ေအာင္ျမင္မႈဆိုတာ အလြယ္တကူရရွိႏိုင္တ့ဲ အရာမဟုတ္ပါဘူး။ ေလွ်ာက္လွမ္းရမယ့္လမ္းေၾကာင္းကို ေတြ႔ေနေပမယ့္ ေရာက္ေအာင္သြားဖို႔ မလြယ္ပါဘူး။ ဒါ့ေၾကာင့္ သင္ေမွ်ာ္မွန္းထားတ့ဲ ေအာင္ျမင္မႈပန္းတိုင္ဆီကိုသြားရာမွာ ခြန္အားျဖစ္ေစႏိုင္မယ့္ စကားလုံး ၁၀ ခုကို ေဖာ္ျပလိုက္ပါတယ္။
၁။ Happiness (ေပ်ာ္ရႊင္မႈ)
ေပ်ာ္ရႊင္မႈဟာ စိတ္ခံစားခ်က္သက္သက္မဟုတ္ပါဘူး။ ဘ၀ေနထိုင္နည္းတစ္ခုပါ။ သင္လုပ္တ့ဲအလုပ္ကို သင္မေပ်ာ္ဘူးဆိုရင္ ေအာင္ျမင္မႈရဲ႕အရသာကိုလည္း ခံစားရမွာမဟုတ္ပါဘူး။ ကိုယ္လုပ္ခ်င္တာကို လုပ္ေနရတာက ဘ၀တိုက္ပြဲကို တစိတ္တစ္ပိုင္း ေအာင္ႏိုင္ၿပီးသား ျဖစ္ေနမွာပါ။
၂။ Believe (ယုံၾကည္မႈ)
သင္ယုံၾကည္ဖို႔ လိုပါတယ္။ ယုံၾကည္မႈဟာ ကံတရားကို ေျပာင္းလဲႏိုင္စြမ္းရွိပါတယ္။ တစ္ခုခုကို ျဖစ္လာမယ္လို႔ ယုံၾကည္ထားရင္ တကယ္ျဖစ္လာမွာပါ။
၃။ Ambition (ရည္မွန္းခ်က္)
ရည္မွန္းခ်က္မရွိတ့ဲ ဘ၀ဟာ ဦးတည္ရာမဲ႔ေနတာပါပဲ။ သင္မွာ ျဖစ္ခ်င္စိတ္နဲ႔ ျပင္းျပတ့ဲတိုးတက္ႀကီးပြားလိုစိတ္ရွိမွသာ ထိပ္ဆုံးကိုတက္လွမ္းႏိုင္မွာပါ။
၄။ Passion (စိတ္အာသီသ)
ဘာကိုပဲလုပ္လုပ္ လုပ္ခ်င္တ့ဲအရာျဖစ္ဖို႔လိုၿပီး အေကာင္းဆုံးလုပ္ရမွာျဖစ္ပါတယ္။ သင့္ရဲ႕ စိတ္အာသီသ စိတ္၀င္စားတက္ၾကြမႈဟာ အရာအားလုံးကို ျဖစ္လာေအာင္ စြမ္းေဆာင္ေပးႏိုင္ပါတယ္။
၅။ Inspiration (အာ႐ုံကြန္႔ျမဴးမႈ)
သင့္ရဲ႕စိတ္အာ႐ုံကို ကြန္းျမဴးေစႏိုင္မယ့္ အခ်က္ကိုရွာပါ။ ကြန္းျမဴးလာတ့ဲ စိတ္ကူးအာ႐ုံေတြက သင့္ရဲ႕ေအာင္ျမင္မႈဆီကို ေခၚေဆာင္သြားပါလိမ့္မယ္။
၆။ Confidence (မိမိကိုယ္ကို ယုံၾကည္မႈ)
သင္ကိုယ္တိုင္က ဆုံးျဖတ္ၿပီးၿပီဆိုရင္ မျဖစ္ႏိုင္စရာ ဘာမွမရွိပါဘူး။ အျခားသူေတြရဲ႕ စကားကို နားမေယာင္ပါနဲ႔။ သင္ကိုယ္တိုင္သာ သင့္ဘ၀ရဲ႕ဦးေဆာင္သူျဖစ္ဖို႔လိုပါတယ္။ ဒီလိုဦးေဆာင္ႏိုင္ဖို႔အတြက္ မိမိကိုယ္ကို ယုံၾကည္မႈရွိဖို႔ အေရးႀကီးပါတယ္။
၇။ Ethics (က်င့္၀တ္)
