ေအာင္ျမင္မႈဆိုတဲ့အရာက စိတ္ေရာကိုယ္ပါႏွစ္ျမဳပ္ၿပီး မလုပ္ေဆာင္ပဲ အလြယ္တကူေရာက္ရွိလာမယ့္အရာမ်ိဳး မဟုတ္ပါဘူး။ ဒါေပမယ့္ သင္အေနနဲ႔ အမူအက်င့္ေကာင္းေတြကို ပိုင္ဆိုင္ထားမယ္ဆိုရင္ေတာ့ သင့္ရရွိလာမယ့္ အက်ိဳးရလဒ္ေတြနဲ႔ ေအာင္ျမင္မႈေတြကို တားဆီးပိတ္ပင္ႏိုင္မယ့္သူ ဒီကမာၻမွာရွိမွာမဟုတ္ပါဘူး။ ဒ့ါေၾကာင့္ သင့္ရဲ႕ဘ၀မွာ ေစာေစာစီးစီးေအာင္ျမင္မႈေတြ ဆြတ္ခူးႏိုင္ဖို႔အတြက္ ေန႔စဥ္လႈပ္ရွားမႈတိုင္းမွာ သတိျပဳဆင္ျခင္ရ မယ့္ အမူအက်င့္(၂၀)ကို ေဖာ္ျပလိုက္ပါတယ္။
၁။ အခ်ိန္စီမံခန္႔ခြဲမႈေကာင္းပါေစ။
အခ်ိန္စီမံခန္႔ခြဲမႈကို အရင္ဆံုးေလ့လာရမယ့္ အရည္အခ်င္းတစ္ခုအျဖစ္ သတ္မွတ္ေလ့လာပါ။ ့သင့္ရဲ႕ အလုပ္ေတြကို ဦးစားေပးသတ္မွတ္ၿပီး၊ မွန္ကန္တဲ့အခ်ိန္နဲ႔ ေနရာမွာ အင္အားကိုစိုက္ထုတ္တတ္ျခင္း အားျဖင့္ အလုပ္မွန္သမွ်ကို ေနာက္ဆံုးခ်ိန္မတိုင္ခင္ အၿပီးသတ္ေဆာင္ရြက္ႏိုင္မွာျဖစ္ပါတယ္။
၂။ အေရးပါတဲ့လူတစ္ေယာက္ျဖစ္ေနပါေစ။
သင့္ပတ္၀န္းက်င္မွာရွိတဲ့သူေတြ တစ္ခုခုလိုအပ္ခ်ိန္မွာ သင္ကအျမဲတမ္းအသင့္ရွိေနတတ္ၿပီး အားလံုးက သင္မရွိရင္ မျဖစ္ဘူးဆိုတာမ်ိဳး ေတြးမိေနပါေစ။ အထူးသျဖင့္ သင့္ရဲ႕အလုပ္ရွင္က ေတြးမိေနဖို႔လိုပါတယ္။
၃။ အရမ္းမၾကြားပါနဲ႔။
သင့္ရဲ႕ေအာင္ျမင္မႈ၊ စြမ္းေဆာင္ႏိုင္မႈေတြကို အားလံုးသိေအာင္ ထုတ္ေဖာ္ေၾကညာေနဖို႔ေတာ့ အရမ္းစိတ္အား ထက္သန္ေနလို႔ မျဖစ္ပါဘူး။ အျခားလူေတြမလုပ္ႏိုင္ေအာင္ ခက္ခဲတဲ့အေရးကိစၥတစ္ခုခုကို စြမ္းေဆာင္ႏိုင္မွသာ ေအာင္ပြဲခံသင့္ပါတယ္။ လုပ္စရာရွိတာကို အရင္လုပ္ျပလိုက္ပါ။ ၿပီးမွာ အားလံုးသိေအာင္ ေျပာျပပါ။ တကယ္ေတာ့ သင့္ရဲ႕ႀကိဳးစားအားထုတ္မႈနဲ႔ ပတ္သက္ၿပီး တိတ္တိတ္ေနေလေလ၊ ရလဒ္ထြက္ေပၚ လာခ်ိန္မွာ အျခားလူေတြအတြက္ ပိုၿပီး အံ့အားသင့္ရေလျဖစ္ပါတယ္။
၄။ အေျပာေလွ်ာ့ၿပီး ပိုနားေထာင္ပါ။
အစည္းအေ၀းတိုင္းမွာ စိတ္၀င္တစားရွိပါ။ အျခားသူေတြရဲ႕စိတ္ကူးက သင့္အတြက္ အသံုးမ၀င္ဘူးဆိုရင္ ေတာင္မွ ေသခ်ာနားေထာင္ပါ။ သူတို႔ရဲ႕စိတ္ကူးေတြက သင့္အတြက္ အၾကံသစ္ေတြျဖစ္လာေစႏိုင္ပါတယ္။ ဒါ့အျပင္ စကားနည္းနည္းပဲေျပာတဲ့အတြက္ေၾကာင့္ အမွားေတြေျပာမိႏိုင္ေခ်နည္းသြားမွာျဖစ္ပါတယ္။ ဒီအတြက္ သင့္ရဲ႕စကားကိုၾကားရဖို႔အတြက္ကိုလည္း လူေတြက စိတ္၀င္တစားေစာင့္ေနၾကမွာျဖစ္ပါတယ္။
၅။ ရည္မွန္းခ်က္ႀကီးႀကီးထားၿပီး ကိစၥေသးေသးေတြကို လုပ္ေဆာင္ပါ။
