လူတိုင္းမွားတတ္ၾကပါတယ္။ အမွားလုပ္မိတာေၾကာင့္ စိတ္အားငယ္မႈေတြ၊ နာက်ဥ္၀မ္းနည္းမႈေတြ ၾကံဳေတြ႔ရတယ္ဆိုေပမယ့္ အမွားကေနတဆင့္ ဆင္ျခင္ေလ့လာသင္ယူျခင္းျဖင့္ ပိုၿပီးျပည့္စုံလာေစႏိုင္ပါတယ္။ တခ်ိဳ႕အမွားေတြက အေတြ႔အၾကံဳေကာင္းေတြ ရရွိေစၿပီး သင္ခန္းစာယူတတ္ရင္ အနာဂတ္ေအာင္ျမင္မႈအတြက္ အေထာက္အကူျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အသက္ (၃၀)မတိုင္ခင္ ၾကံဳေတြ႔ထားသင့္တ့ဲ အမွား(၁၇)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) လူအမ်ားေရွ႕စကားေျပာမွားျခင္း
ယေန႔ေခတ္မွာ အေတြ႔အႀကံဳရွိ ကၽြမ္းက်င္ေဟာေျပာသူေတြေတာင္ စကားေျပာမွားတတ္ၾကပါတယ္။ ဒါေၾကာင့္ လူအမ်ားေရွ႕စကားေျပာမွားမွာကို ေၾကာက္မေနပဲ ရဲရဲ၀့ံ၀့ံနဲ႔ေျပာဖို႔လိုအပ္ပါတယ္။ စကားေျပာမွားသြားခ့ဲလည္ူ ရွက္ေနစရာမဟုတ္သလို ေနညက္တစ္ႀကိမိအေကာင္းဆုံးျဖစ္ဖို႔ ေဆာင္ရန္ ေရွာင္ရန္ေတြကို နားလည္သြားမွာျဖစ္ပါတယ္။
(၂) အဆင္မေျပႏိုင္သူႏွင့္ ခ်ိန္းေတြ႕ၾကည့္ပါ။
သမီးရည္းစားေတြျဖစ္ၿပီးမွ အဆင္မေျပတ့ဲအတြက္ လမ္းခြဲရတ့ဲ အမွားမ်ိဳးကို ဆိုလိုပါတယ္။ ဒီလိုအမွားမ်ိဳးၾကံဳဖူးမွသာ သင့္ တစ္ဘ၀လုံးစာအတြက္ အသင့္ေတာ္ဆုံး လက္တြဲေဖာ္ကို ေရြးခ်ယ္ႏိုင္မွာျဖစ္ပါတယ္။
(၃) စိတ္ပ်က္စရာအလုပ္မွာ ၀င္လုပ္မိျခင္း
သင့္အလုပ္မွာ အထက္လူႀကီးက စိတ္ပ်က္စရာေကာင္းၿပီး လစာနည္းတယ္ဆိုရင္ေတာင္မွ ငါမွားၿပီဆိုၿပီး လက္ေလ်ာ့ကာ အလုပ္မေျပာင္းလိုက္ပါနဲ႔ဦး။ စိတ္ပ်က္စရာလုပ္ငန္းခြင္ထဲမွာ ေနခ့ဲဖူးတ့ဲ သင့္အတြက္ အထက္လူႀကီးေနရာေရာက္လာတ့ဲ အခါမွာ လက္ေအာက္ငယ္သားေတြကို ဘယ္လိုဆက္ဆံရမလဲဆိုတာ ေကာင္းေကာင္းသိလာပါလိမ့္မယ္။
(၄) သင့္ကိုသင္ အေရးပါအရာေရာက္ၿပီဟု ေတြးျခင္း
သင့္ကိုသင္ ရာထူးတိုးေတာ့မယ္၊ အေရးႀကီးစီမံကိန္းတစ္ခုကို ဦးေဆာင္ရေတာ့မယ္လို႔ေမွ်ာ္လင့္ၿပီး တကယ္ျဖစ္မလာေတာ့မွ မွားမွန္းသိရတာမ်ိဳးကလည္း အနည္းဆုံးတစ္ႀကိမ္ေလာက္ေတာ့ျဖစ္ဖူးသင့္ပါတယ္။ ဒီလိုအမွားမ်ိဳးကေန ဘယ္အရာမွမေသခ်ာဘူးဆိုတာနဲ႔ အခြင့္အေရးေတြဟာ သင့္ဆီကိုအလိုိလုိေရာက္မလာဘူးဆိုတာေတြကို သင္ခန္းစာယူႏိုင္မွာျဖစ္ပါတယ္။
