ကမၻာ့အထင္႐ွားဆံုး ဓာတ္ေလွကား ၁၀ စင္း

လူသားေတြရဲ႕ အင္ဂ်င္နီယာပညာဟာ ရင္သပ္႐ႈေမာဖြယ္ေကာင္းတဲ့ အဆင့္ကို ေက်ာ္လြန္ခဲ့ပါၿပီ။ ကမၻာ့မ်က္ႏွာျပင္ေပၚမွာ အေဆာက္အဦႀကီးေတြ၊ အမွတ္တရေနရာေတြ ၿမိဳ႕ေတာ္ေတြ အျဖစ္နဲ႔ ဗိသုကာပညာဟာ က်န္ရစ္ေနဆဲပါ။ လူသားေတြ ေဒါင္လိုက္ အ႐ွိန္အဟုန္ ျမင့္ျမင့္နဲ႔ တက္ႏိုင္ဆင္းႏိုင္ေနတာဟာလဲ အံ့ဩဖြယ္ေကာင္းပါတယ္။ ကမၻာ့အထင္႐ွားဆံုး ဓာတ္ေလွကားဆယ္စင္းအေၾကာင္းကို ေလ့လာၾကည့္ရေအာင္။

၁၀. Elevador de Santa Justa

Lisbon က ေပၚတူဂီႏိုင္ငံရဲ႕ အထိန္းအမွတ္တစ္ခုျဖစ္တဲ့ Santa Justa မွာ႐ွိတဲ့ Gothic ပံုစံ ၁၄၈ ေပျမင့္တဲ့ ဓာတ္ေလွကားပါ။ လြန္ခဲ့တဲ့ရာစုႏွစ္က စတင္တည္ေဆာက္ခဲ့တုန္းကေတာ့ ေရေႏြးေငြ႕နဲ႔ ျဖစ္ၿပီး အခုေတာ့ လ်ွပ္စစ္နဲ႔ ေမာင္းႏွင္ေနပါၿပီ။ အင္ဂ်င္ကို ေျပာင္းလဲလိုက္ေပမယ့္ သူ႔ရဲ႕ မူလ ငွက္ေလွာင္ခ်ိဳင့္ပံုစံ ဓာတ္ေလွကားတြဲေတြနဲ႔ သစ္သားနဲ႔ အတြင္းကို အလွဆင္ထားမႈေတြဟာ ကမၻာ့အထင္႐ွားဆံုး ဓာတ္ေလွကားစာရင္းထဲမွာ ပါဝင္ေစတာပါ။

၉. The Ericsson Globe – SkyView

ဆြီဒင္ႏိုင္ငံ Stockholm က ကမၻာ့အႀကီးဆံုး စက္လံုးျခမ္းပံု အေဆာက္အဦျဖစ္တဲ့ Ericsson Globe ဟာ အျမင့္ ၂၇၉ ေပ ႐ွိၿပီး အခ်င္း ၃၆၁ ေပ ႐ွိပါတယ္။ မွန္ခန္းဓာတ္ေလွကားေတြ အျပင္ဖက္မွာ ႐ွိၿပီး ေအာက္ကေန စက္လံုးအေပၚထိ မိနစ္ ၂၀ ၾကာ စီးနင္းရပါတယ္။

၈. Hammetschwand Lift

ဆြစ္ဇာလန္ႏိုင္ငံ Bürgenstock က Hammerschwand ဓာတ္ေလွကားဟာ ဥေရာပရဲ႕ အျမင့္ဆံုး ျပင္ပဓာတ္ေလွကားျဖစ္ၿပီး Burgenstock plateau နဲ႔ Swiss Alps ေတာင္တန္းတို႔ ရဲ႕ ျမင္ကြင္းေကာင္းကို ျမင္ရတဲ့ ေက်ာက္စြန္းတစ္ခုကို ပို႔ေပးပါတယ္။ ဓာတ္ေလွကားဟာ ေတာင္ထြတ္ရဲ႕ ညာဘက္က ေက်ာက္စြန္းကို တစ္မိနစ္အတြင္း ပို႔ေပးပါတယ္။

