Brand လို႔ေခၚၾကတဲ့ ကုန္အမွတ္တံဆိပ္ေတြကို ေစ်းကြက္ရွာေဖြေရး၊ စီးပြားေရးလုပ္ငန္းေတြနဲ႔ ေၾကာ္ျငာေတြမွာ သံုးေလ့ရွိပါတယ္။ ကုန္အမွတ္တံဆိပ္ေတြဟာ ထုတ္ကုန္ပစၥည္းတစ္ခုခုကို အျခားတစ္ခုနဲ႔ကြဲျပားျခားနားသြား ေစတဲ့ သေကၤတအမွတ္လကၡဏာတစ္ခုျဖစ္ၿပီး စီးပြားေရးလုပ္ငန္းတစ္ခုခုအတြက္ အခိုင္အမာရပ္တည္ေပးတဲ့ အမွတ္အသားတစ္ခုလည္းျဖစ္ပါတယ္။ အခုေအာက္မွာေဖာ္ျပထားတဲ့ ကုန္အမွတ္တံဆိပ္ေတြကေတာ့ ၿပီးခဲ့တဲ့ ၂၀၁၄ ခုႏွစ္မွာ ေကာက္ယူခဲ့တဲ့ စစ္တမ္းေတြအရ ကမာၻမွာ တန္ဖိုးအျမင့္ဆံုး ကုန္အမွတ္တံဆိပ္ (၁၀)ခုပဲ ျဖစ္ ပါတယ္။
၁။ GOOGLE
Google ဟာ အင္တာနက္နဲ႔ဆက္စပ္တဲ့ ၀န္ေဆာင္မႈေတြကို အထူးျပဳတဲ့ အေမရိကန္အေျခစိုက္လုပ္ငန္းစုႀကီး တစ္ခုျဖစ္ပါတယ္။ Google ဟာ ၿပီးခဲ့တဲ့ ၂၀၁၄ ခုႏွစ္မွာ ကမာၻတန္ဖိုးအျမင့္ဆံုး ကုန္အမွတ္တံဆိပ္(၁၀၀) စာရင္းမွာ (၃)ႏွစ္ဆက္တိုက္ ရပ္တည္ေနႏိုင္ခဲ့တဲ့ Apple ကို ေက်ာ္တက္ၿပီး ကမာၻေစ်းအႀကီးဆံုးကုန္အမွတ္ တံဆိပ္ျဖစ္လာခဲ့တာျဖစ္ပါတယ္။ Google ရဲ႕တိုးတက္မႈက (၄၀)ရာခုိင္ႏႈန္းရွိၿပီး ကုန္အမွတ္တံဆိပ္တန္ဖိုး အေမရိကန္ေဒၚလာ ၁၅၈၈၄၃ သန္း ရွိပါတယ္။
၂။ Apple
Apple ကုမၸဏီဟာလည္း ကြန္ပ်ဴတာနဲ႔ အျခားအီလက္ထေရာနစ္ပစၥည္ေတြ၊ operating system ေတြနဲ႔ Application software ေတြ ထုတ္လုပ္တဲ့ အေမရိကန္ အေျခစိုက္ ကုမၸဏီတစ္ခုျဖစ္ပါတယ္။ Apple ကုမၸဏီဟာ ၁၉၇၀ ျပည့္ႏွစ္ေတြေလာက္မွာ ပထမဆံုးအိမ္သံုးကြန္ပ်ဴတာေတြကို ထုတ္လုပ္ေရာင္းခ်ခဲ့တဲ့ ကုမၸဏီလည္း ျဖစ္ၿပီး ကြန္ပ်ဴတာေတြရဲ႕ ဂရပ္ဖစ္စနစ္နဲ႔ Mouse တို႔ကို စတင္မိတ္ဆက္ေပးခဲ့တဲ့ ကုမၸဏီလည္း ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ Apple ကုမၸဏီရဲ႕ ကုန္အမွတ္တံဆိပ္တန္ဖိုးဟာ အေမရိကန္ေဒၚလာ ၁၄၇၈၈၀ သန္း ရွိေနၿပီျဖစ္ပါတယ္။
၃။ IBM
IBM ကုမၸဏီကေတာ့ အိုင္တီနယ္ပယ္ရဲ႕ hardware၊ software နဲ႔ ၀န္ေဆာင္မႈပိုင္းေတြမွာ ကမာၻေရွ႕ေဆာင္ ကုမၸဏီႀကီးတစ္ခုျဖစ္သလို အိုင္တီပစၥည္းအေရာင္းပိုင္းမွာလည္း အႀကီးဆံုးတိုင္ပင္ခံကုမၸဏီေတြထဲက တစ္ခုျဖစ္ပါတယ္။ ဒါ့အျပင္ ကမာၻ႕တတိယအႀကီးဆံုး software ကုမၸဏီႀကီးလည္းျဖစ္ပါတယ္။ IBM ကုမၸဏီရဲ႕ ကုန္အမွတ္တံဆိပ္တန္ဖိုးကေတာ့ အေမရိကန္ေဒၚလာ ၁၀၇၅၄၁ သန္း ရွိပါတယ္။
၄။ Microsoft
