တကိုယ္ေကာင္းဆန္သူေတြကိုဆက္ဆံႏိုင္ဖို႔ နည္းလမ္း

တကိုယ္ေကာင္းဆန္တဲ့သူေတြဟာ တစ္ျခားသူေတြရဲ႕ ထင္ျမင္ယူဆခ်က္နဲ႔ အျမင္ေတြကို စဥ္းစားေပးေလ့ မရွိပါဘူး။ သူတို႔ဟာ ကိုယ္ေကာင္းဖို႔တစ္ခုတည္းအတြက္ပဲ ၾကည့္တတ္တဲ့ အတၱႀကီးသူေတြျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အဲဒီလို တစ္ဘို႔တည္းသမားေတြနဲ႔ ေပါင္းသင္းဆက္ဆံႏိုင္ဖို႔အတြက္ နည္းလမ္းေကာင္း(၉)ခု ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ကိုယ့္သိကၡာနဲ႔ကိုယ္ေနပါ။ သူတို႔နဲ႔ တန္းသြားမညွိမိပါေစနဲ႕။

တကိုယ္ေကာင္းဆန္တဲ့သူေတြနဲ႔ ပတ္သက္ဆက္ဆံရတိုင္း သင့္ရဲ႕စိတ္ထဲမွာ အရင္ဆံုးသတိထားရမွာက သူတို႔လို မျဖစ္ေစဖို႔ပါပဲ။ သူတို႔ေတြက သင့္ကိုဖိအားေတြေပးပါလိမ့္မယ္။ ဒါေပမယ့္ သင့္အေနနဲ႔ ႀကိဳးစား သည္းခံၿပီး သင့္ရဲ႕ဂုဏ္သိကၡာကို အထိခိုက္မခံပါနဲ႔။

၂။ မလိုအပ္ပဲ သူတို႔အေပၚ အာ႐ုံမစိုက္မိပါေစနဲ႔။

သူတို႔ဟာ အာ႐ုံစိုက္ခံရဖို႔ အသည္းအသန္ႀကိဳးစားေနၾကတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သူတို႔ကို မလိုပဲ အာ႐ုံစိုက္မေနပါနဲ႔။ ဒီလိုေနလိုက္ျခင္းအားျဖင့္ သူတို႔ဘာသာသေဘာေပါက္ၿပီး ေနာက္ဆုတ္သြားပါလိမ့္မယ္။ သူတို႔ရဲ႕ျပႆနာေတြအားလံုးကို နားေထာင္ေပးေနမယ့္အစား “ဒါ ဘ၀ပဲေလ”ဆိုတာမ်ိဳး လိုတိုရွင္း အေျဖမ်ိဳးသာေပးလိုက္ပါ။

၃။ သူတို႔၀န္းက်င္က အျခားသူေတြကို စဥ္းစားေပးဖို႔ သတိေပးပါ။

တကိုယ္ေကာင္းဆန္သူေတြဟာ အျခားလူေတြရဲ႕ ထင္ျမင္ယူဆခ်က္ေတြကို အသိအမွတ္ျပဳႏိုင္စြမ္း မရွိၾကပါဘူး။ ဒါ့ေၾကာင့္ သူတို႔ကို ေအာ္ေငါက္မယ့္အစား သင္နားလည္ေစခ်င္တဲ့ အေၾကာင္းအရာကို ေသခ်ာထိုင္ရွင္းျပသင့္ပါတယ္။ တိုက္႐ုိက္ႀကီး ေျပာလိုက္ရင္ သူတို႔က ပိုၿပီးအရြဲ႕တိုက္ျပပါလိမ့္မယ္။