၇. Sky Tower

နယူးဇီလန္ Auckland က Sky Tower က မိုးေပၚကို ေပ ၆၁၀ ေထာင္ထြက္ေနတဲ့ ေလ့လာေရးတာဝါတစ္ခုပါ။ တာဝါထိပ္က ျမင္ရတဲ့ ျမင္ကြင္းဟာ အရမ္းရင္သပ္႐ႈေမာဖြယ္ေကာင္းေအာင္ လွပပါတယ္။ လာလည္သူေတြက ရင္တုန္စရာေကာင္းတဲ့ မွန္ဓာတ္ေလွကားကို စီးၿပီး စကၠန္႔ေလးဆယ္ေလာက္ၾကာေအာင္ တက္ရမွာပါ။

၆. Gateway Arch Tram

St. Louis, Missouri က ကမၻာ့အႀကီးဆံုး Arch ျဖစ္တဲ့ Gateway Arch ဟာ ေပ ၆၃၀ ျမင့္ပါတယ္။ စတီးနဲ႔ လုပ္ထားတဲ့ ဒီ အမွတ္တရ အေဆာက္အဦ ေျခတစ္ဖက္စီမွာ ဓာတ္ေလွကား ရထားေလး တစ္စင္းစီ ႐ွိပါတယ္။ ရထားတစ္စင္းမွာ ဘဲဥပံု တြဲ ႐ွစ္တြဲပါၿပီး တစ္တြဲကို ခံုငါးလံုး ပါပါတယ္။ ဒီ Arch ရဲ႕ ထိပ္ကို ေရာက္ဖို႔ ေလးမိနစ္အခ်ိန္ယူရပါတယ္။ ၁၀ မိနစ္တိုင္းမွာ ရထားတစ္စင္းထြက္ပါတယ္။

၅. Eiffel Tower

ျပင္သစ္ျပည္ Paris ရဲ႕ Eiffel Tower ကိုေတာ့ လူတိုင္းသိၾကမွာပါ။ တာဝါထိပ္ကိုေရာက္ဖို႔ ဓာတ္ေလွကားႏွစ္ဆင့္ စီးရပါတယ္။ ေျမျပင္မွ ပထမထပ္ကို တစ္ဆင့္၊ ပထမထပ္ကေန တာဝါထိပ္ကို တစ္ဆင့္ စီးရတာပါ။

၄. Bailong Elevator

တ႐ုတ္ႏိုင္ငံ Zhangjiajie က Bailong Elevator ဟာ ေပ ၁၀၇၀ ျမင့္တဲ့ ေတာင္ေစာင္းတစ္ခုကို တက္ဖို႔ေဆာက္လုပ္ထားပါတယ္။ ေတာင္ေစာင္းထိပ္မွာ ေပ ၂၆၀၀ ေလာက္ထိျမင့္တဲ့ သဲေက်ာက္ေတာင္တိုင္ေတြ အပါအဝင္ ပါတ္ဝန္းက်င္႐ႈခင္းေကာင္းေကာင္း ျမင္ရပါတယ္။ ကမၻာ့ အထင္႐ွားဆံုး ဓာတ္ေလွကားေတြထဲက တစ္ခုပါ။

၃. CN Tower

Canada, Toronto က CN Tower က ကမၻာ့အျမင့္ဆံုး တာဝါ ျဖစ္ပါတယ္။ သူ႔ရဲ႕ ဓာတ္ေလွကားက မွန္ကာျဖစ္ၿပီး ႐ႈခင္းၾကည့္ ပလက္ေဖာင္းကို တစ္မိနစ္အတြင္း အေရာက္ပို႔ေပးပါတယ္။ အဲဒီေနရာကေန ေနာက္ထပ္ ၃၃ ထပ္ ဆက္တက္ႏိုင္ပါေသးတယ္။ အေကာင္းဆံုး ႐ႈခင္းၾကည့္ရဖို႔ကေတာ့ Sky pod ကိုသြားဖို႔ လက္မွတ္ဝယ္ရမွာပါ။

