လူမုန္းမ်ားေစသည့္ အက်င့္စရုိက္ (၅)ခု

လူမႈ၀န္းက်င္ အသိုင္းအ၀ိုင္း တစ္ခုထဲကို သင္၀င္ေရာက္တဲ့အခါမွာ လူေတြေပ်ာ္ရႊင္ၾကသလား ဒါမွမဟုတ္ သင္ထြက္သြားေတာ့မွ စိတ္ခ်မ္းသာၾကသလား။ လူေတြမႏွစ္သက္ၾကပဲ ေ၀းေ၀းေရွာင္သြားေစတဲ့ အက်င့္ဆိုးေတြ သင့္မွာရွိေနသလား။ ဒါေတြကို ဆင္ျခင္သံုးသပ္ၿပီး ျပင္ဆင္ႏိုင္ဖို႔အတြက္ လူမုန္းမ်ားေစသည့္ အက်င့္စရုိက္ (၅)ခုကို စုစည္းေပးလိုက္ပါတယ္။

(၁) စိတ္ညစ္စရာမ်ားညည္းညဴတတ္ျခင္း

ကၽြန္ေတာ္တို႔ပတ္၀န္းက်င္မွာ စိတ္ဓာတ္က်ညည္းညဴတတ္တဲ့လူေတြ အမ်ားႀကီးရွိပါတယ္။ သူတို႔ေတြက အခ်ိန္တိုင္းလိုလို ညည္းညဴမယ္၊ တိုင္တန္းမယ္၊ သူတို႔ဘ၀အဆင္မေျပမႈေတြကို အေသးစိတ္အထိေျပာေနတတ္ၾကပါတယ္။

သင္ေရာ အဲဒီလိုလူမ်ိဳးဟုတ္မဟုတ္ဆိုတာကေတာ့ သင္ဘယ္အေၾကာင္းအရာေတြကို အမ်ားဆံုးေျပာလဲဆိုတာကို သတိထား ၾကည့္ပါ။ မနက္ခင္းမ်ား တစ္ေယာက္ေယာက္ကို ေတြ႔တာနဲ႔ လမ္းေၾကာဘယ္ေလာက္ပိတ္တဲ့အေၾကာင္းေတြ၊ ညက ညဥ္႔နက္မွ အိပ္ရတဲ့အေၾကာင္းေတြ၊ အရမ္းအလုပ္မ်ားတဲ့အေၾကာင္းေတြ ေျပာမိေနတယ္ဆိုရင္ သင္လည္း ညည္းညဴတတ္သူတစ္ဦးပါပဲ။

ညည္းညဴတတ္သူေတြကို လူေတြက အခ်ိန္ၾကာျမင့္စြာ စကားမေျပာခ်င္ၾကပါဘူး။ ဒါ့ေၾကာင့္ ညည္းညဴးတတ္တဲ့အက်င့္ကို ေဖ်ာက္ၿပီး ေကာင္းတာေလးေတြ၊ စိတ္ေက်နပ္စရာေလးေတြကို မွ်ေ၀ေျပာဆိုေပးဖို႔ လိုအပ္ပါတယ္။

(၂) အပိုစကားမ်ားလြန္းျခင္း

လုပ္ငန္းခြင္ထဲမွာပဲျဖစ္ျဖစ္၊ ခရီးသြားရင္းနဲ႔ပဲျဖစ္ျဖစ္ နားေထာင္ခ်င္မွန္းမသိ မေထာင္ခ်င္မွန္းမသိ စကားေတြကို မရပ္မနား ေျပာတတ္သူေတြနဲ႔ ဆံုေတြ႔ဖူးပါသလား။ အဲဒီလို စကားမ်ားလြန္းတာဟာလည္း ပတ္၀န္းက်င္က လူေတြမႀကိဳက္တဲ့ စရိုက္ တစ္ခုပဲ ျဖစ္ပါတယ္။ သင္လာၿပီဆိုတာနဲ႔ လူစုကြဲသြားတာမ်ိဳး၊ သင္ေျပာသမွ် အင္း လိုက္ၿပီး ၿပီးၿပီးေရာေျဖေနတာမ်ိဳးေတြက သင့္ကို အပိုစကားေတြေျပာလြန္းတဲ့လူအျဖစ္ သတ္မွတ္ထားလို႔ပဲျဖစ္ပါတယ္။

