ဘာေၾကာင့္ ဆီးေအာင့္မထားသင့္တာလဲ

( ဒါကို ဖတ္ၿပီးေနာက္ တစ္သက္လံုး ဆီးေအာင့္ျဖစ္ေတာ့မွာ မဟုတ္ပါဘူး)

သင္ အရက္ေသာက္တဲ့ ညတစ္ညမွာ Seal ပြင့္သြားတာကို ခံစားဖူးပါသလား?? ဘီယာ သံုးေလးလံုးေသာက္ၿပီးေတာ့ ေသးေပါက္ခ်င္လာပါတယ္။ ဒါေပမယ့္ တစ္ေခါက္ ေပါက္မိရံုနဲ႔ ေနာက္ပိုင္း အိမ္သာကို မိနစ္ ၂၀ တစ္ခါေလာက္ သြားေနရပါတယ္။

ပထမဆံုး ေသးေပါက္ၿပီးေတာ့ ဆက္ဆက္ ေပါက္ခ်င္ေနရျခင္းဟာ ေသးေပါက္ျခင္းက ဦးေႏွာက္ကို ေကာင္းတဲ့ Signal ေတြ လႊတ္ေပးေနလို႔ပါ။ အဲဒါနဲ႔ သင့္ဦးေႏွာက္က ” သားႀကီး၊ ခုနက ေသးေပါက္တာ ေကာင္းတယ္၊ ခုထပ္ေပါက္မယ္။” အဲဒိ Msg ကို ပို႔ေနလို႔ပါ။

အဲလိုမ်ိဳး ခဏခဏ မသြားခ်င္လို႔ သင္ ေအာင့္ထားလို႔ရပါတယ္။ ဒါေပမယ့္ အဲဒါဟာ မွားပါတယ္။ တင္းျပည့္ေနတဲ့ ဆီးအိတ္က အႏၱရာယ္ တစ္ခ်ိဳ႕ ေပးလို႔ပါ။

ဥပမာ အေနနဲ႔ ေဒါက္တာတစ္ေယာက္က သူ စစ္တပ္မွာ တာဝန္ထမ္းေဆာင္စဥ္က အျဖစ္အပ်က္ေလးတစ္ခုကို ေျပာျပခဲ့ပါတယ္။

စစ္သားတစ္ေယာက္က မေန႔ညက အရမ္းေသာက္ၿပီး ေဆးခန္းကို ေရာက္လာပါတယ္။ စစ္ေဆးၾကည့္ေတာ့ သူ႔ဆီးအိတ္က ဝိုင္ သံုးပုလင္းစာေလာက္ အရည္ေတြကို ထမ္းထားရၿပီး ေပါက္ကြဲသြားတာပါ။ သူ႔တစ္သက္မွာ ပံုမွန္ဆီးသြားဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး။ သူ႔ လိင္တံမွာ ဆီးသြားကိရိယာႀကီးကို တစ္ေန႔ကို ေလးႀကိမ္ကေန ေျခာက္ႀကိမ္အထိ တပ္ေပးေနရပါတယ္။

အရမ္း မလန္႔ပါနဲ႔။ အဲဒါဟာ အဆိုးဆံုး အေျခအေနပါ။ ခရီးသြားရင္း တစ္နာရီ၊ ႏွစ္နာရီေလာက္ ေအာင့္ထားတာကေတာ့ အဲဒိလို တစ္သက္တာ အႏၱရာယ္ မ႐ွိပါဘူး။ ဒါေပမယ့္ ဆီးသြားခ်င္တာကို အၾကာႀကီး ေအာင့္ထားရင္ေတာ့ သင့္ ဆီးအိတ္မွာ အရမ္းထိခိုက္ေစႏိုင္ပါတယ္။

သင္ အမ်ားသံုး သန္႔စင္ခန္းေတြမွာ သြားရမွာ ေၾကာက္လို႔ ခဏခဏ ေအာင့္ထားရင္ ကာလ႐ွည္ ဆီးလမ္းေၾကာင္း လကၡဏာ ေတြကို ခံစားရပါလိမ့္မယ္။ ခဏခဏ နာက်င္စြာ ဆီးသြားေနရတာ လိုမ်ိဳးပါ။

