ဖုန္းဘက္ထရီအားၾကာရွည္ခံဖို႔ နည္းလမ္း(၁၁)ခု

ဖုန္းဘက္ထရီအကုန္ျမန္ေနလို႔ စိတ္ညစ္ေနပါသလား။ ဖုန္း ဘက္ထရီအားကို ၾကာရွည္ခံေစမယ့္ နည္းလမ္း(၁၁)ကို ေဖာ္ျပလိုက္ပါတယ္။

၁။ ဘက္ထရီအား လံုး၀ကုန္သြားတဲ့အထိမသံုးပါနဲ႔။ အျပည့္လည္း မသြင္းပါနဲ႔။

အခုေခတ္ေပၚဖုန္းေတြက Lithium Ion ဘက္ထရီေတြကို အသံုးျပဳထားပါတယ္။ ဒီဘက္ထရီေတြက အားကို (၁၀၀)ရာခိုင္ႏႈန္းအျပည့္သြင္းဖို႔ မလိုသလို႔ လံုး၀ကုန္သြားတဲ့အထိလည္း သံုးလို႔မေကာင္းပါဘူး။ ဖုန္းကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဘက္ထရီအား အနည္းဆံုး (၂၀)ရာခိုင္ႏႈန္းေလာက္အထိပဲ သံုးၿပီး (၉၀)ရာခိုင္နႈန္းေလာက္အထိပဲ အားသြင္းပါ။

၂။ အားသြင္းေနစဥ္ ဖုန္းမသံုးပါနဲ႔။

ဖုန္းအားသြင္းႀကိဳးေတြ ဘာေၾကာင့္တိုတာလဲစဥ္းစားဖူးပါလား။ ဖုန္းထုတ္လုပ္သူေတြက အားသြင္းေနတုန္း ဖုန္းကို မသံုးေစခ်င္လို႔ျဖစ္ပါတယ္။ ဒီလိုအသံုးျပဳမယ္ဆိုရင္ ဖုန္းရဲ႕အားသြင္းစနစ္ကို ထိခိုက္ေစၿပီး ဘက္ထရီသက္တမ္းေလ်ာ့သြားေစပါတယ္။ ဖုန္းေတြရဲ႕ဘက္ထရီဟာ သတ္မွတ္ထားတဲ့ အႀကိမ္ေရသက္တမ္း ျပည့္ေအာင္ အသံုးျပဳၿပီးသြားရင္ အသစ္လဲေပးဖို႔လိုပါတယ္။

၃။ အလင္းအေမွာင္ အလိုအေလ်ာက္ခ်ိန္ညွိစနစ္ကို မသံုးပါနဲ႔။

သင့္ဖုန္းရဲ႕ AMOLED မ်က္ႏွာျပင္ဟာ ဘက္ထရီအစားဆံုးျဖစ္ပါတယ္။ Auto brightness စနစ္ကို သံုးတာက ဘက္ထရီအားကို အကုန္ျမန္ေစပါတယ္။ လိုအပ္ရင္ လုိအပ္သေလာက္ အလင္းအေမွာင္ကို ကိုယ္တိုင္ ခ်ိန္ညွိေပးတာ အေကာင္းဆံုးျဖစ္ပါတယ္။

၄။ Vibrate နဲ႔ အျခားအသံထြက္စနစ္ေတြ ပိတ္ထားပါ။

သင့္ဖုန္းရဲ႕ Vibrate တုန္ခါမႈက ေရရွည္မွာက်န္းမာေရးကို ထိခိုက္ေစႏိုင္႐ုံသာမက ဘက္ထရီလည္း အရမ္းစားပါတယ္။ ဒါ့အျပင္ ခလုပ္ႏွိပ္ရင္ အသံျမည္ေအာင္လုပ္ထားတာတို႔လိုမ်ိဳး စနစ္ေတြကလည္း သံုးရတာ ဘက္ထရီကုန္တာကလြဲၿပီး အျခားအက်ိဳးမရွိပါဘူး။

၅။ အျခားအမ်ိဳးအစား အားသြင္ႀကိဳးနဲ႔ ဘက္ထရီေတြ ၀ယ္မသံုးပါနဲ႔။

အမ်ိဳးအစားမတူတဲ့ အားသြင္းႀကိဳးေတြ၊ ဘက္ထရီေတြက သင့္ရဲ႕ဖုန္း အားသြင္းစနစ္နဲ႔ ကိုက္ညီမွာမဟုတ္တာ အေသအခ်ာပါပဲ။ သက္ဆိုင္ရာအမ်ိဳးအစားရဲ႕ ေအာ္ရီဂ်င္နယ္ေတြကိုပဲ သံုးပါ။

