ဆယ္ေက်ာ္သက္အရြယ္ဆိုတာဟာ ကေလးဘ၀ကေန လူႀကီးဘ၀ကို ကူးေျပာင္းေနတဲ့ကာလျဖစ္ပါတယ္။ ဒီအရြယ္ဟာ စပ္စုလိုစိတ္မ်ားၿပီး သူတို႔ျမင္ေတြ႕ရသမွ် စတိုင္နဲ႔လႈပ္ရွားမႈေတြကို အတုခိုးေလ့ရွိတဲ့ အရြယ္လည္းျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေတြ႕သမွ်ကို လိုက္ဖက္မႈရွိမွန္းမသိ မရွိမွန္းမသိ အတုခိုးမေနပဲ မွန္ကန္တဲ့ ဖက္ရွင္ကို ေရြးခ်ယ္ႏိုင္ေစဖို႔ နည္းလမ္းေတြကို ေဖာ္ျပလိုက္ပါတယ္။
၁။ ခႏၶာကိုယ္အရြယ္အစားနဲ႔ ပံုသ႑ာန္ကို ထည့္စဥ္းစားပါ။
ေခတ္ေပၚဖက္ရွင္စတိုင္ေနာက္ကို မ်က္လံုးစံုမိွတ္ၿပီး လိုက္မေနပါနဲ႔။ သင့္ရဲ႕ခႏၶာကိုအခ်ိဳးအစားဟာ သင္ျမင္ေတြ႕ရသူရဲ႕ အခ်ိဳးအစားနဲ႔ ကြဲျပားျခားနားမႈရွိႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သူ၀တ္ထားတဲ့အခါ ၾကည့္ေကာင္းေပမယ့္ ကိုယ္လိုက္၀တ္တဲ့အခါမွာ မလိုက္ဖက္တာမ်ိဳးျဖစ္တတ္ပါတယ္။
၂။ ကိုယ့္ကိုယ္ကို အမွန္တကယ္ယုံၾကည့္မႈရွိေစမည့္ ဖက္ရွင္ကိုေရြးပါ။
ေနာက္ဆံုးေပၚဖက္ရွင္စတိုင္ကို ၀တ္ဆင္ထားမယ္ဆိုရင္ ယုံၾကည္မႈရွိေနမယ္လို႔ လူအမ်ားစုက ထင္ျမင္ေန တတ္ၾကပါတယ္။ သင့္အေနနဲ႔ ေခတ္ေပၚဖက္ရွင္တစ္ခုကို ၀တ္ထားရလို႔ သင့္ကိုယ္သင္ယံုၾကည္မႈရွိေနေပမယ့္ အမ်ားအျမင္မွာ မလိုက္ဖက္လို႔ သူတို႔က ရယ္ၾက၊ ျပံဳးၾကတဲ့အခါမွာ ခံႏိုင္ရည္ရွိႏိုင္ပါ့မလား ဆိုတာကိုလည္း စဥ္းစားပါ။
၃။ အရမ္းအေပါစားမဆန္ပါနဲ႔
အ၀တ္အစား၀တ္ဆင္တဲ့ေနရာမွာ အေပါစားဆန္ဆန္မ၀တ္သင့္ပါဘူး။ ေနာက္ဆံုးေပၚဖက္ရွင္ကို လုိက္ပါ၀တ္စားတယ္ဆိုေပမယ့္ သင့္ေတာ္မႈရွိဖို႔ေတာ့ လိုအပ္ပါလိမ့္မယ္။
၄။ အေရာင္မႈိင္းမႈိင္းေတြကို ေရွာင္ပါ။
အေရာင္မႈိင္းမိႈင္းေတြထက္ သစ္လြင္ေတာက္ပတဲ့အေရာင္ေတြကို အျဖဴအမည္းစတဲ့အေရာင္ေတြနဲ႔ တြဲဖက္ ၀တ္ဆင္သင့္ပါတယ္။ ဒီလို၀တ္ဆင္ျခင္းအားျဖင့္ သင့္ကိုယုံၾကည္မႈတိုးလာေစႏိုင္ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
ဆယ်ကျော်သက်အမျိုးသားများအတွက် မှန်ကန်သည့်ဖက်ရှင်စတိုင်ရွေးချယ်ခြင်း
