STD လို႔ေခၚတဲ့ လိင္ကူးစက္ေရာဂါေတြဟာ ဘယ္လို လိင္ဆက္ဆံမႈ ပံုစံကမဆို ( Oral, Anal, Normal ) ကူးစက္ႏိုင္ပါတယ္။ STD ေတြနဲ႔ ပါတ္သတ္ၿပီး လြဲမွားတဲ့ အယူအဆေတြ အမ်ားႀကီး ႐ွိပါတယ္။ တခ်ိဳ႕သူေတြကေတာ့ တစ္လင္တစ္မယားပဲမို႔ ေရာဂါမ႐ွိဘူးလုိ႔ ယူဆလို႔ရေပမယ့္ တခ်ိဳ႕ အျခားသူေတြကို ေရာဂါမ႐ွိဘူးလို႔ ယူဆဖို႔ကေတာ့ ေစာလြန္းေနပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒိေရာဂါေတြက အသက္အႏၱရာယ္ မထိခိုက္ႏိုင္ပဲ ေပၚေပၚထင္ထင္လဲ ျဖစ္မေနပါဘူး။ ေယာက္်ားတိုင္း သိထားသင့္တဲ့ လိင္ကူးစက္ေရာဂါ ၈ မ်ိဳးကို ေဖာ္ျပလိုက္ပါတယ္။
၁. Chlamydia
Chlamydia ဟာ ဘက္တီးရီးယား လိင္ကူးစက္ေရာဂါ တစ္မ်ိဳး ျဖစ္ပါတယ္။ ကမၻာ့ အေတြ႕ရအမ်ားဆံုး လိင္ကူးစက္ေရာဂါ တစ္ခု ျဖစ္ၿပီး တခ်ိဳ႕ေတြမွာ ေရာဂါ လကၡဏာ မေတြ႕ရတဲ့အျပင္ ေတြ႕ရသူေတြမွာလဲ လကၡဏာျပဖို႔ ရက္သတၱပါတ္ေပါင္းမ်ားစြာ ၾကာတတ္ပါတယ္။ Chlamydia ရဲ႕ ေရာဂါလကၡဏာေတြကေတာ့ ဆီးသြားစဥ္ နာက်င္ျခင္း၊ လိင္တံ မွ အရည္ထြက္ျခင္းနဲ႔ ေဝွးေစ့ ေဖာင္းျခင္းတို႔ ျဖစ္ပါတယ္။ ျပသနာကေတာ့ ေရာဂါလကၡဏာေတြ ေပ်ာက္သြားရင္ေတာင္ ပိုးက်န္ေနခဲ့ၿပီး ဆက္ဆံသူကို ကူးေစမွာပါ။ အဲဒါေၾကာင့္ ျဖစ္ျဖစ္ျခင္း ဆရာဝန္ျပတာ အေကာင္းဆံုးပါ။
၂. Ganorrhoea
ဂႏိုလို႔ လူသိမ်ားတဲ့ ကာလသားေရာဂါဟာ စအို၊ လည္ေခ်ာင္းနဲ႔ ဆီးလမ္းေၾကာင္းကို ထိခိုက္တဲ့ ဘက္တီးရီးယားကူးစက္မႈ လိင္ကူးစက္ေရာဂါတစ္ခုပါ။ ေရာဂါ႐ွိတဲ့ ေယာက္်ားအမ်ားစုမွာ လကၡဏာမျပေပမယ့္ တခ်ိဳ႕မွာေတာ့ ဆီးသြားစဥ္နာျခင္း၊ လိင္တံမွ အစိမ္း၊ အျဖဴ၊ အဝါေရာင္ အရည္က်ျခင္း၊ ေဝွးေစ့ေဖာင္းျခင္းတို႔ ျဖစ္တတ္ပါတယ္။ ဂႏိုေရာဂါဟာ Chlamydia နဲ႔ ပူးတြဲျဖစ္ေပၚတတ္ၿပီး ႏွစ္ခုတူတူ ေဆးတစ္မ်ိဳးထဲ ကုသလို႔ရပါတယ္။
၃. Trichomoniasis
ဒီေရာဂါ႐ွိတဲ့ ေယာက္်ားမိန္းမ အမ်ားစုဟာ လကၡဏာ မျပၾကပဲ သူတို႔ကိုယ္သူတို႔ ေရာဂါ႐ွိမွန္းေတာင္ မသိၾကပါဘူး။ တစ္ခ်ိဳ႕တစ္ေလေတာ့ ဆီးလမ္းေၾကာင္း နာျခင္း၊ ယားျခင္းနဲ႔ အရည္က်ျခင္းတို႔ ျဖစ္တတ္ပါတယ္။
၄. HIV
