ေအာင္ျမင္သူေတြကဲ့သို႔ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ႏိုင္ဖို႔

ကၽြန္ေတာ္တို႔ဘ၀ရဲ႕ တစ္ေန႔တာဟာ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ရတာနဲ႔ ျပည့္ႏွက္ေနပါတယ္။ ကိုလံဘီယာ တကၠသိုလ္က ေလ့လာဆန္းစစ္မႈတစ္ခုအရ လူတစ္ေယာက္ဟာ တစ္ေန႔ကို ဆံုးျဖတ္ခ်က္ အခု(၇၀)ေလာက္ လုပ္ေဆာင္ရတယ္လို႔ ဆိုပါတယ္။ တစ္ခ်ိဳ႕ဆံုးျဖတ္ခ်က္ေတြက ဘာစားမလဲ၊ ဘာ၀တ္မလဲဆိုတာေတြလိုမ်ိဳး အေသးအမႊားေတြျဖစ္ၿပီး တစ္ခ်ိဳ႕ဆံုးျဖတ္ခ်က္ေတြကေတာ့ ခက္ခဲစြာ ခ်မွတ္ရတတ္ပါတယ္။ ဥပမာ-အလုပ္ႏွစ္ခုမွာ ဘယ္အလုပ္ကိုေရြးခ်က္မလဲ ဆိုတာလို႔မ်ိဳးျဖစ္ပါတယ္။ ဒီလိုေန႔စဥ္နဲ႔အမွ် ခ်မွတ္ေနရတဲ့ ဆံုးျဖတ္ခ်က္ေတြကို မွန္မွန္ကန္ကန္ ခ်မွတ္ႏိုင္ဖို႔က သင့္ရဲ႕ေအာင္ျမင္မႈ၊ ေပ်ာ္ရႊင္မႈေတြအတြက္ မရွိမျဖစ္ပါပဲ။ ဒါ့ေၾကာင့္ ေအာင္ျမင္သူေတြကဲ့သို႔ မွန္ကန္တဲ့ဆံုးျဖတ္ခ်က္ေတြ ခ်ႏိုင္ဖို႔နည္းလမ္းေတြကို ေဖာ္ျပလိုက္ပါတယ္။

အေရးမႀကီးတဲ့ဆံုးျဖတ္စရာေတြကို ပံုမွန္ျဖစ္ေအာင္လုပ္ပါ။

ဆံုးျဖတ္ခ်က္ခ်မွတ္ရတာကလည္း ခႏၶာကိုယ္ၾကြက္သားလိုပါပဲ။ တစ္ေန႔လံုးစဥ္းစားဆံုးျဖတ္မႈေတြ လုပ္ရတဲ့အခါမွာ ပင္ပန္းၿပီး မွန္မွန္ကန္ကန္မလုပ္ႏိုင္ေတာ့တာမ်ိဳးျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ ဘာ၀တ္မလဲ၊ ဘာစားမလဲဆိုတာလိုမ်ိဳး အေရးမႀကီးတဲ့ဆံုးျဖတ္ခ်က္ေတြအတြက္ ေခါင္း႐ႈပ္ခံေနစရာမလိုေအာင္ စီစဥ္သင့္ပါတယ္။ ဒီလိုဆိုရင္ အေရးပါတဲ့ဆံုးျဖတ္ခ်က္ေတြခ်မွတ္ႏိုင္ဖို႔ စိတ္ရႊင္လန္းေနမွာျဖစ္ပါတယ္။ ဥပမာေျပာရရင္ Apple ကုမၸဏီရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္ခဲ့တဲ့ စတိဗ္ေဂ်ာ့ဘ္ဟာ အက်ီၤအနက္နဲ႔ ဂ်င္းအျပာတို႔ကိုပဲ ၀တ္ေလ့ရွိပါတယ္။ ဒီလို၀တ္ဆင္တာဟာ သူ႔ရဲ႕ပင္ကိုယ္စတိုင္ျဖစ္လာသလို ဘာ၀တ္ရမလဲ ဆိုတာက စဥ္းစားဆံုးျဖတ္ေနစရာလည္း မလိုေတာ့ပါဘူး။

