ကမၻာႀကီး ေနာက္ ၁၀ႏွစ္ၾကာရင္ ဘာေတြ ျဖစ္သြားမလဲ

Stratfor (Strategic Forecasting) ဆိုတဲ့ ကိုယ္ပိုင္ ေထာက္လွမ္းေရး အဖြဲ႔အစည္းတစ္ခုဟာ ေနာက္ ၁၀ ႏွစ္ၾကာရင္ ကမၻာ့ႏိုင္ငံေရးနဲ႔ စီးပြားေရးမွာ ျဖစ္လာမယ့္ ေျပာင္းလဲမႈေတြကို ခန္႔မွန္းတင္ျပထားပါတယ္။

ေနာက္ ၁၀ ႏွစ္ၾကာ ကမၻာႀကီးဟာ ခုထက္ပိုၿပီး ေၾကာက္စရာေကာင္းတဲ့ေနရာ ျဖစ္လာႏိုင္ပါတယ္။ အေမရိကန္ အင္အား နည္းသြားတာနဲ႔အတူ အျခား အင္အားႀကီးတိုင္းျပည္ေတြဟာ မတည္ၿငိမ္မႈနဲ႔ ကပ္ဆိုးေတြကို ခံစားရမွာပါ။

၁. ႐ု႐ွား ၿပိဳလဲသြားပါလိမ့္မယ္

တားျမစ္ပိတ္ဆို႔မႈေတြ၊ ေရနံေစ်း က်ဆင္းလာတာေတြ၊ စစ္အသံုးစရိတ္ တိုးျမင့္တာတာ၊ စည္းလံုးမႈ ၿပိဳကြဲလာတာေတြက ေမာ္စကိုရဲ႕ ႐ု႐ွားအေပၚ ထိန္းခ်ဳပ္ႏိုင္မႈကို ေလ်ာ့နည္းလာေစပါတယ္။ ႐ု႐ွားဟာ ႏိုင္ငံေတြအမ်ားႀကီး ကြဲထြက္သြားမွာ မဟုတ္ပါဘူး။ ေမာ္စကိုက ထိန္းသိမ္းႏိုင္မႈ ေလ်ာ့နည္းလာတာနဲ႔အမ်ွ အခ်င္းခ်င္းေတာင္ ျပန္ခ်ေနၾကတဲ့ ျပည္နယ္ငယ္ေလးေတြ ျဖစ္ကုန္ၾကမွာပါ။

၂. ႐ု႐ွား Nuke ေတြကုိ အေမရိကန္က စစ္အင္အားနဲ႔ ဝင္ထိန္းရပါမယ္

႐ု႐ွားက သူတို႔ Nuke ေတြကို တစ္ႏိုင္ငံလံုးျဖန္႔က်က္ထားတာပါ။ တကယ္လို႔ ႐ု႐ွားၿပိဳလဲသြားရင္ အဲဒိ Nuke ေတြ၊ ယူေရနီယမ္ သန္႔စင္ၿပီးသားေတြဟာ ကမၻာ့အႏၱရာယ္အ႐ွိဆံုး ပါဝါ ေနရာလပ္မႈႀကီး ျဖစ္သြားပါလိမ့္မယ္။ အဲဒါေတြကို ထိန္းသိမ္းႏိုင္တဲ့ တစ္ခုထဲေသာ အင္အားျဖစ္တဲ့ ဝါ႐ွင္တန္ကပဲ ထိန္းသိမ္းရပါမယ္။ ဒါေတာင္ အကုန္အုပ္မိမွာ မဟုတ္ပါဘူး။

၃. ဂ်ာမနီမွာ ျပသနာေတြ တက္လာပါလိမ့္မယ္

ဂ်ာမနီဟာ ပို႔ကုန္လုပ္ငန္းကို အဓိကထားၿပီး ဥေရာပတိုက္လံုး ပို႔ကုန္အခြန္မေကာက္ပဲ EU စတင္ဖြဲ႔စည္းလိုက္ကတည္းက အက်ိဳးအျမတ္ရေနတာပါ။ EU ၿပိဳကြဲသြားရင္လဲ ဂ်ာမန္ေတြပဲ အဆံုး႐ွံုးဆံုး ျဖစ္မွာပါ။ တိုင္းျပည္ရဲ႕ ျပည္တြင္း စားသံုးမႈက ပို႔ကုန္အေပၚမွာ မေက်ာ္လြန္ပါဘူး။ ေနာက္ဆံုးမွာ ဂ်ပန္လိုမ်ိဳး ဖြံ႔ၿဖိဳးမႈ ရပ္သြားမွာပါ။ ေနာက္ ဆယ္စုႏွစ္အတြင္းမွာ ဂ်ာမန္က စီးပြားေရးကပ္ဆိုက္မႈကို ခံစားရႏိုင္ပါတယ္။