အေမရိကန္အေျခစိုက္ Microsoft ကုမၸဏီရဲ႕ ကုန္အမွတ္တံဆိပ္နာမည္ကေတာ့ Microsoft Windows ပဲျဖစ္ပါတယ္။ Micorsoft ကုမၸဏီရဲ႕ Windows operating system ေတြဟာ ကုမၸဏီတည္ေထာင္သူ Bill Gates ကို ကမာၻ႔အခ်မ္းသာဆံုးျဖစ္ေအာင္ တြန္းပို႔ေပးႏိုင္ခဲ့ေလာင္ေအာင္ ေအာင္ျမင္ခဲ့ပါတယ္။ Microsoft ကုမၸဏီရဲ႕ ကုန္အမွတ္တံဆိပ္တန္ဖိုးကေတာ့ ေဒၚလာ ၉၀၁၈၅ သန္း ျဖစ္ပါတယ္။
၅။ McDonald’s
McDonald’s Corporation ကေတာ့ fast food ေရာင္းခ်တဲ့ စားေသာက္ဆိုင္ေတြနဲ႔ ကမာၻမွာ ထိပ္တန္း ေရာင္းအား အေကာင္းဆံုး fast food အေရာင္းဆိုင္လုပ္ငန္းစုႀကီးရဲ႕ operator ပဲျဖစ္ပါတယ္။ McDonald’s ရဲ႕ ကုန္အမွတ္တံဆိပ္တန္ဖိုးကေတာ့ အေမရိကန္ေဒၚလာ ၈၅၇၀၆ သန္းရွိပါတယ္။
၆။ Coca-Cola
Coca-cola ဒါမွမဟုတ္ Coke လို႔ လူသိမ်ားတဲ့ ေရာင္းအားအေကာင္းဆံုး ကိုလာအခ်ိဳရည္ကုမၸဏီကေတာ့ အေမရိကန္ႏိုင္ငံ အတၱလန္တာၿမိဳ႕အေျခစိုက္ျဖစ္ပါတယ္။ ကိုကာကိုလာဟာ ကမာၻတစ္၀ွမ္းမွာ အႀကီးဆံုး အခ်ိဳရည္ထုတ္လုပ္ေရာင္းခ်တဲ့ လုပ္ငန္းျဖစ္သလို Coca-Cola’s ဆိုတဲ့ လိုဂိုအမွတ္တံဆိပ္ဟာလည္း ကမာၻမွာ ထင္ေပၚေက်ာ္ၾကားတဲ့ ကုန္အမွတ္တံဆိပ္တစ္ခုျဖစ္ပါတယ္။ ၄င္းရဲ႕ ကုန္အမွတ္တံဆိပ္တန္ဖိုးကေတာ့ အေမရိကန္ေဒၚလာ ၈၀၆၈၃ သန္း ရွိပါတယ္။
၇။ VISA
VISA.Inc ကုမၸဏီကေတာ့ အေမရိကန္အေျခစိုက္ႏိုင္ငံတကာေငြေၾကး၀န္ေဆာင္မႈလုပ္ငန္းႀကီးတစ္ခု ျဖစ္ပါတယ္။ ၄င္းဟာ VISA အမွတ္တံဆိပ္ပါ အေႀကြး၀ယ္ကဒ္ေတြ၊ Debit ကဒ္ေတြကေနတဆင့္ ကမာၻတစ္၀ွမ္း အီလက္ထေရာနစ္စနစ္နဲ႔ ေငြပို႔ေငြလႊဲမႈကို ၀န္ေဆာင္မႈေပးလ်က္ရွိေနပါတယ္။ VISA ကုမၸဏီရဲ႕ အမွတ္တံဆိပ္တန္ဖိုးကေတာ့ ေဒၚလာ ၇၉၁၉၇ သန္းရွိပါတယ္။
၈။ AT&T
AT&T Inc ကေတာ့ အေမရိကန္အေျခစိုက္ တယ္လီကြန္မ်ဴနီေကးရွင္းလုပ္ငန္းစုႀကီးျဖစ္ၿပီး အေမရိကန္ ျပည္ေထာင္စုနဲ႔ အျခားႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ မိုဘိုင္းဖုန္းနဲ႔ ႐ိုး႐ိုးဖုန္းလုိင္းေတြအတြက္ ၀န္ေဆာင္မႈေတြ ေပးေနတဲ့ ေရွ႕ေဆာင္ကုမၸဏီႀကီးလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ပုဂၢလိကလုပ္ငန္းေတြ၊ လုပ္ငန္းစုေတြနဲ႔ အစိုးရ အဖြဲ႕အစည္းေတြအတြက္ အင္တာနက္၀န္ေဆာင္မႈေပးေနတဲ့ ဒုတိယအႀကီးဆံုးကုမၸဏီႀကီးလည္းျဖစ္ပါတယ္။ ၄င္းရဲ႕ကုန္အမွတ္တံဆိပ္တန္ဖိုးကေတာ့ ေဒၚလာ ၇၇၈၈၃ သန္းရွိပါတယ္။
၉။ Marlboro
Marlboro ဆိုတဲ့ စီးကရက္အမွတ္တံဆိပ္ကေတာ့ Philip Morris International ကုမၸဏီပိုင္ ကုန္ပစၥည္း အမွတ္တံဆိပ္ျဖစ္ပါတယ္။ Marlboro ဟာ ကမာၻမွာေရာင္းအားအေကာင္းဆံုးစီးကရက္အျဖစ္ ဆယ္စုေပါင္း မ်ားစြာၾကာေအာင္ရပ္တည္ႏိုင္ခဲ့သလို ကမာၻ႕တန္ဖိုးအျမင့္ဆံုးကုန္အမွတ္(၁၀)ခုစာရင္းမွာ န၀မေနရာမွာ ရပ္တည္ေနဆဲျဖစ္ပါတယ္။ ကုန္အမွတ္တံဆိပ္ရဲ႕တန္ဖိုးကေတာ့ ေဒၚလာ ၆၇၃၄၁ သန္း ရွိပါတယ္။
