စီးပြားေရးသမား တစ္ေယာက္ဟာ အေႂကြးေတြတင္ေနၿပီး အေႂကြးဆပ္ဖို႔ နည္းလမ္း႐ွာမရပါဘူး။ ေငြေခ်းသူေတြကလဲ သူ႔ကို ဝိုင္းဖိေနၾကၿပီး သူ အေႂကြး ပစၥည္း ယူထားတဲ့ ဆိုင္ပိုင္႐ွင္ေတြကလဲ ေငြေခ်ဖို႔ ေတာင္းဆိုေနၾကပါတယ္။ သူဟာ ေခါင္းငိုက္စိုက္ခ်ၿပီး ပန္းျခတစ္ခုထဲက ခံုတန္းတစ္ခုေပၚမွာ ထိုင္ေနပါတယ္။ သူ႔ကုမၸဏီကို ေငြေၾကးအခက္အခဲကေန ႐ုန္းထြက္ႏိုင္ဖို႔ ဘယ္လိုလုပ္ရမလဲ စဥ္းစားေနတုန္းမွာ သူ႔ေ႐ွ႕မွာ အဘီုးႀကီးတစ္ေယာက္ ရပ္လာပါတယ္။
” ခင္ဗ်ားမွာ ျပသနာ တစ္ခုခု႐ွိေနပံုရတယ္ ”
အဖိုးႀကီးေမးလိုက္တဲ့အခါ စီးပြားေရးသမားက သူ႔ရဲ႕ ဇာတ္လမ္းအေျခအေနကို ေျပာျပလိုက္ပါတယ္။
” ငါ မင္းကို ကူႏိုင္ေလာက္ပါတယ္။ ”
အဖိုးႀကီးဟာ စီးပြားေရးသမားရဲ႕ နာမည္ကို ေမးၿပီး ခ်က္လက္မွတ္တစ္ေစာင္ ေရးေပးလိုက္ပါတယ္။
“ဒီေငြကို ယူသြားပါ။ တစ္ႏွစ္တိတိ ၾကာတဲ့အခါ ဒီေနရာမွပဲ ျပန္ေတြ႕ၾကမယ္။ အဲဒိက်ရင္ ဒီေငြကို ငါ့ကို ျပန္ေပးေပါ့ ”
ၿပီးေတာ့ စီးပြားေရးသမား ျပန္ေမာ့ၾကည့္လိုက္တဲ့အခါ အဖိုးႀကီး မ႐ွိေတာ့ပါဘူး။ လက္ထဲက ခ်က္ကို ၾကည့္လိုက္တဲ့အခါ ေဒၚလာ ငါးသိန္းကို ကမၻာ့အခ်မ္းသာဆံုး သူေ႒းႀကီးေတြထဲက တစ္ေယာက္ျဖစ္တဲ့ John Rockefeller နာမည္နဲ႔ လက္မွတ္ထိုးထားတာ ေတြ႕လိုက္ရပါတယ္။
” ျပသနာေတြကေတာ့ ႐ွင္းသြားၿပီ” လို႔ သူစဥ္းစားလိုက္ပါတယ္။ ဒါေပမယ့္ အဲဒိခ်က္ကို သံုးမယ့္အစား သူ႔အိမ္က မီးခံေသတၱာထဲ ထည့္ထားလိုက္ပါတယ္။ သူ႔မွာ ေငြ ငါးသိန္း ႐ွိေနတာ စဥ္းစားမိတိုင္း အဲဒိအေတြးက သူ႔ကို အားအင္ သစ္ေတြ ရေစပါတယ္။
သူ႔မွာ အေကာင္းျမင္စိတ္ေတြ ႐ွိလာတာနဲ႔ အမ်ွ အလုပ္ကလဲ အက်ိဳးအျမတ္ေတြ ႐ွိလာပါတယ္။ လအနည္းငယ္အတြင္းမွာ အေႂကြးေတြ အားလံုး ေၾကသြားၿပီး ေငြျပန္လည္လာပါတယ္။ တစ္ႏွစ္တိတိ ၾကာတဲ့အခါ အဲဒိ မီးခံေသတၱာထဲက ခ်က္လက္မွတ္ကို ျပန္ယူၿပီး ပန္းျခံဆီ ျပန္သြားပါတယ္။ သေဘာတူထားတဲ့ အခ်ိန္မွာ အဘိုးႀကီး ျပန္ေရာက္လာပါတယ္။ စီးပြားေရးသမားက ခ်က္ကို ျပန္ေပးၿပီး သူ႔ ေအာင္ျမင္မႈ ဇာတ္လမ္းကို ေျပာျပေနတုန္းမွာပဲ သူနာျပဳတစ္ေယာက္ ထြက္လာၿပီး အဘိုးႀကီးကို လာဆြဲပါတယ္။