(၅) အဆိုးဆုံးအေျခအေနမ်ားႏွင့္ရင္ဆိုင္ရျခင္း
ကမာၻေက်ာ္ ဟယ္ရီေပၚတာဇာတ္လမ္းတြဲေတြကို ေရးသားခ့ဲတ့ဲ စာေရးဆရာမ J. K Rowling ဟာ အသက္(၃၀)ေက်ာ္အရြယ္မွာ ကေလးတစ္ေယာက္အေမျဖစ္ၿပီး အလုပ္မရွိ၊ ၀င္ေငြမရွိနဲ႔ လူမႈဖူလုံေရးအေထာက္အပ့ံကို မွီခိုေနခ့ဲရဖူးသူျဖစ္ပါတယ္။ ဒီလို အနိမ့္က်ဆုံးအေျခအေနကို ေရာက္ရွိခ့ဲျခင္းက သူမအတြက္ ပထမဆုံးဟယ္ရီေပၚတာစာအုပ္ကို အၿပီးသတ္ေရးသားျဖစ္ေစဖို႔ တြန္းအားျဖစ္ေစခ့ဲေၾကာင္း သူမေအာင္ျမင္ၿပီးေနာက္ပိုင္း ေဟာေျပာပြဲတစ္ခုမွာ ေျပာၾကားခ့ဲပါတယ္။ ဒါေၾကာင့္လုပ္မွားကိုင္မွားျဖစ္ၿပီး ဘ၀ပ်က္မတတ္အဆိုးဆုံးအေျခအေနထိေရာက္ဖူးတာဟာလည္း သင့္ဘ၀ေအာင္ျမင္ေရးအတြက္ အေတြ႔အၾကံဳေကာင္းျဖစ္ႏိုင္ပါတယ္။
(၆) အလုပ္ထုတ္ခံရျခင္း
အေၾကာင္းတစ္ခုခုေၾကာင့္ အလုပ္ထုတ္ခံရတာမ်ိဳးကိုလည္း အသက္ (၂၀)ေက်ာ္အရြယ္မွာ ၾကံဳဖူးသင့္ပါတယ္။ အလုပ္မွ ထုတ္ပယ္ခံရတာဟာ ခါးသီးတ့ဲဘ၀အေတြ႔အၾကံဳတစ္ခုျဖစ္ေပမယ့္ သင့္ရဲ႕စြမ္းေဆာင္ရည္ကို ပိုမိုျမွင့္တင္ဖို႔လိုၿပီဆိုတ့ဲ အသိကိုေစာစီးစြာ ရရွိေစႏိုင္ပါတယ္။ သင့္၀ါသနာနဲ႔မကိုက္ညီတဲ့ အလုပ္မ်ိဳးျဖစ္ခ့ဲမယ္ဆိုရင္လည္း အခ်ိန္မွီျပင္ဆင္ႏိုင္မွာျဖစ္သလို ဘ၀ေရွ႕ေရးအတြက္ အစီအစဥ္ေကာင္းေတြခ်မွတ္တတ္ဖို႔နဲ႔ ကိုယ့္ဘ၀ကိုတာ၀န္ယူႏိုင္ဖို႔ တြန္းအားရရွိလာႏိုင္ပါတယ္။
(၇) အလုပ္သုံးခု ေျပာင္းျခင္း
အလုပ္အကိုင္မတည္ျမဲျခင္းဟာ ကိုယ္ေရးအက်ဥ္းမွာ ေဖာ္ျပလို႔ေကာင္းတ့ဲအခ်က္မဟုတ္ပါဘူး။ ဒါေပမယ့္ မတူညီတ့ဲအလုပ္ (၃)ခုေလာက္လုပ္ၾကည့္ၿပီးမွာသာ သင့္၀ါသနာ သင့္ပင္ကိုယ္အရည္အခ်င္းနဲ႔ကိုက္ညီတဲ့ အသက္ေမြး၀မ္းေက်ာင္းအလုပ္တစ္ခုကို အေကာင္းဆုံးေရြးခ်ယ္ႏိုင္မွာျဖစ္ပါတယ္။
(၈) အေၾကာင္းရင္းတစ္ခုေၾကာင့္ စိတ္မပါသည့္အလုပ္ကို လုပ္ျခင္း
ေငြေၾကးေၾကာင့္ပဲျဖစ္ျဖစ္၊ အျခားေရြးခ်ယ္စရာမရွိခ့ဲလိုပဲျဖစ္ျဖစ္ ၀ါသနာမပါတ့ဲအလုပ္ကို လုပ္ေနၾကရတတ္ပါတယ္။ ဒီလိုအမွားမ်ိဳး ငယ္ရြယ္စဥ္မွာ လုပ္ခ့ဲဖူးမယ္ဆိုရင္ ဘ၀တစ္ေလွ်ာက္လုံးအတြက္ အသင့္ေတာ္ဆုံးအလုပ္အကိုင္တစ္ခုကို ေရြးခယ္ႏိုင္ဖို႔သင္ခန္းစာယူၿပီး ႀကိဳတင္ျပင္ဆင္ႏိုင္မွာျဖစ္ပါတယ္။