၁၀။ Amazon
Amazon.com, Inc. ကေတာ့ အေမရိကန္အေျခစိုက္ အြန္လိုင္အေရာင္းအ၀ယ္၀န္ေဆာင္မႈလုပ္ငန္းတစ္ခု ျဖစ္ပါတယ္။ Amazon ဟာ အင္တာနက္ေပၚကေန စာအုပ္ေတြ၊ CD ေတြနဲ႔ ဗီဒီယိုေတြကေနစၿပီး ကုန္ပစၥည္း အသစ္ေတြေရာ အသံုးျပဳၿပီးသားေတြကိုပါ အေရာင္းအ၀ယ္လုပ္ႏိုင္တဲ့ ၀န္ေဆာင္မႈကို ပ့ံပိုးေပးေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Amazon ကုမၸဏီဟာ e-book ေတြဖတ္ဖို႔အတြက္ Amzon Kindle အမွတ္တံဆိပ္နဲ႔ e-book reader ေတြနဲ႔ Amazon Kindle Fire တံဆိပ္ တက္ဘလက္ကြန္ပ်ဴတာေတြကိုလည္း ထုတ္လုပ္ေရာင္းခ် ေနတာျဖစ္ပါတယ္။ Amazon ရဲ႕ ကုန္အမွတ္တံဆိပ္တန္ဖိုးကေတာ့ ေဒၚလာ ၆၄၂၅၅ သန္း ရွိပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
ကမ္ဘာ့စျေးအကြီးဆုံးကုန်အမှတ်တံဆိပ်(၁၀)ခု
Brand လို့ခေါ်ကြတဲ့ ကုန်အမှတ်တံဆိပ်တွေကို စျေးကွက်ရှာဖွေရေး၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ကြော်ငြာတွေမှာ သုံးလေ့ရှိပါတယ်။ ကုန်အမှတ်တံဆိပ်တွေဟာ ထုတ်ကုန်ပစ္စည်းတစ်ခုခုကို အခြားတစ်ခုနဲ့ကွဲပြားခြားနားသွား စေတဲ့ သင်္ကေတအမှတ်လက္ခဏာတစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုခုအတွက် အခိုင်အမာရပ်တည်ပေးတဲ့ အမှတ်အသားတစ်ခုလည်းဖြစ်ပါတယ်။ အခုအောက်မှာဖော်ပြထားတဲ့ ကုန်အမှတ်တံဆိပ်တွေကတော့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ကမ္ဘာမှာ တန်ဖိုးအမြင့်ဆုံး ကုန်အမှတ်တံဆိပ် (၁၀)ခုပဲ ဖြစ် ပါတယ်။
၁။ GOOGLE
Google ဟာ အင်တာနက်နဲ့ဆက်စပ်တဲ့ ၀န်ဆောင်မှုတွေကို အထူးပြုတဲ့ အမေရိကန်အခြေစိုက်လုပ်ငန်းစုကြီး တစ်ခုဖြစ်ပါတယ်။ Google ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ကမ္ဘာတန်ဖိုးအမြင့်ဆုံး ကုန်အမှတ်တံဆိပ်(၁၀၀) စာရင်းမှာ (၃)နှစ်ဆက်တိုက် ရပ်တည်နေနိုင်ခဲ့တဲ့ Apple ကို ကျော်တက်ပြီး ကမ္ဘာစျေးအကြီးဆုံးကုန်အမှတ် တံဆိပ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ Google ရဲ့တိုးတက်မှုက (၄၀)ရာခိုင်နှုန်းရှိပြီး ကုန်အမှတ်တံဆိပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၈၈၄၃ သန်း ရှိပါတယ်။
၂။ Apple
