သင္ ဘယ္သူပဲ ျဖစ္ျဖစ္၊ ဘယ္ေလာက္ပဲ စိတ္ဓာတ္ခိုင္မာခိုင္မာ၊ ခ်စ္သူနဲ႔ လက္တြဲျဖဳတ္ရတာဟာ ခက္ခဲပင္ပန္းတဲ့အရာ ျဖစ္မယ္ဆိုတာ ေသခ်ာပါတယ္။ သင့္ပါတနာက ဘယ္ေလာက္ ဆိုးဆိုးရြားရြား အမ်ိဳးသမီးျဖစ္ျဖစ္ လက္တြဲျဖဳတ္ရတာ နာက်င္ၿပီးေတာ့ အခ်ိန္ေတာ္ေတာ္ၾကာထိ ဘဝမွာ ခက္ခဲေနပါလိမ့္မယ္။
အျမင္မွာေတာ့ မိန္းမေတြဟာ လက္တြဲျဖဳတ္ရင္ ပိုၿပီး နာနာက်င္က်င္ ခံစားရၿပီး ကြၽန္ေတာ္တို႔ ေယာက္်ားေတြကေတာ့ ေအးေအးေဆးေဆးျဖတ္သန္းသြားႏိုင္တယ္လို႔ ထင္ထားၾကပါတယ္။ အဲဒါက မမွန္တဲ့အျပင္ ေျပာင္းျပန္ႀကီးကို ျဖစ္ေနတာပါ။ ေယာက္်ားေတြဟာ ခ်စ္သူနဲ႔ လက္တြဲျဖဳတ္ရာက ရ႐ွိတဲ့ စိတ္ဒဏ္ရာကို ကုစားႏိုင္ဖို႔ အခ်ိန္ပိုယူရပါတယ္။
ေလ့လာသူေတြဟာ ႏိုင္ငံေပါင္း ၉၆ ႏိုင္ငံက လူေပါင္း ၆၀၀၀ ကို စစ္တမ္းေကာက္ခဲ့ပါတယ္။ စစ္တမ္းက လမ္းခြဲခ်ိန္မွာ ရ႐ွိတဲ့ စိတ္ဒဏ္ရာ ကိုယ္ဒဏ္ရာကို ၀ ကေန ၁၀ အထိ အဆင့္သတ္မွတ္ခိုင္းပါတယ္။ ၁၀ က အဆိုးရြားဆံုး ခံစားခ်က္ပါ။
အစမွာေတာ့ ကြၽန္ေတာ္တို႔ရဲ႕ အျမင္က မွန္ေနပါေသးတယ္။ မိန္းမေတြဟာ အစမွာ ပုိခံစားရပါတယ္။ စိတ္ဒဏ္ရာပိုင္းမွာ မိန္းမေတြက ၆.၈၄ ခံစားရၿပီး ေယာက္်ားေတြက ၆.၅၈ ပါ။ ကိုယ္ဒဏ္ရာမွာေတာ့ မိန္းမေတြရဲ႕ ၄.၂၁ ဟာ ေယာက္်ားေတြရဲ႕ ၃.၇၅ ထက္ ပုိမ်ားေနပါတယ္။ အဲဒါဟာ စိတ္အယူအဆ တိုးတက္လာလို႔ ျဖစ္တယ္လို႔ ထင္ရပါတယ္။
မိန္းမေတြဟာ ခ်စ္ဇာတ္လမ္းတစ္ခုမွာ ရင္းႏွီးျမႇပ္ႏွံမႈ ပိုမ်ားပါတယ္။ ခဏေလာက္ ခ်စ္ဇာတ္လမ္းေလးဟာ ၉ လကိုယ္ဝန္ေဆာင္ရၿပီး ကေလးကို ၁၈ ႏွစ္ အရြယ္ေရာက္သည့္တိုင္ေအာင္ ျပဳစုပ်ိဳးေထာင္ရတဲ့အထိ ျဖစ္သြားႏိုင္ပါတယ္။ ေယာက္်ားေတြကေတာ့ ေလွကားသံုးထစ္ဆင္းရင္ လူပ်ိဳျဖစ္တာပါပဲ။ အဲလိုနဲ႔ အခ်ိန္ၾကာလာေတာ့ သဘာဝတရားဟာ မိန္းမေတြကို ပိုၿပီး အဆင့္ျမင့္တဲ့ ေယာက္်ားေတြကိုပဲ ေရြးရေအာင္ စိတ္ဓာတ္ အဆင့္ျမႇင့္ေပးလိုက္ပါတယ္။ အဲဒါေၾကာင့္ မိန္းမေတြဟာ လမ္းခြဲခ်ိန္မွာ သူတို႔ေရြးမိတဲ့ အဆင့္ျမင့္ ေယာက္်ားေတြ ဆံုး႐ွံုးရလို႔ ပိုခံစားရပါတယ္။
ဒါေပမယ့္ မိန္းမေတြဟာ လမ္းခြဲခ်ိန္မွာ နာက်င္ရသေလာက္ ျပန္ၿပီး Recover ျဖစ္ႏႈန္း ပိုေကာင္းပါတယ္။ သူတို႔အတြက္ အႏၱရာယ္႐ွိတဲ့ အရာကို ေ႐ွာင္လိုက္ရသလို ခံစားမႈေလး ႐ွိေနလို႔ပါ။ ေယာက္်ားေတြကေတာ့ ေျပာင္းျပန္ပါပဲ။ လမ္းခြဲရတာ ၾကာလာေလ ဘဝဟာ ပိုခက္ခဲလာေလပါ။
