သင့္၀န္ထမ္းမ်ားကို ေပ်ာ္ရႊင္ေစမည့္ နည္းလမ္းေကာင္းမ်ား

အရည္အခ်င္းရွိ ၀န္ထမ္းေကာင္းမ်ား စြဲျမဲေရးဟာ စီးပြားေရးလုပ္ငန္းတစ္ခုအတြက္ အလြန္အေရးႀကီးပါတယ္။ အေရးပါတဲ့ ၀န္ထမ္းေတြဆံုး႐ႈံးရတာဟာ လုပ္ငန္းတစ္ခုအတြက္ နစ္နာစရာေတြမ်ားၿပီး ျပန္လည္အစားထိုးႏုိင္ဖို႔ကလည္း အခ်ိန္ေပးရတဲ့ ကိစၥတစ္ခုျဖစ္သလို လုပ္ငန္းလည္ပတ္မႈကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္အလုပ္မွာ ၀န္ထမ္းေကာင္းေတြ ေပ်ာ္ရႊင္စြာ လုပ္ကိုင္ႏိုင္မယ့္ နည္းလမ္းေကာင္းေတြကို စုစည္းေဖာ္ျပလိုက္ပါတယ္။

(၁) ပြင့္လင္းျမင္သာမႈရွိပါေစ။

သင့္အေနနဲ႔ ဆံုးျဖတ္ခ်က္တစ္ခုခ်မွတ္ရာမွာပဲျဖစ္ျဖစ္၊ မူ၀ါဒအသစ္တစ္ခုခ်မွတ္တာပဲျဖစ္ျဖစ္ ဘာေၾကာင့္ ဒီလိုေဆာင္ရြက္ရသလဲ ဆိုတာကို ေသခ်ာရွင္းျပဖို႔လိုအပ္ပါတယ္။ ဒီလိုဆိုရင္ ၀န္ထမ္းေတြအေနနဲ႔ ဆံုးျဖတ္ခ်က္ေနာက္ကြယ္က အေၾကာင္းရင္းကို နားလည္သြားမွာျဖစ္တဲ့အတြက္ သင့္ဆံုးျဖတ္ခ်က္ကို ေလးစားလိုက္နာၾကမွာျဖစ္သလို သင္နဲ႔ သင့္လုပ္ငန္းအေပၚမွာလည္း သစၥာရွိေနမွာျဖစ္ပါတယ္။

(၂) အသိအမွတ္ျပဳေပးပါ။

လုပ္ငန္းခြင္တစ္ခုမွာ အားလံုးက ရည္မွန္းခ်က္ရွိရွိနဲ႔ ေအာင္ျမင္ဖို႔ႀကိဳးစားၾကရပါတယ္။ ဒီလိုႀကိဳးစားၾကရာမွာ တစ္ဦးရဲ႕ ၿပီးေျမာက္ ေအာင္ျမင္မႈကို တစ္ဦးက အသိအမွတ္ျပဳတတ္ၾကဖို႔လိုအပ္ပါတယ္။ ေအာင္ျမင္မႈတိုင္းအတြက္ အသိအမွတ္ျပဳေပးျခင္းျဖင့္ ၀န္ထမ္းအားလံုးေပ်ာ္ရႊင္ႏိုင္ၾကမွာျဖစ္ပါတယ္။

(၃) လုပ္ပိုင္ခြင့္ လႊဲအပ္ေပးပါ။

၀န္ထမ္းေတြဟာ သင့္လုပ္ငန္းရဲ႕ အေရးအႀကီးဆံုးပိုင္ဆိုင္မႈေတြျဖစ္ပါတယ္။ သင့္၀န္ထမ္းေတြအေနနဲ႔ အျမဲတမ္း ဆန္းသစ္တဲ့ စိတ္ကူးေတြ ထက္ျမက္တဲ့ အျမင္ေတြရွိေနေစဖို႔ အတြက္ သင့္ေတာ္တဲ့ လုပ္ပိုင္ခြင့္ေတြေပးအပ္ထားဖို႔လိုပါတယ္။ ၀န္ထမ္းေတြ ထိေရာက္စြာ အလုပ္လုပ္ႏိုင္ဖို႔ လိုအပ္တဲ့ ပစၥည္းကိရိယာေတြနဲ႔ ေလ့က်င့္သင္ၾကားေပးမႈေတြကိုပါ ျဖည့္ဆည္းေပးမယ္ဆိုရင္ အားလံုး လုပ္ငန္းခြင္မွာ ေပ်ာ္ရႊင္ၿပီး သင့္လုပ္ငန္းအတြက္ အက်ိဳးရလဒ္ေကာင္းေတြကို ေဆာင္က်ဥ္းေပးႏိုင္မွာ ျဖစ္ပါတယ္။