၄. ပိုလန္က ဥေရာပရဲ႕ ေခါင္းေဆာင္ ျဖစ္လာပါမယ္

စီးပြားေရးတိုးတက္မႈနဲ႔ ႏိုင္ငံေရးလႊမ္းမိုးမႈကို ပိုလန္က ရ႐ွိလာပါလိမ့္မယ္။ ပိုလန္ရဲ႕ လူဦးေရဟာ တျခားဥေရာပႏိုင္ငံေတြလို ေလ်ာ့က်မသြားပါဘူး။ ဥေရာပအေ႐ွ႕စြန္းက အႀကီးဆံုးႏိုင္ငံျဖစ္တာေၾကာင့္လဲ ႏိုင္ငံေရးဩဇာ လႊမ္းမိုးလာပါလိမ့္မယ္။

၅. EU ေလးစုကြဲသြားပါလိမ့္မယ္

EU ဟာ အရမ္းညီၫြတ္ေနတာ မဟုတ္ပါဘူး။ ေနာက္ ၁၀ ႏွစ္မွာ EU ဟာ သမိုင္း ျဖစ္က်န္ခဲ့ႏိုင္ပါတယ္။ EU ကို အေ႐ွ႕ဥေရာပ၊ အေနာက္ဥေရာပ၊ စကင္ဒီေနဗီးယားနဲ႔ ၿဗိတိသ်ွ ကြၽန္းေတြ ဆိုၿပီး ေလးစု ကြဲသြားပါလိမ့္မယ္။ သူတို႔ဟာ မိတ္ေဆြေတြေတာ့ ျဖစ္ေနဦးမွာပါ။ အခုေလာက္ေတာ့ နီးစပ္ေနမွာ မဟုတ္ပါဘူး။

၆. တူရကီနဲ႔ US ဟာ ထင္မွတ္မထားတဲ့ မဟာမိတ္ ဖြဲ႔ရပါလိမ့္မယ္

အာရပ္ႏိုင္ငံေတြ တစ္ခုၿပီးတစ္ခု ၿပိဳလဲေနၿပီး အဲဒါဟာ ရပ္တန္႔လို႔ မရႏိုင္ေသးပါဘူး။ အဲဒိအျဖစ္အပ်က္ကေန တူရကီက အက်ိဳးအျမတ္ ရေနပါတယ္။ တူရကီဟာ သူတို႔ နယ္စပ္ေတြမွာ ျပသနာျဖစ္မွာကို ေ႐ွာင္လႊဲလို႔ မရႏိုင္ပါဘူး။ အဲဒိအတြက္ စစ္အင္အားအကူအၫီဖို႔ US နဲ႔ မိတ္ဖြဲ႔ရပါလိမ့္မယ္။ တူရကီကလဲ US ကို ႐ု႐ွားကိစၥအတြက္ ကူညီပါလိမ့္မယ္။

၇. တ႐ုတ္ဟာ ျပသနာ အႀကီးႀကီး ၾကံဳရပါလိမ့္မယ္

တ႐ုတ္ဟာ စီးပြားေရးတိုးတက္မႈ ေႏွးေကြးတဲ့ ေခတ္တစ္ေခတ္ကို ၾကံဳရမွာပါ။ အဲဒါေၾကာင့္ ကြန္ျမဳနစ္ပါတီကို ဆန္႔က်င္မႈေတြကို တစ္ႏိုင္ငံလံုး ေတြ႕ရမွာပါ။ ဒါေပမယ့္ ပါတီက ဆန္႔က်င္မႈေတြကို အင္အားနဲ႔ ဖိႏွိပ္ထားမွာပါ။ တ႐ုတ္ရဲ႕ ကမ္း႐ိုးတန္းၿမိဳ႕ေတြဟာ အလ်င္အျမန္တိုးတက္ေနေပမယ့္ အတြင္းပိုင္း ၿမိဳ႕ေတြကေတာ့ ေခတ္ေနာက္က်ေနပါေသးတယ္။ အဲဒါေၾကာင့္ ႏိုင္ငံ ၿပိဳကြဲသြားႏိုင္မဲ့ အႏၱရာယ္ကို ေဘက်င္း ၾကံဳေတြ႕ရမွာပါ။