ဟုတ္ပါတယ္။ သင့္ရဲ႕ရည္မွန္းခ်က္အိပ္မက္ကို ျဖစ္ႏိုင္သမွ် အဆံုးစြန္အထိ ေတြးထားဖို႔လိုပါတယ္။ ဒါေပမယ့္ ရည္မွန္းခ်က္ကိုေရာက္ရွိဖို႔အတြက္ လိုအပ္တဲ့ ေရတိုပန္းတိုင္းေတြကို အစီအစဥ္ခ်ေလွ်ာက္လွမ္းသြားရမွာ ျဖစ္ပါတယ္။ ဒါမွ သင့္ရဲ႕ရည္မွန္းခ်က္ကေန လမ္းေၾကာင္းလြဲမသြားေစပဲ အျမဲတမ္းဦးတည္ေလွ်ာက္လွမ္း ေနႏိုင္မွာ ျဖစ္ပါတယ္။
၆။ ပါးနပ္မႈရွိပါ။
တစ္ခါတစ္ရံမွာ တကယ္ဆိုး၀ါးတဲ့လူေတြနဲ႔ အလုပ္အတူလုပ္ရေလ့ရွိပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ သူတို႔ကို မွန္မွန္ကန္ကန္န႔ဲ အေကာင္းဆံုး ဆက္ဆံႏိုင္ဖို႔လိုပါတယ္။ သူတို႔နဲ႔ ပဋိပကၡေတြကို ရန္ျဖစ္ရတာမ်ိဳးမဟုတ္ပဲ ေျဖရွင္းႏိုင္ေအာင္ ႀကိဳးစားပါ။ သေဘာထားကြဲလဲြမႈေတြ၊ အျငင္းပြားမႈေတြရွိေနေပမယ့္ ေကာင္းမြန္တဲ့ ဆက္ဆံေရးတည္ေဆာက္ထားႏိုင္တာဟာ ေရရွည္မွာ သင့္အတြက္ အက်ိဳးရွိေစမွာပါ။
၇။ အရမ္းအေလွ်ာ့မေပးမိပါေစနဲ႔။
တခါတစ္ရံမွာ သင့္အတြက္ အရမ္းစိတ္ပ်က္စရာျဖစ္လာၿပီဆိုရင္ေတာ့ ရင္ဆိုင္ေျဖရွင္းတတ္ဖို႔ လိုပါတယ္။ သင့္အတြက္ သင္ရပ္တည္ႏိုင္တဲ့ေန႔ကေနစၿပီး လူေတြက သင့္ကို ေခါင္းေဆာင္တစ္ေယာက္အျဖစ္ ျမင္လာ ၾကမွာျဖစ္ပါတယ္။
၈။ စနစ္တက်အလုပ္လုပ္ပါ။
အလုပ္ကို ႀကိဳးႀကိဳးစားစားလုပ္တိုင္း ေအာင္ျမင္မယ္ဆိုရင္ လူတိုင္းအလုပ္ခ်ည္းပဲလုပ္ေနၾကမွာျဖစ္ပါတယ္။ တကယ္ေတာ့ အလုပ္ကို ပင္ပန္းတႀကီး ႀကိဳးစားလုပ္ေဆာင္ေနတာထက္ စနစ္တက်မွန္မွန္ကန္ကန္ လုပ္တတ္ဖို႔ လိုပါတယ္။ ျပႆနာတိုင္းအတြက္ အလြယ္ကူအထိေရာက္ဆံုးနည္းလမ္းကို ရွာေဖြေျဖရွင္းပါ။ ဘယ္ေလာက္ထိ စြမ္းေဆာင္ႏိုင္သလဲဆိုတာကို အံ့ၾသစရာေကာင္းေလာက္ေအာင္ သိရွိလာပါလိမ့္မယ္။
၉။ စကားလံုးအသံုးအႏႈန္း ဂရုစိုက္ပါ။
ဘာေျပာမယ္၊ ဘယ္အခ်ိန္မွာေျပာမယ္ဆိုတာကို သိဖို႔လိုပါတယ္။ စကားလံုးအသံုးအႏႈန္းမွန္တာက အေျခအေနအရပ္ရပ္ကို သင့္အတြက္ အသာရရွိေစၿပီး သင့္ရဲ႕သိကၡာကိုလည္း ျမင့္တင္ေပးႏိုင္မွာ ျဖစ္ပါတယ္။ စကားေျပာကၽြမ္းက်င္သူေတြဟာ ကုမၸဏီလုပ္ငန္းတစ္ခုအတြက္ အေရးပါတဲ့ ပိုင္ဆိုင္မႈတစ္ခုျဖစ္ပါတယ္။ ဒီလိုလူမ်ိဳးကိုပဲ ကုမၸဏီရဲ႕မ်က္ႏွာစာအျဖစ္ ထုတ္သံုးတတ္ပါတယ္။
၁၀။ တစ္ရြာတစ္က်ီေဆာက္ပါ။