အေရးႀကီးတဲ့ ဆံုးျဖတ္ခ်က္ေတြကို မနက္ခင္းမွာလုပ္ေဆာင္ပါ။

အေရးတႀကီးဆံုးျဖတ္ခ်က္ေတြကို လတ္တေလာစိတ္ခံစားခ်က္နဲ႔မလုပ္ပါနဲ႔ဆိုတဲ့ ဆို႐ိုးစကားရွိပါတယ္။ ေအာင္ျမင္သူေတြကေတာ့ သူတို႔ရဲ႕စိတ္ခံစားခ်က္ေတြကို နားလည္ထားၿပီး ျဖစ္ႏိုင္သမွ် ရည္ရြယ္ခ်က္မွန္မွန္၊ က်ိဳးေၾကာင္းညီညြတ္ေအာင္ ဆံုးျဖတ္ခ်က္ခ်ႏိုင္ၾကပါတယ္။ လူအမ်ားစုကေတာ့ မလုပ္ႏိုင္ၾကပါဘူး။ ဒါ့ေၾကာင့္ အေရးႀကီးတဲ့ဆံုးျဖတ္ခ်က္ေတြကို ခ်ေတာ့မယ္ဆိုရင္ သင့္စိတ္ခံစားမႈေတြ ဘာမွ႐ႈပ္ေထြးမႈမရွိခင္အခ်ိန္ မနက္ခင္းမွာ သံုးသပ္ခ်မွတ္သင့္ပါတယ္။

ေရြးခ်ယ္ပိုင္ခြင့္ေတြကို မွန္မွန္ကန္ကန္ အကဲျဖတ္ပါ။

ဆံုးျဖတ္ခ်က္တစ္ခု ခ်မွတ္ရေတာ့မယ္ဆိုရင္ ေအာင္ျမင္သူေတြက သူတို႔ႀကိဳတင္သတ္မွတ္ထားတဲ့ စံခ်ိန္ အတိုင္းအတာေတြနဲ႔ သူတို႔ရဲ႕ေရြးခ်ယ္ပိုင္ခြင့္ေတြကို ခ်ိန္ညွိေလ့ရွိၾကပါတယ္။ ဒီလိုခ်ိန္ညွိတာက ဆံုးျဖတ္ခ်က္ကို ပိုၿပီးေတာ့ လြယ္လြယ္ကူကူနဲ႔ အက်ိဳးသက္ေရာက္မႈရွိေအာင္ လုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။

အခ်ိန္ယူဆံုးျဖတ္ပါ။

ဆံုးျဖတ္ခ်က္ခ်မွတ္ဖို႔အတြက္ အခ်ိန္ယူတာဟာ အေတြးေတြကို ပိုမိုျပတ္သားေစမွာျဖစ္သလို စိတ္ခံစားခ်က္ ေတြကိုလည္း လမ္းေၾကာင္းမွန္ေပၚေရာက္ေစပါတယ္။ ျမန္ျမန္ဆံုးျဖတ္မယ္ဆိုရင္ အမွားမ်ားႏိုင္ၿပီး အခ်ိန္ယူၿပီး အာ႐ုံစိုက္သံုးသပ္မယ္ဆိုရင္ေတာ့ အရင္ကမျမင္ခဲ့တဲ့အခ်က္ေတြကိုေတာင္ ျမင္လာမွာႏိုင္မွာျဖစ္ပါတယ္။

