လက္မထပ္ခင္ ႀကိဳတင္သိထားသင့္သည့္အခ်က္မ်ား

အမ်ိဳးသားတစ္ဦးနဲ႔အမ်ိဳးသမီးတစ္ဦး ထိမ္းျမားလက္ထပ္ၾကတယ္ဆိုရာမွာ မဂၤလာ၀တ္စံုေရြးတာတို႔၊ ဖိတ္ၾကားမယ့္ ဧည့္သည္စာရင္းတို႔ထက္ အေရးႀကီးၿပီး ႀကိဳတင္ျပင္ဆင္ထားသင့္တဲ့ အခ်က္ေတြရွိ ပါေသးတယ္။ တကယ္ကို ေပ်ာ္ရႊင္ၿပီး ေရရွည္လက္တြဲႏိုင္မယ့္ ထိမ္းျမားလက္ထပ္မဂၤလာတစ္ခုျဖစ္ဖို႔ အတြက္ ႀကိဳတင္ျပင္ဆင္ထားရမယ့္ အခ်က္(၇)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ ေသခ်ာစဥ္းစားပါ။

ႏွစ္ဦးသားသိပ္ခ်စ္ၾကတယ္ဆိုတယ္ဆိုေပမယ့္ လက္ထပ္ၿပီးခ်ိန္မွ ကိုယ္နဲ႔တကယ္သင့္ေတာ္တဲ့သူ ဟုတ္မဟုတ္ ကို ျပန္ဆန္းစစ္ေနလို႔ မရပါဘူး။ ဒါ့ေၾကာင့္ လက္မထပ္ခင္မွာ တစ္ဦးကိုတစ္ဦး ေသခ်ာစဥ္းစားသံုးသပ္ဖို႔ လိုပါတယ္။

၂။ မဂၤလာပြဲက်င္းပ႐ုံနဲ႔ မၿပီးဘူးဆိုတာ သိထားပါ။

လက္ထပ္ထိမ္းျမားတယ္ဆိုတာ မဂၤလာပြဲက်င္းပလိုက္႐ုံနဲ႔ အားလံုးၿပီးသြားတာမဟုတ္ပါဘူး။ လူအမ်ားစုက ျပင္ပအခမ္းအနားက်င္းပဖို႔ကိုပဲ အာ႐ုံစိုက္ေနတတ္ၾကၿပီး ထိမ္းျမားမဂၤလာေဆာင္ျခင္းရဲ႕ အေၾကာင္းရင္းျဖစ္တဲ့ လူႏွစ္ဦးၾကားက အေလးအနက္ကတိထားျခင္းကိစၥကို အေလးမထားတတ္ၾကပါဘူး။ ထိမ္းျမားလက္ထပ္တယ္ ဆိုတာ အမ်ားေရွ႕မွာ ကတိသစၥာျပဳတာပဲဆိုတာကို မေမ့ပါနဲ႔။

၃။ ဘာေတြဆက္လုပ္ၾကမွာလဲ ႀကိဳေတြးပါ။

အမ်ားစုအတြက္ေတာ့ လက္ထပ္ထိမ္းျမားတယ္ဆိုတာက တသက္တာေပါင္းဖက္ၾကဖို႔နဲ႔ ကေလးေတြယူၾကဖို႔ ပဲျဖစ္ေနတတ္ပါတယ္။ တကယ္ေတာ့ အျခားအဓိပၸါယ္ေတြရွိေနပါေသးတယ္။ ဒါ့ေၾကာင့္ သင့္အတြက္ေရာ လက္ထပ္ထိမ္းျမားတာဟာ ဘယ္လိုအဓိပၸါယ္ရလဲဆိုတာကို အခ်ိန္ယူစဥ္းစားသံုးသပ္ၾကည့္သင့္ပါတယ္။

၄။ ဘာေၾကာင့္လက္ထပ္တာလဲ ေတြးၾကည့္ပါ။

ႏွစ္ဦးသားဆက္ဆံေရးမွာ ဘာေတြကအေရးႀကီးလဲဆိုတာကို ခ်ေရးထားၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ကူးေတြကို ေ၀မွ်တိုင္ပင္ၾကည့္ပါ။ ဒီလိုလုပ္တဲ့အတြက္ လက္ထပ္ထိမ္းျမားတာက ႏွစ္ဦးစလံုးအတြက္ ဘယ္လို သေဘာသက္ေရာက္တယ္ဆိုတာကို သိေစႏိုင္မွာျဖစ္သလို ႏွစ္ဦးသားဘ၀အတြက္ အေျခခံေကာင္း လည္းျဖစ္ပါတယ္။

