ကမာၻ႔ဉာဏ္ IQ အေကာင္းဆံုးပုဂၢိဳဟ္ (၁၀) ဦး

လူ႔ခႏၶာကိုယ္မွာ ဦးေႏွာက္ဟာ အထူးဆန္းဆံုးအစိတ္အပိုင္းျဖစ္သလို မရွိမျဖစ္အေရးပါတဲ့အစိတ္အပိုင္းလည္း ျဖစ္ပါတယ္။ တစ္ခ်ိဳ႕လူေတြက ဦးေႏွာက္အရမ္းေကာင္းၾကပါတယ္။ သူတို႔ေတြကို တစ္ခ်ိဳ႕က သာမန္ထက္ ထူးျခားတဲ့လူေတြအျဖစ္သတ္မွတ္ၾကပါတယ္။ ကမာၻမွာ ဉာဏ္အရမ္းေကာင္းတဲ့လူေတြ အမ်ားႀကီးရွိပါတယ္။ အဲဒီထဲကမွ ဉာဏ္ရည္ညႊန္းကိန္းအျမင့္ဆံုးလူဆယ္ေယာက္ကို ကမာၻ႕ဉာဏ္အေကာင္းဆံုးပုဂိၢဳဟ္ေတြအျဖစ္ ေဖာ္ျပလိုက္ပါတယ္။

၁။ Terence Tao
ဉာဏ္ရည္ညႊန္းကိန္း (IQ) = 230
Terence Tao ကေတာ့ အိုင္က်ဴ ၂၃၀ နဲ႔ ကမာၻ႕ဉာဏ္အထက္ဆံုးလူသားအျဖစ္ ထိပ္ဆံုးမွာရွိေနပါတယ္။ ၾသစေၾတးလ်ႏိုင္ငံဖြား တ႐ုတ္လူမ်ိဳး အေမရိကန္သား Terence Tao ဟာ ေလ့လာဆန္းစစ္မႈေတြ၊ ညီမွ်ျခင္းေတြ၊ သီအိုရီေတြမ်ားစြာကို ေလ့လာေဖာ္ထုတ္ခဲ့တဲ့ သခၤ်ာပညာရွင္တစ္ဦးျဖစ္ပါတယ္။ သူဟာ ၁၉၉၅ ခုႏွစ္ SAT စာေမးပြဲကို ရမွတ္ ၇၆၀ နဲ႔ ေအာင္ျမင္ခဲ့ၿပီး အသက္ (၂၀)မွာ ပရင္စတန္တကၠသိုလ္က ပါရဂူဘြဲ႕ရရွိခဲ့ သလို အသက္ (၂၄)ႏွစ္မွာ UCLA ရဲ႕ အသက္အငယ္ဆံုး ပါေမာကၡတစ္ဦးလည္းျဖစ္လာခဲ့ပါတယ္။

၂။ Christopher Harita
ဉာဏ္ရည္ညြန္းကိန္း (IQ) = 225
Christopher Harita ဟာဆိုရင္လည္း ကေလးဘ၀ထဲက ပါရမီထူးကဲသူတစ္ဦးျဖစ္ပါတယ္။ အသက္(၁၃)ႏွစ္ အရြယ္မွာ အျပည္ျပည္ဆိုင္ရာ ႐ူပေဗဒအိုလံပစ္ၿပိဳင္ပြဲမွာ ေရႊတံဆိပ္ဆုရရွိခဲ့ပါတယ္။ အသက္(၁၆)ႏွစ္မွာ NASA ရဲ႕ အဂၤါၿဂိဳဟ္ေလ့လာေရးမစ္ရွင္ေတြမွာ ပါ၀င္ခဲ့ၿပီး အသက္(၂၂)ႏွစ္မွာ ပရင္စတန္တကၠသိုလ္ကေန ပါရဂူဘြဲ႕ရရွိခဲ့ပါတယ္။ အခုဆိုရင္ ကယ္လီဖိုးနီးယားနည္းပညာတကၠသိုလ္မွာ ႐ူပနကၡတၱေဗဒဘာသာရပ္ကို သင္ၾကားျပသေပးေနပါတယ္။