သင့္ဘ၀မွာ ဘယ္သူကလိုတယ္၊ ဘယ္သူကေတာ့ မလိုအပ္ဘူးဆိုတာကို ႀကိဳမသိႏိုင္ပါဘူး။ ဒါ့ေၾကာင့္ အားလံုးက မွတ္မိခင္မင္ေနသူတစ္ေယာက္ျဖစ္ၿပီး အလုပ္တြဲလုပ္ခ်င္စိတ္ရွိသူတစ္ေယာက္ ျဖစ္ေအာင္ ႀကိဳးစားပါ။ လူေတြနဲ႔ ခင္မင္ရင္းႏွီးမႈတည္ေဆာက္တာက အခုလတ္တေလာအခ်ိန္မွာ အသံုးတည့္မွာ မဟုတ္ေပမယ့္ ေရရည္မွာ သင့္ရဲ႕ေအာင္ျမင္မႈအတြက္ အေထာက္အကူျဖစ္မလာႏိုင္ဘူးလို႔ ေျပာလို႔ မရပါဘူး။
၁၁။ စိတ္၀င္စားတက္ၾကြမႈရွိပါ။
လူ႔သမိုင္းေၾကာင္းတစ္ေလွ်ာက္ ေအာင္ျမင္ခဲ့သူေတြအမ်ားစုအတြက္ အေျခခံတူညီမႈတစ္ခုက စိတ္၀င္စား တက္ၾကြမႈရွိျခင္းပဲျဖစ္ပါတယ္။ သင္က စိတ္၀င္စားမႈအျပည့္ရွိတဲ့ အရာကို လုပ္ေဆာင္ေနမယ္ဆိုရင္ ေအာင္ျမင္မႈက သိပ္ေ၀းမွာမဟုတ္ပါဘူး။
၁၂။ ေအာင္ျမင္သူေတြဆီက ပညာယူပါ။
တကယ္ႀကိဳးစားအားထုတ္မႈနဲ႔ ေအာင္ျမင္ေနသူေတြကို ေလ့လာပါ။ သူတို႔ရဲ႕ေကာင္းကြက္ေတြ ဆိုးကြက္ေတြကို ရွာေဖြပါ။ သူတို႔အတြက္ အလုပ္ျဖစ္တဲ့နည္းလမ္းတိုင္းက သင့္အတြက္ အလုပ္ျဖစ္ခ်င္မွျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ ေအာင္ျမင္သူေတြကို ေလ့လာျခင္းအားျဖင့္ ေအာင္ျမင္မႈကို ရယူဖို႔ လိုအပ္ခ်က္ေတြကို သင္နားလည္ လာပါလိမ့္မယ္။
၁၃။ သင့္ရဲ႕တိုးတက္မႈကို ဆင္ျခင္ပါ။
သင့္ရဲ႕ေန႔စဥ္ဘ၀မွာ ဘာေတြတိုးတက္မႈရွိပါသလဲ၊ ဘာေတြဆုတ္ယုတ္ေနပါသလဲ အျမဲတမ္း ဆင္ျခင္ေနဖို႔ လိုအပ္ပါတယ္။ အခုလုပ္ေနတဲ့အေရးကိစၥေတြက သင့္ေရာက္ခ်င္တဲ့ေနရာေရာက္ဖို႔အတြက္ အေထာက္အကူ ျဖစ္ပါသလား။ သင္လုပ္သမွ်အရာအားလံုးအတြက္ သတိရွိပါ။ ဒါမွသာ သင့္ရဲ႕ရည္မွန္းခ်က္ဆီကို မ်က္ေျခမျပတ္ သြားႏိုင္မွာျဖစ္ပါတယ္။
၁၄။ ယုံၾကည္မႈရွိပါ။
ယံုၾကည္မႈဟာ အရာအားလံုးကို စြမ္းေဆာင္ႏိုင္ေစပါတယ္။ သင္လုပ္ႏုိင္တယ္လို႔ ယုံၾကည္တဲ့အရာအားလံုးကို သင္စြမ္းေဆာင္ႏိုင္မွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ကိုယ္သင္ ယုံၾကည္ပါ။ တစ္ေလာကလံုးကလည္း သင့္ကို ယုံၾကည္လာပါလိမ့္မယ္။
၁၅။ ထိပ္ဆံုးမွာအျမဲရွိေနပါေစ။
ဘယ္လိုကိစၥမ်ိဳးကိုပဲျဖစ္ျဖစ္ အေကာင္းဆံုးလုပ္ေဆာင္ၿပီး အေကာင္းဆံုးရလဒ္ေတြကိုပဲ ရယူပါ။ သင္ပိုၿပီး ေအာင္ျမင္လာတာနဲ႔အမွ် သင္နဲ႔ သင့္ရဲ႕ၿပိဳင္ဘက္ေတြအၾကား ကြာဟာခ်က္ကိုထိန္းသိမ္းထားႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ၿပီး အေကာင္းဆံုးစြမ္းေဆာင္ႏိုင္ဖို႔ လုိပါတယ္။
၁၆။ ဆန္းသစ္တီထြင္မႈရွိပါေစ။