၅။ မဂၤလာအခမ္းအနားဘယ္လိုက်င္းပမလဲ။

မဂၤလာအခမ္းအနားဆိုတာဟာ လက္တြဲေဖာ္ႏွစ္ဦးၾကားက အခ်စ္ကိုသ႐ုပ္ေဖာ္တဲ့ အခမ္းအနားတစ္ခု ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အစဥ္အလာေတြကို သိပ္ၿပီးလိုက္နာမေနပါနဲ႔။ သင္တို႔ႏွစ္ဦးအတြက္ လက္ထပ္ထိမ္းျမားျခင္းရဲ႕ အဓိပၸါယ္ကို ေပၚလြင္ေအာင္ ကိုယ္ပိုင္ပံုစံနဲ႔ အခမ္းအနားကို ျပင္ဆင္ပါ။

၆။ သံသယေတြရွင္းထုတ္ပါ။

ထိမ္းျမားလက္မထပ္ခင္မွာ စိတ္ခံစားမႈေတြရွင္းလင္းေနဖို႔ လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ ရင္ထဲကသံသယေတြကို ပြင့္ပြင့္လင္းလင္းေျပာဆို ရွင္းထုတ္လို႔ရႏိုင္မယ့္ အသိမိတ္ေဆြေတြနဲ႔ တိုင္ပင္ပါ။

၇။ အခ်စ္၏ေျပာင္းလဲမႈအဆင့္မ်ားကို သိထားပါ။

ထိမ္းျမားလက္ထပ္လိုက္တယ္ဆိုတာဟာ ခ်စ္ေနၾကဖို႔သက္သက္ခ်ည္းပဲမဟုတ္ဘူးဆိုတာကို သတိျပဳမိဖို႔ လိုပါတယ္။ ခ်စ္ေနၾကတဲ့အဆင့္ကို ျဖတ္ေက်ာ္ၿပီးေနာက္ပိုင္းကိစၥေတြအတြက္ကိုလည္း ႀကိဳတင္ျပင္ဆင္ထားပါ။ ဒီလိုေျပာလို႔ အခ်စ္ေတြကုန္ရင္ အားလံုးမွားကုန္မယ္လို႔ ဆိုလိုတာမဟုတ္ပါဘူး။ ေရွ႕ဆက္ဘယ္လိုခ်စ္သြားမလဲ ဆိုတာကို သင္ယူႏိုင္ဖို႔ လုပ္ေဆာင္ရမယ္လို႔ ဆိုလိုတာျဖစ္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

လက်မထပ်ခင် ကြိုတင်သိထားသင့်သည့်အချက်များ

အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး ထိမ်းမြားလက်ထပ်ကြတယ်ဆိုရာမှာ မင်္ဂလာဝတ်စုံရွေးတာတို့၊ ဖိတ်ကြားမယ့် ဧည့်သည်စာရင်းတို့ထက် အရေးကြီးပြီး ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်တွေရှိ ပါသေးတယ်။ တကယ်ကို ပျော်ရွှင်ပြီး ရေရှည်လက်တွဲနိုင်မယ့် ထိမ်းမြားလက်ထပ်မင်္ဂလာတစ်ခုဖြစ်ဖို့ အတွက် ကြိုတင်ပြင်ဆင်ထားရမယ့် အချက်(၇)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ သေချာစဉ်းစားပါ။
နှစ်ဦးသားသိပ်ချစ်ကြတယ်ဆိုတယ်ဆိုပေမယ့် လက်ထပ်ပြီးချိန်မှ ကိုယ်နဲ့တကယ်သင့်တော်တဲ့သူ ဟုတ်မဟုတ် ကို ပြန်ဆန်းစစ်နေလို့ မရပါဘူး။ ဒါ့ကြောင့် လက်မထပ်ခင်မှာ တစ်ဦးကိုတစ်ဦး သေချာစဉ်းစားသုံးသပ်ဖို့ လိုပါတယ်။