၆။ GPS၊ Wi-Fi နဲ႔ Bluetooth ေတြကို မသံုးရင္ပိတ္ထားပါ။

ဒီဟာေတြက အခ်ိန္တိုင္းဖြင့္ထားဖို႔ မလိုအပ္ပါဘူး။ သူတို႔ကို ပိတ္ထား႐ုံနဲ႔ ဘက္ထရီကို ေခၽြတာႏိုင္ၿပီး ဖုန္းရဲ႕ လုပ္ငန္းေဆာင္တာေတြလည္း ပိုေကာင္းေစပါတယ္။ ဒီစနစ္ေတြက ဖုန္းကို ေလးေစတာေၾကာင့္ လိုအပ္မွသာ ဖြင့္သံုးပါ။

၇။ မ်က္ႏွာျပင္အလိုအေလ်ာက္ပိတ္သြားခ်ိန္(Screen timeout)ကို နည္းနည္းပဲထားပါ။

ေလ့လာမႈေတြအရ သာမန္လူတစ္ေယာက္ဟာ သူ႔ရဲ႕စမတ္ဖုန္းကို တစ္ေန႔မွာအႀကိမ္(၁၅၀)ေလာက္ ဖြင့္ေလ့ရွိတယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ Screen Timeout ကို အခ်ိန္နည္းနည္းပဲ သတ္မွတ္ထားရင္ ဘက္ထရီအကုန္သက္သာေစမွာျဖစ္ပါတယ္။ အေကာင္းဆံုးကေတာ့ (၁၅)စကၠန္႔ေလာက္ပဲ ထားပါ။

၈။ App ေတြကို Wi-Fi သံုးၿပီး မၾကာခဏ Update လုပ္ေပးပါ။

စမတ္ဖုန္းေတြမွာ ပါ၀င္တဲ့ App ေတာ္ေတာ္မ်ားမ်ားက လစဥ္ update လုပ္ေပးဖို႔လုပ္ေပးမယ္ဆိုရင္ ဘက္ထရီအား နည္းနည္းပဲသံုးၿပီး အလုပ္လုပ္ေနမွာျဖစ္ပါတယ္။ Update မျဖစ္တဲ့ Apps အေဟာင္းေတြကေတာ့ သင့္ဖုန္းရဲ႕ RAM နဲ႔ ဘက္ထရီကို သံုးျဖဳန္းပစ္မွာပါ။

၉။ Auto-Sync စနစ္ကိုလည္း လိုအပ္မွသံုးပါ။

သင့္ရဲ႕ e-mail ေတြကို မၾကာခဏ update ျဖစ္ဖို႔ လိုတယ္ဆိုမွ Auto-Sync စနစ္ကို သံုးပါ။ Auto-Sync စနစ္မလိုအပ္တဲ့ အျခား e-mail Apps ေတြ ရွိပါတယ္။ သူတို႔ကိုသံုးလည္းျဖစ္ပါတယ္။

၁၀။ ဖုန္းေခၚမယ္ဆိုရင္ လိုင္းဆြဲအားေကာင္းမေကာင္းစစ္ေဆးပါ။

ဖုန္းလိုင္းသိပ္မမိတာမ်ိဳးက သင့္ဖုန္းရဲ႕ဘက္ထရီအားကို ပိုသံုးၿပီး လိုင္းရွာရေစပါတယ္။ ဒါ့ေၾကာင့္ လိုင္းေသခ်ာမိတဲ့ ေနရာမ်ိဳးက ဖုန္းေခၚတာတို႔၊ လိုင္းမမိတဲ့ေနရာမ်ိဳးမွာ Airplane mode လုပ္ထားတာမ်ိဳးက ဘက္ထရီအကုန္သက္သာေစမွာျဖစ္ပါတယ္။

၁၁။ မလိုအပ္ပဲ process ေတြကို ရွင္းလင္းပါ

စမတ္ဖုန္းေတြမွာ မလိုအပ္ပဲ ေနာက္ကြယ္မွာအလုပ္လုပ္ေနတတ္တဲ့ processes ေတြနဲ႔ App ေတြရွိတတ္ပါတယ္။ ဒီဟာေတြကို Setting > Apps ထဲမွာသြားၿပီး Force stop လုပ္ၿပီး ရွင္းပစ္လိုက္လို႔ ရပါတယ္။ ဒါမွမဟုတ္ရင္လည္း ဒီ processes ေတြရွင္းတဲ့ Apps တစ္ခုခုသံုးႏိုင္ပါတယ္။