ထူးျခားဆန္းသစ္မႈေတြကို ယူမလာႏိုင္ပဲ မလုပ္မ႐ႈပ္မျပဳတ္ေနရင္ေတာ့ သင္တည္ရွိေနတဲ့အေၾကာင္းကို အထူးတလည္ ဂ႐ုစိုက္ဖို႔အေၾကာင္းရွိမွာ မဟုတ္ပါဘူး။ သင့္ရဲ႕ထူးခၽြန္မႈေတြကိုရွာေဖြၿပီး အျခားလူေတြ မလုပ္ႏိုင္တာ၊ မလုပ္ဖူးေသးတာေတြကို လုပ္ျပပါ။
၁၇။ အခ်ိန္နဲ႔အမွ် ေျပာင္းလဲႏိုင္ပါေစ။
အေျခအေနနဲ႔အခ်ိန္အခါေတြက သင္စိတ္ကူးထားတာထက္ပိုၿပီး ျမန္ျမန္ဆန္ဆန္ေျပာင္းလဲႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အျမဲတမ္း သတင္းအခ်က္အလက္ေတြရယူၿပီး ေစ်းကြက္ေျပာင္းလဲမႈေတြကို ေလ့လာေနဖို႔ လိုအပ္ပါတယ္။ ဘာေတြလိုအပ္ေနလဲ၊ ၿပိဳင္ဖက္ေတြက ဘာေတြလုပ္ေနသလဲဆိုတာေတြကို မ်က္ေျခမျပတ္ ေစာင့္ၾကည့္ၿပီး အလိုက္သင့္ေျပာင္းလဲသင့္ပါတယ္။
၁၈။ ဘယ္ေတာ့မွ အ႐ႈံးမေပးပါနဲ႔။
ေအာင္ျမင္မႈဆီကို ခ်ီတက္ရာမွာ ဘယ္ေလာက္ျမန္ျမန္သြားလဲဆိုတာထက္ ဘယ္ေလာက္အထိ ေလွ်ာက္လွမ္ ႏိုင္သလဲဆိုတာက အေရးႀကီးပါတယ္။ သင္တစ္ႀကိမ္ေလာက္ လက္ေလွ်ာ့လိုက္တာနဲ႔ သင့္ရဲ႕ၿပိဳင္ဖက္ေတြက ေရွ႕ကို ေက်ာ္တက္သြားမယ္ဆိုတာ အျမဲမွတ္ထားပါ။
၁၉။ အခြင့္အလမ္းကို ရွာေဖြပါ။
ထူးျခားတဲ့အခြင့္အလမ္းေတြဆိုတာ သင့္ဆီကိုအလိုလိုေရာက္လာမွာမဟုတ္ပါဘူး။ အျမဲတမ္းသတိထားေစာင့္ ၾကည့္ၿပီး ေတြ႕တာနဲ႔ ရယူထားႏိုင္ဖို႔လိုပါတယ္။ အခြင့္အလမ္းမွန္သမွ်ကို ဦးဆံုးရယူႏိုင္သူျဖစ္ပါေစ။ အျမဲတမ္း စိတ္အားတက္ၾကြေနၿပီး သင့္ရဲ႕အလုပ္ရွင္က ကိစၥတစ္ခုခုတာ၀န္ေပးဖို႔ရွိတိုင္းမွာ သင့္ကိုအရင္ဆံုးေတြးမိ ေနပါေစ။
၂၀။ အလုပ္မွာကၽြမ္းက်င္မႈရွိပါေစ။
သင္အမွန္တကယ္ေအာင္ျမင္ခ်င္တဲ့ဆိုရင္ သင္လုပ္တဲ့အလုပ္မွာ ကၽြမ္းက်င္ရမွာျဖစ္ပါတယ္။ အျခားလူေတြထက္ ေစာစီးစြာေအာင္ျမင္ခ်င္ရင္ သူတို႔ထက္ပိုၿပီး ကၽြမ္းက်င္ေနဖို႔လိုပါတယ္။ လူတိုင္းရဲ႕ အလုပ္ကို ေလ့လာပါ။ အစကေနအဆံုးအထိ ဘာေတြလုပ္သြားလဲဆိုတာ မွတ္သားပါ။ ဘယ္ကိစၥမဆို တျခားသူေတြအေပၚမွီခိုေနစရာမလုိပဲ ကိုယ္တိုင္လုပ္ေဆာင္ႏိုင္ေအာင္ ႀကိဳးစားပါ။ တစ္ေကာင္တည္း ဒါေပမယ့္ ျခေသၤ့ဆိုတာလိုမ်ိဳး တစ္ေယာက္တည္းဆုိေပမယ့္ အင္အားအျပည့္ျဖစ္ေနပါေစ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
ဘဝမှာ စောစီးစွာအောင်မြင်စေနိုင်မည့် အမူအကျင့်များ