၃။ Kim Ung-Yong
ဉာဏ္ရည္ညႊန္းကိန္း (IQ) = 210
အိုင္က်ဴ (၂၁၀)ရွိတဲ့ ကိုရီးယားလူမ်ိဳး ၿမိဳ႕ျပအင္ဂ်င္နီယာ Kim Ung-Yong ဟာ ကေလးဘ၀ထဲက ထူးျခားသူတစ္ဦးျဖစ္ပါတယ္။ အသက္ (၆)လသားအရြယ္မွာ စကားေျပာႏိုင္ၿပီျဖစ္ၿပီး ကိုရီးယားဘာသာစကား အပါအ၀င္အျခား ဘာသာစကားေတြကိုပါ နားလည္ေနခဲ့သူျဖစ္ပါတယ္။ အသက္(၃)ႏွစ္မွာေတာ့ ကိုရီးယား၊ ဂ်ပန္၊ ဂ်ာမန္နဲ႔ အဂၤလိပ္ဘာသာေတြအပါအ၀င္ ဘာသာစကားေတာ္ေတာ္မ်ားမ်ားကို ဖတ္ႏိုင္ေနၿပီျဖစ္သလို ဂ်ပန္ရုပ္သံမွာတင္ဆက္တဲ့ ခက္ခက္ခဲခဲ သခ်ာၤပုစာၦေတြကိုလည္း ေျဖရွင္းႏိုင္ေနၿပီျဖစ္ပါတယ္။ Kim Ung-Yong ဟာ ကမာၻ႔ဂင္းနစ္စံခ်ိန္စာအုပ္မွာ အျမင့္ဆံုးအိုင္က်ဴရွိသူအျဖစ္ စာရင္း၀င္ခဲ့သူလည္းျဖစ္ပါတယ္။

၄။ Dr. Evangelos Katsioulis
ဉာဏ္ရည္ညႊန္းကိန္း (IQ) = 198
ဂရိႏိုင္ငံသားတစ္ဦးျဖစ္တဲ့ ေဒါက္တာ Evangelos Katsioulis ဟာ သူ႔ရဲ႕အိုင္က်ဴျမင့္မားမႈေၾကာင့္ လူသိမ်ား ေက်ာ္ၾကားသူတစ္ဦးျဖစ္ပါတယ္။ သူဟာ အေထြေထြေရာဂါနဲ႔ စိတ္ေရာဂါကု ဆရာ၀န္တစ္ဦးျဖစ္ၿပီး ေဆးဖက္ဆိုင္ရာသုေတသနနည္းပညာဘြဲ႕၊ ဒႆနိကေဗဒဘြဲ႕နဲ႔ စိတ္ေရာဂါဆိုင္ရာေဆး၀ါေဗဒဘြဲ႕ ေတြကိုလည္း ရရွိထားပါတယ္။ ဒါ့အျပင္ ႏိုင္ငံတကာ အိုင္က်ဴျမင့္သူမ်ားအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ World Intelligence Network ရဲ႕ တည္ေထာင္သူ ျဖစ္သလို ဂရိႏိုင္ငံအတြင္း ထူးျခားအရည္အခ်င္းရွိသူေတြကို ေျမေတာင္ေျမွာက္ေပးတဲ့အဖြဲ႕အစည္း AAAA. GR ရဲ႕ လမ္းျပေရွ႕ေဆာင္တစ္ဦးလည္းျဖစ္ပါတယ္။

၅။ Christopher Langan
ဉာဏ္ရည္ညႊန္းကိန္း (IQ) = 195
အေမရိကန္ႏိုင္ငံသားတစ္ဦးျဖစ္တဲ့ Christopher Langan ကေတာ့ အေမရိကန္မွာေရာ ကမာၻမွာပါ အေတာ္ဆံုးလူသားအျဖစ္ မီဒီယာေတြရဲ႕ေဖာ္ျပျခင္းခံရသူတစ္ဥိးျဖစ္ပါတယ္။ သူဟာဆိုရင္ အသက္(၆)လမွာ စကားစေျပာၿပီး အသက္သံုးႏွစ္မွာ သူ႔ဟာသူ စာဖတ္ေနၿပီျဖစ္ပါတယ္။ သူဟာ စိတ္နဲ႔တကယ္လက္ေတြ႕ ဆက္စပ္မႈ သီအိုရီကို ေလ့လာေဖာ္ထုတ္ခဲ့သူလည္းျဖစ္ပါတယ္။