၈. ဂ်ပန္ေရတပ္အင္အား ႀကီးလာပါလိမ့္မယ္

ဂ်ပန္ဟာ ကြၽန္းႏိုင္ငံျဖစ္လို႔ သြင္းကုန္ေတြ လိုအပ္ပါတယ္။ တ႐ုတ္က ေရတပ္အင္အားတိုးခ်ဲ့လာတာနဲ႔အညီ ဂ်ပန္ရဲ႕ သြင္းကုန္လမ္းေၾကာင္းေတြျဖစ္တဲ့ တ႐ုတ္ပင္လယ္ျပင္နဲ႔ အိႏိၵယ သမုဒၵရာကို ထိန္းခ်ဳပ္လာပါလိမ့္မယ္။ အေမရကန္ပါဝါ က်ဆင္းေနတာေၾကာင့္ ဂ်ပန္ဟာ သူတို႔သြင္းကုန္လမ္းေၾကာင္းေတြကို သူတို႔ဘာသာ ထိန္းသိမ္းရပါလိမ့္မယ္။

၉. ေတာင္တ႐ုတ္ပင္လယ္က ကြၽန္းေတြေၾကာင့္ စစ္မျဖစ္ႏိုင္ပါဘူး။ ဒါေပမယ့္….

အနီးအနားက ပါဝါႏိုင္ငံေတြဟာ ေတာင္တ႐ုတ္ပင္လယ္ကြၽန္းေတြဟာ စစ္ေရးအရ မထိုက္တန္ဘူးလို႔ သတ္မွတ္ၾကပါလိမ့္မယ္။ အဲဒိေနရာမွာ ပါဝါျပမႈေတြကေတာ့ ျဖစ္ေနမွာပါ။ တကယ္ အေရးႀကီးတဲ့ ေနရာေတြဟာ အေ႐ွ႕အာ႐ွဘက္မွာ ျဖစ္ေနပါလိမ့္မယ္။

၁၀. တ႐ုတ္ႏိုင္ငံ အငယ္စားေလး ဆယ့္ေျခာက္ႏိုင္ငံ ျဖစ္လာပါလိမ့္မယ္

တ႐ုတ္ စီးပြားေရးတိုးတက္မႈ ေလ်ာ့ၿပီး ကုန္ထုတ္လုပ္မႈ ေလ်ာ့က်လာတာနဲ႔အတူ တ႐ုတ္ လုပ္ေနက် စက္မႈလုပ္ငန္း အငယ္စားေတြဟာ စုစုေပါင္းလူဦးေရ သန္း ၁၁၅၀ ႐ွိတဲ့ စီးပြားေရးတိုးတက္လာတဲ့ ႏိုင္ငံ ၁၆ ႏိုင္ငံကို ေျပာင္းေရႊ႔လာပါလိမ့္မယ္။ မက္ဆီကို၊ နီကာရာဂြာ၊ ဒိုမီနီကန္၊ ပီ႐ူး၊ အီသီယိုးပီးရား၊ ယူဂန္ဒါ၊ ကင္ညာ၊ တန္ဇန္းနီးယား၊ ဘဂၤလားေဒ့႐ွ္၊ ျမန္မာ၊ သီရိလကၤာ၊ လာအို၊ ဗီယက္နမ္၊ ကေမၻာဒီးယား၊ ဖိလစ္ပိုင္နဲ႔ အင္ဒိုနီး႐ွားတို႔ဟာ အလုပ္အကိုင္ေတြ ေရာက္လာတာနဲ႔အတူ စီးပြားေရးတိုးတက္မႈေတြ ေနာက္ ဆယ္စုႏွစ္မွာ ေတြ႕လာရမွာပါ။