အောင်မြင်မှုဆိုတဲ့အရာက စိတ်ရောကိုယ်ပါနှစ်မြုပ်ပြီး မလုပ်ဆောင်ပဲ အလွယ်တကူရောက်ရှိလာမယ့်အရာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် သင်အနေနဲ့ အမူအကျင့်ကောင်းတွေကို ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ သင့်ရရှိလာမယ့် အကျိုးရလဒ်တွေနဲ့ အောင်မြင်မှုတွေကို တားဆီးပိတ်ပင်နိုင်မယ့်သူ ဒီကမ္ဘာမှာရှိမှာမဟုတ်ပါဘူး။ ဒ့ါကြောင့် သင့်ရဲ့ဘဝမှာ စောစောစီးစီးအောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့အတွက် နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ သတိပြုဆင်ခြင်ရ မယ့် အမူအကျင့်(၂၀)ကို ဖော်ပြလိုက်ပါတယ်။
၁။ အချိန်စီမံခန့်ခွဲမှုကောင်းပါစေ။
အချိန်စီမံခန့်ခွဲမှုကို အရင်ဆုံးလေ့လာရမယ့် အရည်အချင်းတစ်ခုအဖြစ် သတ်မှတ်လေ့လာပါ။ ့သင့်ရဲ့ အလုပ်တွေကို ဦးစားပေးသတ်မှတ်ပြီး၊ မှန်ကန်တဲ့အချိန်နဲ့ နေရာမှာ အင်အားကိုစိုက်ထုတ်တတ်ခြင်း အားဖြင့် အလုပ်မှန်သမျှကို နောက်ဆုံးချိန်မတိုင်ခင် အပြီးသတ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
၂။ အရေးပါတဲ့လူတစ်ယောက်ဖြစ်နေပါစေ။
သင့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ တစ်ခုခုလိုအပ်ချိန်မှာ သင်ကအမြဲတမ်းအသင့်ရှိနေတတ်ပြီး အားလုံးက သင်မရှိရင် မဖြစ်ဘူးဆိုတာမျိုး တွေးမိနေပါစေ။ အထူးသဖြင့် သင့်ရဲ့အလုပ်ရှင်က တွေးမိနေဖို့လိုပါတယ်။
၃။ အရမ်းမကြွားပါနဲ့။
သင့်ရဲ့အောင်မြင်မှု၊ စွမ်းဆောင်နိုင်မှုတွေကို အားလုံးသိအောင် ထုတ်ဖော်ကြေညာနေဖို့တော့ အရမ်းစိတ်အား ထက်သန်နေလို့ မဖြစ်ပါဘူး။ အခြားလူတွေမလုပ်နိုင်အောင် ခက်ခဲတဲ့အရေးကိစ္စတစ်ခုခုကို စွမ်းဆောင်နိုင်မှသာ အောင်ပွဲခံသင့်ပါတယ်။ လုပ်စရာရှိတာကို အရင်လုပ်ပြလိုက်ပါ။ ပြီးမှာ အားလုံးသိအောင် ပြောပြပါ။ တကယ်တော့ သင့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ ပတ်သက်ပြီး တိတ်တိတ်နေလေလေ၊ ရလဒ်ထွက်ပေါ် လာချိန်မှာ အခြားလူတွေအတွက် ပိုပြီး အံ့အားသင့်ရလေဖြစ်ပါတယ်။
၄။ အပြောလျှော့ပြီး ပိုနားထောင်ပါ။
အစည်းအဝေးတိုင်းမှာ စိတ်ဝင်တစားရှိပါ။ အခြားသူတွေရဲ့စိတ်ကူးက သင့်အတွက် အသုံးမဝင်ဘူးဆိုရင် တောင်မှ သေချာနားထောင်ပါ။ သူတို့ရဲ့စိတ်ကူးတွေက သင့်အတွက် အကြံသစ်တွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် စကားနည်းနည်းပဲပြောတဲ့အတွက်ကြောင့် အမှားတွေပြောမိနိုင်ချေနည်းသွားမှာဖြစ်ပါတယ်။ ဒီအတွက် သင့်ရဲ့စကားကိုကြားရဖို့အတွက်ကိုလည်း လူတွေက စိတ်ဝင်တစားစောင့်နေကြမှာဖြစ်ပါတယ်။
