© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
မိန်းကလေးများအကြိုက် Perfect Date ဖြစ်စေဖို့
၁. ညနေ ၄ နာရီ မကျော်ပါစေနဲ့ Date အချိန်နီးလာလေ အမျိုးသမီးတွေ စိတ်ပူလာလေပါပဲ။ တကယ်လို့ သင့်ရဲ့ ည ၈ နာရီ Date အတွက် ညနေ ၄:၂၀ လောက်ကတည်းက လှမ်းပြီး ချက်နေမယ်ဆိုရင် သူမ သူမကိုယ်သူမကာကွယ်ဖို့ အစီအစဉ်တွေ လုပ်နေမှာပါ။ ၁၂ နာရီနဲ့ ၄ နာရီကြားက အကောင်းဆုံးအချိန်ပါ။
၂. နေရာကောင်းကောင်းရွေးပါ ချိန်းမယ့်နေရာဟာ သင့်အိမ်ထက်စာရင် သူမအိမ်နဲ့ ပိုနီးသင့်ပါတယ်။ အဲဒါမှ သင် လမ်းလျှောက်လိုက်ပို့လို့ ရမှာပါ။ ချိန်းထားတဲ့နေရာကို နည်းနည်းစောပြီး ရောက်နေပေးပါ။ ကားနဲ့ အိမ်ကို သွားခေါ်မယ်ဆို ငါးမိနစ် နောက်ကျပေးပါ။ သူမအတွက် ကားတံခါး သင်ကိုယ်တိုင် အပြင်ထွက် ဖွင့်ပေးပါ။ လူကြီးလူကောင်း ဆန်ပါစေ။
၃. ငွေသုံးစွဲမှုဟာ အရေးပါပါတယ် တကယ်လို့ ပထမအကြိမ်မှာ ငွေအများကြီးသုံးပြလိုက်ရင်တော့ သူမကို ငွေနဲ့ ခြူနေတယ် ထင်သွားမှာပါ။ သူမအတွက် သင့်ငွေထက် သင့်ရဲ့ သူမအပေါ် စိတ်ဝင်စားမှုက ပိုအရေးကြီးပါတယ်။ သင့်ကို ပြန်မကြိုက်တဲ့ မိန်းကလေးအတွက် ငွေ ၂သိန်း ထက် ပိုသုံးရင်တော့ သင်ဟာ လူမိုက်ပါပဲ။
၄. အာရုံစိုက်ပေးပါ မိန်းကလေးတွေဟာ ယောက်ျားလေးတွေ အာရုံစိုက်ခံရအောင် အကောင်းဆုံး အလှပြင်လာတာပါ။ သူတို့ အားထုတ်မှုကို အသိအမှတ်ပြုပေးလိုက်ပါ။
၅. ချီးကျူးစကား လန်းလန်းလေးပြောပါ ချီးကျူးပါ၊ ဒါပေမယ့် ရိုးနေတဲ့ဟာတွေ မပြောပါနဲ့။ နင့်မျက်နှာလေးက အရမ်းလှတယ်၊ နင့် ဆံပင်လေးက အရမ်းလှတယ် ဆိုတာထက်၊ နင့်ပါးချိုင့်လေးက အရမ်းမိုက်တယ်၊ နင့် မျက်တောင်လေးက ချစ်စရာလေး၊ ဆိုတာမျိုးတွေ ပြောပါ။
၆. မိတ်ဆက်ပေးပါ တစ်ယောက်ယောက်နဲ့ လမ်းမှာရပ်ပြီး စကားပြောတာနဲ့ စက္ကန့်သုံးဆယ်အတွင်း သူမနဲ့ မိတ်ဆက်ပေးပါ။ ပြီးရင် သင့်မိတ်ဆွေအကြောင်း အသေးစိတ်အချက်တွေ သူမကိုပြောပြပါ။ ၆ ခေါက် တွေ့ပြီးတာနဲ့ သင့်သူငယ်ချင်းအရင်းတွေအားလုံးကို သူမ သိပြီး ဖြစ်ပါစေ။
၇. အရမ်းမကြွားပါနဲ့ သင့်အရည်အချင်းတွေကို သူမကို ထုတ်မပြောပါနဲ့။ သူမဘာသာ လေ့လာသိရှိပါစေ။
၈. သူမဘာသောက်နေလဲဆိုတာ ဂရုစိုက်ပါ သူမခွက်က ကုန်သွားရင် သူမကို ထပ်ဖြည့်ပေးရမလား မေးပါ။ အဲဒါဟာ သင့်ကို အတွေးအမြင်ရှိပြီးဂရုစိုက်တဲ့ပုံ ပေါက်စေပါတယ်။ သူမကိုလဲ စိတ်ကျေနပ်စေပါတယ်။
၉. အိမ်တံခါးဝထိ လိုက်ပို့ပါ လောကကြီးက ကြောက်စရာကောင်းပါတယ်။ သူမကို လုံးဝ စောင့်ရှောက်လိုက်ပါ။ အိမ်ထဲကိုတော့ သူမခေါ်မှ ဝင်ပါ။ အိမ်ထဲရောက်ရင်တော့ အိမ်သာသွားဖို့ ခွင့်တောင်းစရာ မလိုတော့ပါဘူး။
၁၀. သူမကို နမ်းပါ သင်တို့နှစ်ယောက် ချိန်းတွေ့တာ အဆင်ပြေခဲ့ရင်တော့ နှုတ်ခမ်းတွေနဲ့ နမ်းလို့ရပါတယ်။ သင် ကြောက်နေရင်တော့ ပါးလေးကိုပဲ နမ်းလိုက်ပါ။ သူမပြန်မနမ်းရင် အရမ်းမစိုးရိမ်ပါနဲ့။ သင့်ကို ကြိုက်နေလို့ သူမ ရှက်နေတာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် နမ်းလိုက်ပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================