HIV ဟာ လူေတြ အေၾကာက္ဆံုး STD တစ္ခု ျဖစ္ၿပီး ျဖစ္လဲ ျဖစ္သင့္ပါတယ္။ လိင္ကိစၥအျပင္ ေဆးထိုးအပ္ မ်ွေဝသံုးျခင္းနဲ႔ ကိုယ္ဝန္ေဆာင္မိခင္မွ ကေလးအား ကူးစက္ျခင္းတို႔လဲ ျဖစ္တတ္ပါတယ္။ ဒီ ဗိုင္းရပ္ဟာ ခႏၶာကိုယ္ခံအားစနစ္ကို ကူးစက္ၿပီး ၁၀ ႏွစ္အတြင္း ေဖာက္ျပန္ေစပါတယ္။ ပိုးကူးစက္ၿပီး ႏွစ္ပါတ္မွ ေလးပါတ္အၾကာမွာ အဖ်ား၊ တုပ္ေကြးလို လကၡဏာ ေပၚတတ္ပါတယ္။ ခုေခတ္မွာ ပိုးပြားမ်ားမႈကို ရပ္ဆိုင္းပစ္ႏိုင္ၿပီး လူေကာင္းတစ္ေယာက္လို ေနႏိုင္ေစမယ့္ ေဆးဝါးေတြ ေပၚေနပါၿပီ။
၅. Harpes
ေရယုန္ဗိုင္းရပ္ဟာ ခႏၶာကိုယ္မွာ နာက်င္တဲ့အနာေတြ ျဖစ္ေပၚေစပါတယ္။ လိင္ဆက္ဆံမႈမွ ကူးစက္တတ္ၿပီး တျခား လိင္ကူးစက္ေရာဂါေတြလိုပဲ လကၡဏာ မျပပဲ ျမံဳေနတာ ျဖစ္လာႏိုင္ပါတယ္။ ေယာက္်ားေတြမွာဆို လိင္အဂၤါ၊ တင္ပါး၊ ေျခလက္အေရျပား၊ စအို၊ စအိုအတြင္းပိုင္းတို႔မွာ ျဖစ္တတ္ၿပီး ပါးစပ္မွာ ျဖစ္တဲ့ ေရယုန္ကေတာ့ နမ္းျခင္းျဖင့္ ကူးစက္ႏိုင္ပါတယ္။ ေရယုန္ဗိုင္းရပ္ဟာ ကုသလို႔ မရႏိုင္ပဲ တစ္သက္လံုး ႐ွိေနမွာ ျဖစ္ၿပီး ေဆးဝါးနဲ႔ မပ်ံ့ေအာင္ေတာ့ ထိန္းထားႏိုင္ပါတယ္။
၆. Genital Warts
တခ်ိဳ႕ မွကၡ႐ု ေတြဟာ STD ေရာဂါေတြေၾကာင့္ ျဖစ္ေပမယ့္ တခ်ိဳ႕ကေတာ့ မဟုတ္ပါဘူး။ လိင္ဆက္ဆံမႈႏိုးၾကားတဲ့ လူေတြရဲ႕ ၇၅ ရာႏႈန္းမွာ မွကၡ႐ုေတြ ႐ွိေနတယ္ ဆိုပါတယ္။ သူတို႔ေတြဟာ စအို၊ လိင္တံအေပၚမွာ ေပ်ာ့တဲ့ အသားဖုေလးေတြ အျဖစ္ စတင္ ျဖစ္ေပၚလာတာပါ။ ကာကြယ္ေဆး၊ ကုသေဆးေတြ ႐ွိၿပီး ခႏၶာကိုယ္ ကိုယ္တိုင္ကလဲ သူ႔ဘာသာ ကုသႏိုင္ပါတယ္။
၇. အသည္းေရာင္အသားဝါ B
တျခား STD ေတြလို လိင္အဂၤါနားမွာ ေရာဂါလကၡဏာ ျပတာမဟုတ္ပဲ အသည္းေရာင္ေစတဲ့ ဗိုင္းရပ္ျဖစ္လို႔ အႏၱရာယ္ ႀကီးပါတယ္။ ေရာဂါ႐ွိတဲ့ လူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္က ထြက္တဲ့ အရည္ေတြနဲ႔ ထိေတြ႕လိုက္ရံုနဲ႔ ကူးစက္ႏိုင္ပါတယ္။ ေရာဂါ လကၡဏာေတြကေတာ့ အစားစားခ်င္စိတ္ ေပ်ာက္ျခင္း၊ အဖ်ားေပ်ာ့ ဖ်ားျခင္း၊ ေအာ့အန္ျခင္း၊ ဝမ္းေလ်ွာျခင္း၊ ႂကြက္သား အဆစ္အျမစ္ နာျခင္း၊ အသားဝါျခင္း၊ ဆီးမည္းနက္ျခင္းတို႔ ျဖစ္ပါတယ္။
