ေယာက္်ားႏို႔ေတြ ဘယ္လို အေပ်ာက္ေဖ်ာက္မလဲ

ေယာက္်ားတိုင္း ႏို႔ထြက္လာမွာကို ေၾကာက္တတ္ၾကပါတယ္။ ႏို႔ေတြ ႐ွိတာဟာ ေယာက္်ားေတြကို ဆြဲေဆာင္မႈနဲ႔ ကိုယ့္ဘာသာ ယံုၾကည္မႈ ေလ်ာ့နည္းေစပါတယ္။ အဲဒါေတြ ထြက္မလာေအာင္ဆိုရင္ အစားအေသာက္ပံုစံကို ေျပာင္းလဲၿပီး သင့္ေတာ္တဲ့ ေလ့က်င့္ခန္းေတြ လုပ္ရပါမယ္။

ဘာေၾကာင့္ ေယာက္်ားႏို႔ေတြ ထြက္တာလဲ

ေယာက္်ားႏို႔ေတြ ျဖစ္လာႏိုင္တဲ့ အခ်က္ ၂ ခ်က္ ႐ွိပါတယ္။ ပထမအခ်က္က သင္ အဝလြန္ေနရင္ပါ။ ေယာက္်ားႏို႔ဆိုတာ ရင္အုပ္ႂကြက္သားေပၚ အဆီေတြ စုေနတာပါ။ သင့္ခႏၶာကိုယ္က တစ္ေနရာထဲကြက္ၿပီး အဆီမခ်ႏိုင္ပါဘူး။ အဲဒါေၾကာင့္ တစ္ကိုယ္လံုး အဆီခ်ရပါမယ္။ အဆီခ်ဖို႔ဆိုရင္ အေပ်ာ့စား ႏွလံုးေလ့က်င့္ခန္းနဲ႔ ကိုယ္ကာယ ေလ့က်င့္ခန္းအခ်ိဳ႕လုပ္ရမဲ့အျပင္ အစားအေသာက္လဲပံုစံေျပာင္းရပါမယ္။

တခ်ိဳ႕ေတြက်ေတာ့ Gynecomastia လို႔ေခၚတဲ့ ခႏၶာကိုယ္ အေျခအေနေၾကာင့္ ျဖစ္တာပါ။ အဲဒိအေျခအေနမွာ ခႏၶာကိုယ္က အီစထ႐ိုဂ်င္ မိန္းမေဟာ္မုန္းကို ပိုထုတ္ေပးၿပီး တက္စတိုစတီ႐ုန္း က်ားေဟာ္မုန္း ေလ်ာ့ထုတ္ပါတယ္။ ခႏၶာကိုယ္ရဲ႕ ေဟာ္မုန္းအေျခအေန ေျပာင္းလဲေစတဲ့ ေဆးေတြစားထားရင္ အဲဒါ ျဖစ္တတ္ပါတယ္။ ေဝွးေစ့က်ဴမာ ျဖစ္ေနတဲ့သူေတြမွာလဲ ဒီအေျခအေနကို ေတြ႕ရပါတယ္။ ကုသဖို႔ကေတာ့ အီစထ႐ိုဂ်င္ ေလ်ာ့က်ေစမယ့္ ေဆးေတြ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး သံုးစြဲရပါမယ္။ မေပ်ာက္ရင္ ခြဲစိတ္ကုသမႈ ခံယူရပါမယ္။

ႏွလံုး ေလ့က်င့္ခန္း

ႏွလံုးေလ့က်င့္ခန္းေတြဟာ အခ်ိန္ေပးလုပ္ႏိုင္ရင္ အဆီေတာ္ေတာ္မ်ားမ်ား ေလ်ာ့က်ေစပါတယ္။

၁. အခ်ိန္ပိုင္း ေလ့က်င့္ခန္းမ်ား

အခ်ိန္ပိုင္းနဲ႔ ေလ့က်င့္ခန္းေတြ လုပ္တာက သင့္ရဲ႕ အဆီပိုေတြကို အမ်ားဆံုး ေလာင္ကြၽမ္းေစမွာပါ။ ေလ့က်င့္ခန္းကုိ တစ္ေန႔ကို မိနစ္ ၂၀၊ ၂၅ မိနစ္ေလာက္ လုပ္ေပးသင့္ပါတယ္။ ျပင္းထန္တာ စကၠန္႔သံုးဆယ္ေလာက္ လုပ္ၿပီးရင္ လြယ္တဲ့ေလ့က်င့္ခန္း တစ္မိနစ္ခြဲ ေလာက္ လုပ္ေပးပါ။ အဲဒိႏွစ္ခုေပါင္း အေခါက္ေရ ၈ ေခါက္ကေန ၁၅ ေခါက္ အတြင္း လုပ္ႏိုင္သေလာက္ လုပ္ေပးပါ။.