၄။ သူတို႔က တျခားသူေတြအတြက္ မစဥ္းစားေပးတတ္ဘူးဆိုတာကို နားလည္းထားပါ။

ဒါက ရွင္းပါတယ္။ တကိုယ္ေကာင္းဆန္သူေတြဟာ တဖက္လူရဲ႕စိတ္ခံစားခ်က္ကို ထည့္သြင္းစဥ္းစားေပးတတ္ တဲ့ အက်င့္မရွိတာကို သင့္ဖက္က နားလည္ထားဖို႔ပါ။ သူတို႔ရဲ႕အက်င့္စ႐ုိက္ကို မေျပာင္းလဲႏိုင္တဲ့အတြက္ နားလည္ေပးလိုက္တာ အေကာင္းဆံုးပါပဲ။

၅။ သင္စိတ္၀င္စားတဲ့အေၾကာင္းေတြပဲ ေျပာပါ။

အေၾကာင္းတစ္ခုခုကိုေဆြးေႏြးေျပာဆိုေနခ်ိန္မွာ သူတို႔ရဲ႕ ကိုယ္ရည္ေသြးစကားေတြ မေျပာမိေအာင္ ႀကိဳးစား ထိန္းခ်ဳပ္ပါ။ သင္ အဓိကေျပာလိုတဲ့အေၾကာင္းအရာကိုပဲ စကားလမ္းေၾကာင္းမေျပာင္းေစပဲ ေဆြးေႏြးေျပာဆိုပါ။ ဒီလိုဆိုရင္ သူတို႔ေျပာတာကို စိတ္မ၀င္စားတာကို အလိုလိုသေဘာေပါက္သြားပါလိမ့္မယ္။

၆။ သူတို႔အတြက္ေပးတဲ့အခ်ိန္ကို ကန္႔သတ္ထားပါ။

သူတို႔ရဲ႕ ဖုန္းေခၚဆိုမႈေတြကို ျပန္မေျဖပါနဲ႔၊ မက္ေဆ့ဂ်္ေတြကိုလည္း မျပန္ပါနဲ႔။ သူတို႔နဲ႔ ခပ္ခြာခြာေနၿပီး အျခားသူေတြနဲ႔ ပိုတြဲပါ။

၇။ သူတို႔ကို အားေပးႏွစ္သိမ့္ေနတာကို ရပ္လိုက္ပါ။

တကိုယ္ေကာင္းဆန္သူေတြကို ဘာဆိုဘာမွ ေပးစရာမလိုပါဘူး။ ဒါ့ေၾကာင့္ သူတို႔ကို လိုက္ေလ်ာၿပီး ႏွစ္သိမ့္အားေပးေနတာကို ရပ္လိုက္ပါ။ သူတို႔ကို တျခားလူေတြလိုပဲ ပံုမွန္အတိုင္းဆက္ဆံပါ။ သူတို႔ကို ထူးျခားၿပီး လိုက္ေလ်ာအားေပးေနစရာ အေၾကာင္းမရွိပါဘူး။

၈။ တျခားသူငယ္ခ်င္းမိတ္ေဆြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြ ရွာပါ။

တကိုယ္ေကာင္းမဆန္ပဲ သင့္ကိုအရွိအတိုင္းေလးစားလက္ခံတတ္တဲ့ သူေတြကို ရွာေဖြပါ။ ဒါေၾကာင့္ သင့္ပတ္၀န္းက်င္က တကိုယ္ေကာင္းဆန္တဲ့ အခြင့္အေရးသမားေတြကို ရွင္းထုတ္ပစ္လိုက္ပါ။

၉။ သူတုိ႔ကို မ်က္ႏွာသာေပးလို႔မရသလို သူတို႔ဆီကလည္း မေမွ်ာ္လင့္ပါနဲ႔။

သူတို႔ကို အေၾကာင္းတစ္ခုခုအတြက္ မ်က္ႏွာသာေပးလို႔မျဖစ္သလို သူတို႔ဆီက အခြင့္အေရး တစ္စံုတစ္ရာကိုလည္း သြားမေတာင္းဆိုမိပါေစနဲ႔။ သင္ကိုယ္တိုင္လုပ္ႏိုင္တဲ့ ကိစၥမွန္သမွ်ကို ဘယ္သူ႔အကူအညီမွမယူပဲ ကိုယ္တိုင္လုပ္ပါ။ ကိုယ့္အားကိုယ္ကိုးတတ္ဖို႔က သူတို႔နဲ႔ ကင္းကင္းေနႏိုင္ဖို႔ အေရးႀကီးတဲ့ အခ်က္ျဖစ္ပါတယ္

