ေလယာဥ္ပ်ံေပၚက ေလနဲ႔ ႏွစ္ေပါင္းမ်ားစြာ ထိေတြ႕မႈေၾကာင့္ က်န္းမာေရးထိခိုက္မႈေတြကို ေလယာဥ္္အမႈထမ္းေတြ မွာ ေတြ႕႐ွိရပါတယ္။ လကၡဏာေတြမွာ မ်က္စိ၊ နား၊ ႏွာေခါင္း နာက်င္မႈ၊ ေခါင္းကုိက္မႈ၊ မူးေဝမႈနဲ႔ ပင္ပန္းမႈ အားနည္းမႈနဲ႔ အာရံုစိုက္မရမႈတို႔ ျဖစ္ၾကပါတယ္။ ခရီးသည္ေတြမွာေတာ့ ျဖစ္ပြားတာ ႐ွားပါတယ္။
အဲဒါဟာ TCP လို႔ေခၚတဲ့ ေလယာဥ္ဆီမွာ ပါဝင္တဲ့ ဓာတ္ပစၥည္းတစ္မ်ိဳးနဲ႔ ထိေတြ႕လ့ို ျဖစ္တာပါ။ TCP ကို ဒုတိယကမၻာစစ္က ဓာတုလက္နက္အျဖစ္ အသံုးျပဳခဲ့ၾကပါတယ္။ အဲဒါဟာ အမ်ားႀကီးထိေတြ႕ရင္ က်န္းမာေရး ထိခိုက္ႏိုင္ေပမယ့္ နည္းနည္းပဲ ထိေတြ႕ရင္ေတာ့ လူကို အႏၱရာယ္ ျဖစ္ႏိုင္သလားဆိုတာ ျငင္းခံုေနၾကတုန္းပါ။ ေလယာဥ္ပ်ံေပၚမွာ ေလအရည္အေသြးကို ေစာင့္ၾကည့္စစ္ေဆးေပးမယ့္ စက္မ႐ွိတာဟာ အဲဒါကို ဆံုးျဖတ္ဖို႔ ခက္ခဲေစပါတယ္။
ေလယာဥ္ေပၚက လူေတြ အသက္႐ႈဖို႔ ေလက သဘာဝေလ မဟုတ္ပါဘူး။ အျမင့္ေပ ၃၅၀၀၀ ေလာက္မွာ ေလဖိအားနဲ႔ ေလအပူခ်ိန္က လူေတြ အသက္႐ႈဖို႔အတြက္ အဆင္မေျပပါဘူး။ အဲဒါေၾကာင့္ ေလထုကို အပူေပးၿပီး ဖိႏွိပ္ၿပီးေတာ့မွ ေလယာဥ္ေပၚက လူေတြ ႐ႈႏိုင္ဖို႔ လႊတ္ေပးရတာပါ။
ဂ်က္ေလယာဥ္ အင္ဂ်င္ေတြ အလုပ္လုပ္ပံုဟာ ေလကို ဖိႏွိပ္ေပးၿပီး အဲဒိေလကို ဆီနဲ႔ ေရာၿပီး ေဖာက္ခြဲပစ္တာပါ။ ေလယာဥ္ေတာ္ေတာ္မ်ားမ်ားမွာ အဲဒိ ဖိႏွိပ္ထားတဲ့ေလကို ဆီနဲ႔ ေရာတဲ့ အဆင့္မေရာက္ေသးခင္ ၾကားထဲက ျဖတ္ယူၿပီး ေလယာဥ္ထဲကို အသက္႐ႈဖို႔ လႊတ္ေပးတာပါ။
ပံုမွန္ဆို အဲဒါက စိတ္ခ်ရပါတယ္။ ဒါေပမယ့္ အင္ဂ်င္ဆီးလ္ေတြဟာ တစ္ခါတစ္ရံမွာ မလံုျခံဳျဖစ္ေနတတ္ၿပီး အျပင္က အင္ဂ်င္မီးေတြဟာ အဲဒိေလပိုက္ထဲကို ေရာက္လာတတ္ပါတယ္။
စီးပြားျဖစ္ ေလေၾကာင္းလိုင္းေတြမွာ ေလထုအရည္အေသြး ေစာင့္ၾကည့္စက္ တပ္ဆင္မထားလို႔ အဲဒိလို ဘယ္ေလာက္ ျဖစ္ေနလဲဆိုတာ ေသေသခ်ာခ်ာ မသိ႐ွိႏိုင္ပါဘူး။ ေလယာဥ္အမႈထမ္းေတြက သတင္းပို႔တဲ့အခ်က္အရဆိုရင္ ေလေၾကာင္းခရီးစဥ္အားလံုးရဲ႕ ၀.၀၅ ရာႏႈန္းပဲ ျဖစ္တယ္လို႔ သတင္းပို႔ပါတယ္။