၂. အေျပး

အေကာင္းဆံုး ႏွလံုးေလ့က်င့္ခန္းကေတာ့ အေျပးပါ။ ဒါေပမယ့္ သင္က ေျပးရမွာမႀကိဳက္ဖူး ဆိုရင္ တျခား ေရြးစရာေတြ ႐ွိပါတယ္။

၃. ေလွေလွာ္

Gym မွာ ေလွေလွာ္စက္နဲ႔ ျဖစ္ျဖစ္၊ အျပင္မွာ တကယ္ပဲျဖစ္ျဖစ္ ေလွေလွာ္တာဟာ သင့္ရဲ႕ ခႏၶာကိုယ္ အေပၚပိုင္းကို က်င့္ေပးတဲ့အတြက္ ေယာက္်ားႏို႔ေတြကို ဖယ္႐ွားဖို႔ အေကာင္းဆံုးပါ။ ရင္အုပ္ႂကြက္သားကို က်င့္ေပးရာလဲ ေရာက္ပါတယ္။

၄. Elliptical Machine

စက္ဘီးစီးတာက ႏွလံုးေလ့က်င့္ခန္းေကာင္းတစ္ခုျဖစ္ေပမယ့္ ခႏၶာကိုယ္ေအာက္ပိုင္းကို အထူးျပဳပါတယ္။ အဲဒါေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားက ေျခေရာလက္ေရာ သံုးရတဲ့ ဒိစက္ကို ေျပာင္းသံုးၾကတာပါ။ Gym ေတြမွာ ႐ွိပါတယ္။

၅. အားကစား

တင္းနစ္၊ ေဘာ္လီေဘာ၊ ေဘာလံုး၊ ျခင္းလံုး အားကစားစံုဟာ ႏွလံုးက်န္းမာေရး ေလ့က်င့္ခန္းေကာင္းေတြပါ။ အားကစားတစ္ခုခုကို ေရ႐ွည္ကစားေပးတာဟာ အဆီပိုေတြ ေလာင္ကြၽမ္းေစၿပီး ေယာက္်ားႏို႔ေတြ ဖယ္႐ွားေပးႏိုင္ပါတယ္။

ကိုယ့ကာယ ေလ့က်င့္ခန္းမ်ား

ကိုယ္ကာယ ေလ့က်င့္ခန္းေတြဟာ လုပ္ေနစဥ္မွာ အဆီေတြ အရမ္းမေလာင္ကြၽမ္းေစေပမယ့္ ႂကြက္သားထုထည္တိုးလာတာေၾကာင့္ ခႏၶာကိုယ္ရဲ႕စြမ္းအင္ သံုးစြဲမႈ ပိုမ်ားလာေစပါတယ္။ အဲဒိေလ့က်င့္ခန္းေတြဟာ ကိုယ္ကာယလဲ ေတာင့္တင္းလွပေစပါတယ္။

၁. Seated chest press

၂. Cable Crossovers

၃. Incline Flyes

၄. Bench Press

၅. ဒိုက္ထိုး

အဲဒိေလ့က်င့္ခန္းေတြက Gym မွာ လုပ္ရမွာပါ။ သင့္ရဲ႕ Gym နည္းျပဆရာနဲ႔ တိုင္ပင္ၿပီး လုပ္ၾကည့္ပါ။

