၁၀. အဲ့ဒါက အကြီး…. ကြီး
၈. ငါပင်ပန်းနေလို့..
၇. ဒါ အပူလောင်တာပါ
၎. တစ်ခါမှ အဲဒါကို ဓာတ်ပုံမရိုက်ဖူးပါဘူး
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
ယောက်ျားတိုင်း သူတို့ အင်္ဂါနဲ့ ပါတ်သတ်ပြီး ပြောတတ်ကြတဲ့ အလိမ်အညာ ၁၀ မျိုး
အရှေ့နေထွက်တာလောက် သေချာတာက ယောက်ျားတစ်ယောက် သူ့အင်္ဂါအကြောင်း လိမ်ပြောမှာကိုပါ။ အရွယ်အစား ပုံစံ အားလုံး သင့်ညီလေး ရင်ဆိုင်ရသမျှထဲမှာ အလိမ်အညာတွေ အများကြီး သုံးဖူးခဲ့ကြမှာပါ။ အဲဒါမျိုးကို လုပ်မိတာ သင်တစ်ယောက်ထဲ မဟုတ်ပါဘူး။ ဒီမှာ တခြားသူတွေကို ယောက်ျားတွေ အများဆုံးပြောတတ်ကြတဲ့ အလိမ်အညာ ၁၀ မျိုးကို ရေးပြထားပါတယ်။
၁၀. အဲ့ဒါက အကြီး…. ကြီး
ယောက်ျားအားလုံး သူတို့ အင်္ဂါအကြောင်းကို တစ်ဆင့်ပိုပြီး ပြောတတ်ကြပါတယ်။ တကယ်လို့ တခြားကောင် တစ်ကောင်ကောင်က သူ့ဟာကို စပါးကြီးမြွေ တစ်ကောင်လောက်၊ သင့် လက်မောင်းထက် ပိုကြီးတယ် ပြောနေရင် သူ့ဟာက ပုံမှန်ထက် ပိုကြီးနေရုံလေးပါ။ ပုံမှန်ထက်ပိုကြီးတယ်ပြောရင် ပုံမှန်ဖြစ်ပြီး ပုံမှန်ပါပဲ ပြောရင် သေးသေးလေး မို့ပါ။ အဲဒိခေါင်းစဉ်ကို စကားတောင် မစရင်တော့ မိုက်ခရိုစကုပ်နဲ့ ကြည့်မှ မြင်ရအောင် သေးနေလို့ပါ။
၉. တစ်ခါမှ ဂရုမစိုက်လို့ တိုင်းမကြည့်ဖူးဘူး
အဲဒါက အကြီးကြီးပဲလို့ လိမ်တာထက် ပိုပြီး အလိမ်အညာ ကြီးပါတယ်။ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့အားလုံး ပေတံ တစ်ချောင်းနဲ့ အလုပ်ရှုပ်ဖူးမှာပါ။ မသိပါဘူးကွာ.. ဆိုပြီး ရူးချင်ယောင် ဆောင်နေပေမယ့် တကယ်ကတော့ မီလီမီတာ စကေးအထိ သိကြပါတယ်။
၈. ငါပင်ပန်းနေလို့..
လိင်ဆက်ဆံဖို့ ပင်ပန်းမှုဆိုတာ မရှိပါဘူး။ ၁၈ နာရီ အလုပ်လုပ်ပြီး တောင်မှပဲ လိင်ဆက်ဆံဖို့ စွမ်းအင်က ရှိတုန်းပါ။ ပြီးဆုံးဖို့ ကြာတာ၊ လိင်ကိစ္စ စိတ်မဝင်စားတာတွေကတော့ ကိုယ်ခန္ဓာ ရောဂါ တစ်ခုခု ဖြစ်နိုင်ပေမယ့် သင့်ဟာ အလုပ်လုပ်နေကြောင်း သင့်ဘာသာသိနေရင်တော့ စိတ်ပိုင်းဆိုင်ရာပါ။
၇. ဒါ အပူလောင်တာပါ
သင့်အင်္ဂါမှာ ရောဂါ တစ်ခုခု ဖြစ်ပြီး အမာရွတ်ကျန်ခဲ့ဖူးမှာပါ။ ဒါပေမယ့် သင့်ရဲ့ အသစ်စက်စက် ရည်းစားလေးကိုတော့ သင့်မှာ ရောဂါ ဖြစ်ဖူးတာ သိစေချင်မှာ မဟုတ်ပါဘူး။ ဒါ အပူလောင်တာပါ နဲ့ပဲ ပြီးသွားလေ့ ရှိပါတယ်။
၆. မိန်းမ အများကြီး ဒါကို မြင်ဖူးပြီးပြီကွ
အသက် ၂၀ အောက် ယောက်ျားတော်တော်များများ အဲဒါကို ကြွားဖူးပါတယ်။ ဒါပေမယ့် ကွန်ဒွန် ပြတ်လပ်မှုတွေ မရှိတာကို ကြည့်ရင် အဲဒါက အလိမ်အညာကြီးဆိုတာ သိသာပါတယ်။ အသက်ငယ်တုန်းမှာတော့ အုပ်စုထဲမှာ အတွေ့အကြုံများတဲ့ကောင်က ဆရာကြီး မို့လို့ပါ။ အဲဒိတော့ ကြွားတာပေါ့။
၅. နင်တစ်ယောက်ပဲ မြင်ဖူးတာပါ..
