လိင္ဆက္ဆံမႈ အနည္းအမ်ား ခ်င့္ခ်ိန္ႏိုင္ဖို႔

လိင္မႈကိစၥဆိုတာ ထုတ္ေဖာ္ေျပာဆိုလုိ႔ မသင့္ေတာ္ဘူးလို႔ ယူဆတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ လိင္ဆက္ဆံမႈ လြန္ကဲေနလား။ လုံေလာက္ရဲ႕လားဆိုတာကို သိဖို႔မလြယ္ပါဘူး။ ဒီေတာ့ လိင္ဆက္ဆံမႈနဲ႔ပတ္သက္ၿပီး သင္မ်ားေနသလား၊ နည္းေနသလား ဒါမွမဟုတ္ပုံမွန္ပဲလားဆိုတာကို ေလ့လာမႈေတြနဲ႔ ႏႈိင္းယွဥ္ၾကည့္ပါ။

ယေန႔ေခတ္မွာ ထုတ္ျပန္ေၾကညာထားတ့ဲ ေလ့လာဆန္းစစ္မႈႈရလဒ္ေတာ္ေတာ္မ်ားမ်ားဟာ ဆန္႔က်င္ဖက္လိင္ကို စိတ္၀င္စားတ့ဲ စုံတြဲေတြရဲ႕ အမူအက်င့္ကိုပဲ အဓိကေလ့လာေဖာ္ထုတ္ထားတာ ျဖစ္ပါတယ္။ ဒီအျပင္ တျခားသူေတြနဲ႔ ပတ္သက္ၿပီး ေလ့လာဆန္းစစ္မႈေတြ သိပ္လုပ္ေလ့မရွိပါဘူး။ ဒါ့အျပင္ ကာယကံရွင္ေတြကိုယ္တိုင္ ဖြင့္ဟေျပာဆိုလာတဲ့ အခ်က္ေပၚမွာပဲ ဆန္းစစ္ရတာျဖစ္တ့ဲအတြက္ ျပႆနာရွိပါတယ္။ အေမးခံရသူေတြက သူတို႔ရဲ႕လိင္ဆက္ဆံမႈအေလ့အထနဲ႔ပတ္သက္ၿပီး ထိန္ခ်န္ေျပာဆိုမႈေတြ ရွိႏိုင္တ့ဲအတြက္ တိက်ေသခ်ာမႈကို အာမ မခံႏိုင္ဘူးဆိုတာ ႀကိဳသိထားသင့္ပါတယ္။

ေလ့လာမႈေတြအရေတာ့ သာမန္အားျဖင့္ လူအမ်ားစုဟာ တစ္ပတ္ကိုအနည္းဆံုးတစ္ႀကိမ္ လိင္ဆက္ဆံတတ္ၾကတယ္လို႔ ဆိုပါတယ္။ အသက္(၁၈)ႏွစ္နဲ႔အထက္အမ်ိဳးသားေတြဟာ တစ္ႏွစ္ကို (၆၃)ႀကိမ္ခန္႔ လိင္ဆက္ဆံတတ္ၾကၿပီး အမ်ိဳးသမီးေတြကေတာ့ တစ္ႏွစ္ကို (၅၅)ႀကိမ္ေလာက္ ဆက္ဆံတတ္ၾကတယ္လို႔ ဆိုထားပါတယ္။ ေနာက္ထပ္ေလ့လာမႈတစ္ခုမွာေတာ့ ငယ္ရြယ္ၿပီး တစ္လင္တစ္မယားစနစ္က်င့္သံုးတဲ့ စံုတြဲေတြဟာ လိင္ဆက္ဆံမႈပိုမ်ားတတ္တယ္လို႔ ဆိုထားျပန္ပါတယ္။ အသက္ (၁၈)ႏွစ္ကေန (၂၄)ႏွစ္အတြင္း အိမ္ေထာင္ရွိတဲ့ အမ်ိဳးသား(၄၆)ရာခိုင္ႏႈန္းနဲ႔ အမ်ိဳးသမီး (၃၂)ရာခိုင္ႏႈန္းဟာ တစ္ပတ္ကို အနည္းဆံုး(၂)ႀကိမ္(၃)ႀကိမ္ေလာက္ လိင္ဆက္ဆံေလ့ရွိတယ္လို႔ ဆိုၾကပါတယ္။

ဒီလိုဆိုရင္ အခုေဖာ္ျပခဲ့တဲ့ စစ္တမ္းေတြအရ လိင္ဆက္ဆံမႈအႀကိမ္အေရအတြက္ကို သင္ဘယ္လိုထင္ပါသလဲ။ သင့္အေနနဲ႔ေရာ တစ္ပတ္မွာ ဒါမွမဟုတ္ တစ္ႏွစ္မွာ ဘယ္ႏွစ္ႀကိမ္ေလာက္ ဆက္ဆံျဖစ္ပါသလဲ။ ႏႈိင္းယွဥ္ေလ့လာၿပီး မ်ားေနလား၊ နည္းေနလား၊ ပံုမွန္ပဲလားဆိုတာကို ခန္႔မွန္းႏိုင္မွာပါ။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