(၉) စိတ္ထဲရွိသမွ် ေျပာျခင္း
ေျပာခ်င္ရာေျပာၿပီး တစ္ဖက္လူစိတ္ထိခိုက္သြားေစတ့ဲ အမွားမ်ိဳးကိုလည္း ငယ္ရြယ္စဥ္မွာလုပ္ခ့ဲဖူးသင့္ပါတယ္။ ဒီလိုအမွားမ်ိဳးကေန ေနာင္တစ္ခ်ိန္မွာ တဖက္လူအတြက္ င့ဲညွာစဥ္းစားေပးတတ္လာဖို႔ သင္ခန္းစာယူႏိုင္မွာျဖစ္သလို ေျပာဆိုဆက္ဆံမႈစြမ္းရည္ တိုးတက္ လာေစဖို႔ကိုလည္း အေထာက္အကူျဖစ္ေစပါတယ္။
(၁၀) အားမနာတမ္းအဆက္အသြယ္ျဖတ္ျခင္း
စကား၀ိုင္းတစ္ခုကေနျဖစ္ျဖစ္၊ ေဆြးေႏြးပြဲတစ္ခုကေနျဖစ္ျဖစ္ မၿပီးျပတ္ေသးပဲထထြက္လာတာမ်ိဳးကို ဆိုလိုတာျဖစ္ပါတယ္။ ဒီလိုလုပ္တာဟာ တစ္ဖက္လူကိုခံရခက္ေစၿပီး လူမႈဆက္ဆံေရးကိုထိခိုက္ႏိုင္ပါတယ္။ ဒါေပမယ့္ ဒီအမွားမ်ိဳးက သင့္ဘ၀တေလွ်ာက္ ခက္ခဲက်ပ္တည္းတ့ဲအေျခအေနၾကံဳေတြ႔ရတ့ဲအခါမ်ိဳးမွာ ဘယ္သူ႔ကိုမွအားမနာပဲ အမွန္ကန္ဆုံး႐ုန္းထြက္ႏိုင္ဖို႔ အေထာက္အကူ ျဖစ္ေစႏိုင္ပါတယ္။
(၁၁) အလုပ္ကိုလ်စ္လ်ဴ႐ႈၿပီး အေပါင္းအသင္းမ်ားႏွင့္ အခ်ိန္ျဖဳန္းျခင္း
ဒါဟာလည္း ငယ္ရြယ္စဥ္မွာ က်ဴးလြန္ထားသင့္တ့ဲအမွားတစ္ခုပဲျဖစ္ပါတယ္။ အသက္အရြယ္ရလာခ်ိန္မွာဆိုရင္ တာ၀န္ေတြပိုမ်ားလာမွာ ျဖစ္တ့ဲအတြက္ အေရးႀကီးတာ၀န္၀တၱရားေတြမရွိေသးတ့ဲ ငယ္စဥ္အခ်ိန္မွာ မွားထားသင့္ပါတယ္။ ဘာေၾကာင့္လဲဆို လူငယ္တစ္ေယာက္ အတြက္ အလုပ္ၿပီးေအာင္လုပ္ဖုိ႔ အခ်ိန္ေရာနည္းလမ္းပါ ျပန္လည္ရွာေဖြလို႔ရႏိုင္ေပမယ့္ သူငယ္ခ်င္းေတြနဲဲ႔ ဆုံေတြ႔ခ်ိန္ေတြက ျပန္ရဖို႔ မေသခ်ာ တာေၾကာင့္ ျဖစ္ပါတယ္။
(၁၂) အစအေနာက္လြန္ျခင္း
ဒီအမွားမ်ိဳးက သိပ္ျပႆနာမရွိဘူးလို႔ ထင္ရေပမယ့္ လုပ္ငန္းခြင္မွာ အလြန္အကၽြံစေနာက္ျခင္းေၾကာင့္ အလုပ္ျပဳတ္တ့ဲအထိ ျဖစ္သြားႏိုင္ပါတယ္။ ဒါေပမယ့္ စေနာက္ျခင္းေၾကာင့္ လူတစ္ကိုယ္ စိတ္တစ္မ်ိဳးရွိတာကို သေဘာေပါက္ၿပီး လူကိုလိုက္ၿပီး ေပါင္းသင္း ဆက္ဆံတတ္လာမွာျဖစ္ပါတယ္။
(၁၃) လိုတာထက္ပိုၿပီး အေရးစိုက္ျခင္း
လုပ္ငန္းခြင္မွာ ဒါမွမဟုတ္ ခ်စ္မႈေရးရာကိစၥေတြမွာ လိုတာထက္ပိုၿပီး အစစအရာရာ သဲသဲလႈပ္ျဖစ္ေနတာဟာ အမွားတစ္ခုလို႔ လူအမ်ားစုက ယူဆၾကပါတယ္။ ဒါေပမယ့္ အရာရာကို အေလးထားလုပ္ေဆာင္ျခင္းေၾကာင့္ သင္ေအာင္ျမင္ဖို႔ ပိုမိုနီးစပ္သလို က်႐ႈံးခ့ဲရင္လည္း အေတြ႔အၾကံဳေတြ အမ်ားႀကီးရမွာျဖစ္ပါတယ္။
