© Gentleman Magazine 🄶🄼
Thorn Htet
==============================================
တနင်္လာနေ့တိုင်း တွေးမိတတ်တဲ့ အတွေးများ
ဘဝဆိုတာ ခက်ခဲကြမ်းတမ်းပါတယ်။ ဒီလို ခက်ခဲကြမ်းတမ်းတဲ့ဘဝထဲမှာမှ တနင်္လာနေ့တွေက ကျွန်တော်တို့ကို ပိုပြီး စိတ်ပင်ပန်းစေတယ်လို့ ထင်မိတတ်ကြပါတယ်။ တကယ်တော့ တနင်္လာနေ့တွေက ကျွန်တော်တို့ဘဝကို ပိုဆိုးစေတဲ့အကြောင်းရင်တော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း တနင်္လာနေ့နံနက်တိုင်းမှာ ကျွန်တော်တို့အများစုက အခုဖော်ပြထားတဲ့ အတွေး(၁၀)ခုထဲက တစ်ခုခုကို တွေးမိတယ်ဆိုတာကိုတော့ သင်ဝန်ခံလိုက်ပါ။
၁။ မနက်တိုင်းအစောကြီးထရတာကို ငါ အရမ်းမုန်းတာပဲ။ ဒီ မနက် (၉)နာရီ ရုံးတက်၊ ညနေ(၅)နာရီရုံးဆင်း အလုပ်ကို ငါတကယ်စိတ်ကုန်တယ်။
၂။ ငါ နယ်မှာသွားနေရမှာ။ ဒီမြို့ကြီးတွေက စိတ်ပျက်စရာပဲ။ ကားကြပ်၊ လမ်းကြပ်နဲ့ ဒုက္ခကနေ ဘယ်တော့မှ လွတ်မြောက်မှာလဲ။
၃။ ဟာကွာ…..တနင်္လာနေ့ရောက်လာပြန်ပြီ။ ရုံးပိတ်ရက်က ဘာမှမဟုတ်ပဲ ကုန်သွားပြန်ပြီ။
၄။ ဟင် စနေ့နေ့ပြီးသွားတာတောင်မကြာသေးဘူး။ အချိန်ကလည်း အကုန်မြန်လိုက်တာ။
၅။ နောက်ထပ်ရုံးပိတ်ရက်ရောက်ဖို့ ငါးရက်တောင်လိုသေးတယ်။ ငါ အဲဒီအချိန်ထိ အသက်ရှင်နေနိုင်ပါဦးမလား။
၆။ အခုငါအိပ်ပျော်သွားပြီး သောကြာနေ့ကျမှ နိုးလာရင်ကောင်းမှာပဲ။
၇။ ငါ ဒီအလုပ်ကို တော်တော်စိတ်ကုန်နေပြီ။ ဒီအတိုင်းသွားနေလို့တော့မဖြစ်ဘူး။ ထွက်လိုက်ရင်ကောင်းမလား။
၈။ မဖြစ်စလောက်လစာနဲ့ ပင်ပန်းလိုက်တဲ့ဘဝပါလား။ ငါ တကယ်အလုပ်ထွက်ဖို့ လိုနေပြီ။
၉။ စိတ်ပျက်စရာလုပ်ဖော်ကိုင်ဖက်တွေနဲ့ တကယ်မတွေ့ချင်တော့ဘူး။ ဒီလို ရုံးလုပ်ငန်းတွေနဲ့ဝေးရာကို ထွက်ပြေးချင်နေပြီ။
၁၀။ ငါ့ ဘဝနဲ့ပတ်သက်ပြီး ငါဘာတွေလုပ်နေမိတာလဲ။ ဘာလုပ်ချင်မှန်းကို မသိနိုင်တော့ဘူး။ ဘဝကြီးက တကယ်ကိုဆိုးပါတယ်ကွာ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
Related Posts
%%footer%%