႐ိုမန္တစ္ဆန္ေစဖို႔ ေဖာ္ျမဴလာေတြ ႐ွိပါတယ္။ Date လုပ္တဲ့ေနရာမွာ ေယာက္်ားေလးေတြ ဘယ္ေတာ့မွ အမွတ္တမဲ့နဲ႔ ေက်ာ္မသြားသင့္တဲ့ အရာေတြ ႐ွိပါတယ္။ ကိုယ့္ေကာင္မေလးကို စိတ္ေက်နပ္ေစဖို႔ ေယာက္်ားေကာင္းတစ္ေယာက္ရဲ႕ အက်င့္ ၁၀ ခုကို ေဖာ္ျပေပးလိုက္ပါတယ္။
၁. သူမကို လွတယ္ထင္ေအာင္ လုပ္ပါ
သူမလာတာနဲ႔ သူမရဲ႕အလွကို ဆီးခ်ီးက်ဳးျခင္းဟာ ရည္းစားေကာင္းေတြရဲ႕ အလုပ္ပါပဲ။ ႐ုိး႐ွင္းၿပီး ႐ိုးသားတာဟာ အေရးႀကီးပါတယ္။ သူမ ႐ွက္ေနတတ္တဲ့ အခ်ိန္ေတြမွာ ခ်ီးက်ဴးပါ။ သင္ျမင္ဘူးသမ်ွ ထဲမွာ အလွဆံုးျဖစ္ေၾကာင္း ေျပာျပပါ။ မိန္းမေတြဟာ သူတို႔ခ်စ္တဲ့ သူေတြအတြက္ လွေပးခ်င္ၾကပါတယ္။
၂. သူမကိုလဲ ပိုေကာင္းလာေအာင္ စိန္ေခၚပါ
သင္လဲ သူမကို သင့္လို ပိုေကာင္းတဲ့ လူတစ္ေယာက္ျဖစ္လာေအာင္ အားေပးပါ။ သူမ စိတ္ဓာတ္က်ေနရင္ အားေပးေပးပါ။ သူမေကာင္းမယ္ထင္တဲ့ သင္တန္းေတြ တက္ခိုင္းပါ။ သင္ သူမအေပၚ ဘယ္ေလာက္ဂ႐ုစိုက္လဲဆိုတာဟာ ဒီခ်စ္ဇာတ္လမ္းကို သက္တမ္းတိုးသြားေစပါတယ္။
၃. သင့္ကိုယ္သင္ ပိုေကာင္းလာေအာင္ ျပဳျပင္ပါ
အဲဒါက သင့္အေပၚ သူမက ေကာင္းေသာလႊမ္းမိုးျခင္းနဲ႔ ဘယ္ေလာက္ လႊမ္းမိုးမႉ႐ွိတယ္ဆိုတာ ျပေနသလိုပါပဲ။ ကိုယ္အေလးခ်ိန္ ခ်တာျဖစ္ျဖစ္၊ စာပို ႀကိဳးစားတာ၊ အရက္ အရမ္းမေသာက္ေတာ့တာ၊ ေဆးလိပ္ျဖတ္တာေတြဟာ သူမအေပၚ သင္က ပိုေကာင္းတဲ့ ပါတနာျဖစ္လာေအာင္ ႀကိဳးစားေပးတာပါပဲ။
၄. သူမနဲ႔ သူမမိသားစုကို ေလးစားပါ
သင္က သူမေ႐ွ႕မွာ အရမ္း မာနေထာင္လႊားျပမေနပါနဲ႔။ သူမရဲ႕ မိသားစုကို ေလးစားျပပါ။ အမွတ္ေတြ ပိုရရံုမက သူမမိဘေတြအေပၚ ေလးစားၾကင္နာျပတာဟာ သင္ သူမကို အတည္ၾကံတာျဖစ္ေၾကာင္း ေျပာျပေနသလိုပါပဲ။ သူမမိဘေတြဆီ လက္ေဆာင္ေလးေတြ ယူသြားပါ။
၅. သူမကို စိတ္ခ်ပါ
ယံုၾကည္မႈဆိုတာ ခ်စ္ဇာတ္လမ္းေကာင္းအားလံုးရဲ႕ အေျခခံပါ။ သူမကို ေမးခြန္းေတြ ေစ့ေစ့ေပါက္ေပါက္မေမးပဲ သူမသူငယ္ခ်င္းနဲ႔ အျပင္သြားခိုင္းလိုက္တာဟာ သင္ သူမကို ယံုၾကည္ေၾကာင္း ျပလိုက္တာပါပဲ။ သင္ကေရာ သင္ဘာလုပ္လုပ္ သဝန္တိုေနတဲ့ လိုက္ Check ေနတဲ့ ရည္းစားတစ္ေယာက္ လိုခ်င္ပါသလား?? သူမလဲ တူတူပါပဲ။
