Facebook မွာ ဒါကိုဖတ္ၿပီးမွ Like လုပ္ပါ။

ကၽြန္ေတာ္တို႔ အားလံုး Facebook သံုးၿပီဆိုရင္ ကိုယ္ႀကိဳက္တဲ့ Post ေတြ၊ Photo ေတြနဲ႔ Status ေတြကို Like လုပ္ေလ့ရွိပါတယ္။ ဒီလို Like လုပ္တတ္တာဟာ လြယ္ကူလို႔ဆိုတာထက္ အျခားအေၾကာင္းရင္းေတြ ရွိေနပါေသးတယ္။

Facebook ကုမၸဏီကေတာ့ Like လုပ္ေပးတာဟာ အျပဳသေဘာေဆာင္တဲ့ တံု႔ျပန္မႈကိုေဖာ္ျပဖို႔နဲ႔ သင္ဂ႐ုစိုက္တဲ့သူေတြနဲ႔ ဆက္သြယ္ႏိုင္ဖို႔နည္းလမ္းတစ္ခုျဖစ္တယ္လို႔ ဆိုထားပါတယ္။ Facebook က ထုတ္ျပန္တဲ့ စာရင္းဇယားေတြအရ Facebook အသံုးျပဳသူ (၆၅)သန္းေက်ာ္ဟာ ေန႔စဥ္နဲ႔အမွ် Like လုပ္ေနၾကၿပီး လူငယ္အသံုးျပဳသူေတြၾကားမွာ ပိုေရပန္းစားတယ္လို႔ သိရပါတယ္။

တကယ္ေတာ့ Like လုပ္ေပးတဲ့ အေလ့အက်င့္မွာ လုပ္ေပးတဲ့သူနဲ႔ လက္ခံတဲ့သူႏွစ္ဦးစလံုးအတြက္ အေရးႀကီးတဲ့ ဆက္သြယ္ခ်က္ေတြရွိေနပါေသးတယ္။

ဘာေၾကာင့္ ကၽြန္ေတာ္တို႔ Like မ်ားမ်ားရခ်င္ရတာလဲ။

Like တစ္ခုဟာ Post ဒါမွမဟုတ္ Status update တစ္ခုအတြက္ အျပဳသေဘာေဆာင္တဲ့ တုံ႔ျပန္မႈေပးတာထက္ Post ပိုင္ရွင္အတြက္လည္း အမ်ားႀကီးသက္ေရာက္မႈရွိေနပါတယ္။ လက္မေထာင္ျပျခင္းရဲ႕ စည္းမ်ဥ္းအရ Like မ်ားမ်ားရေလ၊ ကၽြန္ေတာ္တို႔ကို ေထာက္ခံသူ၊ ခ်စ္တဲ့သူ မ်ားမ်ားရွိေလလို႔ ခံစားရေစပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕ Like တစ္ခ်က္ဟာ လူတစ္ေယာက္ရဲ႕ အတၱကို အရွိန္အဟုန္ျမွင့္ေပးႏိုင္သလို နည္းပါးသြားေအာင္လည္း လုပ္ႏိုင္ပါတယ္။

ဒါ့အျပင္ Like ေတြနဲ႔ ဆက္သြယ္တာဟာ မွ်ေ၀ခံစားျခင္းနဲ႔ ဂ႐ုစိုက္ျခင္းတို႔ကို ေဖာ္ျပေပးႏိုင္တဲ့အတြက္ အထီးက်န္မႈကိုလည္း ေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။ Like လုပ္ေပးသူဘက္က ၾကည့္ရင္ Like တစ္ခုဟာ ျပံဳးျပလိုက္တာ၊ အားေပးစကားေျပာလိုက္တာနဲ႔ သေဘာတရားျခင္းတူညီပါတယ္။ ၿပီးေတာ့ အရမ္းလြယ္ကူသလို အကုန္အက်အနည္းဆံုးနဲ႔ လုပ္ေဆာင္ႏိုင္ပါတယ္။

