အေကာင္းအဆိုးဆင္ျခင္တံုတရားကင္းမဲ့တဲ့ စိတၱဇေ၀ဒနာရွင္တို႔ရဲ႕ စရိုက္လကၡဏာေတြဟာ ေအာင္ျမင္ ခ်မ္းသာေနသူေတြမွာလည္း ရွိတတ္တယ္ဆိုရင္ သင္လက္ခံႏိုင္ပါ့မလား။ လူခ်မ္းသာတိုင္းဟာ စိတၱဇ ေ၀ဒနာရွင္ေတြျဖစ္တယ္လို႔ ဆိုလိုတာမဟုတ္ပါဘူး။ ဒါေပမယ့္ ေလ့လာမႈေတြအရ လူခ်မ္းသာ အေယာက္ (၁၀၀)မွာ (၄)ေယာက္ေလာက္က စိတၱဇေ၀ဒနာရွင္ေတြနဲ႔ စ႐ိုက္ခ်င္းတူညီေနတတ္ပါတယ္။ အဲဒီလို စိတၱဇဆန္တဲ့ အက်င့္စ႐ိုက္ေတြကလည္း သူတို႔ရဲ႕ စည္းစိမ္ဥစၥာေတြရွာေဖြႏိုင္ဖို႔ အေၾကာင္းတရားေတြ ျဖစ္ေနတတ္ပါတယ္။ ဒါ့ေၾကာင့္ လူခ်မ္းသာေတြမွာ ေတြ႔ရတတ္တဲ့ စိတၱဇေ၀ဒနာရွင္ အက်င့္စ႐ုိက္ေတြကို ေဖာ္ျပလိုက္ပါတယ္။
(၁) ကိုယ္ခ်င္းစာတရားမရွိျခင္း
စိတၱဇေ၀ဒနာရွင္ေတြက တျခားလူေတြကို ကိုယ္ခ်င္းမစာနာတတ္ၾကပါဘူး။ ဒီလိုကိုယ္ခ်င္းမစာနာတတ္တဲ့ စ႐ိုက္လကၡဏာကို လူခ်မ္းသာအမ်ားစုမွာ ေတြ႔ရတတ္ပါတယ္။
(၂) စိတ္ထင္ရာလုပ္တတ္ျခင္း
အရူးကံေကာင္းဆိုသလိုပါပဲ။ လူခ်မ္းသာတစ္ခ်ိဳ႕ရဲ႕ ေအာင္ျမင္ၾကြယ္၀မႈေတြဟာ ကံတရားနဲ႔ အေျခအေန ေပးလို႔သာျဖစ္ၿပီး သူတို႔ရဲ႕ စြမ္းေဆာင္မႈက သိပ္ပါ၀င္ေလ့မရွိပါဘူး။ သူတို႔ရဲ႕ ေအာင္ျမင္မႈဟာ ထင္ေယာင္ ထင္မွား ေလွ်ာက္လုပ္ရင္း ရရွိလာတာျဖစ္ပါတယ္။
(၃) မ်က္ႏွာခ်ိဳေသြးတတ္ျခင္း
လုပ္ငန္းခြင္ထဲမွာ ေနရာရၿပီး ေအာင္ျမင္ေနတဲ့လူေတြထဲမွာ သူတို႔ရဲ႕ဆံုးျဖတ္ခ်က္ေတြ၊ ရည္မွန္းခ်က္ေတြနဲ႔ စီမံခန္႔ခြဲမႈအရည္အခ်င္း ေတြေၾကာင့္ ေနရာရသူနဲ႔ မ်က္ႏွာခ်ိဳေသြး၊ အေပၚဖားေအာက္ဖိလုပ္ၿပီး ေနရာရတဲ့သူ ဘယ္လိုလူမ်ိဳးက ပိုမ်ားမယ္ ထင္ပါသလဲ။ ဟုတ္ပါတယ္။ လုပ္ပိုင္ခြင့္ရွိသူေတြကို ေျမွာက္ပင့္ၿပီး ေနရာရလို စိတ္အျပည့္နဲ႕ တျခားသူေတြရဲ႕အရည္အခ်င္းကို ကိုယ္က်ိဳးအတြက္အသံုးခ်တတ္သူေတြသာ ေအာင္ျမင္ ခ်မ္းသာေနတတ္ၾကပါတယ္။
(၄) အားမနာတတ္ျခင္း