ဆယ်ကျော်သက်အရွယ်ဆိုတာဟာ ကလေးဘဝကနေ လူကြီးဘဝကို ကူးပြောင်းနေတဲ့ကာလဖြစ်ပါတယ်။ ဒီအရွယ်ဟာ စပ်စုလိုစိတ်များပြီး သူတို့မြင်တွေ့ရသမျှ စတိုင်နဲ့လှုပ်ရှားမှုတွေကို အတုခိုးလေ့ရှိတဲ့ အရွယ်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် တွေ့သမျှကို လိုက်ဖက်မှုရှိမှန်းမသိ မရှိမှန်းမသိ အတုခိုးမနေပဲ မှန်ကန်တဲ့ ဖက်ရှင်ကို ရွေးချယ်နိုင်စေဖို့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ ခန္ဓာကိုယ်အရွယ်အစားနဲ့ ပုံသဏ္ဍာန်ကို ထည့်စဉ်းစားပါ။
ခေတ်ပေါ်ဖက်ရှင်စတိုင်နောက်ကို မျက်လုံးစုံမှိတ်ပြီး လိုက်မနေပါနဲ့။ သင့်ရဲ့ခန္ဓာကိုအချိုးအစားဟာ သင်မြင်တွေ့ရသူရဲ့ အချိုးအစားနဲ့ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒါ့ကြောင့် သူဝတ်ထားတဲ့အခါ ကြည့်ကောင်းပေမယ့် ကိုယ်လိုက်ဝတ်တဲ့အခါမှာ မလိုက်ဖက်တာမျိုးဖြစ်တတ်ပါတယ်။
၂။ ကိုယ့်ကိုယ်ကို အမှန်တကယ်ယုံကြည့်မှုရှိစေမည့် ဖက်ရှင်ကိုရွေးပါ။
နောက်ဆုံးပေါ်ဖက်ရှင်စတိုင်ကို ၀တ်ဆင်ထားမယ်ဆိုရင် ယုံကြည်မှုရှိနေမယ်လို့ လူအများစုက ထင်မြင်နေ တတ်ကြပါတယ်။ သင့်အနေနဲ့ ခေတ်ပေါ်ဖက်ရှင်တစ်ခုကို ၀တ်ထားရလို့ သင့်ကိုယ်သင်ယုံကြည်မှုရှိနေပေမယ့် အများအမြင်မှာ မလိုက်ဖက်လို့ သူတို့က ရယ်ကြ၊ ပြုံးကြတဲ့အခါမှာ ခံနိုင်ရည်ရှိနိုင်ပါ့မလား ဆိုတာကိုလည်း စဉ်းစားပါ။
၃။ အရမ်းအပေါစားမဆန်ပါနဲ့
အဝတ်အစားဝတ်ဆင်တဲ့နေရာမှာ အပေါစားဆန်ဆန်မဝတ်သင့်ပါဘူး။ နောက်ဆုံးပေါ်ဖက်ရှင်ကို လိုက်ပါ၀တ်စားတယ်ဆိုပေမယ့် သင့်တော်မှုရှိဖို့တော့ လိုအပ်ပါလိမ့်မယ်။
၄။ အရောင်မှိုင်းမှိုင်းတွေကို ရှောင်ပါ။
အရောင်မှိုင်းမှိုင်းတွေထက် သစ်လွင်တောက်ပတဲ့အရောင်တွေကို အဖြူအမည်းစတဲ့အရောင်တွေနဲ့ တွဲဖက် ၀တ်ဆင်သင့်ပါတယ်။ ဒီလိုဝတ်ဆင်ခြင်းအားဖြင့် သင့်ကိုယုံကြည်မှုတိုးလာစေနိုင်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================