၆. အေသးစိတ္ေလးေတြကို သတိျပဳမိပါ
သူမဆံပင္မွာ ဟိုက္လိုက္ ေဖာက္လာပါသလား?? ကိုယ္အေလးခ်ိန္ က်သြားပါသလား?? ဝတ္စံုအသစ္ ဝတ္ထားပါသလား?? သင္ဟာ သူမကို ဂ႐ုစိုက္ၿပီး ေနတာကို သူမႀကိဳက္ပါတယ္။ အဲဒါဟာ သင္က အေသးစိတ္ ျမင္တတ္တဲ့လူဆိုတာလဲ သူမသိသြားေစပါတယ္။
၇. တက္ႂကြေနပါ
သူမကိုဦးေဆာင္ခိုင္းတာဟာ ပထမမွာေတာ့ သူမကို ဘုရင္မတစ္ပါးလို ခံစားရေစေပမယ့္ ေရ႐ွည္မွာ ဘယ္သူမွ ေနာက္ကေနတဲ့ ေယာက္်ားမ်ိဳးကို မလိုခ်င္ၾကပါဘူး။ သင္ဟာ သင္ပဲျဖစ္ေနပါ။ ကိုယ့္အေတြးအျမင္နဲ႔ကိုယ္ ရပ္တည္ပါ။ သူမကို သင္ သန္မာေၾကာင္း ျပပါ။
၈. အိပ္ရာထဲမွာ ေျဖေဖ်ာ္မႈေပးပါ
လိင္ကိစၥဟာ အေရးႀကီးတယ္လို႔ ေျပာတာဟာ ႏွိမ့္ခ်တာပါ။ ရည္းစားေကာင္းတစ္ေယာက္ဟာ သူ႔ေကာင္မေလးရဲ႕ အခ်စ္ကိစၥလိုအပ္ခ်က္အားလံုးကို ျဖည့္ဆည္းေပးႏိုင္ပါတယ္။ လိင္ကိစၥလုပ္ခ်င္တာနဲ႔ သူမကို ေပ်ာ္ေစခ်င္တာ ကြာျခားပါတယ္။ ဘယ္ေတာ့မွ မႏႈးမႏွပ္ပဲ တန္းမလုပ္ပါနဲ႔။ သင္ၿပီးသြားတာနဲ႔လဲ အိပ္ေပ်ာ္မသြားပါနဲ႔ဦး။
၉. သူမကို မပ်င္းေစပါနဲ႔
ခ်စ္ဇာတ္လမ္းေကာင္းဆိုတာ ဘယ္ေတာ့မွ အ႐ွိန္ေသမေနပါဘူး။ အဲဒါေၾကာင့္ သင္တို႔ရဲ႕ တက္ႂကြစိတ္ေတြ ေပ်ာက္မသြားေအာင္ သူမအျမဲတမ္း ခန္႔မွန္းေနရေအာင္ လ်ိႈ့ဝွက္ဆန္းၾကယ္ ျဖစ္ေနရပါမယ္။ စိတ္ကူးယဥ္ဆန္တာဟာ သူမကို ပိုၿပီး ေပ်ာ္ရႊင္ေစပါတယ္။
၁၀. နားေထာင္ေပးပါ
သူမ စကားေျပာလိုက္တာနဲ႔ သူမေျပာတာကို အာရံုစိုက္ၿပီး နားေထာင္ပါ။ သူမရင္သားကို ငမ္းေနရလို႔ ဘာမွမသိလိုက္တာမ်ိဳး ျဖစ္မသြားပါနဲ႔။ ရည္းစားေကာင္း တစ္ေယာက္ဟာ ျပန္ၿပီးစိတ္ပါဝင္စားမႈနဲ႔ ေမးျမန္းပါတယ္။ သူမေျပာတာ စိတ္ဝင္တစားနားေထာင္တာဟာ သူမရဲ႕ အျမင္ေတြကို ေလးစားၿပီး သူမကို စိတ္ဝင္စားတာပါပဲ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
ရည်းစားကောင်းတစ်ယောက် ဖြစ်စေဖို့ (ယောက်ျားလေးများအတွက်)