ဒီအခ်က္ကို ျပင္ဆင္ဖို႔က လြယ္ကူပါတယ္။ စကားသိပ္မေျပာမိေအာင္ ထိန္းဖို႔ပါပဲ။ သင္ကခ်ည္းပဲ ဦးေဆာင္ၿပီးေျပာေနမယ့္အစား တျခားလူေတြကိုအလွည့္ေပးၿပီး သူတို႔ရဲ႕ ထင္ျမင္ယူဆခ်က္ေတြကိုလည္း နားေထာင္ေပးသင့္ပါတယ္။ အေကာင္းဆံုးနည္းလမ္း ကေတာ့ တစ္ခုခုမေျပာခင္မွာ စိတ္ထဲကေန တစ္ကေနသံုးအထိ ေရတြက္ၿပီးမွ ေျပာဆိုတာပဲျဖစ္ပါတယ္။

(၃) အျခားသို႔ အာရုံပ်ံ႕လြင့္ျခင္း

စကား၀ိုင္းတစ္ခု၊ ညစာစားပြဲတစ္ခု ဒါမွမဟုတ္ အစည္းအေ၀းတစ္ခုမွာ သင္ကဖုန္းတစ္လုံးကိုင္ၿပီး ဖုန္းေျပာလိုက္၊ မက္ေဆ့ဂ်္ပို႔လိုက္၊ လုပ္ေနတာမ်ိဳးဟာလည္း ပတ္၀န္းက်င္ကလူေတြမႀကိဳက္တဲ့ အမူအက်င့္ဆိုးတစ္ခုပဲျဖစ္ပါတယ္။

ဒီအက်င့္ဆိုးမ်ိဳးကို ေဖ်ာက္ပစ္ခ်င္တယ္ဆိုရင္ေတာ့ သင့္ရဲ႕ဖုန္း၊ တက္ဘလက္နဲ႔ လက္ေတာ့ပ္ကြန္ပ်ဴတာေတြကို ယူမလာမိ ေအာင္ ႀကိဳးစားပါ။ ဒီပစၥည္းေတြထားခဲ့တဲ့အတြက္ အဆက္အသြယ္ျပတ္သလိုျဖစ္ေပမယ့္ အျခားလူေတြနဲ႔ ေပ်ာ္ရႊင္စရာ ေကာင္းတဲ့ ဆက္ဆံေရးမ်ိဳးတည္ေဆာက္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီဂ်စ္တယ္ပစၥည္းေတြအေပၚစြဲလမ္းမႈကို ျဖတ္ၿပီး လူေတြနဲ႔ ျပန္ဆက္သြယ္ပါ။ သင့္ဆီကေန သူတို႔ရထိုက္တဲ့ အာရုံစိုက္မႈကို ျပန္ေပးပါလို႔ အၾကံျပဳခ်င္ပါတယ္။

(၄) ကိုယ့္ဂုဏ္ကိုယ္ အမႊန္းတင္ျခင္း

သင္က သူမ်ားေတြထက္ပိုသိ ပိုတတ္ေၾကာင္း၊ ဒီအေျခအေနေရာက္ေအာင္ ဘယ္လိုသင္ယူခဲ့ရေၾကာင္း၊ စသျဖင့္ ကိုယ့္ကိုယ္ကုိ ဂုဏ္တင္လြန္းတာဟာလည္း လူအျမင္ကတ္ေစတဲ့ အက်င့္ဆိုးတစ္ခုပဲျဖစ္ပါတယ္။

သင့္ကုိယ္သင္ ဂုဏ္တင္မိေနလားဆိုတာကို သိႏိုင္ဖို႔အတြက္ကေတာ့ သင္တျခားလူေတြကို ဆက္ဆံပံုကို သတိထားၾကည့္ပါ။ သူတို႔ကို ႏွိမ္ခ်ေျပာဆိုေနမိလား၊ မေတာင္းပဲနဲ႔ အၾကံဥာဏ္ေတြေပးေနမိလား၊ ျပန္ေတြးၾကည့္ပါ။ ဒီလိုေတြလုပ္ေနမိတယ္ဆိုရင္ ေတာ့ ေျပာင္းလဲဖို႔ႀကိဳးစားရပါလိမ့္မယ္။