(၁၄) တုံဏိဘာေ၀ေနျခင္း
ဘယ္သူဘာေျပာေျပာ အက်ိဳးသင့္အေၾကာင္းသင့္ ျပန္လည္မရွင္းျပပဲ ၿငိမ္ခံေနတာလည္း ေစာစီးစြာၾကံဳေတြ႔ထားသင့္တ့ဲ အမွားျဖစ္ပါတယ္။ ဒီအမွားမ်ိဳး လုပ္ဖူးမွသာ လုပ္သမွ်သည္းခံၿပီး အလိုရွိရာကို မေတာင္းဆိုတတ္ရင္ အခြင့္အေရးေတြနဲ႔လြဲေခ်ာ္သြားႏိုင္တာကို သေဘာေပါက္မွာ ျဖစ္ပါတယ္။ ဒီအခ်က္ကို ေစာေစာသိေလ သင့္အတြက္ ပိုအက်ိဳးရွိေလပဲျဖစ္ပါတယ္။
(၁၅) သင္ေျပာသမွ်အမွန္ဟုယူဆျခင္း
ဒီအမွားမ်ိဳးကို ဘ၀တစ္ေလွ်ာက္လုံးထပ္ကာထပ္ကာ လုပ္တတ္ၾကပါတယ္။ တစ္ႀကိမ္လုပ္မိတိုင္း သင္အျမဲမမွန္ႏိုင္ဘူးဆိုတာ သိလာမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီအမွားမ်ိဳးကို တတ္ႏိုင္သမွ်ေစာေစာလုပ္ထားဖူးတာ ေကာင္းပါတယ္။
(၁၆) သင့္အမွားကို တစ္စုံတစ္ေယာက္အားလႊဲခ်ျခင္း
တစ္ခါတစ္ရံမွာ သင့္အမွားအတြက္ အျခားတစ္စုံတစ္ေယာက္ ဒါမွမဟုတ္ တစ္စုံတစ္ခုကို အျပစ္ပုံခ်တာမ်ိဳးလုပ္တတ္ၾကပါတယ္။ ဒီလို အျပစ္တင္တာဟာ အသံုးမ၀င္ဘူးဆိုတာကို လုပ္ဖူးသူတိုင္းသိၾကပါတယ္။ ဒါေၾကာင့္ ဒီအမွားမ်ိဳးလုပ္ဖူးရင္ေတာ့ တစ္ခုခုအဆင္မေျပတိုင္း လက္ညိဳးထိုးအျပစ္တင္ဖို႔ တရားခံရွာေနမယ့္အစား ေျဖရွင္းဖို႔နည္းလမ္းရွာရွာတာ အေကာင္းဆုံးျဖစ္တယ္ဆိုတာကို သိလာမွာပါ။
(၁၇) အမွားလုပ္မိမွာကို အစိုးရိမ္လြန္ျခင္း
အမွားလုပ္ဖို႔ ေၾကာက္ေနတာဟာလည္း အမွားတစ္ခုပဲျဖစ္ပါတယ္။ အမွားေတြကေန သင္ခန္းစာယူတတ္မယ္ဆိုရင္ အမွားေတြဟာ သင့္ဘ၀ေအာင္ျမင္ေရးအတြက္ ေလွကားထစ္ေတြပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ငယ္ရြယ္စဥ္အခ်ိန္မွာ မွားယြင္းမႈေတြကို စိုးရိမ္ေၾကာက္ရြ႔ံ႕မေနပဲ လုပ္စရာရွိတာေတြကို လုပ္ရမွာျဖစ္ပါတယ္။ အမွားမ်ားက တဆင့္သင္ခန္းစာယူၿပီး ေအာင္ျမင္မႈေတြ ဆြတ္ခူးႏိုင္ၾကပါေစ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
အသက်(၃၀)မတိုင်ခင် ကျူးလွန်ထားသင့်သည့် အမှား(၁၇)ခု