ဒါေပမယ့္ အခ်ိန္အရမ္းမဆြဲပါနဲ႔။

ေအာင္ျမင္သူေတြက လိုအပ္တဲ့အခ်က္အလက္ေတြ တတ္ႏိုင္သမွ်မ်ားမ်ားရရွိဖို႔အေရးႀကီးတယ္ဆိုတာကို သိၾကပါတယ္။ ဒါ့ေပမယ့္ သူတို႔ဟာ အခ်က္အလက္ေတြစုေဆာင္း ဆန္းစစ္ေနတာနဲ႔အခ်ိန္ကုန္မသြားေအာင္ လည္း ဂ႐ုစိုက္တတ္ၾကပါတယ္။ သူတို႔အတြက္ အၿပီးသတ္ဆံုးျဖတ္ရမယ့္ အခ်ိန္သတ္မွတ္ၿပီးတာနဲ႔ လုပ္စရာ ရွိတာေတြကိုလုပ္ေဆာင္ၿပီး အခ်ိန္မွီဆံုးျဖတ္ၿပီးစီးေအာင္လုပ္ေဆာင္တတ္ၾကပါတယ္။

ေလ့က်င့္ခန္းလုပ္ၿပီး စိတ္အားျဖည့္ပါ။

ဆံုးျဖတ္ခ်က္ေတြခ်မွတ္ရတဲ့အခါမွာ ၾကံဳေတြ႕ရတဲ့ စိတ္ဖိစီးမႈေတြက သင့္စိတ္ကို တက္ၾကြမႈ ဒါမွမဟုတ္ စိုးရိမ္မႈေတြျဖစ္ေစႏိုင္တဲ့ ဓာတုပစၥည္း ေတြကိုထုတ္လုပ္ေပးပါတယ္။ ဒီဓာတုပစၥညး္ေတြက ရွင္းရွင္းလင္းလင္းနဲ႔ က်ိဳးေၾကာင္းညီညီညြတ္ညြတ္ေတြးေခၚႏိုင္စြမ္းကို ေလ်ာ့နည္းေစပါတယ္။ ဒါ့ေၾကာင့္ တစ္ေန႔ကို မိနစ္(၃၀) ေလာက္ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းလုပ္ေဆာင္ေပးမယ္ဆိုရင္ ဓာတုပစၥည္းေတြကို ရွင္းထုတ္ႏိုင္ၿပီး စိတ္အားျပည့္လာမွာျဖစ္ပါတယ္။ ဒါတင္မကေသးပါဘူး။ ေလ့က်င့္ခန္းေရရွည္လုပ္ေဆာင္မယ္ဆိုရင္ ဆံုးျဖတ္ခ်က္ခ်မွတ္မႈကိုလုပ္ေဆာင္တဲ့ ဦးေႏွာက္အစိတ္အပိုင္းရဲ႕လုပ္ငန္းေဆာင္တာေတြကို တိုးတက္ေကာင္းမြန္လာေစႏိုင္တယ္လို႔လည္း ဆိုပါတယ္။

ကိုယ္က်င့္တရားကိုလည္း လိုက္နာပါ။

အေရးႀကီးတဲ့ဆံုးျဖတ္ခ်က္ေတြကို ခ်မွတ္ရာမွာ ကိုယ္က်င့္တရားမေဖာက္ဖ်က္မိဖို႔ကိုလည္း သတိျပဳဖို႔လိုအပ္ ပါလိမ့္မယ္။ ဆံုးျဖတ္ခ်က္ခ်မွတ္ဖို႔အတြက္ စိတ္ေတြေထြျပားေနတဲ့အခ်ိန္မွာ ကိုယ္က်င့္တရားက အယံုၾကည္ရဆံုး လမ္းျပတစ္ခုျဖစ္ပါတယ္။

အျခားသူေတြရဲ႕ထင္ျမင္ယူဆခ်က္ကိုလည္း ထည့္စဥ္းစားပါ။

ဆံုးျဖတ္ခ်က္တစ္ခုတည္းကို အျမင္တစ္ခုတည္းကေန ႐ႈျမင္သံုးသပ္တာထက္ အျခား႐ႈေထာင့္အမ်ိဳးမ်ိဳးကေန အေထာက္အကူျဖစ္ေစမယ့္ အခ်က္အလက္ေတြကို ရွာေဖြသင့္ပါတယ္။ ဘက္လိုက္ဆံုးျဖတ္မိတာမ်ိဳးကို မျဖစ္ေစဖို႔အတြက္ အျခားလူေတြရဲ႕အၾကံဉာဏ္ကို ရယူတာက အေကာင္းဆံုးပါပဲ။