” ဘုရားမလို႔ သူ႔ကို ျပန္ေတြ႕တာပဲ။ သူက ႐ွင့္ကို ေႏွာက္ယွက္ေနတာ မဟုတ္ေလာက္ဖူးလို႔ေတာ့ ထင္ပါတယ္။ သူက ယဥ္ယဥ္ေလး ႐ူးေနတာပါ။ အိမ္က အျမဲ ထြက္ေျပးၿပီး သူ႔ကိုယ္သူ John Rockefeller လုိ႔ ေျပာတတ္တယ္ေလ။ ”
စီးပြားေရးသမား အံ့ဩသြားပါတယ္။ တစ္ႏွစ္လံုး သူ႔မွာ ေငြ ငါးသိန္း႐ွိတယ္ထင္ၿပီး အားအင္အျပည့္နဲ႔ စီးပြား႐ွာေနတာကိုး။ ဒါနဲ႔ သူ႔ဘဝကုိ ျမႇင့္တင္ေပးလိုက္တာ ေငြမဟုတ္ဘူးဆိုတာကို သူ ႐ုတ္တရက္ နားလည္သြားတယ္။ သူ႔ရဲ႕ ယံုၾကည္မႈနဲ႔ စိတ္ထြက္ေပါက္ ရသြားမႈတို႔က သူခုလက္႐ွိ ပိုင္ဆိုင္ေနရတဲ့ အရာေတြအားလံုးကို ရယူေပးလိုက္တာပါပဲ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
စီးပွားရေးသမားရဲ့ ခွန်အားသစ်
စီးပွားရေးသမား တစ်ယောက်ဟာ အကြွေးတွေတင်နေပြီး အကြွေးဆပ်ဖို့ နည်းလမ်းရှာမရပါဘူး။ ငွေချေးသူတွေကလဲ သူ့ကို ဝိုင်းဖိနေကြပြီး သူ အကြွေး ပစ္စည်း ယူထားတဲ့ ဆိုင်ပိုင်ရှင်တွေကလဲ ငွေချေဖို့ တောင်းဆိုနေကြပါတယ်။ သူဟာ ခေါင်းငိုက်စိုက်ချပြီး ပန်းခြတစ်ခုထဲက ခုံတန်းတစ်ခုပေါ်မှာ ထိုင်နေပါတယ်။ သူ့ကုမ္ပဏီကို ငွေကြေးအခက်အခဲကနေ ရုန်းထွက်နိုင်ဖို့ ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတုန်းမှာ သူ့ရှေ့မှာ အဘီုးကြီးတစ်ယောက် ရပ်လာပါတယ်။
” ခင်ဗျားမှာ ပြသနာ တစ်ခုခုရှိနေပုံရတယ် ”
အဖိုးကြီးမေးလိုက်တဲ့အခါ စီးပွားရေးသမားက သူ့ရဲ့ ဇာတ်လမ်းအခြေအနေကို ပြောပြလိုက်ပါတယ်။
” ငါ မင်းကို ကူနိုင်လောက်ပါတယ်။ ”
အဖိုးကြီးဟာ စီးပွားရေးသမားရဲ့ နာမည်ကို မေးပြီး ချက်လက်မှတ်တစ်စောင် ရေးပေးလိုက်ပါတယ်။
“ဒီငွေကို ယူသွားပါ။ တစ်နှစ်တိတိ ကြာတဲ့အခါ ဒီနေရာမှပဲ ပြန်တွေ့ကြမယ်။ အဲဒိကျရင် ဒီငွေကို ငါ့ကို ပြန်ပေးပေါ့ ”