လူတိုင်းမှားတတ်ကြပါတယ်။ အမှားလုပ်မိတာကြောင့် စိတ်အားငယ်မှုတွေ၊ နာကျဉ်ဝမ်းနည်းမှုတွေ ကြုံတွေ့ရတယ်ဆိုပေမယ့် အမှားကနေတဆင့် ဆင်ခြင်လေ့လာသင်ယူခြင်းဖြင့် ပိုပြီးပြည့်စုံလာစေနိုင်ပါတယ်။ တချို့အမှားတွေက အတွေ့အကြံုကောင်းတွေ ရရှိစေပြီး သင်ခန်းစာယူတတ်ရင် အနာဂတ်အောင်မြင်မှုအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသက် (၃၀)မတိုင်ခင် ကြံုတွေ့ထားသင့်တဲ့ အမှား(၁၇)ခုကို ဖော်ပြပေးလိုက်ပါတယ်။
(၁) လူအများရှေ့စကားပြောမှားခြင်း
ယနေ့ခေတ်မှာ အတွေ့အကြံုရှိ ကျွမ်းကျင်ဟောပြောသူတွေတောင် စကားပြောမှားတတ်ကြပါတယ်။ ဒါကြောင့် လူအများရှေ့စကားပြောမှားမှာကို ကြောက်မနေပဲ ရဲရဲဝ့ံဝ့ံနဲ့ပြောဖို့လိုအပ်ပါတယ်။ စကားပြောမှားသွားခဲ့လည်ူ ရှက်နေစရာမဟုတ်သလို နေညက်တစ်ကြိမိအကောင်းဆုံးဖြစ်ဖို့ ဆောင်ရန် ရှောင်ရန်တွေကို နားလည်သွားမှာဖြစ်ပါတယ်။
(၂) အဆင်မပြေနိုင်သူနှင့် ချိန်းတွေ့ကြည့်ပါ။
သမီးရည်းစားတွေဖြစ်ပြီးမှ အဆင်မပြေတဲ့အတွက် လမ်းခွဲရတဲ့ အမှားမျိုးကို ဆိုလိုပါတယ်။ ဒီလိုအမှားမျိုးကြံုဖူးမှသာ သင့် တစ်ဘဝလုံးစာအတွက် အသင့်တော်ဆုံး လက်တွဲဖော်ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
(၃) စိတ်ပျက်စရာအလုပ်မှာ ၀င်လုပ်မိခြင်း
သင့်အလုပ်မှာ အထက်လူကြီးက စိတ်ပျက်စရာကောင်းပြီး လစာနည်းတယ်ဆိုရင်တောင်မှ ငါမှားပြီဆိုပြီး လက်လျော့ကာ အလုပ်မပြောင်းလိုက်ပါနဲ့ဦး။ စိတ်ပျက်စရာလုပ်ငန်းခွင်ထဲမှာ နေခဲ့ဖူးတဲ့ သင့်အတွက် အထက်လူကြီးနေရာရောက်လာတဲ့ အခါမှာ လက်အောက်ငယ်သားတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတာ ကောင်းကောင်းသိလာပါလိမ့်မယ်။
(၄) သင့်ကိုသင် အရေးပါအရာရောက်ပြီဟု တွေးခြင်း
သင့်ကိုသင် ရာထူးတိုးတော့မယ်၊ အရေးကြီးစီမံကိန်းတစ်ခုကို ဦးဆောင်ရတော့မယ်လို့မျှော်လင့်ပြီး တကယ်ဖြစ်မလာတော့မှ မှားမှန်းသိရတာမျိုးကလည်း အနည်းဆုံးတစ်ကြိမ်လောက်တော့ဖြစ်ဖူးသင့်ပါတယ်။ ဒီလိုအမှားမျိုးကနေ ဘယ်အရာမှမသေချာဘူးဆိုတာနဲ့ အခွင့်အရေးတွေဟာ သင့်ဆီကိုအလိိုလိုရောက်မလာဘူးဆိုတာတွေကို သင်ခန်းစာယူနိုင်မှာဖြစ်ပါတယ်။
(၅) အဆိုးဆုံးအခြေအနေများနှင့်ရင်ဆိုင်ရခြင်း