ေယာက္်ားႏို႔ေတြ ထြက္လာရင္ မေၾကာက္ပါနဲ႔။ တကယ္လို႔ သင္ဟာ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့အစားအေသာက္စားၿပီး ႏွလံုးေလ့က်င့္ခန္းေတြ ပံုမွန္လုပ္ရင္ ထြက္လာစရာ အေၾကာင္းကို မ႐ွိပါဘူး။ဒါေပမယ့္ တကယ္လို႔ ေဆးကုရမယ့္ကိစၥဆိုရင္ေတာ့ ေလ့က်င့္ခန္းေတြလုပ္ရံုနဲ႔ မရေတာ့ပါဘူး။ ဆရာဝန္နဲ႔တိုင္ပင္ၿပီး ခြဲစိတ္ကုသမႈ ခံယူသင့္ရင္ ခံယူရမွာပါ။ ဒါေၾကာင့္ ေယာက္်ားႏို႔ေတြ ထြက္စျပဳလာၿပီဆိုတာနဲ႔ တန္းလႈပ္႐ွားလိုက္ပါေတာ့။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ယောက်ျားနို့တွေ ဘယ်လို အပျောက်ဖျောက်မလဲ

ယောက်ျားတိုင်း နို့ထွက်လာမှာကို ကြောက်တတ်ကြပါတယ်။ နို့တွေ ရှိတာဟာ ယောက်ျားတွေကို ဆွဲဆောင်မှုနဲ့ ကိုယ့်ဘာသာ ယုံကြည်မှု လျော့နည်းစေပါတယ်။ အဲဒါတွေ ထွက်မလာအောင်ဆိုရင် အစားအသောက်ပုံစံကို ပြောင်းလဲပြီး သင့်တော်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ရပါမယ်။

ဘာကြောင့် ယောက်ျားနို့တွေ ထွက်တာလဲ

ယောက်ျားနို့တွေ ဖြစ်လာနိုင်တဲ့ အချက် ၂ ချက် ရှိပါတယ်။ ပထမအချက်က သင် အဝလွန်နေရင်ပါ။ ယောက်ျားနို့ဆိုတာ ရင်အုပ်ကြွက်သားပေါ် အဆီတွေ စုနေတာပါ။ သင့်ခန္ဓာကိုယ်က တစ်နေရာထဲကွက်ပြီး အဆီမချနိုင်ပါဘူး။ အဲဒါကြောင့် တစ်ကိုယ်လုံး အဆီချရပါမယ်။ အဆီချဖို့ဆိုရင် အပျော့စား နှလုံးလေ့ကျင့်ခန်းနဲ့ ကိုယ်ကာယ လေ့ကျင့်ခန်းအချို့လုပ်ရမဲ့အပြင် အစားအသောက်လဲပုံစံပြောင်းရပါမယ်။

တချို့တွေကျတော့ Gynecomastia လို့ခေါ်တဲ့ ခန္ဓာကိုယ် အခြေအနေကြောင့် ဖြစ်တာပါ။ အဲဒိအခြေအနေမှာ ခန္ဓာကိုယ်က အီစထရိုဂျင် မိန်းမဟော်မုန်းကို ပိုထုတ်ပေးပြီး တက်စတိုစတီရုန်း ကျားဟော်မုန်း လျော့ထုတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းအခြေအနေ ပြောင်းလဲစေတဲ့ ဆေးတွေစားထားရင် အဲဒါ ဖြစ်တတ်ပါတယ်။ ဝှေးစေ့ကျူမာ ဖြစ်နေတဲ့သူတွေမှာလဲ ဒီအခြေအနေကို တွေ့ရပါတယ်။ ကုသဖို့ကတော့ အီစထရိုဂျင် လျော့ကျစေမယ့် ဆေးတွေ ဆရာဝန်နဲ့ တိုင်ပင်ပြီး သုံးစွဲရပါမယ်။ မပျောက်ရင် ခွဲစိတ်ကုသမှု ခံယူရပါမယ်။

နှလုံး လေ့ကျင့်ခန်း

နှလုံးလေ့ကျင့်ခန်းတွေဟာ အချိန်ပေးလုပ်နိုင်ရင် အဆီတော်တော်များများ လျော့ကျစေပါတယ်။

၁. အချိန်ပိုင်း လေ့ကျင့်ခန်းများ

အချိန်ပိုင်းနဲ့ လေ့ကျင့်ခန်းတွေ လုပ်တာက သင့်ရဲ့ အဆီပိုတွေကို အများဆုံး လောင်ကျွမ်းစေမှာပါ။ လေ့ကျင့်ခန်းကို တစ်နေ့ကို မိနစ် ၂၀၊ ၂၅ မိနစ်လောက် လုပ်ပေးသင့်ပါတယ်။ ပြင်းထန်တာ စက္ကန့်သုံးဆယ်လောက် လုပ်ပြီးရင် လွယ်တဲ့လေ့ကျင့်ခန်း တစ်မိနစ်ခွဲ လောက် လုပ်ပေးပါ။ အဲဒိနှစ်ခုပေါင်း အခေါက်ရေ ၈ ခေါက်ကနေ ၁၅ ခေါက် အတွင်း လုပ်နိုင်သလောက် လုပ်ပေးပါ။.

