ဘယ္သူေတြဘာေျပာေျပာ ကိုယ္ေပ်ာ္တာသာ လုုပ္ပါ

တစ္ခါက သူေတာင္းစားအဖိုးအိုတစ္ဦး ရွိေလသည္။ အဖိုးအိုသည္ နံနက္တိုင္း အိပ္ရာမွထသည္ႏွင့္ ရထားစီးကာ ၿမိဳ႕လယ္ေခါင္သို႔သြားေရာက္ၿပီး လမ္းေထာင့္တစ္ခုတြင္ ထိုင္ကာေတာင္းရမ္းေလ့ရွိသည္။ အဖိုးအိုသည္ သူ႔ဘ၀၏ ေန႔ရက္တိုင္းကို တစ္ပံုစံတည္းျဖတ္သန္းေနျခင္းျဖစ္ၿပီး တစ္ေနရာတည္းမွာ ထိုင္ၿပီး ေတာင္းရမ္းေနသည္မွာ ႏွစ္(၂၀)နီးပါးရွိေနၿပီျဖစ္သည္။

အဖိုးအို၏ေနအိမ္မွာ ႐ႈပ္ပြညစ္ပတ္ေနၿပီး အနံ႔ဆိုးမ်ားလည္း ထြက္ေနေလ၏။ အိမ္နီးနားခ်င္းမ်ားက ထိုအနံ႔ဆိုးမ်ားကို မခံမရပ္ႏိုင္ေတာ့သျဖင့္ ရဲမ်ားအားတိုင္ၾကားကာ ထိုေနရာကိုရွင္းလင္းေစခဲ့သည္။ ရဲတပ္ဖြဲ႕၀င္မ်ားက အိမ္တံခါးကိုခ်ိဳးဖ်က္၀င္ေရာက္ၿပီး ရွင္းလင္းေပးရာတြင္ အဖိုးအိုႏွစ္ေပါင္းမ်ားစြာ စုေဆာင္းထားေသာ ပိုက္ဆံထုပ္ေလးမ်ားကို တစ္အိမ္လံုးအႏွံ႔ေတြ႕လိုက္ရသည္။

ရဲမ်ားက ပိုက္ဆံမ်ားကိုေရတြက္ၾကည့္ရာ အဖိုးအိုသည္ သန္းၾကြယ္သူေဌးတစ္ဦးျဖစ္ေနၿပီမွန္းကို သိလိုက္ၾကရသည္။ ထို႔ေၾကာင့္ ရဲတပ္ဖြဲ႕၀င္မ်ားက အဖိုးအိုအား သတင္းေကာင္းေပးရန္ အိမ္ေပါက္၀မွ ေစာင့္ဆိုင္းေနခဲ့ၾကသည္။ ညေနခင္းအဖိုးအိုျပန္လာခ်ိန္အတြင္း အဖိုးအိုအား ေတာင္းစားစရာမလိုေတာ့ ေၾကာင္း သန္းၾကြယ္သူေဌးတစ္ဦး၏ ပိုင္ဆိုင္မႈမ်ိဳးရွိေနၿပီျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

အဖိုးအိုက ဘာမွျပန္မေျပာပဲ အိမ္အတြင္းသို႔၀င္ကာ တံခါးပိတ္ထားလိုက္သည္။ ေနာက္တစ္ေန႔ မနက္ခင္းတြင္ အဖိုးအိုသည္ ပံုမွန္အတိုင္း အိပ္ရာမွထကာ ရထားစီးၿပီး ၿမိဳ႕လယ္ရွိေနရာတြင္ ဆက္လက္ သြားေရာက္ ေတာင္းရမ္းေနျပန္သည္။

ဒီအေၾကာင္းအရာေလးက ေပးတဲ့သခၤန္းစာကေတာ့ အမ်ားက သေဘာက်ေထာက္ခံျခင္းမရွိသည္တိုင္ မိမိရည္စူးထားသည့္ လုပ္ငန္းေဆာင္တာတစ္ခုကို ခၽြင္းခ်က္မရွိလုပ္ေဆာင္ေနဖို႔ပဲျဖစ္ပါတယ္။ အလုပ္တစ္ခုခုလုပ္ေဆာင္ရာမွာ ဘာရသလဲဆိုတာထက္ ဘာကေပ်ာ္ရႊင္မႈေပးလဲဆိုတာက အဓိက က်ပါတယ္။ ဒီလို ကတိက၀တ္မ်ိဳးထားရွိထားမယ္ဆိုရင္ ဘယ္အရာကမွ ကၽြန္ေတာ္တို႔ရဲ႕ ေပ်ာ္ရႊင္မႈကို ေႏွာင့္ယွက္ဖ်က္ဆီး ႏိုင္မွာ မဟုတ္သလို ဘယ္အရာကမွလည္း ကၽြန္ေတာ္တို႔ရဲ႕ ကံၾကမၼာကို စီရင္ႏိုင္မွာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ကိုယ္တိုင္က လြဲလို႔ေပါ့။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