အၾကံဥာဏ္ေတာင္းမွ ေပးပါ။ ေတာင္းဆိုလာတဲ့အတိုင္းအတာကိုပဲ ေျပာျပၿပီး မက်ယ္ျပန္႔သြားေအာင္ ဂရုစိုက္ပါ။ အမွားလုပ္မိသူ ကို ျမည္တြန္ေတာက္တီးေနမယ့္အစား ေနာက္တစ္ႀကိမ္ျပန္သင္ေပးဖို႔ ႀကိဳးစားပါ။

(၅) ရိုးသားမႈမရွိပဲ အမ်ားအႀကိဳက္ေဆာင္ျခင္း

လူေတြက အတုေယာင္ကို ခ်က္ခ်င္းရိပ္မိတတ္ၾကပါတယ္။ ဒါ့ေၾကာင့္မို႔လို႔ သင့္ကို ႏွစ္သက္လာေအာင္လို႔ မရွိတာကို အရွိလုပ္ ၿပီး ဟန္ေဆာင္ေနတာမ်ိဳးေတြ၊ အမ်ားအႀကိဳက္ေဆာင္ေနတာမ်ိဳးေတြ မလုပ္သင့္ပါဘူး။ အဲဒီလို ဟန္ေဆာင္ေနမယ့္အစား ရိုးသား ၾကင္နာတတ္သူကို လူေတြက ပိုၿပီးလိုလားတတ္ၾကပါတယ္။

လူအမ်ားစုက အျပဳသေဘာေဆာင္တဲ့ သေဘာထားကြဲလြဲမႈေတြနဲ႔ မတူညီတဲ့ ရႈေထာင့္ေတြကို လက္ခံတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ဘာမွန္းညာမွန္းမသိ မလုပ္ခ်င္တဲ့ကိစၥကို သေဘာတူေနတတ္တဲ့အက်င့္ကို ေဖ်ာက္ပစ္ဖို႔လိုအပ္ပါတယ္။ သင္ သေဘာမတူႏိုင္စရာ အေရးကိစၥတစ္ခုခုကို တစ္စံုတစ္ဦးကေျပာလာခဲ့ရင္လည္း မယုတ္မလြန္ အက်ိဳးအေၾကာင္းသင့္ ေျပာဆိုျငင္းဆန္တတ္ေအာင္ ႀကိဳးစားရမွာျဖစ္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

လူမုန်းများစေသည့် အကျင့်စရိုက် (၅)ခု

လူမှုဝန်းကျင် အသိုင်းအဝိုင်း တစ်ခုထဲကို သင်ဝင်ရောက်တဲ့အခါမှာ လူတွေပျော်ရွှင်ကြသလား ဒါမှမဟုတ် သင်ထွက်သွားတော့မှ စိတ်ချမ်းသာကြသလား။ လူတွေမနှစ်သက်ကြပဲ ဝေးဝေးရှောင်သွားစေတဲ့ အကျင့်ဆိုးတွေ သင့်မှာရှိနေသလား။ ဒါတွေကို ဆင်ခြင်သုံးသပ်ပြီး ပြင်ဆင်နိုင်ဖို့အတွက် လူမုန်းများစေသည့် အကျင့်စရိုက် (၅)ခုကို စုစည်းပေးလိုက်ပါတယ်။

