ကမ္ဘာပေါ်မှာ ပျက်စီးချအစား ဆုံး နိုင်ငံ ၁၀ ခု
၁၀. တောင်ဆူဒန်
၁၀. ရုရှား
၁၀. မြန်မာ
၆. လစ်ဗျား
၆. အီရတ်
၆. အီကွေတိုရီရယ် ဂွီနာ
၆. အာဖဂန် နစ္စတန်
၎. ဆူဒန်
၎. စင်ထရယ် အာဖရိကန် ရီပတ်ဘလစ်
၁. ဆိုမာလီယား
၁. မြောက်ကိုရီးယား
၁. ကွန်ဂို
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
ကမ္ဘာပေါ်မှာ ပျက်စီးနေဆုံး နိုင်ငံ ၁၀ ခု
ပျက်စီးချစားတယ်ဆိုတာ ငွေကြေးနဲ့ ရာထူးကို အသုံးချပြီး တစ်ခုခု ရရှိအောင် ယူတာကို ဆိုတာပါ။ အရမ်းပျက်စီးနေတဲ့ နိုင်ငံတွေရဲ့ ၄၅ ရာနှုန်းက အရှေ့အလယ်ပိုင်းက ဖြစ်ပါတယ်။ ရေနံ သဘာဝဓာတ်ငွေ့နဲ့ သတ္ထုတူးဖော်ရေး လုပ်ငန်းတွေမှာ ခြစားပျက်စီးမှုနှုန်း အမြင့်မားဆုံးပါ။ ရုရှားလဲ အောက်ဆုံးနားမှာ ပါဝင်နေတာကို တွေ့ရှိရပါတယ်။ နိုင်ငံ ၁၉၈ နိုင်ငံမှာ အရမ်းခြစားနေတာ ရ၃ နိုင်ငံ၊ ၆၄ နိုင်ငံက ချစားမှုနှုန်း မြင့်မားတာ၊ ၃၈ နိုင်ငံက ပုံမှန်၊ ၂၃ နိုင်ငံက နည်းပါးတဲ့ အခြေအနေမှာပါ။ ဒိန်းမတ်က ခြစားမှု အနည်းဆုံး ဖြစ်ပြီး အမေရိကန်က အဆင့်၂၃ ခြစားမှု အနည်းဆုံးပါ။
၁၀. တောင်ဆူဒန်
လွတ်လပ်ရေးရပြီး ၃ နှစ်အကြာမှာ ပြည်တွင်းစစ် ဖြစ်ပွားပါတယ်။ ပြည်သူ သောင်းနဲ့ချီပြီး သေဆုံးခဲ့ရပြီး ၂ သန်းလောက်က အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ရေနံချမ်းသာပေမယ့် အရမ်းခြစားမှုက ဒီမိုကရေစီကို အညွန့်ချိုးလိုက်ပါတယ်။
၁၀. ရုရှား
ပူတင်ရဲ့ အကြီးဆုံး ပြိုင်ဖက် မော်စကို မြို့ဝန်အရွေးခံ Alexei Navalny ကို ထောင်ချခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားဝင်ခွင့်ကို မဲဝယ်ခဲ့ပါတယ်။ ၂၀၁၄ ဆောင်းရာသီအိုလံပစ်မှာ ရုရှားအစိုးရက ခြစားပြီး ဆောက်လုပ်ရေး ကုမ္ပဏီတွေကို ချပေးခဲ့ပါတယ်။
၁၀. မြန်မာ
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပြီးတော့ ဆယ်စုနှစ်များစွာ အုပ်ချုပ်မှုလွဲမှားခြင်းရဲ့ ဒဏ်ကို ခံစားနေရတာပါ။ အဓိက စက်မှုလုပ်ငန်းတွေကို စစ်တပ်က ထိန်းချုပ်ထားပြီးတော့ ခြစားမှုကလဲ တိုးမြင့်ဆဲပါ။
၆. လစ်ဗျား
လစ်ဗျားရဲ့ နိုင်ငံဝင်ငွေရဲ့ ၉၀ ရာနှုန်းရှိတဲ့ ရေနံလုပ်ငန်းဟာ ခြစားမှုဒဏ်ကို ခံနေရပါတယ်။ မိုးကျရွှေကိုယ် ရာထူးပေးခြင်းဟာလဲ ရှိနေဆဲပါ။
၆. အီရတ်