 


 

ဖုန်းဘက်ထရီအားကြာရှည်ခံဖို့ နည်းလမ်း(၁၁)ခု

ဖုန်းဘက်ထရီအကုန်မြန်နေလို့ စိတ်ညစ်နေပါသလား။ ဖုန်း ဘက်ထရီအားကို ကြာရှည်ခံစေမယ့် နည်းလမ်း(၁၁)ကို ဖော်ပြလိုက်ပါတယ်။

၁။ ဘက်ထရီအား လုံးဝကုန်သွားတဲ့အထိမသုံးပါနဲ့။ အပြည့်လည်း မသွင်းပါနဲ့။
အခုခေတ်ပေါ်ဖုန်းတွေက Lithium Ion ဘက်ထရီတွေကို အသုံးပြုထားပါတယ်။ ဒီဘက်ထရီတွေက အားကို (၁၀၀)ရာခိုင်နှုန်းအပြည့်သွင်းဖို့ မလိုသလို့ လုံးဝကုန်သွားတဲ့အထိလည်း သုံးလို့မကောင်းပါဘူး။ ဖုန်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဘက်ထရီအား အနည်းဆုံး (၂၀)ရာခိုင်နှုန်းလောက်အထိပဲ သုံးပြီး (၉၀)ရာခိုင်နှုန်းလောက်အထိပဲ အားသွင်းပါ။

၂။ အားသွင်းနေစဉ် ဖုန်းမသုံးပါနဲ့။
ဖုန်းအားသွင်းကြိုးတွေ ဘာကြောင့်တိုတာလဲစဉ်းစားဖူးပါလား။ ဖုန်းထုတ်လုပ်သူတွေက အားသွင်းနေတုန်း ဖုန်းကို မသုံးစေချင်လို့ဖြစ်ပါတယ်။ ဒီလိုအသုံးပြုမယ်ဆိုရင် ဖုန်းရဲ့အားသွင်းစနစ်ကို ထိခိုက်စေပြီး ဘက်ထရီသက်တမ်းလျော့သွားစေပါတယ်။ ဖုန်းတွေရဲ့ဘက်ထရီဟာ သတ်မှတ်ထားတဲ့ အကြိမ်ရေသက်တမ်း ပြည့်အောင် အသုံးပြုပြီးသွားရင် အသစ်လဲပေးဖို့လိုပါတယ်။

၃။ အလင်းအမှောင် အလိုအလျောက်ချိန်ညှိစနစ်ကို မသုံးပါနဲ့။
သင့်ဖုန်းရဲ့ AMOLED မျက်နှာပြင်ဟာ ဘက်ထရီအစားဆုံးဖြစ်ပါတယ်။ Auto brightness စနစ်ကို သုံးတာက ဘက်ထရီအားကို အကုန်မြန်စေပါတယ်။ လိုအပ်ရင် လိုအပ်သလောက် အလင်းအမှောင်ကို ကိုယ်တိုင် ချိန်ညှိပေးတာ အကောင်းဆုံးဖြစ်ပါတယ်။

၄။ Vibrate နဲ့ အခြားအသံထွက်စနစ်တွေ ပိတ်ထားပါ။
သင့်ဖုန်းရဲ့ Vibrate တုန်ခါမှုက ရေရှည်မှာကျန်းမာရေးကို ထိခိုက်စေနိုင်ရုံသာမက ဘက်ထရီလည်း အရမ်းစားပါတယ်။ ဒါ့အပြင် ခလုပ်နှိပ်ရင် အသံမြည်အောင်လုပ်ထားတာတို့လိုမျိုး စနစ်တွေကလည်း သုံးရတာ ဘက်ထရီကုန်တာကလွဲပြီး အခြားအကျိုးမရှိပါဘူး။