ေယာက္်ားေတြဟာ ဆံုး႐ွံုးရတဲ့ ခံစားခ်က္ကို အခ်ိန္အၾကာႀကီး ခံစားရၿပီးေတာ့မွ သူဆံုး႐ွံုးခဲ့ရတာကို ျပန္ၿပီး အစားထိုးဖို႔ ႀကိဳးစားပါတယ္။ ပိုဆိုးတာက သူဆံုး႐ွံုးခဲ့တာက အစားထိုးမရတဲ့ အရာဆိုတာကို သိ႐ွိလိုက္တဲ့ အခ်ိန္ပါပဲ။
ကြၽန္ေတာ္တို႔ လူငယ္ေတြဟာ Single ဘဝကုိ ပိုၿပီး ႏွစ္သက္သလို ေျပာတတ္ၾကေပမယ့္ အဲဒါဟာ Single ျဖစ္ရတဲ့ ဘဝဟာ ခက္ခဲေနလို႔ ဖုန္းကြယ္ၿပီး ေျပာတာ ျဖစ္ပါတယ္။ သင္ ႀကိဳက္ႏွစ္သက္တဲ့ မိန္းကေလးနဲ႔ လိင္ဆက္ဆံႏိုင္ေပမယ့္ သင္ အရင္ဆံုး ေရာဂါမပါတဲ့ လိင္ဆက္ဆံေဖာ္ကို မနည္း႐ွာရမွာပါ။ သင့္ဘဝမွာ အခ်စ္ခံစားမႈေလးေတြ မပါရင္လဲ ေပ်ာ္စရာ မေကာင္းပါဘူး။ မိန္းမေတြ လမ္းခြဲခ်ိန္မွာ ေႏြးေႏြးေထြးေထြး ႏွစ္သိမ့္ေပးမယ့္သူ အေျမာက္အမ်ားက ေစာင့္ႀကိဳေနပါတယ္။ ေယာက္်ားေတြ ျပန္ၿပီး ဘဝမွန္ ျပန္ရဖို႔ ႀကိဳးစားခ်ိန္မွာ မိန္းမေတြဟာ ဘဝမွာ ျပန္လည္ေပ်ာ္ရႊင္ေနပါၿပီ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
ယောက်ျားတွေ ဘာကြောင့် အသည်းကွဲကြာရှည်ကြတာလဲ??
သင် ဘယ်သူပဲ ဖြစ်ဖြစ်၊ ဘယ်လောက်ပဲ စိတ်ဓာတ်ခိုင်မာခိုင်မာ၊ ချစ်သူနဲ့ လက်တွဲဖြုတ်ရတာဟာ ခက်ခဲပင်ပန်းတဲ့အရာ ဖြစ်မယ်ဆိုတာ သေချာပါတယ်။ သင့်ပါတနာက ဘယ်လောက် ဆိုးဆိုးရွားရွား အမျိုးသမီးဖြစ်ဖြစ် လက်တွဲဖြုတ်ရတာ နာကျင်ပြီးတော့ အချိန်တော်တော်ကြာထိ ဘဝမှာ ခက်ခဲနေပါလိမ့်မယ်။
အမြင်မှာတော့ မိန်းမတွေဟာ လက်တွဲဖြုတ်ရင် ပိုပြီး နာနာကျင်ကျင် ခံစားရပြီး ကျွန်တော်တို့ ယောက်ျားတွေကတော့ အေးအေးဆေးဆေးဖြတ်သန်းသွားနိုင်တယ်လို့ ထင်ထားကြပါတယ်။ အဲဒါက မမှန်တဲ့အပြင် ပြောင်းပြန်ကြီးကို ဖြစ်နေတာပါ။ ယောက်ျားတွေဟာ ချစ်သူနဲ့ လက်တွဲဖြုတ်ရာက ရရှိတဲ့ စိတ်ဒဏ်ရာကို ကုစားနိုင်ဖို့ အချိန်ပိုယူရပါတယ်။
လေ့လာသူတွေဟာ နိုင်ငံပေါင်း ၉၆ နိုင်ငံက လူပေါင်း ၆၀၀၀ ကို စစ်တမ်းကောက်ခဲ့ပါတယ်။ စစ်တမ်းက လမ်းခွဲချိန်မှာ ရရှိတဲ့ စိတ်ဒဏ်ရာ ကိုယ်ဒဏ်ရာကို ၀ ကနေ ၁၀ အထိ အဆင့်သတ်မှတ်ခိုင်းပါတယ်။ ၁၀ က အဆိုးရွားဆုံး ခံစားချက်ပါ။