(၄) ၀န္ထမ္းမ်ား၏ အရည္အခ်င္းကို ျမွင့္တင္ေပးပါ။

အရည္အခ်င္းရွိ ၀န္ထမ္းေကာင္းေတြဟာ ဘယ္အလုပ္မွာပဲျဖစ္ျဖစ္ တန္ဖိုးရွိသူေတြျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ၀န္ထမ္းေတြ စဥ္ဆက္ မျပတ္ေလ့လာသင့္ယူႏိုင္ေစဖို႔ စီစဥ္ေပးရမွာျဖစ္ၿပီး သူတို႔အစြမ္းအစေတြထုတ္ျပႏိုင္မယ့္ အခြင့္အလမ္းေတြလည္း ဖန္တီးေပးဖို႔ လိုအပ္ပါတယ္။ သင့္လုပ္ငန္းမွာ ၀န္ထမ္းေတြအတြက္ အရည္အခ်င္းေကာင္းေတြ ျဖည့္ဆည္းဖို႔ ေလ့လာသင္ယူႏိုင္မယ္ဆိုရင္ သူတို႔အတြက္ အျခားအလုပ္ကို ေျပာင္းေရႊ႕လုပ္ကိုင္ဖို႔ စိတ္၀င္စားၾကမွာမဟုတ္ပါဘူး။

(၅) ေပ်ာ္ရႊင္စရာ လုပ္ငန္းခြင္ ဖန္တီးေပးပါ။

သင့္၀န္ထမ္းေတြအေနနဲ႔ လုပ္ငန္းခြင္အတြင္းမွာ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေပ်ာ္ရႊင္ေနမယ္ဆိုရင္ အလုပ္မလာခ်င္တဲ့သူ ရွိမွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ အားလံုးအတူတကြ ေအာင္ပြဲခံတာ၊ ခရီးသြားတာ၊ ညစာစားတာေတြက လုပ္ေဖာ္ကိုင္ဖက္ေတြ အခ်င္းခ်င္းပိုမို ရင္းႏွီးေစၿပီး ေန႔စဥ္ေန႔တိုင္း အလုပ္လာဖို႔ တက္ၾကြေနၾကမွာျဖစ္ပါတယ္။

(၆) ဆုခ်ီးျမွင့္အသိအမွတ္ျပဳျခင္း

၀န္ထမ္းတိုင္းဟာ သူတို႔အလုပ္ႀကိဳးစားမႈအတြက္ အသိအမွတ္ျပဳခံခ်င္ၾကပါတယ္။ အလုပ္ႀကိဳးစားသူ ၀န္ထမ္းတစ္ဦးကို အပိုဆုေၾကးေပးတာကေတာ့ ႐ုိးရွင္းတဲ့ အသိအမွတ္ျပဳျခင္းပဲျဖစ္ပါတယ္။ ဒါ့အျပင္ ကုမၸဏီ၀က္ဘ္ဆိုက္မွာ ထူးခၽြန္၀န္ထမ္းရဲ႕ စြမ္းေဆာင္ခ်က္ကို ေဖာ္ျပေပးတာမ်ိဳးကလည္း အက်ိဳးသက္ေရာက္မႈရွိပါတယ္။ သင့္အေနနဲ႔ သင့္၀န္ထမ္းေတြဟာ အဖြဲ႕အစည္း အတြက္ ဘယ္လိုဘယ္ပံု အေရးပါသလဲ၊ တန္ဖိုးရွိလဲဆိုတာကို သူတို႔သိျမင္ေစမယ့္ နည္းလမ္းေတြကို ဖန္တီးေပးဖို႔ လိုပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

သင့်ဝန်ထမ်းများကို ပျော်ရွှင်စေမည့် နည်းလမ်းကောင်းများ
**************************************

အရည်အချင်းရှိ ၀န်ထမ်းကောင်းများ စွဲမြဲရေးဟာ စီးပွားရေးလုပ်ငန်းတစ်ခုအတွက် အလွန်အရေးကြီးပါတယ်။ အရေးပါတဲ့ ၀န်ထမ်းတွေဆုံးရှုံးရတာဟာ လုပ်ငန်းတစ်ခုအတွက် နစ်နာစရာတွေများပြီး ပြန်လည်အစားထိုးနိုင်ဖို့ကလည်း အချိန်ပေးရတဲ့ ကိစ္စတစ်ခုဖြစ်သလို လုပ်ငန်းလည်ပတ်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်အလုပ်မှာ ၀န်ထမ်းကောင်းတွေ ပျော်ရွှင်စွာ လုပ်ကိုင်နိုင်မယ့် နည်းလမ်းကောင်းတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

(၁) ပွင့်လင်းမြင်သာမှုရှိပါစေ။
သင့်အနေနဲ့ ဆုံးဖြတ်ချက်တစ်ခုချမှတ်ရာမှာပဲဖြစ်ဖြစ်၊ မူဝါဒအသစ်တစ်ခုချမှတ်တာပဲဖြစ်ဖြစ် ဘာကြောင့် ဒီလိုဆောင်ရွက်ရသလဲ ဆိုတာကို သေချာရှင်းပြဖို့လိုအပ်ပါတယ်။ ဒီလိုဆိုရင် ၀န်ထမ်းတွေအနေနဲ့ ဆုံးဖြတ်ချက်နောက်ကွယ်က အကြောင်းရင်းကို နားလည်သွားမှာဖြစ်တဲ့အတွက် သင့်ဆုံးဖြတ်ချက်ကို လေးစားလိုက်နာကြမှာဖြစ်သလို သင်နဲ့ သင့်လုပ်ငန်းအပေါ်မှာလည်း သစ္စာရှိနေမှာဖြစ်ပါတယ်။