ယခင္ဆံုးျဖတ္ခ်က္ေတြကေန ပညာယူပါ။

ဆံုးျဖတ္ခ်က္ေကာင္းေတြဟာ အေတြ႕အၾကံဳေတြကေနလာတယ္။ အေတြ႕အၾကံဳဆိုတာကလည္း မွားယြင္းတဲ့ ဆံုးျဖတ္ခ်က္ေတြကေန ရလာတာပဲလို႔ စာေရးဆရာႀကီး မက္တိန္းက ေျပာခဲ့ဖူးပါတယ္။ ဒီလိုေျပာလို႔ အမွားေတြ ဆံုးျဖတ္ဖို႔ခ်ည္းပဲလို႔ မဆိုလိုပါဘူး။ အရင္က ဆံုးျဖတ္ခ်က္ေတြရဲ႕ အက်ိဳးရလဒ္ေတြကို စိတ္ထဲမွာထားၿပီး ပိုေကာင္းတဲ့ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ႏိုင္ဖို႔ပဲျဖစ္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

အောင်မြင်သူတွေကဲ့သို့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့

ကျွန်တော်တို့ဘဝရဲ့ တစ်နေ့တာဟာ ဆုံးဖြတ်ချက်တွေ ချမှတ်ရတာနဲ့ ပြည့်နှက်နေပါတယ်။ ကိုလံဘီယာ တက္ကသိုလ်က လေ့လာဆန်းစစ်မှုတစ်ခုအရ လူတစ်ယောက်ဟာ တစ်နေ့ကို ဆုံးဖြတ်ချက် အခု(၇၀)လောက် လုပ်ဆောင်ရတယ်လို့ ဆိုပါတယ်။ တစ်ချို့ဆုံးဖြတ်ချက်တွေက ဘာစားမလဲ၊ ဘာဝတ်မလဲဆိုတာတွေလိုမျိုး အသေးအမွှားတွေဖြစ်ပြီး တစ်ချို့ဆုံးဖြတ်ချက်တွေကတော့ ခက်ခဲစွာ ချမှတ်ရတတ်ပါတယ်။ ဥပမာ-အလုပ်နှစ်ခုမှာ ဘယ်အလုပ်ကိုရွေးချက်မလဲ ဆိုတာလို့မျိုးဖြစ်ပါတယ်။ ဒီလိုနေ့စဉ်နဲ့အမျှ ချမှတ်နေရတဲ့ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် ချမှတ်နိုင်ဖို့က သင့်ရဲ့အောင်မြင်မှု၊ ပျော်ရွှင်မှုတွေအတွက် မရှိမဖြစ်ပါပဲ။ ဒါ့ကြောင့် အောင်မြင်သူတွေကဲ့သို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