အီရတ်ဟာ စီးပွားရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အားလုံးပျက်စီးနေတာပါ။ မိုးကျရွှေကိုယ် အာဏာသုံးပြီး မိသားစုဝင်တွေကိုပဲ အလုပ်ခန့်တာ၊ ရာထူးပေးတာ တို့ဟာ နိုင်ငံပရောဂျက်တွေကို ပျက်စီးစေပါတယ်။
၆. အီကွေတိုရီရယ် ဂွီနာ
ခြစားခြင်း ပျက်စီးခြင်းအားလုံးတွေဟာ အာဖရိက နိုင်ငံ သေးသေးလေးမှာ ကပ်ဆိုက်နေပါတယ်။ အာဏာရှင်အနားက လူတွေက ရှိသမျှ ရေနံတွင်းတွေကို ရယူထားပြီးတော့ ပြည်သူလူထုကတော့ အမှောင်ထုထဲမှာ နေနေရဆဲပါ။
၆. အာဖဂန် နစ္စတန်
အာဖဂန်ဟာ သူ့ရဲ့ ၂၀၁၆ ဘတ်ဂျက်လိုငွေကို ဖြည့်နိုင်မှာ မဟုတ်ပါဘူး။ ပြသနာက အာဖဂန်ရဲ့ နိုင်ငံ့ဝင်ငွေ ၃ ပုံတစ်ပုံဖြစ်တဲ့ အခွန်က ရတဲ့ငွေ ၅၀ ရာနှုန်း စာရင်းပျောက်နေလို့ပါ။ အာဖဂန်က ကမ္ဘာပေါ်မှာ နိုင်ငံဝင်ငွေ အနည်းဆုံးနိုင်ငံပါ။
၄. ဆူဒန်
ဆူဒန်သမ္မတဟာ တောင်အာဖရိကမှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ဖမ်းဆီးမခံရခင် ပြန်ပြေးလာခဲ့ရပါတယ်။ ဆူဒန်ပြည်သူတွေဟာ သူတို့ဖန်တီးခဲ့တဲ့ မကောင်းဆိုးဝါးအစိုးရကို ပြန်ခံစားနေရတာပါ။
၄. စင်ထရယ် အာဖရိကန် ရီပတ်ဘလစ်
အဲဒိမှာ ခြစားမှုက အရမ်းပြင်းထန်နေပြီး တန်ဖိုးရှိ သစ်တွေနဲ့ စိန်တွင်းတွေကို ခရိုနီတွေက စျေးပေါပေါနဲ့ ဝယ်ယူနေကြပါတယ်။ ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ တစ်နိုင်ငံပါ။
၁. ဆိုမာလီယား
ဆိုမာလီယာ ဗဟိုဘဏ်ဟာ နိုင်ငံ့လုပ်ငန်းတွေ လုပ်တာမဟုတ်ပဲ တခြားသူတွေဆီကို ငွေ ၈၀ ရာနှုန်းရောက်သွားပြီး အစိုးရက ထည့်လိုက်သမျှ နိုင်ငံပိုင်ငွေတွေ အစရှာမရအောင် ပျောက်သွားပါတယ်။
၁. မြောက်ကိုရီးယား
ဘယ်အစိုးရဋ္ဌာနတိုင်းမှာမဆို လာဘ်ငွေ ထည့်ရပါတယ်။ နိုင်ငံခြားနဲ့ ဆက်ဆံနိုင်တဲ့ လုပ်ငန်းတိုင်းဟာ အစိုးရလူကြီးတွေ ပိုင်တာပါ။ ပိုင်ဆိုင်မှုအားလုံးနီးပါးက နိုင်ငံတော်ပါ။ အစိုးရက စီးပွားရေးတစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။
၁. ကွန်ဂို
ခြစားမှုလွန်နေတာဟာ ခြစားမှုကို ဖော်ထုတ်ပြမယ့် သူတောင် မရှိသလောက်ပါပဲ။ သမ္မတဟာ ခြစားမှု တိုက်ဖျက်ရေးကို အရမ်းအသံကောင်း ဟစ်ခဲ့ပေမယ့် သူပြောတာကို လိုက်လုပ်နိုင်တဲ့ ရဲတပ်ဖွဲ့နဲ့ တရားစီရင်ရေးအဖွဲ့ မရှိတော့ပါဘူး။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
Related Posts
%%footer%%