ဒါဆို ကၽြန္ေတာ္တို႔ ဘာေၾကာင့္ Like လုပ္ၾကတာလဲ။

လူေတြဟာ တစ္ဖက္သားကို ယဥ္ေက်းပ်ဴငွာတဲ့ခ်ီးမြမ္းစကားေတြ ေန႔စဥ္နဲ႔အမွ်ေျပာေနၾကရပါတယ္။ ယဥ္ေက်းသိမ္ေမြ႕သူအျဖစ္ျမင္ေစခ်င္လို႔ေသာ္လည္းေကာင္း၊ တစ္ဖက္သားကို အေလးထားေၾကာင္း ေဖာ္ျပဖို႔ေသာ္လည္းေကာင္း၊ တစ္ခုခုျပန္လိုခ်င္လို႔ပဲျဖစ္ျဖစ္ အေၾကာင္းရင္းေပါင္းစုံနဲ႔ ခ်ီးမြမ္းစကားေတြ ေျပာေလ့ရွိၾကပါတယ္။ လူတစ္ဖက္သားကို ခ်ီးက်ဴးလိုက္ရတာက အခမဲ့လုပ္ေဆာင္ႏိုင္ပါတယ္။ စိတ္ထဲက ပါသည္ျဖစ္ေစ၊ မပါသည္ျဖစ္ေစ၊ ေငြကုန္ေၾကးက်မရွိသလို အင္အားစိုက္ထုတ္မႈအနည္းဆံုးနဲ႔ လုပ္ေဆာင္ႏိုင္ပါတယ္။ လူအမ်ားစုကလည္း ခ်ီးက်ဴးေထာက္ခံတဲ့စကားေတြကို ၾကားခ်င္တတ္ၾကပါတယ္။ ဒီကိစၥေတြအားလံုးကို Like ခလုတ္ေလး ႏွိပ္လိုက္႐ုံနဲ႔ အဆင္ေျပသြားေစႏိုင္ပါတယ္။

ဒါ့အျပင္ Like လုပ္ေပးတာဟာ အြန္လုိင္းမွာ သင့္ရဲ႕တည္ရွိမႈကို ေဖာ္ျပတဲ့အေၾကာင္းတစ္ခုလည္း ျဖစ္ပါတယ္။ သင့္ရဲ႕ Like လုပ္တဲ့အေလ့အထနဲ႔ Comment ေတြက အြန္လိုင္းေပၚမွာ သင့္ရဲ႕အမည္ဂုဏ္သိကၡာကို ပံုေဖာ္ေပးပါတယ္။ ကြန္ယက္အတြင္းမွာရွိတဲ့ အျခားသူေတြရဲ႕ Post ေတြကို Like လုပ္ေပးတာက သူတို႔နဲ႔ စိတ္တူကိုယ္တူရွိေၾကာင္း ေဖာ္ျပမႈတစ္ခုလည္းျဖစ္ပါတယ္။ ဒါ့ေၾကာင့္ပဲ အျခားလူေတြကို Like လုပ္ေပးၿပီး ကၽြန္ေတာ္တို႔ရဲ႕ post ေတြမွာ Like ျပန္ရဖို႔အတြက္ ေမွ်ာ္လင့္တတ္ၾကတာျဖစ္ပါတယ္။

အခုႏွစ္ပိုင္းအတြင္းမွာဆိုရင္ေတာ့ Like လုပ္တာဟာ Facebook နယ္ပယ္အျပင္ဖက္က တစ္စံုတစ္ခု ဒါမွမဟုတ္ တစ္စံုတစ္ေယာက္ကို သေဘာက်ေထာက္ခံႏိုင္သည္အထိ ျဖစ္လာပါတယ္။ သတင္းတစ္ပုဒ္၊ ကုန္ပစၥည္းတစ္ခုခု ဒါမွမဟုတ္ ၾကည့္ခဲ့တဲ့႐ုပ္ရွင္ဇာတ္ကားတစ္ခုခုနဲ႔ ပတ္သက္ၿပီး Like လုပ္လိုက္တယ္ ဆိုၾကပါစို႔။ ဒီ Like ေတြက သတင္းအေၾကာင္းအရာ၊ ကုန္ပစၥည္းအရည္အေသြး စတာေတြနဲ႔ ပတ္သက္ၿပီး စိတ္ေက်နပ္မႈရရွိတယ္ဆိုတဲ့ အဓိပၸါယ္သက္ေရာက္ပါတယ္။ ဒီလိုနည္းနဲ႔ မသိ၊ မသံုးဖူးေသးတဲ့ သူေတြအတြက္ သင့္ရဲ႕ထင္ျမင္ယူဆခ်က္ေတြကို ေျပာျပလိုက္သလို ျဖစ္လာပါတယ္။