အစမှာတော့ ကျွန်တော်တို့ရဲ့ အမြင်က မှန်နေပါသေးတယ်။ မိန်းမတွေဟာ အစမှာ ပိုခံစားရပါတယ်။ စိတ်ဒဏ်ရာပိုင်းမှာ မိန်းမတွေက ၆.၈၄ ခံစားရပြီး ယောက်ျားတွေက ၆.၅၈ ပါ။ ကိုယ်ဒဏ်ရာမှာတော့ မိန်းမတွေရဲ့ ၄.၂၁ ဟာ ယောက်ျားတွေရဲ့ ၃.၇၅ ထက် ပိုများနေပါတယ်။ အဲဒါဟာ စိတ်အယူအဆ တိုးတက်လာလို့ ဖြစ်တယ်လို့ ထင်ရပါတယ်။
မိန်းမတွေဟာ ချစ်ဇာတ်လမ်းတစ်ခုမှာ ရင်းနှီးမြှပ်နှံမှု ပိုများပါတယ်။ ခဏလောက် ချစ်ဇာတ်လမ်းလေးဟာ ၉ လကိုယ်ဝန်ဆောင်ရပြီး ကလေးကို ၁၈ နှစ် အရွယ်ရောက်သည့်တိုင်အောင် ပြုစုပျိုးထောင်ရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ယောက်ျားတွေကတော့ လှေကားသုံးထစ်ဆင်းရင် လူပျိုဖြစ်တာပါပဲ။ အဲလိုနဲ့ အချိန်ကြာလာတော့ သဘာဝတရားဟာ မိန်းမတွေကို ပိုပြီး အဆင့်မြင့်တဲ့ ယောက်ျားတွေကိုပဲ ရွေးရအောင် စိတ်ဓာတ် အဆင့်မြှင့်ပေးလိုက်ပါတယ်။ အဲဒါကြောင့် မိန်းမတွေဟာ လမ်းခွဲချိန်မှာ သူတို့ရွေးမိတဲ့ အဆင့်မြင့် ယောက်ျားတွေ ဆုံးရှုံးရလို့ ပိုခံစားရပါတယ်။
ဒါပေမယ့် မိန်းမတွေဟာ လမ်းခွဲချိန်မှာ နာကျင်ရသလောက် ပြန်ပြီး Recover ဖြစ်နှုန်း ပိုကောင်းပါတယ်။ သူတို့အတွက် အန္တရာယ်ရှိတဲ့ အရာကို ရှောင်လိုက်ရသလို ခံစားမှုလေး ရှိနေလို့ပါ။ ယောက်ျားတွေကတော့ ပြောင်းပြန်ပါပဲ။ လမ်းခွဲရတာ ကြာလာလေ ဘဝဟာ ပိုခက်ခဲလာလေပါ။
ယောက်ျားတွေဟာ ဆုံးရှံုးရတဲ့ ခံစားချက်ကို အချိန်အကြာကြီး ခံစားရပြီးတော့မှ သူဆုံးရှံုးခဲ့ရတာကို ပြန်ပြီး အစားထိုးဖို့ ကြိုးစားပါတယ်။ ပိုဆိုးတာက သူဆုံးရှံုးခဲ့တာက အစားထိုးမရတဲ့ အရာဆိုတာကို သိရှိလိုက်တဲ့ အချိန်ပါပဲ။
ကျွန်တော်တို့ လူငယ်တွေဟာ Single ဘဝကို ပိုပြီး နှစ်သက်သလို ပြောတတ်ကြပေမယ့် အဲဒါဟာ Single ဖြစ်ရတဲ့ ဘဝဟာ ခက်ခဲနေလို့ ဖုန်းကွယ်ပြီး ပြောတာ ဖြစ်ပါတယ်။ သင် ကြိုက်နှစ်သက်တဲ့ မိန်းကလေးနဲ့ လိင်ဆက်ဆံနိုင်ပေမယ့် သင် အရင်ဆုံး ရောဂါမပါတဲ့ လိင်ဆက်ဆံဖော်ကို မနည်းရှာရမှာပါ။ သင့်ဘဝမှာ အချစ်ခံစားမှုလေးတွေ မပါရင်လဲ ပျော်စရာ မကောင်းပါဘူး။ မိန်းမတွေ လမ်းခွဲချိန်မှာ နွေးနွေးထွေးထွေး နှစ်သိမ့်ပေးမယ့်သူ အမြောက်အများက စောင့်ကြိုနေပါတယ်။ ယောက်ျားတွေ ပြန်ပြီး ဘဝမှန် ပြန်ရဖို့ ကြိုးစားချိန်မှာ မိန်းမတွေဟာ ဘဝမှာ ပြန်လည်ပျော်ရွှင်နေပါပြီ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================