၂. အပြေး

အကောင်းဆုံး နှလုံးလေ့ကျင့်ခန်းကတော့ အပြေးပါ။ ဒါပေမယ့် သင်က ပြေးရမှာမကြိုက်ဖူး ဆိုရင် တခြား ရွေးစရာတွေ ရှိပါတယ်။

၃. လှေလှော်

Gym မှာ လှေလှော်စက်နဲ့ ဖြစ်ဖြစ်၊ အပြင်မှာ တကယ်ပဲဖြစ်ဖြစ် လှေလှော်တာဟာ သင့်ရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းကို ကျင့်ပေးတဲ့အတွက် ယောက်ျားနို့တွေကို ဖယ်ရှားဖို့ အကောင်းဆုံးပါ။ ရင်အုပ်ကြွက်သားကို ကျင့်ပေးရာလဲ ရောက်ပါတယ်။

၄. Elliptical Machine

စက်ဘီးစီးတာက နှလုံးလေ့ကျင့်ခန်းကောင်းတစ်ခုဖြစ်ပေမယ့် ခန္ဓာကိုယ်အောက်ပိုင်းကို အထူးပြုပါတယ်။ အဲဒါကြောင့် လူတော်တော်များများက ခြေရောလက်ရော သုံးရတဲ့ ဒိစက်ကို ပြောင်းသုံးကြတာပါ။ Gym တွေမှာ ရှိပါတယ်။

၅. အားကစား

တင်းနစ်၊ ဘော်လီဘော၊ ဘောလုံး၊ ခြင်းလုံး အားကစားစုံဟာ နှလုံးကျန်းမာရေး လေ့ကျင့်ခန်းကောင်းတွေပါ။ အားကစားတစ်ခုခုကို ရေရှည်ကစားပေးတာဟာ အဆီပိုတွေ လောင်ကျွမ်းစေပြီး ယောက်ျားနို့တွေ ဖယ်ရှားပေးနိုင်ပါတယ်။

ကိုယ့ကာယ လေ့ကျင့်ခန်းများ

ကိုယ်ကာယ လေ့ကျင့်ခန်းတွေဟာ လုပ်နေစဉ်မှာ အဆီတွေ အရမ်းမလောင်ကျွမ်းစေပေမယ့် ကြွက်သားထုထည်တိုးလာတာကြောင့် ခန္ဓာကိုယ်ရဲ့စွမ်းအင် သုံးစွဲမှု ပိုများလာစေပါတယ်။ အဲဒိလေ့ကျင့်ခန်းတွေဟာ ကိုယ်ကာယလဲ တောင့်တင်းလှပစေပါတယ်။

၁. Seated chest press
၂. Cable Crossovers
၃. Incline Flyes
၄. Bench Press
၅. ဒိုက်ထိုး

အဲဒိလေ့ကျင့်ခန်းတွေက Gym မှာ လုပ်ရမှာပါ။ သင့်ရဲ့ Gym နည်းပြဆရာနဲ့ တိုင်ပင်ပြီး လုပ်ကြည့်ပါ။

ယောက်ျားနို့တွေ ထွက်လာရင် မကြောက်ပါနဲ့။ တကယ်လို့ သင်ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်စားပြီး နှလုံးလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ရင် ထွက်လာစရာ အကြောင်းကို မရှိပါဘူး။ဒါပေမယ့် တကယ်လို့ ဆေးကုရမယ့်ကိစ္စဆိုရင်တော့ လေ့ကျင့်ခန်းတွေလုပ်ရုံနဲ့ မရတော့ပါဘူး။ ဆရာဝန်နဲ့တိုင်ပင်ပြီး ခွဲစိတ်ကုသမှု ခံယူသင့်ရင် ခံယူရမှာပါ။ ဒါကြောင့် ယောက်ျားနို့တွေ ထွက်စပြုလာပြီဆိုတာနဲ့ တန်းလှုပ်ရှားလိုက်ပါတော့။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

%%footer%%