သင့္ရဲ႕ Like ေတြက သင့္အေၾကာင္းကို အမ်ားႀကီး ေျပာျပႏိုင္ပါတယ္။

Facebook ေပၚမွာ ကၽြန္ေတာ္တို႔ Like လုပ္တဲ့အေလ့အက်င့္ကို ေစာင့္ၾကည့္သံုးသပ္ျခင္းအားျဖင့္ ကၽြန္ေတာ္တို႔ရဲ႕ အရင္းႏွီးဆံုးမိတ္ေဆြေတြေတာင္ မသိတဲ့ ကၽြန္ေတာ္တို႔အေၾကာင္းေတြကို သိႏိုင္ပါတယ္။ သင့္ရဲ႕ Like ေတြက သင့္ရဲ႕လိင္မႈကိစၥအေပၚ စိတ္၀င္စားမႈအေျခအေန၊ ကိုယ္ရည္ကိုယ္ေသြး၊ ဉာဏ္ရည္ အဆင့္အတန္းေတြကေန လူမ်ိဳး၊ အသက္အရြယ္စတာေတြအထိ ေဖာ္ျပႏိုင္ပါတယ္။ ဒါ့အျပင္ သင့္ရဲ႕ ဘာသာေရးနဲ႔ ႏိုင္ငံေရးအေပၚ ထင္ျမင္ယူဆခ်က္၊ မိဘေတြက ကြဲကြာေနၾကတာလား၊ ဘယ္ေလာက္ထိ ေပ်ာ္ရြင္ေနလဲ၊ စိတ္ကိုစြဲလမ္းေစတဲ့ အရက္၊ ေဆးလိပ္ ေတြ ေသာက္သံုးမႈရွိမရွိကိုက အစ ခန္႔မွန္းႏိုင္ပါတယ္။

Like ႏွင့္ ထင္ျမင္သံုးသပ္ခ်က္တို႔၏ ဆက္ႏြယ္မႈ

ဆုံးျဖတ္ခ်က္ခ်တဲ့လုပ္ငန္းစဥ္မွာ အျခားလူေတြဆီက ထင္ျမင္သံုးသပ္ခ်က္ေတြ ရရွိတာက ႏွစ္ဦးႏွစ္ဖက္စလံုး စိတ္ေက်နပ္မႈျဖစ္ေစပါတယ္။ အမ်ားရဲ႕ထင္ျမင္သံုးသပ္ခ်က္ေပၚမွာ မူတည္ၿပီး ခ်မွတ္တဲ့ဆံုးျဖတ္ခ်က္ကို ပိုၿပီး ေက်နပ္တတ္ၾကတာေၾကာင့္ ျဖစ္ပါတယ္။ Like လုပ္တာကလည္း သင့္ရဲ႕ ထင္ျမင္သံုးသပ္ခ်က္ကို လွစ္ဟာျပလိုက္တာနဲ႔ အတူတူပါပဲ။

ဒါ့ေၾကာင့္ Facebook လုိ လူမႈကြန္ယက္ေတြက Like ခလုတ္ေလးဟာ တစ္စုံတစ္ေယာက္ရဲ႕ Post နဲ႔ Status Update ေတြကို အျပဳသေဘာတုံ႔ျပန္ဖို႔ထက္ အမ်ားႀကီးသက္ေရာက္မႈရွိတယ္ဆိုတာကို သတိျပဳသင့္ပါတယ္။ Like လုပ္တဲ့သူနဲ႔ Like ရရွိသူ ႏွစ္ဦးစလံုးကို မယုံၾကည္ႏိုင္ေအာင္ လႊမ္းမိုးႏိုင္တဲ့ ကိစၥပဲျဖစ္ပါတယ္။ မွန္မွန္ကန္ကန္ အသံုးခ်တတ္မယ္ဆိုရင္ေတာ့ မိမိကိုယ္ကို ေလးစားမႈ၊ တန္ဖိုးထားမႈနဲ႔ အြန္လုိင္း ဂုဏ္သိကၡာကို ထိန္းသိမ္းထားႏိုင္မွာပဲ ျဖစ္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

ဒါကိုဖတ်ပြီးမှ Like လုပ်ပါ။

ကျွန်တော်တို့ အားလုံး Facebook သုံးပြီဆိုရင် ကိုယ်ကြိုက်တဲ့ Post တွေ၊ Photo တွေနဲ့ Status တွေကို Like လုပ်လေ့ရှိပါတယ်။ ဒီလို Like လုပ်တတ်တာဟာ လွယ်ကူလို့ဆိုတာထက် အခြားအကြောင်းရင်းတွေ ရှိနေပါသေးတယ်။

Facebook ကုမ္ပဏီကတော့ Like လုပ်ပေးတာဟာ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကိုဖော်ပြဖို့နဲ့ သင်ဂရုစိုက်တဲ့သူတွေနဲ့ ဆက်သွယ်နိုင်ဖို့နည်းလမ်းတစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။ Facebook က ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ Facebook အသုံးပြုသူ (၆၅)သန်းကျော်ဟာ နေ့စဉ်နဲ့အမျှ Like လုပ်နေကြပြီး လူငယ်အသုံးပြုသူတွေကြားမှာ ပိုရေပန်းစားတယ်လို့ သိရပါတယ်။