စိတၱဇေ၀ဒနာရွင္ေတြဟာ သူတို႔ေၾကာင့္ တစ္ဖက္သူထိခိုက္သြားေပမယ့္လည္း ေနာင္တမရတတ္ၾကသလို သူတို႔အမွားအတြက္ အျခားလူကိုျပစ္တင္ေ၀ဖန္ဖို႔ ၀န္မေလးၾကပါဘူး။ ဒီလိုပါပဲ။ လူခ်မ္းသာအလုပ္ရွင္ေတြဟာ သူတို႔အက်ိဳးအျမတ္အတြက္ ၀န္ထမ္းေတြကို အလုပ္ထုတ္တာတို႔၊ အဖြဲ႕အစည္းအတြင္း ျပဳျပင္ေျပာင္းလဲမႈ လုပ္ေဆာင္တာတို႔မွာ ဘယ္သူမ်က္ႏွာမွမၾကည့္တတ္ၾကပါဘူး။
(၅) တစ္ကိုယ္ေကာင္းဆန္ျခင္း
လူခ်မ္းသာေတြဟာ သာမာန္လူေတြထက္ ပိုမိုရက္ေရာၿပီး ေပးကမ္းစြန္႔ၾကဲႏိုင္မယ္လို႔ ထင္တတ္ၾကေပမယ့္ တကယ္ေတာ့ လံုး၀ဆန္႔က်င္ဘက္ပါပဲ။ ေလ့လာမႈေတြအရ သာမာန္လူတန္းစာေတြဟာ သူတို႔၀င္ေငြရဲ႕ (၅)ရာခိုင္ႏႈန္းေက်ာ္ေက်ာ္ကို လွဴဒါန္းတတ္ၾကေပမယ့္ လူခ်မ္းသာေတြကေတာ့ ၀င္ေငြရဲ႕ (၂)ရာခိုင္ႏႈန္းေလာက္ သာ ေပးကမ္းတတ္ၾကတယ္လို႔ သိရပါတယ္။
(၆) လူ႔က်င့္၀တ္မ်ား မေစာင့္စည္းျခင္း
လူခ်မ္းသာဆိုတဲ့အသိုင္းအ၀ိုင္းက လူေတြဟာ သာမာန္လူတန္းစားေတြထက္ က်င့္၀တ္ေဖာက္ျပန္တတ္ ၾကပါတယ္။ ယာဥ္စည္းကမ္းလမ္းစည္းကမ္း ေဖာက္ဖ်က္တာ၊ အျခားလူေတြတန္ဖုိးထားတဲ့အရာေတြကို အတင္းအဓမၼသိမ္းယူတာ၊ လိမ္ညာေျပာဆိုတာ၊ အသာရဖို႔အတြက္ ကလိမ္ကက်စ္လုပ္တာ စတဲ့ အက်င့္ေတြကို သူတို႔ေတြက ပိုၿပီးလုပ္ေဆာင္တတ္ၾကပါတယ္။
(၇) ၿငီးေငြ႕လြယ္ျခင္း
စိတၱဇေ၀ဒနာရွင္ေတြဟာ အသစ္အသစ္ေသာ စိတ္လႈပ္ရွားမႈေတြကို လိုလားေတာင့္တတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ပဲ စိတၱဇေ၀ဒနာရွင္ေတာ္ေတာ္မ်ားမ်ားဟာ ရာဇ၀တ္မႈေတြလုပ္တတ္ၾကတာ ျဖစ္ပါတယ္။ ဒီလိုပါပဲ လူခ်မ္းသာအမ်ားစုဟာ သူတို႔ရဲ႕အေျခအေနကို ခဏေလးနဲ႔ၿငီးေငြ႕ပ်င္းရိသြားတတ္ၿပီး စိတ္လႈပ္ရွားစရာ ေပ်ာ္ရႊင္မႈအသစ္ေတြကို ရွာေဖြေနတတ္ၾကပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
လူချမ်းသာတွေမှာ တွေ့ရတတ်သည် စိတ္တဇဝေဒနာရှင်အကျင့်စရိုက်များ