(၁) စိတ်ညစ်စရာများညည်းညူတတ်ခြင်း
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ စိတ်ဓာတ်ကျညည်းညူတတ်တဲ့လူတွေ အများကြီးရှိပါတယ်။ သူတို့တွေက အချိန်တိုင်းလိုလို ညည်းညူမယ်၊ တိုင်တန်းမယ်၊ သူတို့ဘဝအဆင်မပြေမှုတွေကို အသေးစိတ်အထိပြောနေတတ်ကြပါတယ်။
သင်ရော အဲဒီလိုလူမျိုးဟုတ်မဟုတ်ဆိုတာကတော့ သင်ဘယ်အကြောင်းအရာတွေကို အများဆုံးပြောလဲဆိုတာကို သတိထား ကြည့်ပါ။ မနက်ခင်းများ တစ်ယောက်ယောက်ကို တွေ့တာနဲ့ လမ်းကြောဘယ်လောက်ပိတ်တဲ့အကြောင်းတွေ၊ ညက ညဉ့်နက်မှ အိပ်ရတဲ့အကြောင်းတွေ၊ အရမ်းအလုပ်များတဲ့အကြောင်းတွေ ပြောမိနေတယ်ဆိုရင် သင်လည်း ညည်းညူတတ်သူတစ်ဦးပါပဲ။
ညည်းညူတတ်သူတွေကို လူတွေက အချိန်ကြာမြင့်စွာ စကားမပြောချင်ကြပါဘူး။ ဒါ့ကြောင့် ညည်းညူးတတ်တဲ့အကျင့်ကို ဖျောက်ပြီး ကောင်းတာလေးတွေ၊ စိတ်ကျေနပ်စရာလေးတွေကို မျှဝေပြောဆိုပေးဖို့ လိုအပ်ပါတယ်။

(၂) အပိုစကားများလွန်းခြင်း
လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်၊ ခရီးသွားရင်းနဲ့ပဲဖြစ်ဖြစ် နားထောင်ချင်မှန်းမသိ မထောင်ချင်မှန်းမသိ စကားတွေကို မရပ်မနား ပြောတတ်သူတွေနဲ့ ဆုံတွေ့ဖူးပါသလား။ အဲဒီလို စကားများလွန်းတာဟာလည်း ပတ်ဝန်းကျင်က လူတွေမကြိုက်တဲ့ စရိုက် တစ်ခုပဲ ဖြစ်ပါတယ်။ သင်လာပြီဆိုတာနဲ့ လူစုကွဲသွားတာမျိုး၊ သင်ပြောသမျှ အင်း လိုက်ပြီး ပြီးပြီးရောဖြေနေတာမျိုးတွေက သင့်ကို အပိုစကားတွေပြောလွန်းတဲ့လူအဖြစ် သတ်မှတ်ထားလို့ပဲဖြစ်ပါတယ်။
ဒီအချက်ကို ပြင်ဆင်ဖို့က လွယ်ကူပါတယ်။ စကားသိပ်မပြောမိအောင် ထိန်းဖို့ပါပဲ။ သင်ကချည်းပဲ ဦးဆောင်ပြီးပြောနေမယ့်အစား တခြားလူတွေကိုအလှည့်ပေးပြီး သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကိုလည်း နားထောင်ပေးသင့်ပါတယ်။ အကောင်းဆုံးနည်းလမ်း ကတော့ တစ်ခုခုမပြောခင်မှာ စိတ်ထဲကနေ တစ်ကနေသုံးအထိ ရေတွက်ပြီးမှ ပြောဆိုတာပဲဖြစ်ပါတယ်။

(၃) အခြားသို့ အာရုံပျံ့လွင့်ခြင်း
စကားဝိုင်းတစ်ခု၊ ညစာစားပွဲတစ်ခု ဒါမှမဟုတ် အစည်းအဝေးတစ်ခုမှာ သင်ကဖုန်းတစ်လုံးကိုင်ပြီး ဖုန်းပြောလိုက်၊ မက်ဆေ့ဂျ်ပို့လိုက်၊ လုပ်နေတာမျိုးဟာလည်း ပတ်ဝန်းကျင်ကလူတွေမကြိုက်တဲ့ အမူအကျင့်ဆိုးတစ်ခုပဲဖြစ်ပါတယ်။
ဒီအကျင့်ဆိုးမျိုးကို ဖျောက်ပစ်ချင်တယ်ဆိုရင်တော့ သင့်ရဲ့ဖုန်း၊ တက်ဘလက်နဲ့ လက်တော့ပ်ကွန်ပျူတာတွေကို ယူမလာမိ အောင် ကြိုးစားပါ။ ဒီပစ္စည်းတွေထားခဲ့တဲ့အတွက် အဆက်အသွယ်ပြတ်သလိုဖြစ်ပေမယ့် အခြားလူတွေနဲ့ ပျော်ရွှင်စရာ ကောင်းတဲ့ ဆက်ဆံရေးမျိုးတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဂျစ်တယ်ပစ္စည်းတွေအပေါ်စွဲလမ်းမှုကို ဖြတ်ပြီး လူတွေနဲ့ ပြန်ဆက်သွယ်ပါ။ သင့်ဆီကနေ သူတို့ရထိုက်တဲ့ အာရုံစိုက်မှုကို ပြန်ပေးပါလို့ အကြံပြုချင်ပါတယ်။