တကယ်တော့ Like လုပ်ပေးတဲ့ အလေ့အကျင့်မှာ လုပ်ပေးတဲ့သူနဲ့ လက်ခံတဲ့သူနှစ်ဦးစလုံးအတွက် အရေးကြီးတဲ့ ဆက်သွယ်ချက်တွေရှိနေပါသေးတယ်။

ဘာကြောင့် ကျွန်တော်တို့ Like များများရချင်ရတာလဲ။

Like တစ်ခုဟာ Post ဒါမှမဟုတ် Status update တစ်ခုအတွက် အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုပေးတာထက် Post ပိုင်ရှင်အတွက်လည်း အများကြီးသက်ရောက်မှုရှိနေပါတယ်။ လက်မထောင်ပြခြင်းရဲ့ စည်းမျဉ်းအရ Like များများရလေ၊ ကျွန်တော်တို့ကို ထောက်ခံသူ၊ ချစ်တဲ့သူ များများရှိလေလို့ ခံစားရစေပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ Like တစ်ချက်ဟာ လူတစ်ယောက်ရဲ့ အတ္တကို အရှိန်အဟုန်မြှင့်ပေးနိုင်သလို နည်းပါးသွားအောင်လည်း လုပ်နိုင်ပါတယ်။

ဒါ့အပြင် Like တွေနဲ့ ဆက်သွယ်တာဟာ မျှဝေခံစားခြင်းနဲ့ ဂရုစိုက်ခြင်းတို့ကို ဖော်ပြပေးနိုင်တဲ့အတွက် အထီးကျန်မှုကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။ Like လုပ်ပေးသူဘက်က ကြည့်ရင် Like တစ်ခုဟာ ပြုံးပြလိုက်တာ၊ အားပေးစကားပြောလိုက်တာနဲ့ သဘောတရားခြင်းတူညီပါတယ်။ ပြီးတော့ အရမ်းလွယ်ကူသလို အကုန်အကျအနည်းဆုံးနဲ့ လုပ်ဆောင်နိုင်ပါတယ်။

ဒါဆို ကျွန်တော်တို့ ဘာကြောင့် Like လုပ်ကြတာလဲ။

လူတွေဟာ တစ်ဖက်သားကို ယဉ်ကျေးပျူငှာတဲ့ချီးမွမ်းစကားတွေ နေ့စဉ်နဲ့အမျှပြောနေကြရပါတယ်။ ယဉ်ကျေးသိမ်မွေ့သူအဖြစ်မြင်စေချင်လို့သော်လည်းကောင်း၊ တစ်ဖက်သားကို အလေးထားကြောင်း ဖော်ပြဖို့သော်လည်းကောင်း၊ တစ်ခုခုပြန်လိုချင်လို့ပဲဖြစ်ဖြစ် အကြောင်းရင်းပေါင်းစုံနဲ့ ချီးမွမ်းစကားတွေ ပြောလေ့ရှိကြပါတယ်။ လူတစ်ဖက်သားကို ချီးကျူးလိုက်ရတာက အခမဲ့လုပ်ဆောင်နိုင်ပါတယ်။ စိတ်ထဲက ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ငွေကုန်ကြေးကျမရှိသလို အင်အားစိုက်ထုတ်မှုအနည်းဆုံးနဲ့ လုပ်ဆောင်နိုင်ပါတယ်။ လူအများစုကလည်း ချီးကျူးထောက်ခံတဲ့စကားတွေကို ကြားချင်တတ်ကြပါတယ်။ ဒီကိစ္စတွေအားလုံးကို Like ခလုတ်လေး နှိပ်လိုက်ရုံနဲ့ အဆင်ပြေသွားစေနိုင်ပါတယ်။

ဒါ့အပြင် Like လုပ်ပေးတာဟာ အွန်လိုင်းမှာ သင့်ရဲ့တည်ရှိမှုကို ဖော်ပြတဲ့အကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။ သင့်ရဲ့ Like လုပ်တဲ့အလေ့အထနဲ့ Comment တွေက အွန်လိုင်းပေါ်မှာ သင့်ရဲ့အမည်ဂုဏ်သိက္ခာကို ပုံဖော်ပေးပါတယ်။ ကွန်ယက်အတွင်းမှာရှိတဲ့ အခြားသူတွေရဲ့ Post တွေကို Like လုပ်ပေးတာက သူတို့နဲ့ စိတ်တူကိုယ်တူရှိကြောင်း ဖော်ပြမှုတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ အခြားလူတွေကို Like လုပ်ပေးပြီး ကျွန်တော်တို့ရဲ့ post တွေမှာ Like ပြန်ရဖို့အတွက် မျှော်လင့်တတ်ကြတာဖြစ်ပါတယ်။