က်င့္၀တ္မရွိတ့ဲသူေတြက ေအာင္ျမင္ဖို႔ ပိုၿပီးေတာ့ လြယ္ကူတယ္လို႔ ထင္ရပါတယ္။ ဒါေပမယ့္ ဒါဟာ စစ္မွန္တ့ဲေအာင္ျမင္မႈ မဟုတ္ပါဘူး။
၈။ Vision (ေမွ်ာ္မွန္းခ်က္)
သင့္ဘ၀ကို ဘယ္လိုပုံစံျဖစ္ရမယ္ဆိုတာကို ေမွ်ာ္မွန္းခ်က္ထားပါ။ ေမွ်ာ္မွန္းခ်က္ရွိျခင္၊ းမရွိျခင္းက ေအာင္ျမင္မႈကို အမွန္တကယ္ရယူႏိုင္သူနဲ႔ စိတ္ကူးယဥ္သူေတြကို ျခားနားသြားေစတာျဖစ္ပါတယ္။
၉။ Yes (ဟုတ္ကဲ့)
ဟုတ္ကဲ့လို႔ေျပာတတ္ေအာင္ သင္ယူၿပီး အခြင့္အလမ္းမွန္သမွ်ကို ဖမ္းဆုပ္ရယူပါ။ ကမာၻႀကီးက သင့္ေရွ႕ေမွာက္မွာ ခစားေနမွာပါ။
၁၀။ Humility (ႏွိမ့္ခ်တတ္မႈ)
မိမိကိုယ္ကိုႏွိမ့္ခ်တတ္တာဟာ ေအာင္ျမင္သူေတြရဲ႕ လကၡဏာတစ္ခုျဖစ္ပါတယ္။ ဘယ္ေတာ့မွ သင့္ကိုယ္သင္အဟုတ္ႀကီး ထင္မွတ္မထားပါနဲ႔။ စိတ္ႀကီး၀င္လိုက္တာနဲ႔ အရာအားလုံးကို ဆုံး႐ႈံးလိုက္ရမွာပါ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
အောင်မြင်မှုအတွက် စကားလုံး (၁၀)
အောင်မြင်မှုဆိုတာ အလွယ်တကူရရှိနိုင်တဲ့ အရာမဟုတ်ပါဘူး။ လျှောက်လှမ်းရမယ့်လမ်းကြောင်းကို တွေ့နေပေမယ့် ရောက်အောင်သွားဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် သင်မျှော်မှန်းထားတဲ့ အောင်မြင်မှုပန်းတိုင်ဆီကိုသွားရာမှာ ခွန်အားဖြစ်စေနိုင်မယ့် စကားလုံး ၁၀ ခုကို ဖော်ပြလိုက်ပါတယ်။
၁။ Happiness (ပျော်ရွှင်မှု)
ပျော်ရွှင်မှုဟာ စိတ်ခံစားချက်သက်သက်မဟုတ်ပါဘူး။ ဘဝနေထိုင်နည်းတစ်ခုပါ။ သင်လုပ်တဲ့အလုပ်ကို သင်မပျော်ဘူးဆိုရင် အောင်မြင်မှုရဲ့အရသာကိုလည်း ခံစားရမှာမဟုတ်ပါဘူး။ ကိုယ်လုပ်ချင်တာကို လုပ်နေရတာက ဘဝတိုက်ပွဲကို တစိတ်တစ်ပိုင်း အောင်နိုင်ပြီးသား ဖြစ်နေမှာပါ။
၂။ Believe (ယုံကြည်မှု)
သင်ယုံကြည်ဖို့ လိုပါတယ်။ ယုံကြည်မှုဟာ ကံတရားကို ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ တစ်ခုခုကို ဖြစ်လာမယ်လို့ ယုံကြည်ထားရင် တကယ်ဖြစ်လာမှာပါ။
၃။ Ambition (ရည်မှန်းချက်)
ရည်မှန်းချက်မရှိတဲ့ ဘဝဟာ ဦးတည်ရာမဲ့နေတာပါပဲ။ သင်မှာ ဖြစ်ချင်စိတ်နဲ့ ပြင်းပြတဲ့တိုးတက်ကြီးပွားလိုစိတ်ရှိမှသာ ထိပ်ဆုံးကိုတက်လှမ်းနိုင်မှာပါ။