(၄) ကိုယ့်ဂုဏ်ကိုယ် အမွှန်းတင်ခြင်း
သင်က သူများတွေထက်ပိုသိ ပိုတတ်ကြောင်း၊ ဒီအခြေအနေရောက်အောင် ဘယ်လိုသင်ယူခဲ့ရကြောင်း၊ စသဖြင့် ကိုယ့်ကိုယ်ကို ဂုဏ်တင်လွန်းတာဟာလည်း လူအမြင်ကတ်စေတဲ့ အကျင့်ဆိုးတစ်ခုပဲဖြစ်ပါတယ်။
သင့်ကိုယ်သင် ဂုဏ်တင်မိနေလားဆိုတာကို သိနိုင်ဖို့အတွက်ကတော့ သင်တခြားလူတွေကို ဆက်ဆံပုံကို သတိထားကြည့်ပါ။ သူတို့ကို နှိမ်ချပြောဆိုနေမိလား၊ မတောင်းပဲနဲ့ အကြံဉာဏ်တွေပေးနေမိလား၊ ပြန်တွေးကြည့်ပါ။ ဒီလိုတွေလုပ်နေမိတယ်ဆိုရင် တော့ ပြောင်းလဲဖို့ကြိုးစားရပါလိမ့်မယ်။
အကြံဉာဏ်တောင်းမှ ပေးပါ။ တောင်းဆိုလာတဲ့အတိုင်းအတာကိုပဲ ပြောပြပြီး မကျယ်ပြန့်သွားအောင် ဂရုစိုက်ပါ။ အမှားလုပ်မိသူ ကို မြည်တွန်တောက်တီးနေမယ့်အစား နောက်တစ်ကြိမ်ပြန်သင်ပေးဖို့ ကြိုးစားပါ။

(၅) ရိုးသားမှုမရှိပဲ အများအကြိုက်ဆောင်ခြင်း
လူတွေက အတုယောင်ကို ချက်ချင်းရိပ်မိတတ်ကြပါတယ်။ ဒါ့ကြောင့်မို့လို့ သင့်ကို နှစ်သက်လာအောင်လို့ မရှိတာကို အရှိလုပ် ပြီး ဟန်ဆောင်နေတာမျိုးတွေ၊ အများအကြိုက်ဆောင်နေတာမျိုးတွေ မလုပ်သင့်ပါဘူး။ အဲဒီလို ဟန်ဆောင်နေမယ့်အစား ရိုးသား ကြင်နာတတ်သူကို လူတွေက ပိုပြီးလိုလားတတ်ကြပါတယ်။
လူအများစုက အပြုသဘောဆောင်တဲ့ သဘောထားကွဲလွဲမှုတွေနဲ့ မတူညီတဲ့ ရှုထောင့်တွေကို လက်ခံတတ်ကြပါတယ်။ ဒါ့ကြောင့် ဘာမှန်းညာမှန်းမသိ မလုပ်ချင်တဲ့ကိစ္စကို သဘောတူနေတတ်တဲ့အကျင့်ကို ဖျောက်ပစ်ဖို့လိုအပ်ပါတယ်။ သင် သဘောမတူနိုင်စရာ အရေးကိစ္စတစ်ခုခုကို တစ်စုံတစ်ဦးကပြောလာခဲ့ရင်လည်း မယုတ်မလွန် အကျိုးအကြောင်းသင့် ပြောဆိုငြင်းဆန်တတ်အောင် ကြိုးစားရမှာဖြစ်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%