ကမ္ဘာကျော် ဟယ်ရီပေါ်တာဇာတ်လမ်းတွဲတွေကို ရေးသားခဲ့တဲ့ စာရေးဆရာမ J. K Rowling ဟာ အသက်(၃၀)ကျော်အရွယ်မှာ ကလေးတစ်ယောက်အမေဖြစ်ပြီး အလုပ်မရှိ၊ ၀င်ငွေမရှိနဲ့ လူမှုဖူလုံရေးအထောက်အပ့ံကို မှီခိုနေခဲ့ရဖူးသူဖြစ်ပါတယ်။ ဒီလို အနိမ့်ကျဆုံးအခြေအနေကို ရောက်ရှိခဲ့ခြင်းက သူမအတွက် ပထမဆုံးဟယ်ရီပေါ်တာစာအုပ်ကို အပြီးသတ်ရေးသားဖြစ်စေဖို့ တွန်းအားဖြစ်စေခဲ့ကြောင်း သူမအောင်မြင်ပြီးနောက်ပိုင်း ဟောပြောပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လုပ်မှားကိုင်မှားဖြစ်ပြီး ဘဝပျက်မတတ်အဆိုးဆုံးအခြေအနေထိရောက်ဖူးတာဟာလည်း သင့်ဘဝအောင်မြင်ရေးအတွက် အတွေ့အကြံုကောင်းဖြစ်နိုင်ပါတယ်။
(၆) အလုပ်ထုတ်ခံရခြင်း
အကြောင်းတစ်ခုခုကြောင့် အလုပ်ထုတ်ခံရတာမျိုးကိုလည်း အသက် (၂၀)ကျော်အရွယ်မှာ ကြံုဖူးသင့်ပါတယ်။ အလုပ်မှ ထုတ်ပယ်ခံရတာဟာ ခါးသီးတဲ့ဘဝအတွေ့အကြံုတစ်ခုဖြစ်ပေမယ့် သင့်ရဲ့စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ဖို့လိုပြီဆိုတဲ့ အသိကိုစောစီးစွာ ရရှိစေနိုင်ပါတယ်။ သင့်ဝါသနာနဲ့မကိုက်ညီတဲ့ အလုပ်မျိုးဖြစ်ခဲ့မယ်ဆိုရင်လည်း အချိန်မှီပြင်ဆင်နိုင်မှာဖြစ်သလို ဘဝရှေ့ရေးအတွက် အစီအစဉ်ကောင်းတွေချမှတ်တတ်ဖို့နဲ့ ကိုယ့်ဘဝကိုတာဝန်ယူနိုင်ဖို့ တွန်းအားရရှိလာနိုင်ပါတယ်။
(၇) အလုပ်သုံးခု ပြောင်းခြင်း
အလုပ်အကိုင်မတည်မြဲခြင်းဟာ ကိုယ်ရေးအကျဉ်းမှာ ဖော်ပြလို့ကောင်းတဲ့အချက်မဟုတ်ပါဘူး။ ဒါပေမယ့် မတူညီတဲ့အလုပ် (၃)ခုလောက်လုပ်ကြည့်ပြီးမှာသာ သင့်ဝါသနာ သင့်ပင်ကိုယ်အရည်အချင်းနဲ့ကိုက်ညီတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုကို အကောင်းဆုံးရွေးချယ်နိုင်မှာဖြစ်ပါတယ်။
(၈) အကြောင်းရင်းတစ်ခုကြောင့် စိတ်မပါသည့်အလုပ်ကို လုပ်ခြင်း
ငွေကြေးကြောင့်ပဲဖြစ်ဖြစ်၊ အခြားရွေးချယ်စရာမရှိခဲ့လိုပဲဖြစ်ဖြစ် ၀ါသနာမပါတဲ့အလုပ်ကို လုပ်နေကြရတတ်ပါတယ်။ ဒီလိုအမှားမျိုး ငယ်ရွယ်စဉ်မှာ လုပ်ခဲ့ဖူးမယ်ဆိုရင် ဘဝတစ်လျှောက်လုံးအတွက် အသင့်တော်ဆုံးအလုပ်အကိုင်တစ်ခုကို ရွေးခယ်နိုင်ဖို့သင်ခန်းစာယူပြီး ကြိုတင်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။
