ထူးခၽြန္ထက္ျမက္တဲ့ စြန္႔ဦးလုပ္ငန္းရွင္ေတြဟာ ဘယ္သူနဲ႔မဆုိ အလြယ္တကူစကားေျပာဆိုႏိုင္ၾကပါတယ္။ ဒီလိုေျပာတဲ့အတြက္ စကားနည္းသူေတြအတြက္ စိတ္ပ်က္သြားစရာမလိုပါဘူး။ လူမႈသိပံၸပညာအရ လူေတြရဲ႕ သံုးပံုပံုတစ္ပံုေက်ာ္ ထက္၀က္နီးပါးဟာ ႏႈတ္မရဲပဲ စကားနည္းသူေတြျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီလိုစကားနည္းေပမယ့္ ေအာင္ျမင္ေနတဲ့ လုပ္ငန္းရွင္ေတြကေတာ့ သူတို႔ရဲ႕အက်င့္ကို အလုပ္ျဖစ္ေအာင္ လုပ္ေဆာင္တတ္ၾကပါတယ္။ သူတို႔ဟာ အမ်ားအာ႐ုံစိုက္ခံရဖို႔ထက္ ရည္မွန္းခ်က္ေတြ ေအာင္ျမင္ဖို႔ ပိုစိတ္၀င္စားၾကၿပီး အရည္အခ်င္းရွိတဲ့၀န္ထမ္းေတြကို သူတို႔ရဲ႕စိတ္ကူးစိတ္သန္းေတြ အေကာင္အထည္ ေပၚလာဖို႔ အသံုးခ်တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ သင္လည္း ႏႈတ္မရဲစကားနည္းတယ္ဆိုရင္ ဒီအခ်က္ကို အသံုးျပဳၿပီး ေအာင္ျမင္ေစႏိုင္မယ့္နည္းလမ္း (၅)ခုကို ေ၀မွ်ေပးလိုက္ပါတယ္။
၁။ သင့္ရဲ႕ကုိယ္ရည္ကိုယ္ေသြးနဲ႔ကိုက္ညီစြာ အလုပ္လုပ္တတ္ပါေစ။
သင္ဟာ လုပ္ငန္းရွင္တစ္ဦးျဖစ္ေနၿပီဆိုမွေတာ့ လူေတြနဲ႔ မျဖစ္မေန ဆက္သြယ္ေျပာဆိုဖို႔ လိုအပ္လာပါၿပီ။ ဒါေပမယ့္ လုံး၀အဆင္မေျပတဲ့အေနအထားမ်ိဳးနဲ႔ ေျပာဆိုဆက္ဆံစရာမလိုပါဘူး။ လူအမ်ားႀကီးေရွ႕မွာ မေျပာခ်င္ရင္ တစ္ေယာက္ခ်င္းေတြ႕ၿပီးေျပာပါ။ လူအမ်ားႀကီးကို မျဖစ္မေနေျပာရမယ္ဆိုရင္လည္း ေျပာမယ့္စကားေတြကို ႀကိဳတင္ျပင္ဆင္ေရးသားထားပါ။ သင့္ရဲ႕အားသာခ်က္အားနည္းခ်က္ေတြကို သိေအာင္ လုပ္ၿပီး အဆင္ေျပေအာင္ ထိန္းညွိပါ။
၂။ သင့္ရဲ႕အားသာခ်က္အျဖစ္ေျပာင္းလဲပါ။
လူေတြက စကားနည္းသူေတြကို ေလွွ်ာ့တြက္ထားတတ္ၾကေပမယ့္ စကားနည္းသူေတြကပဲ သူတို႔ကို အံ့ၾသေအာင္ လုပ္ႏိုင္စြမ္းရွိပါတယ္။ စကားနည္းတဲ့သူေတြဟာ တစ္ခုခုကိုသရုပ္ေဖာ္ရာမွာ က်စ္က်စ္လစ္လစ္ ေျပာဆိုႏိုင္ၾကၿပီး ဒီလိုေျပာႏိုင္တာကိုက အထင္ႀကီးစရာျဖစ္ပါတယ္။ အေပၚယံၾကည့္ၿပီး ေလွ်ာက္ေျပာေနတတ္ သူေတြနဲ႔ႏႈိင္းယွဥ္ရင္ စကားနည္းသူေတြက အားလံုးကိုျခံဳငံုသံုးသပ္ႏိုင္စြမ္းရွိၾကပါတယ္။ စကားနည္းတဲ့ လုပ္ငန္းရွင္ေတြက အေျပာနည္းနည္းနဲ႔ အလုပ္မ်ားမ်ားပိုလုပ္တတ္ၾကပါတယ္။
၃။ ေျပာစရာရွိရင္လည္း ေျပာႏိုင္ဖို႔လိုပါတယ္။