အရေးမကြီးတဲ့ဆုံးဖြတ်စရာတွေကို ပုံမှန်ဖြစ်အောင်လုပ်ပါ။

ဆုံးဖြတ်ချက်ချမှတ်ရတာကလည်း ခန္ဓာကိုယ်ကြွက်သားလိုပါပဲ။ တစ်နေ့လုံးစဉ်းစားဆုံးဖြတ်မှုတွေ လုပ်ရတဲ့အခါမှာ ပင်ပန်းပြီး မှန်မှန်ကန်ကန်မလုပ်နိုင်တော့တာမျိုးဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဘာဝတ်မလဲ၊ ဘာစားမလဲဆိုတာလိုမျိုး အရေးမကြီးတဲ့ဆုံးဖြတ်ချက်တွေအတွက် ခေါင်းရှုပ်ခံနေစရာမလိုအောင် စီစဉ်သင့်ပါတယ်။ ဒီလိုဆိုရင် အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ စိတ်ရွှင်လန်းနေမှာဖြစ်ပါတယ်။ ဥပမာပြောရရင် Apple ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်ခဲ့တဲ့ စတိဗ်ဂျော့ဘ်ဟာ အကျီင်္အနက်နဲ့ ဂျင်းအပြာတို့ကိုပဲ ၀တ်လေ့ရှိပါတယ်။ ဒီလိုဝတ်ဆင်တာဟာ သူ့ရဲ့ပင်ကိုယ်စတိုင်ဖြစ်လာသလို ဘာဝတ်ရမလဲ ဆိုတာက စဉ်းစားဆုံးဖြတ်နေစရာလည်း မလိုတော့ပါဘူး။

အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို မနက်ခင်းမှာလုပ်ဆောင်ပါ။
အရေးတကြီးဆုံးဖြတ်ချက်တွေကို လတ်တလောစိတ်ခံစားချက်နဲ့မလုပ်ပါနဲ့ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ အောင်မြင်သူတွေကတော့ သူတို့ရဲ့စိတ်ခံစားချက်တွေကို နားလည်ထားပြီး ဖြစ်နိုင်သမျှ ရည်ရွယ်ချက်မှန်မှန်၊ ကျိုးကြောင်းညီညွတ်အောင် ဆုံးဖြတ်ချက်ချနိုင်ကြပါတယ်။ လူအများစုကတော့ မလုပ်နိုင်ကြပါဘူး။ ဒါ့ကြောင့် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ချတော့မယ်ဆိုရင် သင့်စိတ်ခံစားမှုတွေ ဘာမှရှုပ်ထွေးမှုမရှိခင်အချိန် မနက်ခင်းမှာ သုံးသပ်ချမှတ်သင့်ပါတယ်။
ရွေးချယ်ပိုင်ခွင့်တွေကို မှန်မှန်ကန်ကန် အကဲဖြတ်ပါ။
ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရတော့မယ်ဆိုရင် အောင်မြင်သူတွေက သူတို့ကြိုတင်သတ်မှတ်ထားတဲ့ စံချိန် အတိုင်းအတာတွေနဲ့ သူတို့ရဲ့ရွေးချယ်ပိုင်ခွင့်တွေကို ချိန်ညှိလေ့ရှိကြပါတယ်။ ဒီလိုချိန်ညှိတာက ဆုံးဖြတ်ချက်ကို ပိုပြီးတော့ လွယ်လွယ်ကူကူနဲ့ အကျိုးသက်ရောက်မှုရှိအောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

