ကိုုယ့္အိပ္မက္ေတြကိုု ဘယ္သူကိုုမွ ေပးမဖ်က္ဆီးပါနဲ႕ – Monty Roberts

ကေလးတစ္ေယာက္ ဘဝတုန္းက မြန္တီရဲ႕ အေဖဟာ ျမင္းေစာင္း တစ္ခုကေန တစ္ခု ကူးေနရတဲ့ ျမင္း ထရိန္နာ တစ္ေယာက္ပါ။ အဲဒါေၾကာင့္ သူ႔ရဲ႕ ေက်ာင္းသားဘဝဟာ ျပတ္ေတာင္းျပတ္ေတာင္း ျဖစ္ေနပါတယ္။ တစ္ေန႔ သူအထက္တန္းေရာက္တဲ့ အခါမွာ သူ႔ဆရာက သူအသက္ႀကီးရင္ ဘာျဖစ္ခ်င္တယ္ ဆိုတဲ့ အေၾကာင္း စာစီစာကံုး ေရးခိုင္းပါတယ္။ တစ္မိနစ္ေတာင္မဆိုင္းပဲ မြန္တီဟာ ျမင္းသူေ႒းႀကီးတစ္ေယာက္ျဖစ္ဖို႔ သူ႔အိပ္မက္ကို အေသးစိတ္ ၇ မ်က္ႏွာ စာစီစာကံုးႀကီး ခ်ေရးလိုက္ပါတယ္။ ျမင္းေဇာင္းေတြ၊ အေဆာက္အဦေတြ ထားမယ့္ ေနရာ ေျမပံုနဲ႔ အိမ္ပံုစံေတာင္ ဆြဲျပထားပါေသးတယ္။

၂ ရက္ၾကာေတာ့ သူ႔ရဲ႕ စာစီစာကံုးကို သူ႔ဆရာက F အဆင့္ ေပးၿပီး ျပန္ေပးလိုက္ပါတယ္။ အတန္းၿပီးေတာ့ သူက သူ႔ဆရာဆီ သြားၿပီး F ေပးရတဲ့ အေၾကာင္းရင္းကိုေမးတာေပါ့။ သူ႔ဆရာျပန္ေျပာတာက ” ေငြေၾကး၊ အရင္းအႏွီး၊ မ႐ွိတဲ့ ဆင္းရဲတဲ့ မိသားစုကလာတဲ့မင္းအဖို႔ ဒီအိပ္မက္က လက္ေတြ႕မက်ပါဘူးကြာ။ မင္းပန္းတိုင္ကို ဘယ္လိုမွ ေရာက္ႏိုင္မွာမဟုတ္ဘူး။”

ၿပီးေတာ့ သူ႔ကို ပိုၿပီး လက္ေတြ႕က်တဲ့ စာစီစာကံုးတစ္ခု ျပန္ေရးခိုင္းလိုက္ပါတယ္။

မြန္တီအိမ္ျပန္ေရာက္ေတာ့ သူ႔အေဖကို ဘာလုပ္ရမလဲ သြားေမးပါတယ္။ သူ႔အေဖက

” သား၊ ဒီ ဆံုးျဖတ္ခ်က္က မင္းအတြက္ အရမ္းအေရးႀကီးတယ္။ အဲဒါေၾကာင့္ မင္း လုုပ္ခ်င္တာကိုု  ေသခ်ာ စိတ္ျပတ္ၿပီး သံသယမ႐ွိပဲ  ရည္မွန္းခ်က္ထားႏိုုင္မွ ရမယ္” လို႔ ျပန္ေျပာပါတယ္။

ေနာက္ေန႔က် မြန္တီဟာ သူ႔အေျဖလႊာကို သူ႔ဆရာကို သြားျပန္ေပးပါတယ္။ ဘာတစ္လံုးမွ ျပင္မထားပါဘူး။

“F ကို ဒီတိုင္းပဲ ထားလိုက္ပါ။ ကြၽန္ေတာ့္အိပ္မက္ကိုလဲ ဒီတိုင္းပဲထားမယ္” လို႔ ေျပာလိုက္ပါတယ္။

အခုေတာ့ မြန္တီဟာ ဧက ၂၀၀ ျမင္းျခံႀကီးထဲက အိမ္အႀကီးႀကီးတစ္လံုးထဲမွာ ေနေနပါတယ္။ သူ႔ရဲ႕အေျဖလႊာကိုေတာ့ မီးလင္းဖိုေပၚမွာ မွန္ေဘာင္သြင္း ခ်ိတ္ထားဆဲပါ။

