပါ။

ပုခံုးေတြကို ေရွ႕ကိုကိုင္းၿပီး မသိမသာ ခါးကုန္းေနတာဟာ ယုံၾကည္မႈမရွိတဲ့အမူအယာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ခါးမကုန္းေစပဲ ေျဖာင့္မတ္စြာရပ္ေနဖို႔နဲ႔ တဖက္လူတည့္တည့္ကို မ်က္ႏွာမူၿပီး ရပ္ေနဖို႔ လိုအပ္ပါတယ္။

(၄) တဖက္လူပံုစံကို အနီးစပ္ဆံုး အတုယူပါ။

တဖက္လူရဲ႕ေနပုံထုိင္ပံုကို တုပေနထိုင္တာဟာ ႏွစ္ဦးၾကားက တင္းမာမႈေတြကို ေလ်ာ႔နည္းေစၿပီး ဆက္သြယ္ရ လြယ္ကူေစပါတယ္။ တဖက္လူက ထိုင္ေနရင္ တူညီတဲ့အျမင့္မွာ လိုက္ထိုင္လိုက္ပါ။ မတ္တပ္ရပ္ေနရင္လည္း လိုက္ရပ္ေနလိုက္ပါ။ ဒီလို ကြဲျပားမႈမရွိတဲ့ ကိုယ္ေနဟန္ေၾကာင့္ အျပန္အလွန္ခင္မင္မႈကို အလြယ္တကူ တည္ေဆာက္ႏိုင္မွာပါ။

(၅) ျပံဳးျပဖို႔ မေမ့ပါနဲ႔

တဖက္လူကို ျပံဳးျပတာဟာ သင့္အေနနဲ႔ ေဖာ္ေရြမႈရွိၿပီး ကူညီတတ္သူျဖစ္ေၾကာင္း အခ်က္ျပလိုက္တာပဲ ျဖစ္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

လူအများယုံကြည်မှုရှိစေမည့် ကိုယ်နေဟန်(၅)ခု

လူအများနဲ့ ပြောဆိုဆက်ဆံရာမှာ သင့်ရဲ့ကိုယ်နေဟန်ဟာ သင်ဘယ်လိုလူမျိုးလဲဆိုတာကို ဖော်ပြနိုင်ပါတယ်။ ဒါ့ကြောင့် သင်ဟာ တက်ကြွထက်မြက်သူတစ်ဦးအဖြစ် လူအများက ယုံကြည်စေနိုင်မယ့် ကိုယ်နေဟန် (၅)ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မျက်လုံးအကြည့်ဖြင့် စိတ်ဝင်စားမှုကို ပြသပါ။

သင့်မျက်လုံးတွေက သင့်ရဲ့အာရုံစူးစိုက်မှုကို ဖော်ပြနေပါတယ်။ အကယ်၍ တစ်ယောက်ယောက်နဲ့ စကားပြောနေတုန်းမှာ တခြားနေရာကိုကြည့်နေတာမျိုးက တစ်ဖက်လူပြောသမျှစိတ်ဝင်စားမှုမရှိသည့် အမူအယာဖြစ်တဲ့အတွက် အထင်သေးခံရပါလိမ့်မယ်။ ဒါ့ကြောင့် စကားပြောရာမှာ မျက်လုံးအကြည့်ချင်း ဆုံအောင် ကြိုးစားပြီး ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြတာ၊ နားထောင်နေစဉ် မျက်ခုံးပင့်တာတွေက သင့်ရဲ့ စိတ်ဝင်စားမှုကို ဖော်ပြပေးတဲ့ အမူအယာတွေဖြစ်ပါတယ်။

(၂) လက်တွေကိုလည်း ဂရုစိုက်ပါ။
လက်တွေကို နောက်ပစ်ထားတာ၊ လက်ပိုက်ထားတာတွေက တဖက်လူကို ပမာမခန့်လုပ်ပြတာပဲဖြစ်ပါတယ်။ သင့်ရဲ့လက်ချောင်းတွေကို ရှေ့မှာယှက်ထားပြီး လက်တွေကို သက်သက်သာသာအနေအထား ထားရှိတာဟာ အကောင်းဆုံးပါပဲ။

(၃) စမတ်ကျကျ မတ်တပ်ရပ်ပါ။
ပုခုံးတွေကို ရှေ့ကိုကိုင်းပြီး မသိမသာ ခါးကုန်းနေတာဟာ ယုံကြည်မှုမရှိတဲ့အမူအယာဖြစ်ပါတယ်။ ဒါ့ကြောင့် ခါးမကုန်းစေပဲ ဖြောင့်မတ်စွာရပ်နေဖို့နဲ့ တဖက်လူတည့်တည့်ကို မျက်နှာမူပြီး ရပ်နေဖို့ လိုအပ်ပါတယ်။

(၄) တဖက်လူပုံစံကို အနီးစပ်ဆုံး အတုယူပါ။
တဖက်လူရဲ့နေပုံထိုင်ပုံကို တုပနေထိုင်တာဟာ နှစ်ဦးကြားက တင်းမာမှုတွေကို လျော့နည်းစေပြီး ဆက်သွယ်ရ လွယ်ကူစေပါတယ်။ တဖက်လူက ထိုင်နေရင် တူညီတဲ့အမြင့်မှာ လိုက်ထိုင်လိုက်ပါ။ မတ်တပ်ရပ်နေရင်လည်း လိုက်ရပ်နေလိုက်ပါ။ ဒီလို ကွဲပြားမှုမရှိတဲ့ ကိုယ်နေဟန်ကြောင့် အပြန်အလှန်ခင်မင်မှုကို အလွယ်တကူ တည်ဆောက်နိုင်မှာပါ။

(၅) ပြုံးပြဖို့ မမေ့ပါနဲ့
တဖက်လူကို ပြံုးပြတာဟာ သင့်အနေနဲ့ ဖော်ရွေမှုရှိပြီး ကူညီတတ်သူဖြစ်ကြောင်း အချက်ပြလိုက်တာပဲ ဖြစ်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%