၁၁. US ပါဝါ ေလ်ာ့က်သြားပါမယ္

ကမၻာႀကီးဟာ ေနာက္ ၁၀ ႏွစ္မွာ ျပသနာေတြ ႐ႈပ္ေထြးလာတာနဲ႔ US ဟာ ျပသနာေတြကို ေျဖ႐ွင္းရာမွာ ေခါင္းေဆာင္မလုပ္ေတာ့ပဲ သူ ႀကိဳက္တဲ့ ျပသနာေတြကိုပဲ ေရြးခ်ယ္႐ွင္းေတာ့မွာပါ။ စီးပြားေရးတိုးတက္ေနမႈ၊ စြမ္းအင္ ထုတ္လုပ္ႏိုင္မႈ၊ ပို႔ကုန္ မပို႔ပဲေနႏိုင္မႈနဲ႔ ကမၻာႀကီးရဲ႕ အလံုျခံဳဆံုးေနရာမွာ ႐ွိမႈတို႔ေတြဟာ US ကို ကမၻာ့ျပသနာေတြကေန ကာကြယ္ေပးထားမွာပါ။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ကမ္ဘာကြီး နောက် ၁၀နှစ်ကြာရင် ဘာတွေ ဖြစ်သွားမလဲ

Stratfor (Strategic Forecasting) ဆိုတဲ့ ကိုယ်ပိုင် ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခုဟာ နောက် ၁၀ နှစ်ကြာရင် ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးမှာ ဖြစ်လာမယ့် ပြောင်းလဲမှုတွေကို ခန့်မှန်းတင်ပြထားပါတယ်။

နောက် ၁၀ နှစ်ကြာ ကမ္ဘာကြီးဟာ ခုထက်ပိုပြီး ကြောက်စရာကောင်းတဲ့နေရာ ဖြစ်လာနိုင်ပါတယ်။ အမေရိကန် အင်အား နည်းသွားတာနဲ့အတူ အခြား အင်အားကြီးတိုင်းပြည်တွေဟာ မတည်ငြိမ်မှုနဲ့ ကပ်ဆိုးတွေကို ခံစားရမှာပါ။

၁. ရုရှား ပြိုလဲသွားပါလိမ့်မယ်

တားမြစ်ပိတ်ဆို့မှုတွေ၊ ရေနံစျေး ကျဆင်းလာတာတွေ၊ စစ်အသုံးစရိတ် တိုးမြင့်တာတာ၊ စည်းလုံးမှု ပြိုကွဲလာတာတွေက မော်စကိုရဲ့ ရုရှားအပေါ် ထိန်းချုပ်နိုင်မှုကို လျော့နည်းလာစေပါတယ်။ ရုရှားဟာ နိုင်ငံတွေအများကြီး ကွဲထွက်သွားမှာ မဟုတ်ပါဘူး။ မော်စကိုက ထိန်းသိမ်းနိုင်မှု လျော့နည်းလာတာနဲ့အမျှ အချင်းချင်းတောင် ပြန်ချနေကြတဲ့ ပြည်နယ်ငယ်လေးတွေ ဖြစ်ကုန်ကြမှာပါ။

၂. ရုရှား Nuke တွေကို အမေရိကန်က စစ်အင်အားနဲ့ ဝင်ထိန်းရပါမယ်

ရုရှားက သူတို့ Nuke တွေကို တစ်နိုင်ငံလုံးဖြန့်ကျက်ထားတာပါ။ တကယ်လို့ ရုရှားပြိုလဲသွားရင် အဲဒိ Nuke တွေ၊ ယူရေနီယမ် သန့်စင်ပြီးသားတွေဟာ ကမ္ဘာ့အန္တရာယ်အရှိဆုံး ပါဝါ နေရာလပ်မှုကြီး ဖြစ်သွားပါလိမ့်မယ်။ အဲဒါတွေကို ထိန်းသိမ်းနိုင်တဲ့ တစ်ခုထဲသော အင်အားဖြစ်တဲ့ ဝါရှင်တန်ကပဲ ထိန်းသိမ်းရပါမယ်။ ဒါတောင် အကုန်အုပ်မိမှာ မဟုတ်ပါဘူး။