၈. Syphillis
ဆစ္ဖလစ္ေရာဂါဟာ ဘက္တီးရီးယား STD တစ္ခုပါ။ ဆစ္ဖလစ္မွာ အဆင့္ေလးဆင့္႐ွိၿပီး ပထမ အဆင့္မွာ မကုသရင္ ဒုတိယအဆင့္အေနနဲ႔ တျခားအဂၤါေတြကို ကူးစက္သြားပါတယ္။ အဲဒိအဆင့္ၿပီးရင္ ကာလ႐ွည္ ေဝဒနာခံစားရမွာ ျဖစ္ၿပီး ေနာက္ဆံုးအဆင့္မွာ ဦးေႏွာက္ကို ကူးစက္ျခင္း၊ အျမင္အာရံု၊ အၾကားအာရံု ေပ်ာက္ဆံုးျခင္းတို႔ ျဖစ္တတ္ပါတယ္။ ဆစ္ဖလစ္ကို ပဋိဇီဝေဆးေတြနဲ႔ ကုသလို႔ ရပါတယ္။
သင္ ညဘက္ အေဖာ္တစ္ေယာက္နဲ႔ အိပ္ရာဝင္ရင္ ဒီေရာဂါေတြကို သင္ မစဥ္းစားခ်င္ဆံုး ျဖစ္မွာပါ။ ေနာက္က် ကိစၥမ႐ႈပ္ရေအာင္ ႀကိဳတင္ျပင္ဆင္ ကြန္ဒံုုး ေဆာင္ထားပါ။
သင္ဟာ လိင္ကိစၥတက္ႂကြသူတစ္ေယာက္ဆိုရင္ ေျခာက္လတစ္ခါ ေဖာ္ျပၿပီးေရာဂါေတြကို စစ္ေဆးသင့္ပါတယ္။ အထူးသျဖင့္ သင့္မွာ ဆက္ဆံဖက္ တစ္ေယာက္ထက္ပိုရင္ပါ။ အေဖာ္ေဆာင္ထားဖို႔လဲ သတိရပါ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
ယောက်ျားတိုင်းသိသင့်တဲ့ လိင်ကူးစက်ရောဂါ ၈ မျိုး
STD လို့ခေါ်တဲ့ လိင်ကူးစက်ရောဂါတွေဟာ ဘယ်လို လိင်ဆက်ဆံမှု ပုံစံကမဆို ( Oral, Anal, Normal ) ကူးစက်နိုင်ပါတယ်။ STD တွေနဲ့ ပါတ်သတ်ပြီး လွဲမှားတဲ့ အယူအဆတွေ အများကြီး ရှိပါတယ်။ တချို့သူတွေကတော့ တစ်လင်တစ်မယားပဲမို့ ရောဂါမရှိဘူးလို့ ယူဆလို့ရပေမယ့် တချို့ အခြားသူတွေကို ရောဂါမရှိဘူးလို့ ယူဆဖို့ကတော့ စောလွန်းနေပါတယ်။ ဘာလို့လဲဆိုတော့ အဲဒိရောဂါတွေက အသက်အန္တရာယ် မထိခိုက်နိုင်ပဲ ပေါ်ပေါ်ထင်ထင်လဲ ဖြစ်မနေပါဘူး။ ယောက်ျားတိုင်း သိထားသင့်တဲ့ လိင်ကူးစက်ရောဂါ ၈ မျိုးကို ဖော်ပြလိုက်ပါတယ်။
၁. Chlamydia
Chlamydia ဟာ ဘက်တီးရီးယား လိင်ကူးစက်ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ကမ္ဘာ့ အတွေ့ရအများဆုံး လိင်ကူးစက်ရောဂါ တစ်ခု ဖြစ်ပြီး တချို့တွေမှာ ရောဂါ လက္ခဏာ မတွေ့ရတဲ့အပြင် တွေ့ရသူတွေမှာလဲ လက္ခဏာပြဖို့ ရက်သတ္တပါတ်ပေါင်းများစွာ ကြာတတ်ပါတယ်။ Chlamydia ရဲ့ ရောဂါလက္ခဏာတွေကတော့ ဆီးသွားစဉ် နာကျင်ခြင်း၊ လိင်တံ မှ အရည်ထွက်ခြင်းနဲ့ ဝှေးစေ့ ဖောင်းခြင်းတို့ ဖြစ်ပါတယ်။ ပြသနာကတော့ ရောဂါလက္ခဏာတွေ ပျောက်သွားရင်တောင် ပိုးကျန်နေခဲ့ပြီး ဆက်ဆံသူကို ကူးစေမှာပါ။ အဲဒါကြောင့် ဖြစ်ဖြစ်ခြင်း ဆရာဝန်ပြတာ အကောင်းဆုံးပါ။