အကောင်းအဆိုးဆင်ခြင်တုံတရားကင်းမဲ့တဲ့ စိတ္တဇဝေဒနာရှင်တို့ရဲ့ စရိုက်လက္ခဏာတွေဟာ အောင်မြင် ချမ်းသာနေသူတွေမှာလည်း ရှိတတ်တယ်ဆိုရင် သင်လက်ခံနိုင်ပါ့မလား။ လူချမ်းသာတိုင်းဟာ စိတ္တဇ ဝေဒနာရှင်တွေဖြစ်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် လေ့လာမှုတွေအရ လူချမ်းသာ အယောက် (၁၀၀)မှာ (၄)ယောက်လောက်က စိတ္တဇဝေဒနာရှင်တွေနဲ့ စရိုက်ချင်းတူညီနေတတ်ပါတယ်။ အဲဒီလို စိတ္တဇဆန်တဲ့ အကျင့်စရိုက်တွေကလည်း သူတို့ရဲ့ စည်းစိမ်ဥစ္စာတွေရှာဖွေနိုင်ဖို့ အကြောင်းတရားတွေ ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် လူချမ်းသာတွေမှာ တွေ့ရတတ်တဲ့ စိတ္တဇဝေဒနာရှင် အကျင့်စရိုက်တွေကို ဖော်ပြလိုက်ပါတယ်။
(၁) ကိုယ်ချင်းစာတရားမရှိခြင်း
စိတ္တဇဝေဒနာရှင်တွေက တခြားလူတွေကို ကိုယ်ချင်းမစာနာတတ်ကြပါဘူး။ ဒီလိုကိုယ်ချင်းမစာနာတတ်တဲ့ စရိုက်လက္ခဏာကို လူချမ်းသာအများစုမှာ တွေ့ရတတ်ပါတယ်။
(၂) စိတ်ထင်ရာလုပ်တတ်ခြင်း
အရူးကံကောင်းဆိုသလိုပါပဲ။ လူချမ်းသာတစ်ချို့ရဲ့ အောင်မြင်ကြွယ်ဝမှုတွေဟာ ကံတရားနဲ့ အခြေအနေ ပေးလို့သာဖြစ်ပြီး သူတို့ရဲ့ စွမ်းဆောင်မှုက သိပ်ပါ၀င်လေ့မရှိပါဘူး။ သူတို့ရဲ့ အောင်မြင်မှုဟာ ထင်ယောင် ထင်မှား လျှောက်လုပ်ရင်း ရရှိလာတာဖြစ်ပါတယ်။
(၃) မျက်နှာချိုသွေးတတ်ခြင်း
လုပ်ငန်းခွင်ထဲမှာ နေရာရပြီး အောင်မြင်နေတဲ့လူတွေထဲမှာ သူတို့ရဲ့ဆုံးဖြတ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ စီမံခန့်ခွဲမှုအရည်အချင်း တွေကြောင့် နေရာရသူနဲ့ မျက်နှာချိုသွေး၊ အပေါ်ဖားအောက်ဖိလုပ်ပြီး နေရာရတဲ့သူ ဘယ်လိုလူမျိုးက ပိုများမယ် ထင်ပါသလဲ။ ဟုတ်ပါတယ်။ လုပ်ပိုင်ခွင့်ရှိသူတွေကို မြှောက်ပင့်ပြီး နေရာရလို စိတ်အပြည့်နဲ့ တခြားသူတွေရဲ့အရည်အချင်းကို ကိုယ်ကျိုးအတွက်အသုံးချတတ်သူတွေသာ အောင်မြင် ချမ်းသာနေတတ်ကြပါတယ်။
(၄) အားမနာတတ်ခြင်း