၃. ဂျာမနီမှာ ပြသနာတွေ တက်လာပါလိမ့်မယ်

ဂျာမနီဟာ ပို့ကုန်လုပ်ငန်းကို အဓိကထားပြီး ဥရောပတိုက်လုံး ပို့ကုန်အခွန်မကောက်ပဲ EU စတင်ဖွဲ့စည်းလိုက်ကတည်းက အကျိုးအမြတ်ရနေတာပါ။ EU ပြိုကွဲသွားရင်လဲ ဂျာမန်တွေပဲ အဆုံးရှုံးဆုံး ဖြစ်မှာပါ။ တိုင်းပြည်ရဲ့ ပြည်တွင်း စားသုံးမှုက ပို့ကုန်အပေါ်မှာ မကျော်လွန်ပါဘူး။ နောက်ဆုံးမှာ ဂျပန်လိုမျိုး ဖွံ့ဖြိုးမှု ရပ်သွားမှာပါ။ နောက် ဆယ်စုနှစ်အတွင်းမှာ ဂျာမန်က စီးပွားရေးကပ်ဆိုက်မှုကို ခံစားရနိုင်ပါတယ်။

၄. ပိုလန်က ဥရောပရဲ့ ခေါင်းဆောင် ဖြစ်လာပါမယ်

စီးပွားရေးတိုးတက်မှုနဲ့ နိုင်ငံရေးလွှမ်းမိုးမှုကို ပိုလန်က ရရှိလာပါလိမ့်မယ်။ ပိုလန်ရဲ့ လူဦးရေဟာ တခြားဥရောပနိုင်ငံတွေလို လျော့ကျမသွားပါဘူး။ ဥရောပအရှေ့စွန်းက အကြီးဆုံးနိုင်ငံဖြစ်တာကြောင့်လဲ နိုင်ငံရေးဩဇာ လွှမ်းမိုးလာပါလိမ့်မယ်။

၅. EU လေးစုကွဲသွားပါလိမ့်မယ်

EU ဟာ အရမ်းညီညွတ်နေတာ မဟုတ်ပါဘူး။ နောက် ၁၀ နှစ်မှာ EU ဟာ သမိုင်း ဖြစ်ကျန်ခဲ့နိုင်ပါတယ်။ EU ကို အရှေ့ဥရောပ၊ အနောက်ဥရောပ၊ စကင်ဒီနေဗီးယားနဲ့ ဗြိတိသျှ ကျွန်းတွေ ဆိုပြီး လေးစု ကွဲသွားပါလိမ့်မယ်။ သူတို့ဟာ မိတ်ဆွေတွေတော့ ဖြစ်နေဦးမှာပါ။ အခုလောက်တော့ နီးစပ်နေမှာ မဟုတ်ပါဘူး။

၆. တူရကီနဲ့ US ဟာ ထင်မှတ်မထားတဲ့ မဟာမိတ် ဖွဲ့ရပါလိမ့်မယ်

အာရပ်နိုင်ငံတွေ တစ်ခုပြီးတစ်ခု ပြိုလဲနေပြီး အဲဒါဟာ ရပ်တန့်လို့ မရနိုင်သေးပါဘူး။ အဲဒိအဖြစ်အပျက်ကနေ တူရကီက အကျိုးအမြတ် ရနေပါတယ်။ တူရကီဟာ သူတို့ နယ်စပ်တွေမှာ ပြသနာဖြစ်မှာကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။ အဲဒိအတွက် စစ်အင်အားအကူအညီဖို့ US နဲ့ မိတ်ဖွဲ့ရပါလိမ့်မယ်။ တူရကီကလဲ US ကို ရုရှားကိစ္စအတွက် ကူညီပါလိမ့်မယ်။

၇. တရုတ်ဟာ ပြသနာ အကြီးကြီး ကြံုရပါလိမ့်မယ်

တရုတ်ဟာ စီးပွားရေးတိုးတက်မှု နှေးကွေးတဲ့ ခေတ်တစ်ခေတ်ကို ကြံုရမှာပါ။ အဲဒါကြောင့် ကွန်မြုနစ်ပါတီကို ဆန့်ကျင်မှုတွေကို တစ်နိုင်ငံလုံး တွေ့ရမှာပါ။ ဒါပေမယ့် ပါတီက ဆန့်ကျင်မှုတွေကို အင်အားနဲ့ ဖိနှိပ်ထားမှာပါ။ တရုတ်ရဲ့ ကမ်းရိုးတန်းမြို့တွေဟာ အလျင်အမြန်တိုးတက်နေပေမယ့် အတွင်းပိုင်း မြို့တွေကတော့ ခေတ်နောက်ကျနေပါသေးတယ်။ အဲဒါကြောင့် နိုင်ငံ ပြိုကွဲသွားနိုင်မဲ့ အန္တရာယ်ကို ဘေကျင်း ကြံုတွေ့ရမှာပါ။