၆။ Rick Rosner
ဉာဏ္ရည္ညႊန္းကိန္း (IQ) = 192
အိုင္က်ဴ ၁၉၂ ရွိေပမယ့္ ဘယ္လိုမွမထင္ရေလာက္ေအာင္ ရိုးရွင္းတဲ့ပံုစံရွိတဲ့ Rick Rosner ဟာ ခက္ခဲၾကမ္းတမ္းတဲ့ ဘ၀ကိုျဖတ္သန္းခဲ့ရၿပီး အရက္ဘားတစ္ခုမွာ ႏွစ္ေပါင္းမ်ားစြာအလုပ္လုပ္ခဲ့ပါတယ္။ အခုဆိုရင္ေတာ့ သူဟာ ႐ုပ္ျမင္သံၾကားအစီအစဥ္တစ္ခုျဖစ္တဲ့ CHiPs ကို စီစဥ္ထုတ္လုပ္သူျဖစ္ေနၿပီျဖစ္သလို ၿဂိဳဟ္တု႐ုပ္သံလုိင္းတစ္ခုကိုလည္း ထုတ္လႊင့္ေနၿပီျဖစ္ပါတယ္။

၇။ Mislav Predavec
ဉာဏ္ရည္ညႊန္းကိန္း (IQ) = 192
ခ႐ိုေအးရွားႏိုင္ငံသား သခ်ၤာပါေမာကၡတစ္ဦးျဖစ္တဲ့ Mislav Predavec ကေတာ့ ကမာၻ႕ဉာဏ္အေကာင္းဆံုး လူစာရင္းမွာ အဆင့္(၇)ေနရာမွာ ရပ္တည္ေနပါတယ္။ သူဟာ ကုန္သြယ္ေရးလုပ္ငန္းတစ္ခုရဲ႕ ပိုင္ရွင္လည္း ျဖစ္သလို ဉာဏ္အေကာင္းဆံုးလူေတြစုစည္းၿပီးဖြဲ႕စည္းထားတဲ့ GenerIQ Society ရဲ႕ တည္ေထာင္သူ ဥကၠဌလည္း ျဖစ္ပါတယ္။

၈။ Marilyn vos Savant
ဉာဏ္ရည္ညႊန္းကိန္း (IQ) = 190
Marilyn vos Savant ကေတာ့ Parade မဂၢဇင္းရဲ႕ လူသိမ်ားေက်ာ္ၾကားတဲ့ ေကာ္လံစားစာေရးဆရာမတစ္ဦး ျဖစ္ၿပီး အိုင္က်ဴအေကာင္းဆံုးအမ်ိဳးသမီးအျဖစ္ (၅)ႏွစ္ဆက္တိုက္ ရပ္တည္ခဲ့သူျဖစ္ပါတယ္။ သူမရဲ႕ အိုင္က်ဴကို စစ္ေဆးခဲ့ရာမွာ အျမင့္ဆံုးရလဒ္ (၂၂၈)အထိရရွိခဲ့ဖူးေပမယ့္ (၁၉၈၅) ဂင္းနစ္ကမာၻ႕စံခ်ိန္စာအုပ္မွာေတာ့ သူမရဲ႕ အိုင္က်ဴကို (၁၉၀)လို႔ပဲ ေဖာ္ျပထားခဲ့ပါတယ္။ သူမဟာ Ask Marilyn အစီအစဥ္ကေန စာဖတ္ပရိသတ္ေတြရဲ႕ ေမးျမန္းသမွ်ကိစၥေတြကို ျပန္လည္ေျဖၾကားေပးေနသူလည္း ျဖစ္ပါတယ္။

၉။ Philip Emeagwali
ဉာဏ္ရည္ညြန္းကိန္း (IQ) = 190
Philip Emeagwali ဟာ ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာ ေမြးဖြားခဲ့တဲ့ အင္ဂ်င္နီယာ၊ သခ်ၤာပညာရွင္၊ ကြန္ပ်ဴတာပညာရွင္၊ ဘူမိေဗဒပညာရွင္တစ္ဦးျဖစ္ပါတယ္။ သူဟာဆိုရင္ ေရနံတြင္းေတြကိုရွာေဖြဖို႔ ဆူပါကြန္ပ်ဴတာေတြကို အသံုးျပဳတြက္ခ်က္ႏိုင္သူျဖစ္တဲ့အတြက္ ဆုေတြေတာင္ ရရွိခဲ့ပါတယ္။