ဒါေပမယ့္ ေလယဥ္မႈးေတြကို ၂၀၀၃ တုန္းက စစ္တမ္းေကာက္ယူခဲ့တာအရဆိုရင္ အဲဒိအျဖစ္အပ်က္ေတြရဲ႕ ၉၆ ရာႏႈန္းကို သတင္းမပို႔ခဲ့ၾကပါဘူး။ အဲဒိစစ္တမ္းအရ ေလျပသနာေပါင္း ၁၆၇၄ ခု႐ွိခဲ့ေပမယ့္ သတင္းပုိ႔ခဲ့တာက ၆၁ ခုပဲ ႐ွိခဲ့ပါတယ္။ သတိမထားမိတာ၊ စီးပြားေရးအရ အခက္ၾကံဳမွာ တို႔ေၾကာင့္ ျဖစ္ပါလိမ့္မယ္။
အဲဒိ အင္ဂ်င္က ေလပိုက္ယိုစိမ့္တာနဲ႔ ေလယာဥ္ပ်ံေပၚက အမႈထမ္းေတြ က်န္းမာေရးခ်ိဳ႕ယြင္းမႈဟာ ဆက္စပ္ေနသလားဆိုတာကို ျငင္းခုန္ေနသူေတြ အမ်ားႀကီး႐ွိပါတယ္။ ဒါေပမယ့္ အဲဒိကိစၥနဲ႔ တရားစြဲဆိုထားမႈေတြ အမ်ားႀကီး ႐ွိတာေၾကာင့္ မၾကာခင္မွာ ႐ွင္းလင္းျပတ္သားတဲ့ အေျဖတစ္ခုကို သိလာရေတာ့မွာပါ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
လေယာဉ်ပျံပေါ်က လေထဲမှာ အဆိပ်တွေ ပါနေပါသလား
လေယာဉ်ပျံပေါ်က လေနဲ့ နှစ်ပေါင်းများစွာ ထိတွေ့မှုကြောင့် ကျန်းမာရေးထိခိုက်မှုတွေကို လေယာဉ််အမှုထမ်းတွေ မှာ တွေ့ရှိရပါတယ်။ လက္ခဏာတွေမှာ မျက်စိ၊ နား၊ နှာခေါင်း နာကျင်မှု၊ ခေါင်းကိုက်မှု၊ မူးဝေမှုနဲ့ ပင်ပန်းမှု အားနည်းမှုနဲ့ အာရုံစိုက်မရမှုတို့ ဖြစ်ကြပါတယ်။ ခရီးသည်တွေမှာတော့ ဖြစ်ပွားတာ ရှားပါတယ်။
အဲဒါဟာ TCP လို့ခေါ်တဲ့ လေယာဉ်ဆီမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးနဲ့ ထိတွေ့လိ့ု ဖြစ်တာပါ။ TCP ကို ဒုတိယကမ္ဘာစစ်က ဓာတုလက်နက်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ အဲဒါဟာ အများကြီးထိတွေ့ရင် ကျန်းမာရေး ထိခိုက်နိုင်ပေမယ့် နည်းနည်းပဲ ထိတွေ့ရင်တော့ လူကို အန္တရာယ် ဖြစ်နိုင်သလားဆိုတာ ငြင်းခုံနေကြတုန်းပါ။ လေယာဉ်ပျံပေါ်မှာ လေအရည်အသွေးကို စောင့်ကြည့်စစ်ဆေးပေးမယ့် စက်မရှိတာဟာ အဲဒါကို ဆုံးဖြတ်ဖို့ ခက်ခဲစေပါတယ်။