(၉) စိတ်ထဲရှိသမျှ ပြောခြင်း
ပြောချင်ရာပြောပြီး တစ်ဖက်လူစိတ်ထိခိုက်သွားစေတဲ့ အမှားမျိုးကိုလည်း ငယ်ရွယ်စဉ်မှာလုပ်ခဲ့ဖူးသင့်ပါတယ်။ ဒီလိုအမှားမျိုးကနေ နောင်တစ်ချိန်မှာ တဖက်လူအတွက် ငဲ့ညှာစဉ်းစားပေးတတ်လာဖို့ သင်ခန်းစာယူနိုင်မှာဖြစ်သလို ပြောဆိုဆက်ဆံမှုစွမ်းရည် တိုးတက် လာစေဖို့ကိုလည်း အထောက်အကူဖြစ်စေပါတယ်။
(၁၀) အားမနာတမ်းအဆက်အသွယ်ဖြတ်ခြင်း
စကားဝိုင်းတစ်ခုကနေဖြစ်ဖြစ်၊ ဆွေးနွေးပွဲတစ်ခုကနေဖြစ်ဖြစ် မပြီးပြတ်သေးပဲထထွက်လာတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ တစ်ဖက်လူကိုခံရခက်စေပြီး လူမှုဆက်ဆံရေးကိုထိခိုက်နိုင်ပါတယ်။ ဒါပေမယ့် ဒီအမှားမျိုးက သင့်ဘဝတလျှောက် ခက်ခဲကျပ်တည်းတဲ့အခြေအနေကြံုတွေ့ရတဲ့အခါမျိုးမှာ ဘယ်သူ့ကိုမှအားမနာပဲ အမှန်ကန်ဆုံးရုန်းထွက်နိုင်ဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
(၁၁) အလုပ်ကိုလျစ်လျူရှုပြီး အပေါင်းအသင်းများနှင့် အချိန်ဖြုန်းခြင်း
ဒါဟာလည်း ငယ်ရွယ်စဉ်မှာ ကျူးလွန်ထားသင့်တဲ့အမှားတစ်ခုပဲဖြစ်ပါတယ်။ အသက်အရွယ်ရလာချိန်မှာဆိုရင် တာဝန်တွေပိုများလာမှာ ဖြစ်တဲ့အတွက် အရေးကြီးတာဝန်ဝတ္တရားတွေမရှိသေးတဲ့ ငယ်စဉ်အချိန်မှာ မှားထားသင့်ပါတယ်။ ဘာကြောင့်လဲဆို လူငယ်တစ်ယောက် အတွက် အလုပ်ပြီးအောင်လုပ်ဖို့ အချိန်ရောနည်းလမ်းပါ ပြန်လည်ရှာဖွေလို့ရနိုင်ပေမယ့် သူငယ်ချင်းတွေနဲဲ့ ဆုံတွေ့ချိန်တွေက ပြန်ရဖို့ မသေချာ တာကြောင့် ဖြစ်ပါတယ်။
(၁၂) အစအနောက်လွန်ခြင်း
ဒီအမှားမျိုးက သိပ်ပြဿနာမရှိဘူးလို့ ထင်ရပေမယ့် လုပ်ငန်းခွင်မှာ အလွန်အကျွံစနောက်ခြင်းကြောင့် အလုပ်ပြုတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် စနောက်ခြင်းကြောင့် လူတစ်ကိုယ် စိတ်တစ်မျိုးရှိတာကို သဘောပေါက်ပြီး လူကိုလိုက်ပြီး ပေါင်းသင်း ဆက်ဆံတတ်လာမှာဖြစ်ပါတယ်။
(၁၃) လိုတာထက်ပိုပြီး အရေးစိုက်ခြင်း