သူငယ်ချင်းတွေနဲ့ ပြောခဲ့တဲ့ အပေါ်ကစကားကို သင့် ကောင်မလေးကို သွားပြောလို့မရပါဘူး။ သင့်ကောင်မလေးအပေါ်မှာတော့ သင်က လုံးဝ ရိုးရိုးအေးအေးလေးပုံ ဖမ်းချင်မှာပါ။ သူနဲ့တွေ့မှ လိင်ကိစ္စကို သတိရတဲ့ ကောင်လေးပေါ့။
၄. တစ်ခါမှ အဲဒါကို ဓာတ်ပုံမရိုက်ဖူးပါဘူး
ညနက်သန်းခေါင် Chat ကြတဲ့ အထဲမှာ Sexting တွေက ရာနှုန်းတော်တော်များပါတယ်။ သင့်ကောင်မလေးဆီက Boob ပုံတွေ တောင်းသလို သင်ကလဲ ပြန်တော့ ပေးရမှာပါ။ အဲဒါကြောင့် သင့်ဟာကို ပုံ ရိုက်ပြီး ပို့ဖူးမှာပါ။
၃. သဘာဝအတိုင်း အမွှေး မပေါက်တာပါ
ခုခေတ်မှာ သင် အမွှေးရိတ်ကြောင်း ဝန်ခံလို့ အဆင်ပြေပါပြီ။ Pornstar တွေပဲ အမွှေးရိတ်ရတဲ့ ခေတ် မဟုတ်တော့ပါဘူး။ ဘယ်မိန်းမ မှလဲ သင်ပြောတာ ယုံမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် သင် အမွှေးရိတ်ထားတာကို ဝန်ခံလိုက်ပါ။
၂. အလုပ်မှာ တစ်ခါမှ အဲဒါနဲ့ မဆော့ဖူးပါဘူး..
ဖိအား၊ ပျင်းစရာကောင်းမှု၊ ဒါမှမဟုတ် FB ပေါ် ပေါ်လာတဲ့ ပုံ ခပ်ဟော့ဟော့ တစ်ခုကြောင့် အလုပ် အိမ်သာထဲမှာ ဖြေဖျောက်ဖူးပါသလား။ CEO ကအစ ပြာတာအထိ အကုန် လုပ်ဖူးပါတယ်။ သင့်မှာ သီးသန့် အိမ်သာလေး တစ်ခုရှိရင် တစ်ပါတ်တစ်ခါလောက်တောင် လုပ်မိမှာပါ။ အဲဒါကြောင့် သင့် လုပ်ဖော်ကိုင်ဖက်တစ်ယောက် အိမ်သာကထွက်လာတာ အရမ်းကောင်းလာတဲ့ပုံပေါက်ရင် လက်ဆွဲနှုတ်မဆက်ပါနဲ့တော့။
၁. ဒါကြီးကို စိတ်မကျေနပ်တဲ့ မိန်းမ မရှိဖူးဘူးကွ
သင့်ရဲ့ ဘိုးဘေးဘီဘင် လက်ထက်ကတည်းက ဒီစကား ပြောနေကျပါ။ အဲဒိစကားကြီးကို ဂုဏ်ယူစွာနဲ့ လိမ်ညာပြောနေရင် မနက်မှာ တစ်ယောက်ထဲ ထလာရမှာပါ။ ကမ္ဘာပေါ်က ဘယ်ယောက်ျားမှ အမြဲ အဲလို လုပ်မပေးနိုင်ပါဘူး။ အဲဒါကို မိန်းမတိုင်းလဲ သိပါတယ်။ အဲဒါကြီး ထိုင်ပြောနေမယ့် အချိန်ကို သူမကို နှိုးဆွဖို့ အသုံးချလိုက်ပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================