၅။ ရည်မှန်းချက်ကြီးကြီးထားပြီး ကိစ္စသေးသေးတွေကို လုပ်ဆောင်ပါ။
ဟုတ်ပါတယ်။ သင့်ရဲ့ရည်မှန်းချက်အိပ်မက်ကို ဖြစ်နိုင်သမျှ အဆုံးစွန်အထိ တွေးထားဖို့လိုပါတယ်။ ဒါပေမယ့် ရည်မှန်းချက်ကိုရောက်ရှိဖို့အတွက် လိုအပ်တဲ့ ရေတိုပန်းတိုင်းတွေကို အစီအစဉ်ချလျှောက်လှမ်းသွားရမှာ ဖြစ်ပါတယ်။ ဒါမှ သင့်ရဲ့ရည်မှန်းချက်ကနေ လမ်းကြောင်းလွဲမသွားစေပဲ အမြဲတမ်းဦးတည်လျှောက်လှမ်း နေနိုင်မှာ ဖြစ်ပါတယ်။
၆။ ပါးနပ်မှုရှိပါ။
တစ်ခါတစ်ရံမှာ တကယ်ဆိုးဝါးတဲ့လူတွေနဲ့ အလုပ်အတူလုပ်ရလေ့ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ သူတို့ကို မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံး ဆက်ဆံနိုင်ဖို့လိုပါတယ်။ သူတို့နဲ့ ပဋိပက္ခတွေကို ရန်ဖြစ်ရတာမျိုးမဟုတ်ပဲ ဖြေရှင်းနိုင်အောင် ကြိုးစားပါ။ သဘောထားကွဲလွဲမှုတွေ၊ အငြင်းပွားမှုတွေရှိနေပေမယ့် ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ထားနိုင်တာဟာ ရေရှည်မှာ သင့်အတွက် အကျိုးရှိစေမှာပါ။
၇။ အရမ်းအလျှော့မပေးမိပါစေနဲ့။
တခါတစ်ရံမှာ သင့်အတွက် အရမ်းစိတ်ပျက်စရာဖြစ်လာပြီဆိုရင်တော့ ရင်ဆိုင်ဖြေရှင်းတတ်ဖို့ လိုပါတယ်။ သင့်အတွက် သင်ရပ်တည်နိုင်တဲ့နေ့ကနေစပြီး လူတွေက သင့်ကို ခေါင်းဆောင်တစ်ယောက်အဖြစ် မြင်လာ ကြမှာဖြစ်ပါတယ်။
၈။ စနစ်တကျအလုပ်လုပ်ပါ။
အလုပ်ကို ကြိုးကြိုးစားစားလုပ်တိုင်း အောင်မြင်မယ်ဆိုရင် လူတိုင်းအလုပ်ချည်းပဲလုပ်နေကြမှာဖြစ်ပါတယ်။ တကယ်တော့ အလုပ်ကို ပင်ပန်းတကြီး ကြိုးစားလုပ်ဆောင်နေတာထက် စနစ်တကျမှန်မှန်ကန်ကန် လုပ်တတ်ဖို့ လိုပါတယ်။ ပြဿနာတိုင်းအတွက် အလွယ်ကူအထိရောက်ဆုံးနည်းလမ်းကို ရှာဖွေဖြေရှင်းပါ။ ဘယ်လောက်ထိ စွမ်းဆောင်နိုင်သလဲဆိုတာကို အံ့သြစရာကောင်းလောက်အောင် သိရှိလာပါလိမ့်မယ်။
၉။ စကားလုံးအသုံးအနှုန်း ဂရုစိုက်ပါ။
ဘာပြောမယ်၊ ဘယ်အချိန်မှာပြောမယ်ဆိုတာကို သိဖို့လိုပါတယ်။ စကားလုံးအသုံးအနှုန်းမှန်တာက အခြေအနေအရပ်ရပ်ကို သင့်အတွက် အသာရရှိစေပြီး သင့်ရဲ့သိက္ခာကိုလည်း မြင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ စကားပြောကျွမ်းကျင်သူတွေဟာ ကုမ္ပဏီလုပ်ငန်းတစ်ခုအတွက် အရေးပါတဲ့ ပိုင်ဆိုင်မှုတစ်ခုဖြစ်ပါတယ်။ ဒီလိုလူမျိုးကိုပဲ ကုမ္ပဏီရဲ့မျက်နှာစာအဖြစ် ထုတ်သုံးတတ်ပါတယ်။