ပြီးတော့ စီးပွားရေးသမား ပြန်မော့ကြည့်လိုက်တဲ့အခါ အဖိုးကြီး မရှိတော့ပါဘူး။ လက်ထဲက ချက်ကို ကြည့်လိုက်တဲ့အခါ ဒေါ်လာ ငါးသိန်းကို ကမ္ဘာ့အချမ်းသာဆုံး သူဋ္ဌေးကြီးတွေထဲက တစ်ယောက်ဖြစ်တဲ့ John Rockefeller နာမည်နဲ့ လက်မှတ်ထိုးထားတာ တွေ့လိုက်ရပါတယ်။
” ပြသနာတွေကတော့ ရှင်းသွားပြီ” လို့ သူစဉ်းစားလိုက်ပါတယ်။ ဒါပေမယ့် အဲဒိချက်ကို သုံးမယ့်အစား သူ့အိမ်က မီးခံသေတ္တာထဲ ထည့်ထားလိုက်ပါတယ်။ သူ့မှာ ငွေ ငါးသိန်း ရှိနေတာ စဉ်းစားမိတိုင်း အဲဒိအတွေးက သူ့ကို အားအင် သစ်တွေ ရစေပါတယ်။
သူ့မှာ အကောင်းမြင်စိတ်တွေ ရှိလာတာနဲ့ အမျှ အလုပ်ကလဲ အကျိုးအမြတ်တွေ ရှိလာပါတယ်။ လအနည်းငယ်အတွင်းမှာ အကြွေးတွေ အားလုံး ကြေသွားပြီး ငွေပြန်လည်လာပါတယ်။ တစ်နှစ်တိတိ ကြာတဲ့အခါ အဲဒိ မီးခံသေတ္တာထဲက ချက်လက်မှတ်ကို ပြန်ယူပြီး ပန်းခြံဆီ ပြန်သွားပါတယ်။ သဘောတူထားတဲ့ အချိန်မှာ အဘိုးကြီး ပြန်ရောက်လာပါတယ်။ စီးပွားရေးသမားက ချက်ကို ပြန်ပေးပြီး သူ့ အောင်မြင်မှု ဇာတ်လမ်းကို ပြောပြနေတုန်းမှာပဲ သူနာပြုတစ်ယောက် ထွက်လာပြီး အဘိုးကြီးကို လာဆွဲပါတယ်။
” ဘုရားမလို့ သူ့ကို ပြန်တွေ့တာပဲ။ သူက ရှင့်ကို နှောက်ယှက်နေတာ မဟုတ်လောက်ဖူးလို့တော့ ထင်ပါတယ်။ သူက ယဉ်ယဉ်လေး ရူးနေတာပါ။ အိမ်က အမြဲ ထွက်ပြေးပြီး သူ့ကိုယ်သူ John Rockefeller လို့ ပြောတတ်တယ်လေ။ ”
စီးပွားရေးသမား အံ့ဩသွားပါတယ်။ တစ်နှစ်လုံး သူ့မှာ ငွေ ငါးသိန်းရှိတယ်ထင်ပြီး အားအင်အပြည့်နဲ့ စီးပွားရှာနေတာကိုး။ ဒါနဲ့ သူ့ဘဝကို မြှင့်တင်ပေးလိုက်တာ ငွေမဟုတ်ဘူးဆိုတာကို သူ ရုတ်တရက် နားလည်သွားတယ်။ သူ့ရဲ့ ယုံကြည်မှုနဲ့ စိတ်ထွက်ပေါက် ရသွားမှုတို့က သူခုလက်ရှိ ပိုင်ဆိုင်နေရတဲ့ အရာတွေအားလုံးကို ရယူပေးလိုက်တာပါပဲ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================