လေယာဉ်ပေါ်က လူတွေ အသက်ရှုဖို့ လေက သဘာဝလေ မဟုတ်ပါဘူး။ အမြင့်ပေ ၃၅၀၀၀ လောက်မှာ လေဖိအားနဲ့ လေအပူချိန်က လူတွေ အသက်ရှုဖို့အတွက် အဆင်မပြေပါဘူး။ အဲဒါကြောင့် လေထုကို အပူပေးပြီး ဖိနှိပ်ပြီးတော့မှ လေယာဉ်ပေါ်က လူတွေ ရှုနိုင်ဖို့ လွှတ်ပေးရတာပါ။
ဂျက်လေယာဉ် အင်ဂျင်တွေ အလုပ်လုပ်ပုံဟာ လေကို ဖိနှိပ်ပေးပြီး အဲဒိလေကို ဆီနဲ့ ရောပြီး ဖောက်ခွဲပစ်တာပါ။ လေယာဉ်တော်တော်များများမှာ အဲဒိ ဖိနှိပ်ထားတဲ့လေကို ဆီနဲ့ ရောတဲ့ အဆင့်မရောက်သေးခင် ကြားထဲက ဖြတ်ယူပြီး လေယာဉ်ထဲကို အသက်ရှုဖို့ လွှတ်ပေးတာပါ။
ပုံမှန်ဆို အဲဒါက စိတ်ချရပါတယ်။ ဒါပေမယ့် အင်ဂျင်ဆီးလ်တွေဟာ တစ်ခါတစ်ရံမှာ မလုံခြုံဖြစ်နေတတ်ပြီး အပြင်က အင်ဂျင်မီးတွေဟာ အဲဒိလေပိုက်ထဲကို ရောက်လာတတ်ပါတယ်။
စီးပွားဖြစ် လေကြောင်းလိုင်းတွေမှာ လေထုအရည်အသွေး စောင့်ကြည့်စက် တပ်ဆင်မထားလို့ အဲဒိလို ဘယ်လောက် ဖြစ်နေလဲဆိုတာ သေသေချာချာ မသိရှိနိုင်ပါဘူး။ လေယာဉ်အမှုထမ်းတွေက သတင်းပို့တဲ့အချက်အရဆိုရင် လေကြောင်းခရီးစဉ်အားလုံးရဲ့ ၀.၀၅ ရာနှုန်းပဲ ဖြစ်တယ်လို့ သတင်းပို့ပါတယ်။
ဒါပေမယ့် လေယဉ်မှုးတွေကို ၂၀၀၃ တုန်းက စစ်တမ်းကောက်ယူခဲ့တာအရဆိုရင် အဲဒိအဖြစ်အပျက်တွေရဲ့ ၉၆ ရာနှုန်းကို သတင်းမပို့ခဲ့ကြပါဘူး။ အဲဒိစစ်တမ်းအရ လေပြသနာပေါင်း ၁၆၇၄ ခုရှိခဲ့ပေမယ့် သတင်းပို့ခဲ့တာက ၆၁ ခုပဲ ရှိခဲ့ပါတယ်။ သတိမထားမိတာ၊ စီးပွားရေးအရ အခက်ကြံုမှာ တို့ကြောင့် ဖြစ်ပါလိမ့်မယ်။
အဲဒိ အင်ဂျင်က လေပိုက်ယိုစိမ့်တာနဲ့ လေယာဉ်ပျံပေါ်က အမှုထမ်းတွေ ကျန်းမာရေးချို့ယွင်းမှုဟာ ဆက်စပ်နေသလားဆိုတာကို ငြင်းခုန်နေသူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အဲဒိကိစ္စနဲ့ တရားစွဲဆိုထားမှုတွေ အများကြီး ရှိတာကြောင့် မကြာခင်မှာ ရှင်းလင်းပြတ်သားတဲ့ အဖြေတစ်ခုကို သိလာရတော့မှာပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================