၄။ Passion (စိတ်အာသီသ)
ဘာကိုပဲလုပ်လုပ် လုပ်ချင်တဲ့အရာဖြစ်ဖို့လိုပြီး အကောင်းဆုံးလုပ်ရမှာဖြစ်ပါတယ်။ သင့်ရဲ့ စိတ်အာသီသ စိတ်ဝင်စားတက်ကြွမှုဟာ အရာအားလုံးကို ဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။
၅။ Inspiration (အာရုံကွန့်မြူးမှု)
သင့်ရဲ့စိတ်အာရုံကို ကွန်းမြူးစေနိုင်မယ့် အချက်ကိုရှာပါ။ ကွန်းမြူးလာတဲ့ စိတ်ကူးအာရုံတွေက သင့်ရဲ့အောင်မြင်မှုဆီကို ခေါ်ဆောင်သွားပါလိမ့်မယ်။
၆။ Confidence (မိမိကိုယ်ကို ယုံကြည်မှု)
သင်ကိုယ်တိုင်က ဆုံးဖြတ်ပြီးပြီဆိုရင် မဖြစ်နိုင်စရာ ဘာမှမရှိပါဘူး။ အခြားသူတွေရဲ့ စကားကို နားမယောင်ပါနဲ့။ သင်ကိုယ်တိုင်သာ သင့်ဘဝရဲ့ဦးဆောင်သူဖြစ်ဖို့လိုပါတယ်။ ဒီလိုဦးဆောင်နိုင်ဖို့အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ အရေးကြီးပါတယ်။
၇။ Ethics (ကျင့်ဝတ်)
ကျင့်ဝတ်မရှိတဲ့သူတွေက အောင်မြင်ဖို့ ပိုပြီးတော့ လွယ်ကူတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ဒါဟာ စစ်မှန်တဲ့အောင်မြင်မှု မဟုတ်ပါဘူး။
၈။ Vision (မျှော်မှန်းချက်)
သင့်ဘဝကို ဘယ်လိုပုံစံဖြစ်ရမယ်ဆိုတာကို မျှော်မှန်းချက်ထားပါ။ မျှော်မှန်းချက်ရှိခြင်၊ းမရှိခြင်းက အောင်မြင်မှုကို အမှန်တကယ်ရယူနိုင်သူနဲ့ စိတ်ကူးယဉ်သူတွေကို ခြားနားသွားစေတာဖြစ်ပါတယ်။
၉။ Yes (ဟုတ်ကဲ့)
ဟုတ်ကဲ့လို့ပြောတတ်အောင် သင်ယူပြီး အခွင့်အလမ်းမှန်သမျှကို ဖမ်းဆုပ်ရယူပါ။ ကမ္ဘာကြီးက သင့်ရှေ့မှောက်မှာ ခစားနေမှာပါ။
၁၀။ Humility (နှိမ့်ချတတ်မှု)
မိမိကိုယ်ကိုနှိမ့်ချတတ်တာဟာ အောင်မြင်သူတွေရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဘယ်တော့မှ သင့်ကိုယ်သင်အဟုတ်ကြီး ထင်မှတ်မထားပါနဲ့။ စိတ်ကြီးဝင်လိုက်တာနဲ့ အရာအားလုံးကို ဆုံးရှုံးလိုက်ရမှာပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================