လိင်ဆက်ဆံမှု အနည်းအများ ချင့်ချိန်နိုင်ဖို့

လိင်မှုကိစ္စဆိုတာ ထုတ်ဖော်ပြောဆိုလို့ မသင့်တော်ဘူးလို့ ယူဆတတ်ကြပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ လိင်ဆက်ဆံမှု လွန်ကဲနေလား။ လုံလောက်ရဲ့လားဆိုတာကို သိဖို့မလွယ်ပါဘူး။ ဒီတော့ လိင်ဆက်ဆံမှုနဲ့ပတ်သက်ပြီး သင်များနေသလား၊ နည်းနေသလား ဒါမှမဟုတ်ပုံမှန်ပဲလားဆိုတာကို လေ့လာမှုတွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။

ယနေ့ခေတ်မှာ ထုတ်ပြန်ကြေညာထားတဲ့ လေ့လာဆန်းစစ်မှုှုရလဒ်တော်တော်များများဟာ ဆန့်ကျင်ဖက်လိင်ကို စိတ်ဝင်စားတဲ့ စုံတွဲတွေရဲ့ အမူအကျင့်ကိုပဲ အဓိကလေ့လာဖော်ထုတ်ထားတာ ဖြစ်ပါတယ်။ ဒီအပြင် တခြားသူတွေနဲ့ ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေ သိပ်လုပ်လေ့မရှိပါဘူး။ ဒါ့အပြင် ကာယကံရှင်တွေကိုယ်တိုင် ဖွင့်ဟပြောဆိုလာတဲ့ အချက်ပေါ်မှာပဲ ဆန်းစစ်ရတာဖြစ်တဲ့အတွက် ပြဿနာရှိပါတယ်။ အမေးခံရသူတွေက သူတို့ရဲ့လိင်ဆက်ဆံမှုအလေ့အထနဲ့ပတ်သက်ပြီး ထိန်ချန်ပြောဆိုမှုတွေ ရှိနိုင်တဲ့အတွက် တိကျသေချာမှုကို အာမ မခံနိုင်ဘူးဆိုတာ ကြိုသိထားသင့်ပါတယ်။

လေ့လာမှုတွေအရတော့ သာမန်အားဖြင့် လူအများစုဟာ တစ်ပတ်ကိုအနည်းဆုံးတစ်ကြိမ် လိင်ဆက်ဆံတတ်ကြတယ်လို့ ဆိုပါတယ်။ အသက်(၁၈)နှစ်နဲ့အထက်အမျိုးသားတွေဟာ တစ်နှစ်ကို (၆၃)ကြိမ်ခန့် လိင်ဆက်ဆံတတ်ကြပြီး အမျိုးသမီးတွေကတော့ တစ်နှစ်ကို (၅၅)ကြိမ်လောက် ဆက်ဆံတတ်ကြတယ်လို့ ဆိုထားပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခုမှာတော့ ငယ်ရွယ်ပြီး တစ်လင်တစ်မယားစနစ်ကျင့်သုံးတဲ့ စုံတွဲတွေဟာ လိင်ဆက်ဆံမှုပိုများတတ်တယ်လို့ ဆိုထားပြန်ပါတယ်။ အသက် (၁၈)နှစ်ကနေ (၂၄)နှစ်အတွင်း အိမ်ထောင်ရှိတဲ့ အမျိုးသား(၄၆)ရာခိုင်နှုန်းနဲ့ အမျိုးသမီး (၃၂)ရာခိုင်နှုန်းဟာ တစ်ပတ်ကို အနည်းဆုံး(၂)ကြိမ်(၃)ကြိမ်လောက် လိင်ဆက်ဆံလေ့ရှိတယ်လို့ ဆိုကြပါတယ်။

ဒီလိုဆိုရင် အခုဖော်ပြခဲ့တဲ့ စစ်တမ်းတွေအရ လိင်ဆက်ဆံမှုအကြိမ်အရေအတွက်ကို သင်ဘယ်လိုထင်ပါသလဲ။ သင့်အနေနဲ့ရော တစ်ပတ်မှာ ဒါမှမဟုတ် တစ်နှစ်မှာ ဘယ်နှစ်ကြိမ်လောက် ဆက်ဆံဖြစ်ပါသလဲ။ နှိုင်းယှဉ်လေ့လာပြီး များနေလား၊ နည်းနေလား၊ ပုံမှန်ပဲလားဆိုတာကို ခန့်မှန်းနိုင်မှာပါ။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%