၅။ အခြားအမျိုးအစား အားသွင်ကြိုးနဲ့ ဘက်ထရီတွေ ၀ယ်မသုံးပါနဲ့။
အမျိုးအစားမတူတဲ့ အားသွင်းကြိုးတွေ၊ ဘက်ထရီတွေက သင့်ရဲ့ဖုန်း အားသွင်းစနစ်နဲ့ ကိုက်ညီမှာမဟုတ်တာ အသေအချာပါပဲ။ သက်ဆိုင်ရာအမျိုးအစားရဲ့ အော်ရီဂျင်နယ်တွေကိုပဲ သုံးပါ။
၆။ GPS၊ Wi-Fi နဲ့ Bluetooth တွေကို မသုံးရင်ပိတ်ထားပါ။
ဒီဟာတွေက အချိန်တိုင်းဖွင့်ထားဖို့ မလိုအပ်ပါဘူး။ သူတို့ကို ပိတ်ထားရုံနဲ့ ဘက်ထရီကို ချွေတာနိုင်ပြီး ဖုန်းရဲ့ လုပ်ငန်းဆောင်တာတွေလည်း ပိုကောင်းစေပါတယ်။ ဒီစနစ်တွေက ဖုန်းကို လေးစေတာကြောင့် လိုအပ်မှသာ ဖွင့်သုံးပါ။

၇။ မျက်နှာပြင်အလိုအလျောက်ပိတ်သွားချိန်(Screen timeout)ကို နည်းနည်းပဲထားပါ။
လေ့လာမှုတွေအရ သာမန်လူတစ်ယောက်ဟာ သူ့ရဲ့စမတ်ဖုန်းကို တစ်နေ့မှာအကြိမ်(၁၅၀)လောက် ဖွင့်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် Screen Timeout ကို အချိန်နည်းနည်းပဲ သတ်မှတ်ထားရင် ဘက်ထရီအကုန်သက်သာစေမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ (၁၅)စက္ကန့်လောက်ပဲ ထားပါ။

၈။ App တွေကို Wi-Fi သုံးပြီး မကြာခဏ Update လုပ်ပေးပါ။
စမတ်ဖုန်းတွေမှာ ပါ၀င်တဲ့ App တော်တော်များများက လစဉ် update လုပ်ပေးဖို့လုပ်ပေးမယ်ဆိုရင် ဘက်ထရီအား နည်းနည်းပဲသုံးပြီး အလုပ်လုပ်နေမှာဖြစ်ပါတယ်။ Update မဖြစ်တဲ့ Apps အဟောင်းတွေကတော့ သင့်ဖုန်းရဲ့ RAM နဲ့ ဘက်ထရီကို သုံးဖြုန်းပစ်မှာပါ။

၉။ Auto-Sync စနစ်ကိုလည်း လိုအပ်မှသုံးပါ။
သင့်ရဲ့ e-mail တွေကို မကြာခဏ update ဖြစ်ဖို့ လိုတယ်ဆိုမှ Auto-Sync စနစ်ကို သုံးပါ။ Auto-Sync စနစ်မလိုအပ်တဲ့ အခြား e-mail Apps တွေ ရှိပါတယ်။ သူတို့ကိုသုံးလည်းဖြစ်ပါတယ်။

၁၀။ ဖုန်းခေါ်မယ်ဆိုရင် လိုင်းဆွဲအားကောင်းမကောင်းစစ်ဆေးပါ။
ဖုန်းလိုင်းသိပ်မမိတာမျိုးက သင့်ဖုန်းရဲ့ဘက်ထရီအားကို ပိုသုံးပြီး လိုင်းရှာရစေပါတယ်။ ဒါ့ကြောင့် လိုင်းသေချာမိတဲ့ နေရာမျိုးက ဖုန်းခေါ်တာတို့၊ လိုင်းမမိတဲ့နေရာမျိုးမှာ Airplane mode လုပ်ထားတာမျိုးက ဘက်ထရီအကုန်သက်သာစေမှာဖြစ်ပါတယ်။

၁၁။ မလိုအပ်ပဲ process တွေကို ရှင်းလင်းပါ
စမတ်ဖုန်းတွေမှာ မလိုအပ်ပဲ နောက်ကွယ်မှာအလုပ်လုပ်နေတတ်တဲ့ processes တွေနဲ့ App တွေရှိတတ်ပါတယ်။ ဒီဟာတွေကို Setting > Apps ထဲမှာသွားပြီး Force stop လုပ်ပြီး ရှင်းပစ်လိုက်လို့ ရပါတယ်။ ဒါမှမဟုတ်ရင်လည်း ဒီ processes တွေရှင်းတဲ့ Apps တစ်ခုခုသုံးနိုင်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%