၁၀။ Garry Kasparov
ဉာဏ္ရည္ညႊန္းကိန္း (IQ) = 190
Garry Kasparov ဟာ ႐ုရွားႏိုင္ငံသား စစ္တုရင္ဂရင္းမာစတာတစ္ဦးျဖစ္ၿပီး (၂၀၀၃)ခုႏွစ္အတြင္းမွာ တစ္စကၠန္႔ကို အကြက္ေပါင္း(၃)သန္းအထိ တြက္ခ်က္ႏိုင္တဲ့ ကြန္ပ်ဴတာကို အႏိုင္ယူျပခဲ့တဲ့အတြက္ တစ္ကမာၻလံုးကို အံ့ၾသသြားေစခဲ့ပါတယ္။ သူဟာ အသက္(၂၂)ႏွစ္အရြယ္မွာတင္ ကမာၻစစ္တုရင္ခ်န္ပီယံ Anatoly Karpov ကို အႏိုင္ယူၿပီး အသက္အငယ္ဆံုး ကမာၻ႕စစ္တုရင္ခ်န္ပီယံျဖစ္ခဲ့တာျဖစ္ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

ကမ္ဘာ့ဉာဏ်အကောင်းဆုံးပုဂ္ဂိုဟ်(၁၀)ဦး

လူ့ခန္ဓာကိုယ်မှာ ဦးနှောက်ဟာ အထူးဆန်းဆုံးအစိတ်အပိုင်းဖြစ်သလို မရှိမဖြစ်အရေးပါတဲ့အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ တစ်ချို့လူတွေက ဦးနှောက်အရမ်းကောင်းကြပါတယ်။ သူတို့တွေကို တစ်ချို့က သာမန်ထက် ထူးခြားတဲ့လူတွေအဖြစ်သတ်မှတ်ကြပါတယ်။ ကမ္ဘာမှာ ဉာဏ်အရမ်းကောင်းတဲ့လူတွေ အများကြီးရှိပါတယ်။ အဲဒီထဲကမှ ဉာဏ်ရည်ညွှန်းကိန်းအမြင့်ဆုံးလူဆယ်ယောက်ကို ကမ္ဘာ့ဉာဏ်အကောင်းဆုံးပုဂ္ဂိုဟ်တွေအဖြစ် ဖော်ပြလိုက်ပါတယ်။

၁။ Terence Tao
ဉာဏ်ရည်ညွှန်းကိန်း (IQ) = 230
Terence Tao ကတော့ အိုင်ကျူ ၂၃၀ နဲ့ ကမ္ဘာ့ဉာဏ်အထက်ဆုံးလူသားအဖြစ် ထိပ်ဆုံးမှာရှိနေပါတယ်။ သြစတြေးလျနိုင်ငံဖွား တရုတ်လူမျိုး အမေရိကန်သား Terence Tao ဟာ လေ့လာဆန်းစစ်မှုတွေ၊ ညီမျှခြင်းတွေ၊ သီအိုရီတွေများစွာကို လေ့လာဖော်ထုတ်ခဲ့တဲ့ သင်္ချာပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူဟာ ၁၉၉၅ ခုနှစ် SAT စာမေးပွဲကို ရမှတ် ရ၆၀ နဲ့ အောင်မြင်ခဲ့ပြီး အသက် (၂၀)မှာ ပရင်စတန်တက္ကသိုလ်က ပါရဂူဘွဲ့ရရှိခဲ့ သလို အသက် (၂၄)နှစ်မှာ UCLA ရဲ့ အသက်အငယ်ဆုံး ပါမောက္ခတစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။

၂။ Christopher Harita
ဉာဏ်ရည်ညွန်းကိန်း (IQ) = 225
Christopher Harita ဟာဆိုရင်လည်း ကလေးဘဝထဲက ပါရမီထူးကဲသူတစ်ဦးဖြစ်ပါတယ်။ အသက်(၁၃)နှစ် အရွယ်မှာ အပြည်ပြည်ဆိုင်ရာ ရူပဗေဒအိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။ အသက်(၁၆)နှစ်မှာ NASA ရဲ့ အင်္ဂါဂြိုဟ်လေ့လာရေးမစ်ရှင်တွေမှာ ပါ၀င်ခဲ့ပြီး အသက်(၂၂)နှစ်မှာ ပရင်စတန်တက္ကသိုလ်ကနေ ပါရဂူဘွဲ့ရရှိခဲ့ပါတယ်။ အခုဆိုရင် ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်မှာ ရူပနက္ခတ္တဗေဒဘာသာရပ်ကို သင်ကြားပြသပေးနေပါတယ်။