၂. Ganorrhoea
ဂနိုလို့ လူသိများတဲ့ ကာလသားရောဂါဟာ စအို၊ လည်ချောင်းနဲ့ ဆီးလမ်းကြောင်းကို ထိခိုက်တဲ့ ဘက်တီးရီးယားကူးစက်မှု လိင်ကူးစက်ရောဂါတစ်ခုပါ။ ရောဂါရှိတဲ့ ယောက်ျားအများစုမှာ လက္ခဏာမပြပေမယ့် တချို့မှာတော့ ဆီးသွားစဉ်နာခြင်း၊ လိင်တံမှ အစိမ်း၊ အဖြူ၊ အဝါရောင် အရည်ကျခြင်း၊ ဝှေးစေ့ဖောင်းခြင်းတို့ ဖြစ်တတ်ပါတယ်။ ဂနိုရောဂါဟာ Chlamydia နဲ့ ပူးတွဲဖြစ်ပေါ်တတ်ပြီး နှစ်ခုတူတူ ဆေးတစ်မျိုးထဲ ကုသလို့ရပါတယ်။
၃. Trichomoniasis
ဒီရောဂါရှိတဲ့ ယောက်ျားမိန်းမ အများစုဟာ လက္ခဏာ မပြကြပဲ သူတို့ကိုယ်သူတို့ ရောဂါရှိမှန်းတောင် မသိကြပါဘူး။ တစ်ချို့တစ်လေတော့ ဆီးလမ်းကြောင်း နာခြင်း၊ ယားခြင်းနဲ့ အရည်ကျခြင်းတို့ ဖြစ်တတ်ပါတယ်။
၄. HIV
HIV ဟာ လူတွေ အကြောက်ဆုံး STD တစ်ခု ဖြစ်ပြီး ဖြစ်လဲ ဖြစ်သင့်ပါတယ်။ လိင်ကိစ္စအပြင် ဆေးထိုးအပ် မျှဝေသုံးခြင်းနဲ့ ကိုယ်ဝန်ဆောင်မိခင်မှ ကလေးအား ကူးစက်ခြင်းတို့လဲ ဖြစ်တတ်ပါတယ်။ ဒီ ဗိုင်းရပ်ဟာ ခန္ဓာကိုယ်ခံအားစနစ်ကို ကူးစက်ပြီး ၁၀ နှစ်အတွင်း ဖောက်ပြန်စေပါတယ်။ ပိုးကူးစက်ပြီး နှစ်ပါတ်မှ လေးပါတ်အကြာမှာ အဖျား၊ တုပ်ကွေးလို လက္ခဏာ ပေါ်တတ်ပါတယ်။ ခုခေတ်မှာ ပိုးပွားများမှုကို ရပ်ဆိုင်းပစ်နိုင်ပြီး လူကောင်းတစ်ယောက်လို နေနိုင်စေမယ့် ဆေးဝါးတွေ ပေါ်နေပါပြီ။
၅. Harpes
ရေယုန်ဗိုင်းရပ်ဟာ ခန္ဓာကိုယ်မှာ နာကျင်တဲ့အနာတွေ ဖြစ်ပေါ်စေပါတယ်။ လိင်ဆက်ဆံမှုမှ ကူးစက်တတ်ပြီး တခြား လိင်ကူးစက်ရောဂါတွေလိုပဲ လက္ခဏာ မပြပဲ မြုံနေတာ ဖြစ်လာနိုင်ပါတယ်။ ယောက်ျားတွေမှာဆို လိင်အင်္ဂါ၊ တင်ပါး၊ ခြေလက်အရေပြား၊ စအို၊ စအိုအတွင်းပိုင်းတို့မှာ ဖြစ်တတ်ပြီး ပါးစပ်မှာ ဖြစ်တဲ့ ရေယုန်ကတော့ နမ်းခြင်းဖြင့် ကူးစက်နိုင်ပါတယ်။ ရေယုန်ဗိုင်းရပ်ဟာ ကုသလို့ မရနိုင်ပဲ တစ်သက်လုံး ရှိနေမှာ ဖြစ်ပြီး ဆေးဝါးနဲ့ မပျံ့အောင်တော့ ထိန်းထားနိုင်ပါတယ်။