၂. Taipei 101

ကမၻာ့လူသိမ်ားဆံုး အေဆာက္အဦထဲက တစ္ခုျဖစ္တဲ့ Taipei 101 ဟာ Taiwan မွာ တည္႐ွိၿပီး ၁၆၆၇ ေပျမင့္ကာ ဆင္းတက္သြားလာဖို႔ ဓာတ္ေလွကား ၆၇ ခု႐ွိပါတယ္။ အဲဒိထဲက ႏွစ္ခုကေတာ့ ၈၉ ထပ္က ႐ႈခင္းၾကည့္ေနရာကို ပို႔ေပးပါတယ္။ ဒီ ဓာတ္ေလွကားေတြဟာ တစ္စကၠန္႔ကို ၅၅.၂၂ ေပ အ႐ွိန္႐ွိၿပီး ဒံုးပ်ံတစ္စင္း စီးေနရသလို ခံစားမႈမ်ိဳး ေပးႏိုင္မွာပါ။

၁. Burj Khalifa Elevators

၂၇၂၃ ေပ ျမင့္တဲ့ Burj Khalifa ဟာ ကမၻာ့အျမင့္ဆံုး အေဆာက္အဦျဖစ္ၿပီး သူ႔ဓာတ္ေလွကားေတြကလဲ ကမၻာ့အျမန္ဆံုးထဲမွာ ပါပါတယ္။ တစ္နာရီကို မိုင္ေလးဆယ္ႏႈန္း ႐ွိၿပီး အေဆာက္အဦထိပ္ကို ၃၅ စကၠန္႔နဲ႔ အေရာက္ပို႔ေပးႏိုင္ပါတယ္။ ဒီ ႏွစ္ထပ္ ဓာတ္ေလွကားေတြဟာ ကမၻာ့အျမင့္ဆံုးေတြ ျဖစ္ၿပီး ၁၆၅၄ ေပနဲ႔ ကမၻာ့ အကြာအေဝးအမ်ားဆံုးလဲ ျဖစ္ပါတယ္။

ဒီဓာတ္ေလွကားေတြဟာ အျမင့္ဆံုးေတြမဟုတ္ေပမယ့္ သူတို႔ေတြဟာ အံ့ခ်ီးစရာအေဆာက္အအံုေတြမွာ တပ္ဆင္ထားၿပီး အ႐ွိန္ ျမန္ကာ အေကာင္းဆံုး႐ႈခင္းေတြကို ေပးစြမ္းႏိုင္ပါတယ္။ ကမၻာ့ အထင္႐ွားဆံုး ဓာတ္ေလွကားေတြပါပဲ။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ကမ္ဘာ့အထင်ရှားဆုံး ဓာတ်လှေကား ၁၀ စင်း

လူသားတွေရဲ့ အင်ဂျင်နီယာပညာဟာ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အဆင့်ကို ကျော်လွန်ခဲ့ပါပြီ။ ကမ္ဘာ့မျက်နှာပြင်ပေါ်မှာ အဆောက်အဦကြီးတွေ၊ အမှတ်တရနေရာတွေ မြို့တော်တွေ အဖြစ်နဲ့ ဗိသုကာပညာဟာ ကျန်ရစ်နေဆဲပါ။ လူသားတွေ ဒေါင်လိုက် အရှိန်အဟုန် မြင့်မြင့်နဲ့ တက်နိုင်ဆင်းနိုင်နေတာဟာလဲ အံ့ဩဖွယ်ကောင်းပါတယ်။ ကမ္ဘာ့အထင်ရှားဆုံး ဓာတ်လှေကားဆယ်စင်းအကြောင်းကို လေ့လာကြည့်ရအောင်။