စိတ္တဇဝေဒနာရှင်တွေဟာ သူတို့ကြောင့် တစ်ဖက်သူထိခိုက်သွားပေမယ့်လည်း နောင်တမရတတ်ကြသလို သူတို့အမှားအတွက် အခြားလူကိုပြစ်တင်ဝေဖန်ဖို့ ၀န်မလေးကြပါဘူး။ ဒီလိုပါပဲ။ လူချမ်းသာအလုပ်ရှင်တွေဟာ သူတို့အကျိုးအမြတ်အတွက် ၀န်ထမ်းတွေကို အလုပ်ထုတ်တာတို့၊ အဖွဲ့အစည်းအတွင်း ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်တာတို့မှာ ဘယ်သူမျက်နှာမှမကြည့်တတ်ကြပါဘူး။
(၅) တစ်ကိုယ်ကောင်းဆန်ခြင်း
လူချမ်းသာတွေဟာ သာမာန်လူတွေထက် ပိုမိုရက်ရောပြီး ပေးကမ်းစွန့်ကြဲနိုင်မယ်လို့ ထင်တတ်ကြပေမယ့် တကယ်တော့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ လေ့လာမှုတွေအရ သာမာန်လူတန်းစာတွေဟာ သူတို့ဝင်ငွေရဲ့ (၅)ရာခိုင်နှုန်းကျော်ကျော်ကို လှူဒါန်းတတ်ကြပေမယ့် လူချမ်းသာတွေကတော့ ၀င်ငွေရဲ့ (၂)ရာခိုင်နှုန်းလောက် သာ ပေးကမ်းတတ်ကြတယ်လို့ သိရပါတယ်။
(၆) လူ့ကျင့်ဝတ်များ မစောင့်စည်းခြင်း
လူချမ်းသာဆိုတဲ့အသိုင်းအဝိုင်းက လူတွေဟာ သာမာန်လူတန်းစားတွေထက် ကျင့်ဝတ်ဖောက်ပြန်တတ် ကြပါတယ်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဖောက်ဖျက်တာ၊ အခြားလူတွေတန်ဖိုးထားတဲ့အရာတွေကို အတင်းအဓမ္မသိမ်းယူတာ၊ လိမ်ညာပြောဆိုတာ၊ အသာရဖို့အတွက် ကလိမ်ကကျစ်လုပ်တာ စတဲ့ အကျင့်တွေကို သူတို့တွေက ပိုပြီးလုပ်ဆောင်တတ်ကြပါတယ်။
(၇) ငြီးငွေ့လွယ်ခြင်း
စိတ္တဇဝေဒနာရှင်တွေဟာ အသစ်အသစ်သော စိတ်လှုပ်ရှားမှုတွေကို လိုလားတောင့်တတတ်ကြပါတယ်။ ဒါ့ကြောင့်ပဲ စိတ္တဇဝေဒနာရှင်တော်တော်များများဟာ ရာဇဝတ်မှုတွေလုပ်တတ်ကြတာ ဖြစ်ပါတယ်။ ဒီလိုပါပဲ လူချမ်းသာအများစုဟာ သူတို့ရဲ့အခြေအနေကို ခဏလေးနဲ့ငြီးငွေ့ပျင်းရိသွားတတ်ပြီး စိတ်လှုပ်ရှားစရာ ပျော်ရွှင်မှုအသစ်တွေကို ရှာဖွေနေတတ်ကြပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================