သင္ခန္းစာက သင့္ရဲ႕ စိတ္ႏွလံုး ေစၫႊန္ရာကို လိုက္ရမွာ ျဖစ္ၿပီး သင့္အိပ္မက္ေတြကို ဘယ္သူ႔ကိုမွ ယူသြားခြင့္မေပးပါနဲ႔။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

မွန်တီ ရောဘတ်

ကလေးတစ်ယောက် ဘဝတုန်းက မွန်တီရဲ့ အဖေဟာ မြင်းစောင်း တစ်ခုကနေ တစ်ခု ကူးနေရတဲ့ မြင်း ထရိန်နာ တစ်ယောက်ပါ။ အဲဒါကြောင့် သူ့ရဲ့ ကျောင်းသားဘဝဟာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေပါတယ်။ တစ်နေ့ သူအထက်တန်းရောက်တဲ့ အခါမှာ သူ့ဆရာက သူအသက်ကြီးရင် ဘာဖြစ်ချင်တယ် ဆိုတဲ့ အကြောင်း စာစီစာကုံး ရေးခိုင်းပါတယ်။ တစ်မိနစ်တောင်မဆိုင်းပဲ မွန်တီဟာ မြင်းသူဋ္ဌေးကြီးတစ်ယောက်ဖြစ်ဖို့ သူ့အိပ်မက်ကို အသေးစိတ် ရ မျက်နှာ စာစီစာကုံးကြီး ချရေးလိုက်ပါတယ်။ မြင်းဇောင်းတွေ၊ အဆောက်အဦတွေ ထားမယ့် နေရာ မြေပုံနဲ့ အိမ်ပုံစံတောင် ဆွဲပြထားပါသေးတယ်။

၂ ရက်ကြာတော့ သူ့ရဲ့ စာစီစာကုံးကို သူ့ဆရာက F အဆင့် ပေးပြီး ပြန်ပေးလိုက်ပါတယ်။ အတန်းပြီးတော့ သူက သူ့ဆရာဆီ သွားပြီး F ပေးရတဲ့ အကြောင်းရင်းကိုမေးတာပေါ့။ သူ့ဆရာပြန်ပြောတာက

” ငွေကြေး၊ အရင်းအနှီး၊ မရှိတဲ့ ဆင်းရဲတဲ့ မိသားစုကလာတဲ့မင်းအဖို့ ဒီအိပ်မက်က လက်တွေ့မကျပါဘူးကွာ။ မင်းပန်းတိုင်ကို ဘယ်လိုမှ ရောက်နိုင်မှာမဟုတ်ဘူး။”

ပြီးတော့ သူ့ကို ပိုပြီး လက်တွေ့ကျတဲ့ စာစီစာကုံးတစ်ခု ပြန်ရေးခိုင်းလိုက်ပါတယ်။

မွန်တီအိမ်ပြန်ရောက်တော့ သူ့အဖေကို ဘာလုပ်ရမလဲ သွားမေးပါတယ်။ သူ့အဖေက

” သား၊ ဒီ ဆုံးဖြတ်ချက်က မင်းအတွက် အရမ်းအရေးကြီးတယ်။ အဲဒါကြောင့် မင်း သေချာ စိတ်ပြတ်ပြီး သံသယမရှိပဲ အဲလိုမှန်းထားနိုင်မှ ရမယ်” လို့ ပြန်ပြောပါတယ်။

နောက်နေ့ကျ မွန်တီဟာ သူ့အဖြေလွှာကို သူ့ဆရာကို သွားပြန်ပေးပါတယ်။ ဘာတစ်လုံးမှ ပြင်မထားပါဘူး။

“F ကို ဒီတိုင်းပဲ ထားလိုက်ပါ။ ကျွန်တော့်အိပ်မက်ကိုလဲ ဒီတိုင်းပဲထားမယ်” လို့ ပြောလိုက်ပါတယ်။

အခုတော့ မွန်တီဟာ ဧက ၂၀၀ မြင်းခြံကြီးထဲက အိမ်အကြီးကြီးတစ်လုံးထဲမှာ နေနေပါတယ်။ သူ့ရဲ့အဖြေလွှာကိုတော့ မီးလင်းဖိုပေါ်မှာ မှန်ဘောင်သွင်း ချိတ်ထားဆဲပါ။

သင်မှတ်ထားပါ။ သင့်ရဲ့ စိတ်နှလုံး စေညွှန်ရာကို လိုက်ရမှာ ဖြစ်ပြီး သင့်အိပ်မက်တွေကို ဘယ်သူ့ကိုမှ ယူသွားခွင့်မပေးပါနဲ့။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

%%footer%%