၂။ မင်္ဂလာပွဲကျင်းပရုံနဲ့ မပြီးဘူးဆိုတာ သိထားပါ။
လက်ထပ်ထိမ်းမြားတယ်ဆိုတာ မင်္ဂလာပွဲကျင်းပလိုက်ရုံနဲ့ အားလုံးပြီးသွားတာမဟုတ်ပါဘူး။ လူအများစုက ပြင်ပအခမ်းအနားကျင်းပဖို့ကိုပဲ အာရုံစိုက်နေတတ်ကြပြီး ထိမ်းမြားမင်္ဂလာဆောင်ခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ လူနှစ်ဦးကြားက အလေးအနက်ကတိထားခြင်းကိစ္စကို အလေးမထားတတ်ကြပါဘူး။ ထိမ်းမြားလက်ထပ်တယ် ဆိုတာ အများရှေ့မှာ ကတိသစ္စာပြုတာပဲဆိုတာကို မမေ့ပါနဲ့။

၃။ ဘာတွေဆက်လုပ်ကြမှာလဲ ကြိုတွေးပါ။
အများစုအတွက်တော့ လက်ထပ်ထိမ်းမြားတယ်ဆိုတာက တသက်တာပေါင်းဖက်ကြဖို့နဲ့ ကလေးတွေယူကြဖို့ ပဲဖြစ်နေတတ်ပါတယ်။ တကယ်တော့ အခြားအဓိပ္ပါယ်တွေရှိနေပါသေးတယ်။ ဒါ့ကြောင့် သင့်အတွက်ရော လက်ထပ်ထိမ်းမြားတာဟာ ဘယ်လိုအဓိပ္ပါယ်ရလဲဆိုတာကို အချိန်ယူစဉ်းစားသုံးသပ်ကြည့်သင့်ပါတယ်။

၄။ ဘာကြောင့်လက်ထပ်တာလဲ တွေးကြည့်ပါ။
နှစ်ဦးသားဆက်ဆံရေးမှာ ဘာတွေကအရေးကြီးလဲဆိုတာကို ချရေးထားပြီး တစ်ယောက်နဲ့တစ်ယောက် စိတ်ကူးတွေကို ဝေမျှတိုင်ပင်ကြည့်ပါ။ ဒီလိုလုပ်တဲ့အတွက် လက်ထပ်ထိမ်းမြားတာက နှစ်ဦးစလုံးအတွက် ဘယ်လို သဘောသက်ရောက်တယ်ဆိုတာကို သိစေနိုင်မှာဖြစ်သလို နှစ်ဦးသားဘဝအတွက် အခြေခံကောင်း လည်းဖြစ်ပါတယ်။

၅။ မင်္ဂလာအခမ်းအနားဘယ်လိုကျင်းပမလဲ။
မင်္ဂလာအခမ်းအနားဆိုတာဟာ လက်တွဲဖော်နှစ်ဦးကြားက အချစ်ကိုသရုပ်ဖော်တဲ့ အခမ်းအနားတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် အစဉ်အလာတွေကို သိပ်ပြီးလိုက်နာမနေပါနဲ့။ သင်တို့နှစ်ဦးအတွက် လက်ထပ်ထိမ်းမြားခြင်းရဲ့ အဓိပ္ပါယ်ကို ပေါ်လွင်အောင် ကိုယ်ပိုင်ပုံစံနဲ့ အခမ်းအနားကို ပြင်ဆင်ပါ။

၆။ သံသယတွေရှင်းထုတ်ပါ။
ထိမ်းမြားလက်မထပ်ခင်မှာ စိတ်ခံစားမှုတွေရှင်းလင်းနေဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ရင်ထဲကသံသယတွေကို ပွင့်ပွင့်လင်းလင်းပြောဆို ရှင်းထုတ်လို့ရနိုင်မယ့် အသိမိတ်ဆွေတွေနဲ့ တိုင်ပင်ပါ။

၇။ အချစ်၏ပြောင်းလဲမှုအဆင့်များကို သိထားပါ။
ထိမ်းမြားလက်ထပ်လိုက်တယ်ဆိုတာဟာ ချစ်နေကြဖို့သက်သက်ချည်းပဲမဟုတ်ဘူးဆိုတာကို သတိပြုမိဖို့ လိုပါတယ်။ ချစ်နေကြတဲ့အဆင့်ကို ဖြတ်ကျော်ပြီးနောက်ပိုင်းကိစ္စတွေအတွက်ကိုလည်း ကြိုတင်ပြင်ဆင်ထားပါ။ ဒီလိုပြောလို့ အချစ်တွေကုန်ရင် အားလုံးမှားကုန်မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ရှေ့ဆက်ဘယ်လိုချစ်သွားမလဲ ဆိုတာကို သင်ယူနိုင်ဖို့ လုပ်ဆောင်ရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%