ရိုမန်တစ်ဆန်စေဖို့ ဖော်မြူလာတွေ ရှိပါတယ်။ Date လုပ်တဲ့နေရာမှာ ယောက်ျားလေးတွေ ဘယ်တော့မှ အမှတ်တမဲ့နဲ့ ကျော်မသွားသင့်တဲ့ အရာတွေ ရှိပါတယ်။ ကိုယ့်ကောင်မလေးကို စိတ်ကျေနပ်စေဖို့ ယောက်ျားကောင်းတစ်ယောက်ရဲ့ အကျင့် ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁. သူမကို လှတယ်ထင်အောင် လုပ်ပါ
သူမလာတာနဲ့ သူမရဲ့အလှကို ဆီးချီးကျုးခြင်းဟာ ရည်းစားကောင်းတွေရဲ့ အလုပ်ပါပဲ။ ရိုးရှင်းပြီး ရိုးသားတာဟာ အရေးကြီးပါတယ်။ သူမ ရှက်နေတတ်တဲ့ အချိန်တွေမှာ ချီးကျူးပါ။ သင်မြင်ဘူးသမျှ ထဲမှာ အလှဆုံးဖြစ်ကြောင်း ပြောပြပါ။ မိန်းမတွေဟာ သူတို့ချစ်တဲ့ သူတွေအတွက် လှပေးချင်ကြပါတယ်။
၂. သူမကိုလဲ ပိုကောင်းလာအောင် စိန်ခေါ်ပါ
သင်လဲ သူမကို သင့်လို ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာအောင် အားပေးပါ။ သူမ စိတ်ဓာတ်ကျနေရင် အားပေးပေးပါ။ သူမကောင်းမယ်ထင်တဲ့ သင်တန်းတွေ တက်ခိုင်းပါ။ သင် သူမအပေါ် ဘယ်လောက်ဂရုစိုက်လဲဆိုတာဟာ ဒီချစ်ဇာတ်လမ်းကို သက်တမ်းတိုးသွားစေပါတယ်။
၃. သင့်ကိုယ်သင် ပိုကောင်းလာအောင် ပြုပြင်ပါ
အဲဒါက သင့်အပေါ် သူမက ကောင်းသောလွှမ်းမိုးခြင်းနဲ့ ဘယ်လောက် လွှမ်းမိုးမှူရှိတယ်ဆိုတာ ပြနေသလိုပါပဲ။ ကိုယ်အလေးချိန် ချတာဖြစ်ဖြစ်၊ စာပို ကြိုးစားတာ၊ အရက် အရမ်းမသောက်တော့တာ၊ ဆေးလိပ်ဖြတ်တာတွေဟာ သူမအပေါ် သင်က ပိုကောင်းတဲ့ ပါတနာဖြစ်လာအောင် ကြိုးစားပေးတာပါပဲ။
၄. သူမနဲ့ သူမမိသားစုကို လေးစားပါ
သင်က သူမရှေ့မှာ အရမ်း မာနထောင်လွှားပြမနေပါနဲ့။ သူမရဲ့ မိသားစုကို လေးစားပြပါ။ အမှတ်တွေ ပိုရရုံမက သူမမိဘတွေအပေါ် လေးစားကြင်နာပြတာဟာ သင် သူမကို အတည်ကြံတာဖြစ်ကြောင်း ပြောပြနေသလိုပါပဲ။ သူမမိဘတွေဆီ လက်ဆောင်လေးတွေ ယူသွားပါ။
၅. သူမကို စိတ်ချပါ
ယုံကြည်မှုဆိုတာ ချစ်ဇာတ်လမ်းကောင်းအားလုံးရဲ့ အခြေခံပါ။ သူမကို မေးခွန်းတွေ စေ့စေ့ပေါက်ပေါက်မမေးပဲ သူမသူငယ်ချင်းနဲ့ အပြင်သွားခိုင်းလိုက်တာဟာ သင် သူမကို ယုံကြည်ကြောင်း ပြလိုက်တာပါပဲ။ သင်ကရော သင်ဘာလုပ်လုပ် သဝန်တိုနေတဲ့ လိုက် Check နေတဲ့ ရည်းစားတစ်ယောက် လိုချင်ပါသလား?? သူမလဲ တူတူပါပဲ။