၈. ဂျပန်ရေတပ်အင်အား ကြီးလာပါလိမ့်မယ်

ဂျပန်ဟာ ကျွန်းနိုင်ငံဖြစ်လို့ သွင်းကုန်တွေ လိုအပ်ပါတယ်။ တရုတ်က ရေတပ်အင်အားတိုးချဲ့လာတာနဲ့အညီ ဂျပန်ရဲ့ သွင်းကုန်လမ်းကြောင်းတွေဖြစ်တဲ့ တရုတ်ပင်လယ်ပြင်နဲ့ အိန္ဒိယ သမုဒ္ဒရာကို ထိန်းချုပ်လာပါလိမ့်မယ်။ အမေရကန်ပါဝါ ကျဆင်းနေတာကြောင့် ဂျပန်ဟာ သူတို့သွင်းကုန်လမ်းကြောင်းတွေကို သူတို့ဘာသာ ထိန်းသိမ်းရပါလိမ့်မယ်။

၉. တောင်တရုတ်ပင်လယ်က ကျွန်းတွေကြောင့် စစ်မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်….

အနီးအနားက ပါဝါနိုင်ငံတွေဟာ တောင်တရုတ်ပင်လယ်ကျွန်းတွေဟာ စစ်ရေးအရ မထိုက်တန်ဘူးလို့ သတ်မှတ်ကြပါလိမ့်မယ်။ အဲဒိနေရာမှာ ပါဝါပြမှုတွေကတော့ ဖြစ်နေမှာပါ။ တကယ် အရေးကြီးတဲ့ နေရာတွေဟာ အရှေ့အာရှဘက်မှာ ဖြစ်နေပါလိမ့်မယ်။

၁၀. တရုတ်နိုင်ငံ အငယ်စားလေး ဆယ့်ခြောက်နိုင်ငံ ဖြစ်လာပါလိမ့်မယ်

တရုတ် စီးပွားရေးတိုးတက်မှု လျော့ပြီး ကုန်ထုတ်လုပ်မှု လျော့ကျလာတာနဲ့အတူ တရုတ် လုပ်နေကျ စက်မှုလုပ်ငန်း အငယ်စားတွေဟာ စုစုပေါင်းလူဦးရေ သန်း ၁၁၅၀ ရှိတဲ့ စီးပွားရေးတိုးတက်လာတဲ့ နိုင်ငံ ၁၆ နိုင်ငံကို ပြောင်းရွှေ့လာပါလိမ့်မယ်။ မက်ဆီကို၊ နီကာရာဂွာ၊ ဒိုမီနီကန်၊ ပီရူး၊ အီသီယိုးပီးရား၊ ယူဂန်ဒါ၊ ကင်ညာ၊ တန်ဇန်းနီးယား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ သီရိလင်္ကာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့ဟာ အလုပ်အကိုင်တွေ ရောက်လာတာနဲ့အတူ စီးပွားရေးတိုးတက်မှုတွေ နောက် ဆယ်စုနှစ်မှာ တွေ့လာရမှာပါ။

၁၁. US ပါဝါ လျော့ကျသွားပါမယ်

ကမ္ဘာကြီးဟာ နောက် ၁၀ နှစ်မှာ ပြသနာတွေ ရှုပ်ထွေးလာတာနဲ့ US ဟာ ပြသနာတွေကို ဖြေရှင်းရာမှာ ခေါင်းဆောင်မလုပ်တော့ပဲ သူ ကြိုက်တဲ့ ပြသနာတွေကိုပဲ ရွေးချယ်ရှင်းတော့မှာပါ။ စီးပွားရေးတိုးတက်နေမှု၊ စွမ်းအင် ထုတ်လုပ်နိုင်မှု၊ ပို့ကုန် မပို့ပဲနေနိုင်မှုနဲ့ ကမ္ဘာကြီးရဲ့ အလုံခြံုဆုံးနေရာမှာ ရှိမှုတို့တွေဟာ US ကို ကမ္ဘာ့ပြသနာတွေကနေ ကာကွယ်ပေးထားမှာပါ။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%