Apple ကုမ္ပဏီဟာလည်း ကွန်ပျူတာနဲ့ အခြားအီလက်ထရောနစ်ပစ္စည်တွေ၊ operating system တွေနဲ့ Application software တွေ ထုတ်လုပ်တဲ့ အမေရိကန် အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Apple ကုမ္ပဏီဟာ ၁၉၇၀ ပြည့်နှစ်တွေလောက်မှာ ပထမဆုံးအိမ်သုံးကွန်ပျူတာတွေကို ထုတ်လုပ်ရောင်းချခဲ့တဲ့ ကုမ္ပဏီလည်း ဖြစ်ပြီး ကွန်ပျူတာတွေရဲ့ ဂရပ်ဖစ်စနစ်နဲ့ Mouse တို့ကို စတင်မိတ်ဆက်ပေးခဲ့တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ Apple ကုမ္ပဏီရဲ့ ကုန်အမှတ်တံဆိပ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၄၇၈၈၀ သန်း ရှိနေပြီဖြစ်ပါတယ်။
၃။ IBM
IBM ကုမ္ပဏီကတော့ အိုင်တီနယ်ပယ်ရဲ့ hardware၊ software နဲ့ ၀န်ဆောင်မှုပိုင်းတွေမှာ ကမ္ဘာရှေ့ဆောင် ကုမ္ပဏီကြီးတစ်ခုဖြစ်သလို အိုင်တီပစ္စည်းအရောင်းပိုင်းမှာလည်း အကြီးဆုံးတိုင်ပင်ခံကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့တတိယအကြီးဆုံး software ကုမ္ပဏီကြီးလည်းဖြစ်ပါတယ်။ IBM ကုမ္ပဏီရဲ့ ကုန်အမှတ်တံဆိပ်တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၀၇၅၄၁ သန်း ရှိပါတယ်။
၄။ Microsoft
အမေရိကန်အခြေစိုက် Microsoft ကုမ္ပဏီရဲ့ ကုန်အမှတ်တံဆိပ်နာမည်ကတော့ Microsoft Windows ပဲဖြစ်ပါတယ်။ Micorsoft ကုမ္ပဏီရဲ့ Windows operating system တွေဟာ ကုမ္ပဏီတည်ထောင်သူ Bill Gates ကို ကမ္ဘာ့အချမ်းသာဆုံးဖြစ်အောင် တွန်းပို့ပေးနိုင်ခဲ့လောင်အောင် အောင်မြင်ခဲ့ပါတယ်။ Microsoft ကုမ္ပဏီရဲ့ ကုန်အမှတ်တံဆိပ်တန်ဖိုးကတော့ ဒေါ်လာ ၉၀၁၈၅ သန်း ဖြစ်ပါတယ်။
၅။ McDonald’s
McDonald’s Corporation ကတော့ fast food ရောင်းချတဲ့ စားသောက်ဆိုင်တွေနဲ့ ကမ္ဘာမှာ ထိပ်တန်း ရောင်းအား အကောင်းဆုံး fast food အရောင်းဆိုင်လုပ်ငန်းစုကြီးရဲ့ operator ပဲဖြစ်ပါတယ်။ McDonald’s ရဲ့ ကုန်အမှတ်တံဆိပ်တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၈၅၇၀၆ သန်းရှိပါတယ်။
၆။ Coca-Cola
Coca-cola ဒါမှမဟုတ် Coke လို့ လူသိများတဲ့ ရောင်းအားအကောင်းဆုံး ကိုလာအချိုရည်ကုမ္ပဏီကတော့ အမေရိကန်နိုင်ငံ အတ္တလန်တာမြို့အခြေစိုက်ဖြစ်ပါတယ်။ ကိုကာကိုလာဟာ ကမ္ဘာတစ်ဝှမ်းမှာ အကြီးဆုံး အချိုရည်ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းဖြစ်သလို Coca-Cola’s ဆိုတဲ့ လိုဂိုအမှတ်တံဆိပ်ဟာလည်း ကမ္ဘာမှာ ထင်ပေါ်ကျော်ကြားတဲ့ ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ ၄င်းရဲ့ ကုန်အမှတ်တံဆိပ်တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၈၀၆၈၃ သန်း ရှိပါတယ်။
၇။ VISA