၆. အသေးစိတ်လေးတွေကို သတိပြုမိပါ
သူမဆံပင်မှာ ဟိုက်လိုက် ဖောက်လာပါသလား?? ကိုယ်အလေးချိန် ကျသွားပါသလား?? ဝတ်စုံအသစ် ဝတ်ထားပါသလား?? သင်ဟာ သူမကို ဂရုစိုက်ပြီး နေတာကို သူမကြိုက်ပါတယ်။ အဲဒါဟာ သင်က အသေးစိတ် မြင်တတ်တဲ့လူဆိုတာလဲ သူမသိသွားစေပါတယ်။
၇. တက်ကြွနေပါ
သူမကိုဦးဆောင်ခိုင်းတာဟာ ပထမမှာတော့ သူမကို ဘုရင်မတစ်ပါးလို ခံစားရစေပေမယ့် ရေရှည်မှာ ဘယ်သူမှ နောက်ကနေတဲ့ ယောက်ျားမျိုးကို မလိုချင်ကြပါဘူး။ သင်ဟာ သင်ပဲဖြစ်နေပါ။ ကိုယ့်အတွေးအမြင်နဲ့ကိုယ် ရပ်တည်ပါ။ သူမကို သင် သန်မာကြောင်း ပြပါ။
၈. အိပ်ရာထဲမှာ ဖြေဖျော်မှုပေးပါ
လိင်ကိစ္စဟာ အရေးကြီးတယ်လို့ ပြောတာဟာ နှိမ့်ချတာပါ။ ရည်းစားကောင်းတစ်ယောက်ဟာ သူ့ကောင်မလေးရဲ့ အချစ်ကိစ္စလိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ လိင်ကိစ္စလုပ်ချင်တာနဲ့ သူမကို ပျော်စေချင်တာ ကွာခြားပါတယ်။ ဘယ်တော့မှ မနှုးမနှပ်ပဲ တန်းမလုပ်ပါနဲ့။ သင်ပြီးသွားတာနဲ့လဲ အိပ်ပျော်မသွားပါနဲ့ဦး။
၉. သူမကို မပျင်းစေပါနဲ့
ချစ်ဇာတ်လမ်းကောင်းဆိုတာ ဘယ်တော့မှ အရှိန်သေမနေပါဘူး။ အဲဒါကြောင့် သင်တို့ရဲ့ တက်ကြွစိတ်တွေ ပျောက်မသွားအောင် သူမအမြဲတမ်း ခန့်မှန်းနေရအောင် လျိှု့ဝှက်ဆန်းကြယ် ဖြစ်နေရပါမယ်။ စိတ်ကူးယဉ်ဆန်တာဟာ သူမကို ပိုပြီး ပျော်ရွှင်စေပါတယ်။
၁၀. နားထောင်ပေးပါ
သူမ စကားပြောလိုက်တာနဲ့ သူမပြောတာကို အာရုံစိုက်ပြီး နားထောင်ပါ။ သူမရင်သားကို ငမ်းနေရလို့ ဘာမှမသိလိုက်တာမျိုး ဖြစ်မသွားပါနဲ့။ ရည်းစားကောင်း တစ်ယောက်ဟာ ပြန်ပြီးစိတ်ပါဝင်စားမှုနဲ့ မေးမြန်းပါတယ်။ သူမပြောတာ စိတ်ဝင်တစားနားထောင်တာဟာ သူမရဲ့ အမြင်တွေကို လေးစားပြီး သူမကို စိတ်ဝင်စားတာပါပဲ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================