အခုပဲ ေသးေပါက္ခ်င္လာၿပီ မလား။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ဘာကြောင့် ဆီးအောင့်မထားသင့်တာလဲ ( ဒါကို ဖတ်ပြီးနောက် တစ်သက်လုံး ဆီးအောင့်ဖြစ်တော့မှာ မဟုတ်ပါဘူး)

သင် အရက်သောက်တဲ့ ညတစ်ညမှာ Seal ပွင့်သွားတာကို ခံစားဖူးပါသလား?? ဘီယာ သုံးလေးလုံးသောက်ပြီးတော့ သေးပေါက်ချင်လာပါတယ်။ ဒါပေမယ့် တစ်ခေါက် ပေါက်မိရုံနဲ့ နောက်ပိုင်း အိမ်သာကို မိနစ် ၂၀ တစ်ခါလောက် သွားနေရပါတယ်။

ပထမဆုံး သေးပေါက်ပြီးတော့ ဆက်ဆက် ပေါက်ချင်နေရခြင်းဟာ သေးပေါက်ခြင်းက ဦးနှောက်ကို ကောင်းတဲ့ Signal တွေ လွှတ်ပေးနေလို့ပါ။ အဲဒါနဲ့ သင့်ဦးနှောက်က ” သားကြီး၊ ခုနက သေးပေါက်တာ ကောင်းတယ်၊ ခုထပ်ပေါက်မယ်။” အဲဒိ Msg ကို ပို့နေလို့ပါ။

အဲလိုမျိုး ခဏခဏ မသွားချင်လို့ သင် အောင့်ထားလို့ရပါတယ်။ ဒါပေမယ့် အဲဒါဟာ မှားပါတယ်။ တင်းပြည့်နေတဲ့ ဆီးအိတ်က အန္တရာယ် တစ်ချို့ ပေးလို့ပါ။

ဥပမာ အနေနဲ့ ဒေါက်တာတစ်ယောက်က သူ စစ်တပ်မှာ တာဝန်ထမ်းဆောင်စဉ်က အဖြစ်အပျက်လေးတစ်ခုကို ပြောပြခဲ့ပါတယ်။

စစ်သားတစ်ယောက်က မနေ့ညက အရမ်းသောက်ပြီး ဆေးခန်းကို ရောက်လာပါတယ်။ စစ်ဆေးကြည့်တော့ သူ့ဆီးအိတ်က ဝိုင် သုံးပုလင်းစာလောက် အရည်တွေကို ထမ်းထားရပြီး ပေါက်ကွဲသွားတာပါ။ သူ့တစ်သက်မှာ ပုံမှန်ဆီးသွားဖို့ မဖြစ်နိုင်တော့ပါဘူး။ သူ့ လိင်တံမှာ ဆီးသွားကိရိယာကြီးကို တစ်နေ့ကို လေးကြိမ်ကနေ ခြောက်ကြိမ်အထိ တပ်ပေးနေရပါတယ်။

အရမ်း မလန့်ပါနဲ့။ အဲဒါဟာ အဆိုးဆုံး အခြေအနေပါ။ ခရီးသွားရင်း တစ်နာရီ၊ နှစ်နာရီလောက် အောင့်ထားတာကတော့ အဲဒိလို တစ်သက်တာ အန္တရာယ် မရှိပါဘူး။ ဒါပေမယ့် ဆီးသွားချင်တာကို အကြာကြီး အောင့်ထားရင်တော့ သင့် ဆီးအိတ်မှာ အရမ်းထိခိုက်စေနိုင်ပါတယ်။

သင် အများသုံး သန့်စင်ခန်းတွေမှာ သွားရမှာ ကြောက်လို့ ခဏခဏ အောင့်ထားရင် ကာလရှည် ဆီးလမ်းကြောင်း လက္ခဏာ တွေကို ခံစားရပါလိမ့်မယ်။ ခဏခဏ နာကျင်စွာ ဆီးသွားနေရတာ လိုမျိုးပါ။

အခုပဲ သေးပေါက်ချင်လာပြီ မလား။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

%%footer%%