လုပ်ငန်းခွင်မှာ ဒါမှမဟုတ် ချစ်မှုရေးရာကိစ္စတွေမှာ လိုတာထက်ပိုပြီး အစစအရာရာ သဲသဲလှုပ်ဖြစ်နေတာဟာ အမှားတစ်ခုလို့ လူအများစုက ယူဆကြပါတယ်။ ဒါပေမယ့် အရာရာကို အလေးထားလုပ်ဆောင်ခြင်းကြောင့် သင်အောင်မြင်ဖို့ ပိုမိုနီးစပ်သလို ကျရှုံးခဲ့ရင်လည်း အတွေ့အကြံုတွေ အများကြီးရမှာဖြစ်ပါတယ်။
(၁၄) တုံဏိဘာဝေနေခြင်း
ဘယ်သူဘာပြောပြော အကျိုးသင့်အကြောင်းသင့် ပြန်လည်မရှင်းပြပဲ ငြိမ်ခံနေတာလည်း စောစီးစွာကြံုတွေ့ထားသင့်တဲ့ အမှားဖြစ်ပါတယ်။ ဒီအမှားမျိုး လုပ်ဖူးမှသာ လုပ်သမျှသည်းခံပြီး အလိုရှိရာကို မတောင်းဆိုတတ်ရင် အခွင့်အရေးတွေနဲ့လွဲချော်သွားနိုင်တာကို သဘောပေါက်မှာ ဖြစ်ပါတယ်။ ဒီအချက်ကို စောစောသိလေ သင့်အတွက် ပိုအကျိုးရှိလေပဲဖြစ်ပါတယ်။
(၁၅) သင်ပြောသမျှအမှန်ဟုယူဆခြင်း
ဒီအမှားမျိုးကို ဘဝတစ်လျှောက်လုံးထပ်ကာထပ်ကာ လုပ်တတ်ကြပါတယ်။ တစ်ကြိမ်လုပ်မိတိုင်း သင်အမြဲမမှန်နိုင်ဘူးဆိုတာ သိလာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအမှားမျိုးကို တတ်နိုင်သမျှစောစောလုပ်ထားဖူးတာ ကောင်းပါတယ်။
(၁၆) သင့်အမှားကို တစ်စုံတစ်ယောက်အားလွှဲချခြင်း
တစ်ခါတစ်ရံမှာ သင့်အမှားအတွက် အခြားတစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုကို အပြစ်ပုံချတာမျိုးလုပ်တတ်ကြပါတယ်။ ဒီလို အပြစ်တင်တာဟာ အသုံးမဝင်ဘူးဆိုတာကို လုပ်ဖူးသူတိုင်းသိကြပါတယ်။ ဒါကြောင့် ဒီအမှားမျိုးလုပ်ဖူးရင်တော့ တစ်ခုခုအဆင်မပြေတိုင်း လက်ညိုးထိုးအပြစ်တင်ဖို့ တရားခံရှာနေမယ့်အစား ဖြေရှင်းဖို့နည်းလမ်းရှာရှာတာ အကောင်းဆုံးဖြစ်တယ်ဆိုတာကို သိလာမှာပါ။
(၁၇) အမှားလုပ်မိမှာကို အစိုးရိမ်လွန်ခြင်း
အမှားလုပ်ဖို့ ကြောက်နေတာဟာလည်း အမှားတစ်ခုပဲဖြစ်ပါတယ်။ အမှားတွေကနေ သင်ခန်းစာယူတတ်မယ်ဆိုရင် အမှားတွေဟာ သင့်ဘဝအောင်မြင်ရေးအတွက် လှေကားထစ်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် ငယ်ရွယ်စဉ်အချိန်မှာ မှားယွင်းမှုတွေကို စိုးရိမ်ကြောက်ရွ့ံ့မနေပဲ လုပ်စရာရှိတာတွေကို လုပ်ရမှာဖြစ်ပါတယ်။ အမှားများက တဆင့်သင်ခန်းစာယူပြီး အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ကြပါစေ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================