VISA.Inc ကုမ္ပဏီကတော့ အမေရိကန်အခြေစိုက်နိုင်ငံတကာငွေကြေးဝန်ဆောင်မှုလုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။ ၄င်းဟာ VISA အမှတ်တံဆိပ်ပါ အကြွေးဝယ်ကဒ်တွေ၊ Debit ကဒ်တွေကနေတဆင့် ကမ္ဘာတစ်ဝှမ်း အီလက်ထရောနစ်စနစ်နဲ့ ငွေပို့ငွေလွှဲမှုကို ၀န်ဆောင်မှုပေးလျက်ရှိနေပါတယ်။ VISA ကုမ္ပဏီရဲ့ အမှတ်တံဆိပ်တန်ဖိုးကတော့ ဒေါ်လာ ရ၉၁၉၇ သန်းရှိပါတယ်။
၈။ AT&T
AT&T Inc ကတော့ အမေရိကန်အခြေစိုက် တယ်လီကွန်မျူနီကေးရှင်းလုပ်ငန်းစုကြီးဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ အခြားနိုင်ငံတော်တော်များများမှာ မိုဘိုင်းဖုန်းနဲ့ ရိုးရိုးဖုန်းလိုင်းတွေအတွက် ၀န်ဆောင်မှုတွေ ပေးနေတဲ့ ရှေ့ဆောင်ကုမ္ပဏီကြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကလုပ်ငန်းတွေ၊ လုပ်ငန်းစုတွေနဲ့ အစိုးရ အဖွဲ့အစည်းတွေအတွက် အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ဒုတိယအကြီးဆုံးကုမ္ပဏီကြီးလည်းဖြစ်ပါတယ်။ ၄င်းရဲ့ကုန်အမှတ်တံဆိပ်တန်ဖိုးကတော့ ဒေါ်လာ ရ၇၈၈၃ သန်းရှိပါတယ်။
၉။ Marlboro
Marlboro ဆိုတဲ့ စီးကရက်အမှတ်တံဆိပ်ကတော့ Philip Morris International ကုမ္ပဏီပိုင် ကုန်ပစ္စည်း အမှတ်တံဆိပ်ဖြစ်ပါတယ်။ Marlboro ဟာ ကမ္ဘာမှာရောင်းအားအကောင်းဆုံးစီးကရက်အဖြစ် ဆယ်စုပေါင်း များစွာကြာအောင်ရပ်တည်နိုင်ခဲ့သလို ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကုန်အမှတ်(၁၀)ခုစာရင်းမှာ နဝမနေရာမှာ ရပ်တည်နေဆဲဖြစ်ပါတယ်။ ကုန်အမှတ်တံဆိပ်ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၆၇၃၄၁ သန်း ရှိပါတယ်။
၁၀။ Amazon
Amazon.com, Inc. ကတော့ အမေရိကန်အခြေစိုက် အွန်လိုင်အရောင်းအဝယ်ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ Amazon ဟာ အင်တာနက်ပေါ်ကနေ စာအုပ်တွေ၊ CD တွေနဲ့ ဗီဒီယိုတွေကနေစပြီး ကုန်ပစ္စည်း အသစ်တွေရော အသုံးပြုပြီးသားတွေကိုပါ အရောင်းအဝယ်လုပ်နိုင်တဲ့ ၀န်ဆောင်မှုကို ပ့ံပိုးပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် Amazon ကုမ္ပဏီဟာ e-book တွေဖတ်ဖို့အတွက် Amzon Kindle အမှတ်တံဆိပ်နဲ့ e-book reader တွေနဲ့ Amazon Kindle Fire တံဆိပ် တက်ဘလက်ကွန်ပျူတာတွေကိုလည်း ထုတ်လုပ်ရောင်းချ နေတာဖြစ်ပါတယ်။ Amazon ရဲ့ ကုန်အမှတ်တံဆိပ်တန်ဖိုးကတော့ ဒေါ်လာ ၆၄၂၅၅ သန်း ရှိပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================