အချိန်ယူဆုံးဖြတ်ပါ။
ဆုံးဖြတ်ချက်ချမှတ်ဖို့အတွက် အချိန်ယူတာဟာ အတွေးတွေကို ပိုမိုပြတ်သားစေမှာဖြစ်သလို စိတ်ခံစားချက် တွေကိုလည်း လမ်းကြောင်းမှန်ပေါ်ရောက်စေပါတယ်။ မြန်မြန်ဆုံးဖြတ်မယ်ဆိုရင် အမှားများနိုင်ပြီး အချိန်ယူပြီး အာရုံစိုက်သုံးသပ်မယ်ဆိုရင်တော့ အရင်ကမမြင်ခဲ့တဲ့အချက်တွေကိုတောင် မြင်လာမှာနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် အချိန်အရမ်းမဆွဲပါနဲ့။
အောင်မြင်သူတွေက လိုအပ်တဲ့အချက်အလက်တွေ တတ်နိုင်သမျှများများရရှိဖို့အရေးကြီးတယ်ဆိုတာကို သိကြပါတယ်။ ဒါ့ပေမယ့် သူတို့ဟာ အချက်အလက်တွေစုဆောင်း ဆန်းစစ်နေတာနဲ့အချိန်ကုန်မသွားအောင် လည်း ဂရုစိုက်တတ်ကြပါတယ်။ သူတို့အတွက် အပြီးသတ်ဆုံးဖြတ်ရမယ့် အချိန်သတ်မှတ်ပြီးတာနဲ့ လုပ်စရာ ရှိတာတွေကိုလုပ်ဆောင်ပြီး အချိန်မှီဆုံးဖြတ်ပြီးစီးအောင်လုပ်ဆောင်တတ်ကြပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီး စိတ်အားဖြည့်ပါ။
ဆုံးဖြတ်ချက်တွေချမှတ်ရတဲ့အခါမှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေက သင့်စိတ်ကို တက်ကြွမှု ဒါမှမဟုတ် စိုးရိမ်မှုတွေဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်း တွေကိုထုတ်လုပ်ပေးပါတယ်။ ဒီဓာတုပစ္စညး်တွေက ရှင်းရှင်းလင်းလင်းနဲ့ ကျိုးကြောင်းညီညီညွတ်ညွတ်တွေးခေါ်နိုင်စွမ်းကို လျော့နည်းစေပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို မိနစ်(၃၀) လောက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဆောင်ပေးမယ်ဆိုရင် ဓာတုပစ္စည်းတွေကို ရှင်းထုတ်နိုင်ပြီး စိတ်အားပြည့်လာမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ လေ့ကျင့်ခန်းရေရှည်လုပ်ဆောင်မယ်ဆိုရင် ဆုံးဖြတ်ချက်ချမှတ်မှုကိုလုပ်ဆောင်တဲ့ ဦးနှောက်အစိတ်အပိုင်းရဲ့လုပ်ငန်းဆောင်တာတွေကို တိုးတက်ကောင်းမွန်လာစေနိုင်တယ်လို့လည်း ဆိုပါတယ်။
ကိုယ်ကျင့်တရားကိုလည်း လိုက်နာပါ။
အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ ကိုယ်ကျင့်တရားမဖောက်ဖျက်မိဖို့ကိုလည်း သတိပြုဖို့လိုအပ် ပါလိမ့်မယ်။ ဆုံးဖြတ်ချက်ချမှတ်ဖို့အတွက် စိတ်တွေထွေပြားနေတဲ့အချိန်မှာ ကိုယ်ကျင့်တရားက အယုံကြည်ရဆုံး လမ်းပြတစ်ခုဖြစ်ပါတယ်။

အခြားသူတွေရဲ့ထင်မြင်ယူဆချက်ကိုလည်း ထည့်စဉ်းစားပါ။
ဆုံးဖြတ်ချက်တစ်ခုတည်းကို အမြင်တစ်ခုတည်းကနေ ရှုမြင်သုံးသပ်တာထက် အခြားရှုထောင့်အမျိုးမျိုးကနေ အထောက်အကူဖြစ်စေမယ့် အချက်အလက်တွေကို ရှာဖွေသင့်ပါတယ်။ ဘက်လိုက်ဆုံးဖြတ်မိတာမျိုးကို မဖြစ်စေဖို့အတွက် အခြားလူတွေရဲ့အကြံဉာဏ်ကို ရယူတာက အကောင်းဆုံးပါပဲ။

ယခင်ဆုံးဖြတ်ချက်တွေကနေ ပညာယူပါ။
ဆုံးဖြတ်ချက်ကောင်းတွေဟာ အတွေ့အကြံုတွေကနေလာတယ်။ အတွေ့အကြံုဆိုတာကလည်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကနေ ရလာတာပဲလို့ စာရေးဆရာကြီး မက်တိန်းက ပြောခဲ့ဖူးပါတယ်။ ဒီလိုပြောလို့ အမှားတွေ ဆုံးဖြတ်ဖို့ချည်းပဲလို့ မဆိုလိုပါဘူး။ အရင်က ဆုံးဖြတ်ချက်တွေရဲ့ အကျိုးရလဒ်တွေကို စိတ်ထဲမှာထားပြီး ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ပဲဖြစ်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%