(၂) အသိအမှတ်ပြုပေးပါ။
လုပ်ငန်းခွင်တစ်ခုမှာ အားလုံးက ရည်မှန်းချက်ရှိရှိနဲ့ အောင်မြင်ဖို့ကြိုးစားကြရပါတယ်။ ဒီလိုကြိုးစားကြရာမှာ တစ်ဦးရဲ့ ပြီးမြောက် အောင်မြင်မှုကို တစ်ဦးက အသိအမှတ်ပြုတတ်ကြဖို့လိုအပ်ပါတယ်။ အောင်မြင်မှုတိုင်းအတွက် အသိအမှတ်ပြုပေးခြင်းဖြင့် ၀န်ထမ်းအားလုံးပျော်ရွှင်နိုင်ကြမှာဖြစ်ပါတယ်။

(၃) လုပ်ပိုင်ခွင့် လွှဲအပ်ပေးပါ။
၀န်ထမ်းတွေဟာ သင့်လုပ်ငန်းရဲ့ အရေးအကြီးဆုံးပိုင်ဆိုင်မှုတွေဖြစ်ပါတယ်။ သင့်ဝန်ထမ်းတွေအနေနဲ့ အမြဲတမ်း ဆန်းသစ်တဲ့ စိတ်ကူးတွေ ထက်မြက်တဲ့ အမြင်တွေရှိနေစေဖို့ အတွက် သင့်တော်တဲ့ လုပ်ပိုင်ခွင့်တွေပေးအပ်ထားဖို့လိုပါတယ်။ ၀န်ထမ်းတွေ ထိရောက်စွာ အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေနဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကိုပါ ဖြည့်ဆည်းပေးမယ်ဆိုရင် အားလုံး လုပ်ငန်းခွင်မှာ ပျော်ရွှင်ပြီး သင့်လုပ်ငန်းအတွက် အကျိုးရလဒ်ကောင်းတွေကို ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။

(၄) ၀န်ထမ်းများ၏ အရည်အချင်းကို မြှင့်တင်ပေးပါ။
အရည်အချင်းရှိ ၀န်ထမ်းကောင်းတွေဟာ ဘယ်အလုပ်မှာပဲဖြစ်ဖြစ် တန်ဖိုးရှိသူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ၀န်ထမ်းတွေ စဉ်ဆက် မပြတ်လေ့လာသင့်ယူနိုင်စေဖို့ စီစဉ်ပေးရမှာဖြစ်ပြီး သူတို့အစွမ်းအစတွေထုတ်ပြနိုင်မယ့် အခွင့်အလမ်းတွေလည်း ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ သင့်လုပ်ငန်းမှာ ၀န်ထမ်းတွေအတွက် အရည်အချင်းကောင်းတွေ ဖြည့်ဆည်းဖို့ လေ့လာသင်ယူနိုင်မယ်ဆိုရင် သူတို့အတွက် အခြားအလုပ်ကို ပြောင်းရွှေ့လုပ်ကိုင်ဖို့ စိတ်ဝင်စားကြမှာမဟုတ်ပါဘူး။

(၅) ပျော်ရွှင်စရာ လုပ်ငန်းခွင် ဖန်တီးပေးပါ။
သင့်ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်အတွင်းမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ရွှင်နေမယ်ဆိုရင် အလုပ်မလာချင်တဲ့သူ ရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အားလုံးအတူတကွ အောင်ပွဲခံတာ၊ ခရီးသွားတာ၊ ညစာစားတာတွေက လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်းပိုမို ရင်းနှီးစေပြီး နေ့စဉ်နေ့တိုင်း အလုပ်လာဖို့ တက်ကြွနေကြမှာဖြစ်ပါတယ်။

(၆) ဆုချီးမြှင့်အသိအမှတ်ပြုခြင်း
၀န်ထမ်းတိုင်းဟာ သူတို့အလုပ်ကြိုးစားမှုအတွက် အသိအမှတ်ပြုခံချင်ကြပါတယ်။ အလုပ်ကြိုးစားသူ ၀န်ထမ်းတစ်ဦးကို အပိုဆုကြေးပေးတာကတော့ ရိုးရှင်းတဲ့ အသိအမှတ်ပြုခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီဝက်ဘ်ဆိုက်မှာ ထူးချွန်ဝန်ထမ်းရဲ့ စွမ်းဆောင်ချက်ကို ဖော်ပြပေးတာမျိုးကလည်း အကျိုးသက်ရောက်မှုရှိပါတယ်။ သင့်အနေနဲ့ သင့်ဝန်ထမ်းတွေဟာ အဖွဲ့အစည်း အတွက် ဘယ်လိုဘယ်ပုံ အရေးပါသလဲ၊ တန်ဖိုးရှိလဲဆိုတာကို သူတို့သိမြင်စေမယ့် နည်းလမ်းတွေကို ဖန်တီးပေးဖို့ လိုပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%