၁၀။ တစ်ရွာတစ်ကျီဆောက်ပါ။
သင့်ဘဝမှာ ဘယ်သူကလိုတယ်၊ ဘယ်သူကတော့ မလိုအပ်ဘူးဆိုတာကို ကြိုမသိနိုင်ပါဘူး။ ဒါ့ကြောင့် အားလုံးက မှတ်မိခင်မင်နေသူတစ်ယောက်ဖြစ်ပြီး အလုပ်တွဲလုပ်ချင်စိတ်ရှိသူတစ်ယောက် ဖြစ်အောင် ကြိုးစားပါ။ လူတွေနဲ့ ခင်မင်ရင်းနှီးမှုတည်ဆောက်တာက အခုလတ်တလောအချိန်မှာ အသုံးတည့်မှာ မဟုတ်ပေမယ့် ရေရည်မှာ သင့်ရဲ့အောင်မြင်မှုအတွက် အထောက်အကူဖြစ်မလာနိုင်ဘူးလို့ ပြောလို့ မရပါဘူး။
၁၁။ စိတ်ဝင်စားတက်ကြွမှုရှိပါ။
လူ့သမိုင်းကြောင်းတစ်လျှောက် အောင်မြင်ခဲ့သူတွေအများစုအတွက် အခြေခံတူညီမှုတစ်ခုက စိတ်ဝင်စား တက်ကြွမှုရှိခြင်းပဲဖြစ်ပါတယ်။ သင်က စိတ်ဝင်စားမှုအပြည့်ရှိတဲ့ အရာကို လုပ်ဆောင်နေမယ်ဆိုရင် အောင်မြင်မှုက သိပ်ဝေးမှာမဟုတ်ပါဘူး။
၁၂။ အောင်မြင်သူတွေဆီက ပညာယူပါ။
တကယ်ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်နေသူတွေကို လေ့လာပါ။ သူတို့ရဲ့ကောင်းကွက်တွေ ဆိုးကွက်တွေကို ရှာဖွေပါ။ သူတို့အတွက် အလုပ်ဖြစ်တဲ့နည်းလမ်းတိုင်းက သင့်အတွက် အလုပ်ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အောင်မြင်သူတွေကို လေ့လာခြင်းအားဖြင့် အောင်မြင်မှုကို ရယူဖို့ လိုအပ်ချက်တွေကို သင်နားလည် လာပါလိမ့်မယ်။
၁၃။ သင့်ရဲ့တိုးတက်မှုကို ဆင်ခြင်ပါ။
သင့်ရဲ့နေ့စဉ်ဘဝမှာ ဘာတွေတိုးတက်မှုရှိပါသလဲ၊ ဘာတွေဆုတ်ယုတ်နေပါသလဲ အမြဲတမ်း ဆင်ခြင်နေဖို့ လိုအပ်ပါတယ်။ အခုလုပ်နေတဲ့အရေးကိစ္စတွေက သင့်ရောက်ချင်တဲ့နေရာရောက်ဖို့အတွက် အထောက်အကူ ဖြစ်ပါသလား။ သင်လုပ်သမျှအရာအားလုံးအတွက် သတိရှိပါ။ ဒါမှသာ သင့်ရဲ့ရည်မှန်းချက်ဆီကို မျက်ခြေမပြတ် သွားနိုင်မှာဖြစ်ပါတယ်။
၁၄။ ယုံကြည်မှုရှိပါ။
ယုံကြည်မှုဟာ အရာအားလုံးကို စွမ်းဆောင်နိုင်စေပါတယ်။ သင်လုပ်နိုင်တယ်လို့ ယုံကြည်တဲ့အရာအားလုံးကို သင်စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကိုယ်သင် ယုံကြည်ပါ။ တစ်လောကလုံးကလည်း သင့်ကို ယုံကြည်လာပါလိမ့်မယ်။
၁၅။ ထိပ်ဆုံးမှာအမြဲရှိနေပါစေ။
ဘယ်လိုကိစ္စမျိုးကိုပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်ဆောင်ပြီး အကောင်းဆုံးရလဒ်တွေကိုပဲ ရယူပါ။ သင်ပိုပြီး အောင်မြင်လာတာနဲ့အမျှ သင်နဲ့ သင့်ရဲ့ပြိုင်ဘက်တွေအကြား ကွာဟာချက်ကိုထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ လိုပါတယ်။