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

တကိုယ်ကောင်းဆန်သူတွေကိုဆက်ဆံနိုင်ဖို့ နည်းလမ်း (၉)ခု

တကိုယ်ကောင်းဆန်တဲ့သူတွေဟာ တစ်ခြားသူတွေရဲ့ ထင်မြင်ယူဆချက်နဲ့ အမြင်တွေကို စဉ်းစားပေးလေ့ မရှိပါဘူး။ သူတို့ဟာ ကိုယ်ကောင်းဖို့တစ်ခုတည်းအတွက်ပဲ ကြည့်တတ်တဲ့ အတ္တကြီးသူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီလို တစ်ဘို့တည်းသမားတွေနဲ့ ပေါင်းသင်းဆက်ဆံနိုင်ဖို့အတွက် နည်းလမ်းကောင်း(၉)ခု ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်သိက္ခာနဲ့ကိုယ်နေပါ။ သူတို့နဲ့ တန်းသွားမညှိမိပါစေနဲ့။
တကိုယ်ကောင်းဆန်တဲ့သူတွေနဲ့ ပတ်သက်ဆက်ဆံရတိုင်း သင့်ရဲ့စိတ်ထဲမှာ အရင်ဆုံးသတိထားရမှာက သူတို့လို မဖြစ်စေဖို့ပါပဲ။ သူတို့တွေက သင့်ကိုဖိအားတွေပေးပါလိမ့်မယ်။ ဒါပေမယ့် သင့်အနေနဲ့ ကြိုးစား သည်းခံပြီး သင့်ရဲ့ဂုဏ်သိက္ခာကို အထိခိုက်မခံပါနဲ့။

၂။ မလိုအပ်ပဲ သူတို့အပေါ် အာရုံမစိုက်မိပါစေနဲ့။
သူတို့ဟာ အာရုံစိုက်ခံရဖို့ အသည်းအသန်ကြိုးစားနေကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ကို မလိုပဲ အာရုံစိုက်မနေပါနဲ့။ ဒီလိုနေလိုက်ခြင်းအားဖြင့် သူတို့ဘာသာသဘောပေါက်ပြီး နောက်ဆုတ်သွားပါလိမ့်မယ်။ သူတို့ရဲ့ပြဿနာတွေအားလုံးကို နားထောင်ပေးနေမယ့်အစား “ဒါ ဘဝပဲလေ”ဆိုတာမျိုး လိုတိုရှင်း အဖြေမျိုးသာပေးလိုက်ပါ။

၃။ သူတို့ဝန်းကျင်က အခြားသူတွေကို စဉ်းစားပေးဖို့ သတိပေးပါ။
တကိုယ်ကောင်းဆန်သူတွေဟာ အခြားလူတွေရဲ့ ထင်မြင်ယူဆချက်တွေကို အသိအမှတ်ပြုနိုင်စွမ်း မရှိကြပါဘူး။ ဒါ့ကြောင့် သူတို့ကို အော်ငေါက်မယ့်အစား သင်နားလည်စေချင်တဲ့ အကြောင်းအရာကို သေချာထိုင်ရှင်းပြသင့်ပါတယ်။ တိုက်ရိုက်ကြီး ပြောလိုက်ရင် သူတို့က ပိုပြီးအရွဲ့တိုက်ပြပါလိမ့်မယ်။