တစ်ခါက သူတောင်းစားအဖိုးအိုတစ်ဦး ရှိလေသည်။ အဖိုးအိုသည် နံနက်တိုင်း အိပ်ရာမှထသည်နှင့် ရထားစီးကာ မြို့လယ်ခေါင်သို့သွားရောက်ပြီး လမ်းထောင့်တစ်ခုတွင် ထိုင်ကာတောင်းရမ်းလေ့ရှိသည်။ အဖိုးအိုသည် သူ့ဘဝ၏ နေ့ရက်တိုင်းကို တစ်ပုံစံတည်းဖြတ်သန်းနေခြင်းဖြစ်ပြီး တစ်နေရာတည်းမှာ ထိုင်ပြီး တောင်းရမ်းနေသည်မှာ နှစ်(၂၀)နီးပါးရှိနေပြီဖြစ်သည်။

အဖိုးအို၏နေအိမ်မှာ ရှုပ်ပွညစ်ပတ်နေပြီး အနံ့ဆိုးများလည်း ထွက်နေလေ၏။ အိမ်နီးနားချင်းများက ထိုအနံ့ဆိုးများကို မခံမရပ်နိုင်တော့သဖြင့် ရဲများအားတိုင်ကြားကာ ထိုနေရာကိုရှင်းလင်းစေခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များက အိမ်တံခါးကိုချိုးဖျက်ဝင်ရောက်ပြီး ရှင်းလင်းပေးရာတွင် အဖိုးအိုနှစ်ပေါင်းများစွာ စုဆောင်းထားသော ပိုက်ဆံထုပ်လေးများကို တစ်အိမ်လုံးအနှံ့တွေ့လိုက်ရသည်။

ရဲများက ပိုက်ဆံများကိုရေတွက်ကြည့်ရာ အဖိုးအိုသည် သန်းကြွယ်သူဌေးတစ်ဦးဖြစ်နေပြီမှန်းကို သိလိုက်ကြရသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များက အဖိုးအိုအား သတင်းကောင်းပေးရန် အိမ်ပေါက်ဝမှ စောင့်ဆိုင်းနေခဲ့ကြသည်။ ညနေခင်းအဖိုးအိုပြန်လာချိန်အတွင်း အဖိုးအိုအား တောင်းစားစရာမလိုတော့ ကြောင်း သန်းကြွယ်သူဌေးတစ်ဦး၏ ပိုင်ဆိုင်မှုမျိုးရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဖိုးအိုက ဘာမှပြန်မပြောပဲ အိမ်အတွင်းသို့ဝင်ကာ တံခါးပိတ်ထားလိုက်သည်။ နောက်တစ်နေ့ မနက်ခင်းတွင် အဖိုးအိုသည် ပုံမှန်အတိုင်း အိပ်ရာမှထကာ ရထားစီးပြီး မြို့လယ်ရှိနေရာတွင် ဆက်လက် သွားရောက် တောင်းရမ်းနေပြန်သည်။

ဒီအကြောင်းအရာလေးက ပေးတဲ့သင်္ခန်းစာကတော့ အများက သဘောကျထောက်ခံခြင်းမရှိသည်တိုင် မိမိရည်စူးထားသည့် လုပ်ငန်းဆောင်တာတစ်ခုကို ချွင်းချက်မရှိလုပ်ဆောင်နေဖို့ပဲဖြစ်ပါတယ်။ အလုပ်တစ်ခုခုလုပ်ဆောင်ရာမှာ ဘာရသလဲဆိုတာထက် ဘာကပျော်ရွှင်မှုပေးလဲဆိုတာက အဓိက ကျပါတယ်။ ဒီလို ကတိကဝတ်မျိုးထားရှိထားမယ်ဆိုရင် ဘယ်အရာကမှ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုကို နှောင့်ယှက်ဖျက်ဆီး နိုင်မှာ မဟုတ်သလို ဘယ်အရာကမှလည်း ကျွန်တော်တို့ရဲ့ ကံကြမ္မာကို စီရင်နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်က လွဲလို့ပေါ့။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%