၁၀. Elevador de Santa Justa

Lisbon က ပေါ်တူဂီနိုင်ငံရဲ့ အထိန်းအမှတ်တစ်ခုဖြစ်တဲ့ Santa Justa မှာရှိတဲ့ Gothic ပုံစံ ၁၄၈ ပေမြင့်တဲ့ ဓာတ်လှေကားပါ။ လွန်ခဲ့တဲ့ရာစုနှစ်က စတင်တည်ဆောက်ခဲ့တုန်းကတော့ ရေနွေးငွေ့နဲ့ ဖြစ်ပြီး အခုတော့ လျှပ်စစ်နဲ့ မောင်းနှင်နေပါပြီ။ အင်ဂျင်ကို ပြောင်းလဲလိုက်ပေမယ့် သူ့ရဲ့ မူလ ငှက်လှောင်ချိုင့်ပုံစံ ဓာတ်လှေကားတွဲတွေနဲ့ သစ်သားနဲ့ အတွင်းကို အလှဆင်ထားမှုတွေဟာ ကမ္ဘာ့အထင်ရှားဆုံး ဓာတ်လှေကားစာရင်းထဲမှာ ပါဝင်စေတာပါ။

၉. The Ericsson Globe – SkyView

ဆွီဒင်နိုင်ငံ Stockholm က ကမ္ဘာ့အကြီးဆုံး စက်လုံးခြမ်းပုံ အဆောက်အဦဖြစ်တဲ့ Ericsson Globe ဟာ အမြင့် ၂၇၉ ပေ ရှိပြီး အချင်း ၃၆၁ ပေ ရှိပါတယ်။ မှန်ခန်းဓာတ်လှေကားတွေ အပြင်ဖက်မှာ ရှိပြီး အောက်ကနေ စက်လုံးအပေါ်ထိ မိနစ် ၂၀ ကြာ စီးနင်းရပါတယ်။

၈. Hammetschwand Lift

ဆွစ်ဇာလန်နိုင်ငံ Bürgenstock က Hammerschwand ဓာတ်လှေကားဟာ ဥရောပရဲ့ အမြင့်ဆုံး ပြင်ပဓာတ်လှေကားဖြစ်ပြီး Burgenstock plateau နဲ့ Swiss Alps တောင်တန်းတို့ ရဲ့ မြင်ကွင်းကောင်းကို မြင်ရတဲ့ ကျောက်စွန်းတစ်ခုကို ပို့ပေးပါတယ်။ ဓာတ်လှေကားဟာ တောင်ထွတ်ရဲ့ ညာဘက်က ကျောက်စွန်းကို တစ်မိနစ်အတွင်း ပို့ပေးပါတယ်။

၇. Sky Tower

နယူးဇီလန် Auckland က Sky Tower က မိုးပေါ်ကို ပေ ၆၁၀ ထောင်ထွက်နေတဲ့ လေ့လာရေးတာဝါတစ်ခုပါ။ တာဝါထိပ်က မြင်ရတဲ့ မြင်ကွင်းဟာ အရမ်းရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပပါတယ်။ လာလည်သူတွေက ရင်တုန်စရာကောင်းတဲ့ မှန်ဓာတ်လှေကားကို စီးပြီး စက္ကန့်လေးဆယ်လောက်ကြာအောင် တက်ရမှာပါ။

၆. Gateway Arch Tram

St. Louis, Missouri က ကမ္ဘာ့အကြီးဆုံး Arch ဖြစ်တဲ့ Gateway Arch ဟာ ပေ ၆၃၀ မြင့်ပါတယ်။ စတီးနဲ့ လုပ်ထားတဲ့ ဒီ အမှတ်တရ အဆောက်အဦ ခြေတစ်ဖက်စီမှာ ဓာတ်လှေကား ရထားလေး တစ်စင်းစီ ရှိပါတယ်။ ရထားတစ်စင်းမှာ ဘဲဥပုံ တွဲ ရှစ်တွဲပါပြီး တစ်တွဲကို ခုံငါးလုံး ပါပါတယ်။ ဒီ Arch ရဲ့ ထိပ်ကို ရောက်ဖို့ လေးမိနစ်အချိန်ယူရပါတယ်။ ၁၀ မိနစ်တိုင်းမှာ ရထားတစ်စင်းထွက်ပါတယ်။
၅. Eiffel Tower

ပြင်သစ်ပြည် Paris ရဲ့ Eiffel Tower ကိုတော့ လူတိုင်းသိကြမှာပါ။ တာဝါထိပ်ကိုရောက်ဖို့ ဓာတ်လှေကားနှစ်ဆင့် စီးရပါတယ်။ မြေပြင်မှ ပထမထပ်ကို တစ်ဆင့်၊ ပထမထပ်ကနေ တာဝါထိပ်ကို တစ်ဆင့် စီးရတာပါ။