၄။ သူတို့က တခြားသူတွေအတွက် မစဉ်းစားပေးတတ်ဘူးဆိုတာကို နားလည်းထားပါ။
ဒါက ရှင်းပါတယ်။ တကိုယ်ကောင်းဆန်သူတွေဟာ တဖက်လူရဲ့စိတ်ခံစားချက်ကို ထည့်သွင်းစဉ်းစားပေးတတ် တဲ့ အကျင့်မရှိတာကို သင့်ဖက်က နားလည်ထားဖို့ပါ။ သူတို့ရဲ့အကျင့်စရိုက်ကို မပြောင်းလဲနိုင်တဲ့အတွက် နားလည်ပေးလိုက်တာ အကောင်းဆုံးပါပဲ။

၅။ သင်စိတ်ဝင်စားတဲ့အကြောင်းတွေပဲ ပြောပါ။
အကြောင်းတစ်ခုခုကိုဆွေးနွေးပြောဆိုနေချိန်မှာ သူတို့ရဲ့ ကိုယ်ရည်သွေးစကားတွေ မပြောမိအောင် ကြိုးစား ထိန်းချုပ်ပါ။ သင် အဓိကပြောလိုတဲ့အကြောင်းအရာကိုပဲ စကားလမ်းကြောင်းမပြောင်းစေပဲ ဆွေးနွေးပြောဆိုပါ။ ဒီလိုဆိုရင် သူတို့ပြောတာကို စိတ်မဝင်စားတာကို အလိုလိုသဘောပေါက်သွားပါလိမ့်မယ်။

၆။ သူတို့အတွက်ပေးတဲ့အချိန်ကို ကန့်သတ်ထားပါ။
သူတို့ရဲ့ ဖုန်းခေါ်ဆိုမှုတွေကို ပြန်မဖြေပါနဲ့၊ မက်ဆေ့ဂျ်တွေကိုလည်း မပြန်ပါနဲ့။ သူတို့နဲ့ ခပ်ခွာခွာနေပြီး အခြားသူတွေနဲ့ ပိုတွဲပါ။

၇။ သူတို့ကို အားပေးနှစ်သိမ့်နေတာကို ရပ်လိုက်ပါ။
တကိုယ်ကောင်းဆန်သူတွေကို ဘာဆိုဘာမှ ပေးစရာမလိုပါဘူး။ ဒါ့ကြောင့် သူတို့ကို လိုက်လျောပြီး နှစ်သိမ့်အားပေးနေတာကို ရပ်လိုက်ပါ။ သူတို့ကို တခြားလူတွေလိုပဲ ပုံမှန်အတိုင်းဆက်ဆံပါ။ သူတို့ကို ထူးခြားပြီး လိုက်လျောအားပေးနေစရာ အကြောင်းမရှိပါဘူး။

၈။ တခြားသူငယ်ချင်းမိတ်ဆွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှာပါ။
တကိုယ်ကောင်းမဆန်ပဲ သင့်ကိုအရှိအတိုင်းလေးစားလက်ခံတတ်တဲ့ သူတွေကို ရှာဖွေပါ။ ဒါကြောင့် သင့်ပတ်ဝန်းကျင်က တကိုယ်ကောင်းဆန်တဲ့ အခွင့်အရေးသမားတွေကို ရှင်းထုတ်ပစ်လိုက်ပါ။

၉။ သူတို့ကို မျက်နှာသာပေးလို့မရသလို သူတို့ဆီကလည်း မမျှော်လင့်ပါနဲ့။
သူတို့ကို အကြောင်းတစ်ခုခုအတွက် မျက်နှာသာပေးလို့မဖြစ်သလို သူတို့ဆီက အခွင့်အရေး တစ်စုံတစ်ရာကိုလည်း သွားမတောင်းဆိုမိပါစေနဲ့။ သင်ကိုယ်တိုင်လုပ်နိုင်တဲ့ ကိစ္စမှန်သမျှကို ဘယ်သူ့အကူအညီမှမယူပဲ ကိုယ်တိုင်လုပ်ပါ။ ကိုယ့်အားကိုယ်ကိုးတတ်ဖို့က သူတို့နဲ့ ကင်းကင်းနေနိုင်ဖို့ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%