၃။ Kim Ung-Yong
ဉာဏ်ရည်ညွှန်းကိန်း (IQ) = 210
အိုင်ကျူ (၂၁၀)ရှိတဲ့ ကိုရီးယားလူမျိုး မြို့ပြအင်ဂျင်နီယာ Kim Ung-Yong ဟာ ကလေးဘဝထဲက ထူးခြားသူတစ်ဦးဖြစ်ပါတယ်။ အသက် (၆)လသားအရွယ်မှာ စကားပြောနိုင်ပြီဖြစ်ပြီး ကိုရီးယားဘာသာစကား အပါအဝင်အခြား ဘာသာစကားတွေကိုပါ နားလည်နေခဲ့သူဖြစ်ပါတယ်။ အသက်(၃)နှစ်မှာတော့ ကိုရီးယား၊ ဂျပန်၊ ဂျာမန်နဲ့ အင်္ဂလိပ်ဘာသာတွေအပါအဝင် ဘာသာစကားတော်တော်များများကို ဖတ်နိုင်နေပြီဖြစ်သလို ဂျပန်ရုပ်သံမှာတင်ဆက်တဲ့ ခက်ခက်ခဲခဲ သချာင်္ပုစ္ဆာတွေကိုလည်း ဖြေရှင်းနိုင်နေပြီဖြစ်ပါတယ်။ Kim Ung-Yong ဟာ ကမ္ဘာ့ဂင်းနစ်စံချိန်စာအုပ်မှာ အမြင့်ဆုံးအိုင်ကျူရှိသူအဖြစ် စာရင်းဝင်ခဲ့သူလည်းဖြစ်ပါတယ်။

၄။ Dr. Evangelos Katsioulis
ဉာဏ်ရည်ညွှန်းကိန်း (IQ) = 198
ဂရိနိုင်ငံသားတစ်ဦးဖြစ်တဲ့ ဒေါက်တာ Evangelos Katsioulis ဟာ သူ့ရဲ့အိုင်ကျူမြင့်မားမှုကြောင့် လူသိများ ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။ သူဟာ အထွေထွေရောဂါနဲ့ စိတ်ရောဂါကု ဆရာဝန်တစ်ဦးဖြစ်ပြီး ဆေးဖက်ဆိုင်ရာသုတေသနနည်းပညာဘွဲ့၊ ဒဿနိကဗေဒဘွဲ့နဲ့ စိတ်ရောဂါဆိုင်ရာဆေးဝါဗေဒဘွဲ့ တွေကိုလည်း ရရှိထားပါတယ်။ ဒါ့အပြင် နိုင်ငံတကာ အိုင်ကျူမြင့်သူများအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ World Intelligence Network ရဲ့ တည်ထောင်သူ ဖြစ်သလို ဂရိနိုင်ငံအတွင်း ထူးခြားအရည်အချင်းရှိသူတွေကို မြေတောင်မြှောက်ပေးတဲ့အဖွဲ့အစည်း AAAA. GR ရဲ့ လမ်းပြရှေ့ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

၅။ Christopher Langan
ဉာဏ်ရည်ညွှန်းကိန်း (IQ) = 195
အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ Christopher Langan ကတော့ အမေရိကန်မှာရော ကမ္ဘာမှာပါ အတော်ဆုံးလူသားအဖြစ် မီဒီယာတွေရဲ့ဖော်ပြခြင်းခံရသူတစ်ဥိးဖြစ်ပါတယ်။ သူဟာဆိုရင် အသက်(၆)လမှာ စကားစပြောပြီး အသက်သုံးနှစ်မှာ သူ့ဟာသူ စာဖတ်နေပြီဖြစ်ပါတယ်။ သူဟာ စိတ်နဲ့တကယ်လက်တွေ့ ဆက်စပ်မှု သီအိုရီကို လေ့လာဖော်ထုတ်ခဲ့သူလည်းဖြစ်ပါတယ်။

၆။ Rick Rosner
ဉာဏ်ရည်ညွှန်းကိန်း (IQ) = 192
အိုင်ကျူ ၁၉၂ ရှိပေမယ့် ဘယ်လိုမှမထင်ရလောက်အောင် ရိုးရှင်းတဲ့ပုံစံရှိတဲ့ Rick Rosner ဟာ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကိုဖြတ်သန်းခဲ့ရပြီး အရက်ဘားတစ်ခုမှာ နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့ပါတယ်။ အခုဆိုရင်တော့ သူဟာ ရုပ်မြင်သံကြားအစီအစဉ်တစ်ခုဖြစ်တဲ့ CHiPs ကို စီစဉ်ထုတ်လုပ်သူဖြစ်နေပြီဖြစ်သလို ဂြိုဟ်တုရုပ်သံလိုင်းတစ်ခုကိုလည်း ထုတ်လွှင့်နေပြီဖြစ်ပါတယ်။