အခုနှစ်ပိုင်းအတွင်းမှာဆိုရင်တော့ Like လုပ်တာဟာ Facebook နယ်ပယ်အပြင်ဖက်က တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို သဘောကျထောက်ခံနိုင်သည်အထိ ဖြစ်လာပါတယ်။ သတင်းတစ်ပုဒ်၊ ကုန်ပစ္စည်းတစ်ခုခု ဒါမှမဟုတ် ကြည့်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားတစ်ခုခုနဲ့ ပတ်သက်ပြီး Like လုပ်လိုက်တယ် ဆိုကြပါစို့။ ဒီ Like တွေက သတင်းအကြောင်းအရာ၊ ကုန်ပစ္စည်းအရည်အသွေး စတာတွေနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှုရရှိတယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ဒီလိုနည်းနဲ့ မသိ၊ မသုံးဖူးသေးတဲ့ သူတွေအတွက် သင့်ရဲ့ထင်မြင်ယူဆချက်တွေကို ပြောပြလိုက်သလို ဖြစ်လာပါတယ်။
သင့်ရဲ့ Like တွေက သင့်အကြောင်းကို အများကြီး ပြောပြနိုင်ပါတယ်။

Facebook ပေါ်မှာ ကျွန်တော်တို့ Like လုပ်တဲ့အလေ့အကျင့်ကို စောင့်ကြည့်သုံးသပ်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေတောင် မသိတဲ့ ကျွန်တော်တို့အကြောင်းတွေကို သိနိုင်ပါတယ်။ သင့်ရဲ့ Like တွေက သင့်ရဲ့လိင်မှုကိစ္စအပေါ် စိတ်ဝင်စားမှုအခြေအနေ၊ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည် အဆင့်အတန်းတွေကနေ လူမျိုး၊ အသက်အရွယ်စတာတွေအထိ ဖော်ပြနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ ဘာသာရေးနဲ့ နိုင်ငံရေးအပေါ် ထင်မြင်ယူဆချက်၊ မိဘတွေက ကွဲကွာနေကြတာလား၊ ဘယ်လောက်ထိ ပျော်ရွင်နေလဲ၊ စိတ်ကိုစွဲလမ်းစေတဲ့ အရက်၊ ဆေးလိပ် တွေ သောက်သုံးမှုရှိမရှိကိုက အစ ခန့်မှန်းနိုင်ပါတယ်။

Like နှင့် ထင်မြင်သုံးသပ်ချက်တို့၏ ဆက်နွယ်မှု

ဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းစဉ်မှာ အခြားလူတွေဆီက ထင်မြင်သုံးသပ်ချက်တွေ ရရှိတာက နှစ်ဦးနှစ်ဖက်စလုံး စိတ်ကျေနပ်မှုဖြစ်စေပါတယ်။ အများရဲ့ထင်မြင်သုံးသပ်ချက်ပေါ်မှာ မူတည်ပြီး ချမှတ်တဲ့ဆုံးဖြတ်ချက်ကို ပိုပြီး ကျေနပ်တတ်ကြတာကြောင့် ဖြစ်ပါတယ်။ Like လုပ်တာကလည်း သင့်ရဲ့ ထင်မြင်သုံးသပ်ချက်ကို လှစ်ဟာပြလိုက်တာနဲ့ အတူတူပါပဲ။

ဒါ့ကြောင့် Facebook လို လူမှုကွန်ယက်တွေက Like ခလုတ်လေးဟာ တစ်စုံတစ်ယောက်ရဲ့ Post နဲ့ Status Update တွေကို အပြုသဘောတုံ့ပြန်ဖို့ထက် အများကြီးသက်ရောက်မှုရှိတယ်ဆိုတာကို သတိပြုသင့်ပါတယ်။ Like လုပ်တဲ့သူနဲ့ Like ရရှိသူ နှစ်ဦးစလုံးကို မယုံကြည်နိုင်အောင် လွှမ်းမိုးနိုင်တဲ့ ကိစ္စပဲဖြစ်ပါတယ်။ မှန်မှန်ကန်ကန် အသုံးချတတ်မယ်ဆိုရင်တော့ မိမိကိုယ်ကို လေးစားမှု၊ တန်ဖိုးထားမှုနဲ့ အွန်လိုင်း ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်မှာပဲ ဖြစ်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%