၆. Genital Warts
တချို့ မှက္ခရု တွေဟာ STD ရောဂါတွေကြောင့် ဖြစ်ပေမယ့် တချို့ကတော့ မဟုတ်ပါဘူး။ လိင်ဆက်ဆံမှုနိုးကြားတဲ့ လူတွေရဲ့ ရ၅ ရာနှုန်းမှာ မှက္ခရုတွေ ရှိနေတယ် ဆိုပါတယ်။ သူတို့တွေဟာ စအို၊ လိင်တံအပေါ်မှာ ပျော့တဲ့ အသားဖုလေးတွေ အဖြစ် စတင် ဖြစ်ပေါ်လာတာပါ။ ကာကွယ်ဆေး၊ ကုသဆေးတွေ ရှိပြီး ခန္ဓာကိုယ် ကိုယ်တိုင်ကလဲ သူ့ဘာသာ ကုသနိုင်ပါတယ်။
၇. အသည်းရောင်အသားဝါ B
တခြား STD တွေလို လိင်အင်္ဂါနားမှာ ရောဂါလက္ခဏာ ပြတာမဟုတ်ပဲ အသည်းရောင်စေတဲ့ ဗိုင်းရပ်ဖြစ်လို့ အန္တရာယ် ကြီးပါတယ်။ ရောဂါရှိတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေနဲ့ ထိတွေ့လိုက်ရုံနဲ့ ကူးစက်နိုင်ပါတယ်။ ရောဂါ လက္ခဏာတွေကတော့ အစားစားချင်စိတ် ပျောက်ခြင်း၊ အဖျားပျော့ ဖျားခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ကြွက်သား အဆစ်အမြစ် နာခြင်း၊ အသားဝါခြင်း၊ ဆီးမည်းနက်ခြင်းတို့ ဖြစ်ပါတယ်။
၈. Syphillis
ဆစ်ဖလစ်ရောဂါဟာ ဘက်တီးရီးယား STD တစ်ခုပါ။ ဆစ်ဖလစ်မှာ အဆင့်လေးဆင့်ရှိပြီး ပထမ အဆင့်မှာ မကုသရင် ဒုတိယအဆင့်အနေနဲ့ တခြားအင်္ဂါတွေကို ကူးစက်သွားပါတယ်။ အဲဒိအဆင့်ပြီးရင် ကာလရှည် ဝေဒနာခံစားရမှာ ဖြစ်ပြီး နောက်ဆုံးအဆင့်မှာ ဦးနှောက်ကို ကူးစက်ခြင်း၊ အမြင်အာရုံ၊ အကြားအာရုံ ပျောက်ဆုံးခြင်းတို့ ဖြစ်တတ်ပါတယ်။ ဆစ်ဖလစ်ကို ပဋိဇီဝဆေးတွေနဲ့ ကုသလို့ ရပါတယ်။
သင် ညဘက် အဖော်တစ်ယောက်နဲ့ အိပ်ရာဝင်ရင် ဒီရောဂါတွေကို သင် မစဉ်းစားချင်ဆုံး ဖြစ်မှာပါ။ နောက်ကျ ကိစ္စမရှုပ်ရအောင် ကြိုတင်ပြင်ဆင်ထားပါ။
သင်ဟာ လိင်ကိစ္စတက်ကြွသူတစ်ယောက်ဆိုရင် ခြောက်လတစ်ခါ ဖော်ပြပြီးရောဂါတွေကို စစ်ဆေးသင့်ပါတယ်။ အထူးသဖြင့် သင့်မှာ ဆက်ဆံဖက် တစ်ယောက်ထက်ပိုရင်ပါ။ အဖော်ဆောင်ထားဖို့လဲ သတိရပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================