၁၆။ ဆန်းသစ်တီထွင်မှုရှိပါစေ။
ထူးခြားဆန်းသစ်မှုတွေကို ယူမလာနိုင်ပဲ မလုပ်မရှုပ်မပြုတ်နေရင်တော့ သင်တည်ရှိနေတဲ့အကြောင်းကို အထူးတလည် ဂရုစိုက်ဖို့အကြောင်းရှိမှာ မဟုတ်ပါဘူး။ သင့်ရဲ့ထူးချွန်မှုတွေကိုရှာဖွေပြီး အခြားလူတွေ မလုပ်နိုင်တာ၊ မလုပ်ဖူးသေးတာတွေကို လုပ်ပြပါ။
၁၇။ အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါစေ။
အခြေအနေနဲ့အချိန်အခါတွေက သင်စိတ်ကူးထားတာထက်ပိုပြီး မြန်မြန်ဆန်ဆန်ပြောင်းလဲနိုင်ပါတယ်။ ဒါ့ကြောင့် အမြဲတမ်း သတင်းအချက်အလက်တွေရယူပြီး စျေးကွက်ပြောင်းလဲမှုတွေကို လေ့လာနေဖို့ လိုအပ်ပါတယ်။ ဘာတွေလိုအပ်နေလဲ၊ ပြိုင်ဖက်တွေက ဘာတွေလုပ်နေသလဲဆိုတာတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး အလိုက်သင့်ပြောင်းလဲသင့်ပါတယ်။
၁၈။ ဘယ်တော့မှ အရှုံးမပေးပါနဲ့။
အောင်မြင်မှုဆီကို ချီတက်ရာမှာ ဘယ်လောက်မြန်မြန်သွားလဲဆိုတာထက် ဘယ်လောက်အထိ လျှောက်လှမ် နိုင်သလဲဆိုတာက အရေးကြီးပါတယ်။ သင်တစ်ကြိမ်လောက် လက်လျှော့လိုက်တာနဲ့ သင့်ရဲ့ပြိုင်ဖက်တွေက ရှေ့ကို ကျော်တက်သွားမယ်ဆိုတာ အမြဲမှတ်ထားပါ။
၁၉။ အခွင့်အလမ်းကို ရှာဖွေပါ။
ထူးခြားတဲ့အခွင့်အလမ်းတွေဆိုတာ သင့်ဆီကိုအလိုလိုရောက်လာမှာမဟုတ်ပါဘူး။ အမြဲတမ်းသတိထားစောင့် ကြည့်ပြီး တွေ့တာနဲ့ ရယူထားနိုင်ဖို့လိုပါတယ်။ အခွင့်အလမ်းမှန်သမျှကို ဦးဆုံးရယူနိုင်သူဖြစ်ပါစေ။ အမြဲတမ်း စိတ်အားတက်ကြွနေပြီး သင့်ရဲ့အလုပ်ရှင်က ကိစ္စတစ်ခုခုတာဝန်ပေးဖို့ရှိတိုင်းမှာ သင့်ကိုအရင်ဆုံးတွေးမိ နေပါစေ။
၂၀။ အလုပ်မှာကျွမ်းကျင်မှုရှိပါစေ။
သင်အမှန်တကယ်အောင်မြင်ချင်တဲ့ဆိုရင် သင်လုပ်တဲ့အလုပ်မှာ ကျွမ်းကျင်ရမှာဖြစ်ပါတယ်။ အခြားလူတွေထက် စောစီးစွာအောင်မြင်ချင်ရင် သူတို့ထက်ပိုပြီး ကျွမ်းကျင်နေဖို့လိုပါတယ်။ လူတိုင်းရဲ့ အလုပ်ကို လေ့လာပါ။ အစကနေအဆုံးအထိ ဘာတွေလုပ်သွားလဲဆိုတာ မှတ်သားပါ။ ဘယ်ကိစ္စမဆို တခြားသူတွေအပေါ်မှီခိုနေစရာမလိုပဲ ကိုယ်တိုင်လုပ်ဆောင်နိုင်အောင် ကြိုးစားပါ။ တစ်ကောင်တည်း ဒါပေမယ့် ခြင်္သေ့ဆိုတာလိုမျိုး တစ်ယောက်တည်းဆိုပေမယ့် အင်အားအပြည့်ဖြစ်နေပါစေ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================