၄. Bailong Elevator

တရုတ်နိုင်ငံ Zhangjiajie က Bailong Elevator ဟာ ပေ ၁၀၇၀ မြင့်တဲ့ တောင်စောင်းတစ်ခုကို တက်ဖို့ဆောက်လုပ်ထားပါတယ်။ တောင်စောင်းထိပ်မှာ ပေ ၂၆၀၀ လောက်ထိမြင့်တဲ့ သဲကျောက်တောင်တိုင်တွေ အပါအဝင် ပါတ်ဝန်းကျင်ရှုခင်းကောင်းကောင်း မြင်ရပါတယ်။ ကမ္ဘာ့ အထင်ရှားဆုံး ဓာတ်လှေကားတွေထဲက တစ်ခုပါ။

၃. CN Tower

Canada, Toronto က CN Tower က ကမ္ဘာ့အမြင့်ဆုံး တာဝါ ဖြစ်ပါတယ်။ သူ့ရဲ့ ဓာတ်လှေကားက မှန်ကာဖြစ်ပြီး ရှုခင်းကြည့် ပလက်ဖောင်းကို တစ်မိနစ်အတွင်း အရောက်ပို့ပေးပါတယ်။ အဲဒီနေရာကနေ နောက်ထပ် ၃၃ ထပ် ဆက်တက်နိုင်ပါသေးတယ်။ အကောင်းဆုံး ရှုခင်းကြည့်ရဖို့ကတော့ Sky pod ကိုသွားဖို့ လက်မှတ်ဝယ်ရမှာပါ။

၂. Taipei 101

ကမ္ဘာ့လူသိများဆုံး အဆောက်အဦထဲက တစ်ခုဖြစ်တဲ့ Taipei 101 ဟာ Taiwan မှာ တည်ရှိပြီး ၁၆၆၇ ပေမြင့်ကာ ဆင်းတက်သွားလာဖို့ ဓာတ်လှေကား ၆၇ ခုရှိပါတယ်။ အဲဒိထဲက နှစ်ခုကတော့ ၈၉ ထပ်က ရှုခင်းကြည့်နေရာကို ပို့ပေးပါတယ်။ ဒီ ဓာတ်လှေကားတွေဟာ တစ်စက္ကန့်ကို ၅၅.၂၂ ပေ အရှိန်ရှိပြီး ဒုံးပျံတစ်စင်း စီးနေရသလို ခံစားမှုမျိုး ပေးနိုင်မှာပါ။

၁. Burj Khalifa Elevators

၂၇၂၃ ပေ မြင့်တဲ့ Burj Khalifa ဟာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦဖြစ်ပြီး သူ့ဓာတ်လှေကားတွေကလဲ ကမ္ဘာ့အမြန်ဆုံးထဲမှာ ပါပါတယ်။ တစ်နာရီကို မိုင်လေးဆယ်နှုန်း ရှိပြီး အဆောက်အဦထိပ်ကို ၃၅ စက္ကန့်နဲ့ အရောက်ပို့ပေးနိုင်ပါတယ်။ ဒီ နှစ်ထပ် ဓာတ်လှေကားတွေဟာ ကမ္ဘာ့အမြင့်ဆုံးတွေ ဖြစ်ပြီး ၁၆၅၄ ပေနဲ့ ကမ္ဘာ့ အကွာအဝေးအများဆုံးလဲ ဖြစ်ပါတယ်။

ဒီဓာတ်လှေကားတွေဟာ အမြင့်ဆုံးတွေမဟုတ်ပေမယ့် သူတို့တွေဟာ အံ့ချီးစရာအဆောက်အအုံတွေမှာ တပ်ဆင်ထားပြီး အရှိန် မြန်ကာ အကောင်းဆုံးရှုခင်းတွေကို ပေးစွမ်းနိုင်ပါတယ်။ ကမ္ဘာ့ အထင်ရှားဆုံး ဓာတ်လှေကားတွေပါပဲ။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

%%footer%%