၇။ Mislav Predavec
ဉာဏ်ရည်ညွှန်းကိန်း (IQ) = 192
ခရိုအေးရှားနိုင်ငံသား သချင်္ာပါမောက္ခတစ်ဦးဖြစ်တဲ့ Mislav Predavec ကတော့ ကမ္ဘာ့ဉာဏ်အကောင်းဆုံး လူစာရင်းမှာ အဆင့်(၇)နေရာမှာ ရပ်တည်နေပါတယ်။ သူဟာ ကုန်သွယ်ရေးလုပ်ငန်းတစ်ခုရဲ့ ပိုင်ရှင်လည်း ဖြစ်သလို ဉာဏ်အကောင်းဆုံးလူတွေစုစည်းပြီးဖွဲ့စည်းထားတဲ့ GenerIQ Society ရဲ့ တည်ထောင်သူ ဥက္ကဌလည်း ဖြစ်ပါတယ်။

၈။ Marilyn vos Savant
ဉာဏ်ရည်ညွှန်းကိန်း (IQ) = 190
Marilyn vos Savant ကတော့ Parade မဂ္ဂဇင်းရဲ့ လူသိများကျော်ကြားတဲ့ ကော်လံစားစာရေးဆရာမတစ်ဦး ဖြစ်ပြီး အိုင်ကျူအကောင်းဆုံးအမျိုးသမီးအဖြစ် (၅)နှစ်ဆက်တိုက် ရပ်တည်ခဲ့သူဖြစ်ပါတယ်။ သူမရဲ့ အိုင်ကျူကို စစ်ဆေးခဲ့ရာမှာ အမြင့်ဆုံးရလဒ် (၂၂၈)အထိရရှိခဲ့ဖူးပေမယ့် (၁၉၈၅) ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်မှာတော့ သူမရဲ့ အိုင်ကျူကို (၁၉၀)လို့ပဲ ဖော်ပြထားခဲ့ပါတယ်။ သူမဟာ Ask Marilyn အစီအစဉ်ကနေ စာဖတ်ပရိသတ်တွေရဲ့ မေးမြန်းသမျှကိစ္စတွေကို ပြန်လည်ဖြေကြားပေးနေသူလည်း ဖြစ်ပါတယ်။

၉။ Philip Emeagwali
ဉာဏ်ရည်ညွန်းကိန်း (IQ) = 190
Philip Emeagwali ဟာ နိုင်ဂျီးရီးယားနိုင်ငံမှာ မွေးဖွားခဲ့တဲ့ အင်ဂျင်နီယာ၊ သချင်္ာပညာရှင်၊ ကွန်ပျူတာပညာရှင်၊ ဘူမိဗေဒပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူဟာဆိုရင် ရေနံတွင်းတွေကိုရှာဖွေဖို့ ဆူပါကွန်ပျူတာတွေကို အသုံးပြုတွက်ချက်နိုင်သူဖြစ်တဲ့အတွက် ဆုတွေတောင် ရရှိခဲ့ပါတယ်။

၁၀။ Garry Kasparov
ဉာဏ်ရည်ညွှန်းကိန်း (IQ) = 190
Garry Kasparov ဟာ ရုရှားနိုင်ငံသား စစ်တုရင်ဂရင်းမာစတာတစ်ဦးဖြစ်ပြီး (၂၀၀၃)ခုနှစ်အတွင်းမှာ တစ်စက္ကန့်ကို အကွက်ပေါင်း(၃)သန်းအထိ တွက်ချက်နိုင်တဲ့ ကွန်ပျူတာကို အနိုင်ယူပြခဲ့တဲ့အတွက် တစ်ကမ္ဘာလုံးကို အံ့သြသွားစေခဲ့ပါတယ်။ သူဟာ အသက်(၂၂)နှစ်အရွယ်မှာတင် ကမ္ဘာစစ်တုရင်ချန်ပီယံ Anatoly Karpov ကို အနိုင်ယူပြီး အသက်အငယ်ဆုံး ကမ္ဘာ့စစ်တုရင်ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

Related Posts

%%footer%%