စကားနည္းသူေတြဟာ တစ္ေယာက္ထဲအခ်ိန္ကုန္ရတာကို ပိုၿပီးသေဘာက်တတ္ေပမယ့္ စီးပြားေရးလုပ္ငန္း လုပ္မယ္ဆိုရင္ေတာ့ တစ္ေယာက္ထဲလုပ္ေနလို႔မရပါဘူး။ တျခားလူေတြနဲ႔ ေျပာဆိုဆက္ဆံဖို႔ လူမႈဆက္ဆံေရး အရည္အခ်င္းေကာင္းေတြ ေမြးျမဴထားႏိုင္မွ ရင္းႏွီးျမဳပ္ႏွံသူေတြကို ဆြဲေဆာင္ႏိုင္မွာျဖစ္သလို စိတ္ကူးေကာင္းေတြကို ေရာင္းစားႏိုင္မွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ စကားမေျပာခ်င္လို႔ ေနခ်င္ရင္ေနလို႔ရေပမယ့္ ေျပာစရာရွိလာရင္ေတာ့ ေျပာႏိုင္ဖို႔ႀကိဳတင္ ျပင္ဆင္ထားရမွာ ျဖစ္ပါတယ္။
၄။ စြမ္းအားအျပည့္ရွိဖို႔ လုိပါတယ္။
တစ္ခါတစ္ရံမွာ အလုပ္တစ္ခုၿပီးေျမာက္ဖို႔အတြက္ မေျပာမျဖစ္ေျပာရမယ့္အေနအထားေတြ ႀကံဳေတြ႕ရတတ္ ပါတယ္။ ဒီလိုဆိုရင္ အေကာင္းဆံုးျပင္ဆင္ၿပီး အဆင္သင့္ျဖစ္ေနၿပီး၊ စြမ္းအားအျပည့္ရွိေနၿပီဆိုမွ လုပ္ေဆာင္ပါ။
၅။ နည္းပညာကို အသံုးျပဳပါ။
နည္းပညာေခတ္မွာ စကားနည္းသူေတြအတြက္ ခလုတ္ႏွိပ္႐ုံနဲ႔အဆင္ေျပေစပါတယ္။ ဒါ့ေၾကာင့္ လူေတြ႕စကားေတြ အမ်ားႀကီးမေျပာခ်င္ဘူးဆိုရင္ နည္းပညာကိုအသံုးျပဳႏိုင္ပါတယ္။ စကားနည္းသူေတြဟာ အေသးစိတ္အခ်က္အလက္ေတြ၊ ဖန္တီးတီထြင္မႈေတြ၊ စီမံခန္႔ခြဲမႈေတြမွာ ထူးခၽြန္တတ္ၾကတာေၾကာင့္ နည္းပညာ စနစ္တစ္ခုခုကို သံုးၿပီး လူေတြနဲ႔ ဆက္သြယ္ႏိုင္ပါတယ္။ Social Media ေတြ၊ ေဆာ့ဖ္၀ဲေတြကို သင့္ကိုယ္စား စကားေျပာခိုင္းလိုက္ပါ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
စကားနည်းသူတွေအတွက် ပြောဆိုဆက်ဆံမှု နည်းလမ်း(၅)ခု
ထူးချွန်ထက်မြက်တဲ့ စွန့်ဦးလုပ်ငန်းရှင်တွေဟာ ဘယ်သူနဲ့မဆို အလွယ်တကူစကားပြောဆိုနိုင်ကြပါတယ်။ ဒီလိုပြောတဲ့အတွက် စကားနည်းသူတွေအတွက် စိတ်ပျက်သွားစရာမလိုပါဘူး။ လူမှုသိပ္ပံပညာအရ လူတွေရဲ့ သုံးပုံပုံတစ်ပုံကျော် ထက်ဝက်နီးပါးဟာ နှုတ်မရဲပဲ စကားနည်းသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုစကားနည်းပေမယ့် အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေကတော့ သူတို့ရဲ့အကျင့်ကို အလုပ်ဖြစ်အောင် လုပ်ဆောင်တတ်ကြပါတယ်။ သူတို့ဟာ အများအာရုံစိုက်ခံရဖို့ထက် ရည်မှန်းချက်တွေ အောင်မြင်ဖို့ ပိုစိတ်ဝင်စားကြပြီး အရည်အချင်းရှိတဲ့ဝန်ထမ်းတွေကို သူတို့ရဲ့စိတ်ကူးစိတ်သန်းတွေ အကောင်အထည် ပေါ်လာဖို့ အသုံးချတတ်ကြပါတယ်။ ဒါ့ကြောင့် သင်လည်း နှုတ်မရဲစကားနည်းတယ်ဆိုရင် ဒီအချက်ကို အသုံးပြုပြီး အောင်မြင်စေနိုင်မယ့်နည်းလမ်း (၅)ခုကို ဝေမျှပေးလိုက်ပါတယ်။
၁။ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ကိုက်ညီစွာ အလုပ်လုပ်တတ်ပါစေ။
သင်ဟာ လုပ်ငန်းရှင်တစ်ဦးဖြစ်နေပြီဆိုမှတော့ လူတွေနဲ့ မဖြစ်မနေ ဆက်သွယ်ပြောဆိုဖို့ လိုအပ်လာပါပြီ။ ဒါပေမယ့် လုံးဝအဆင်မပြေတဲ့အနေအထားမျိုးနဲ့ ပြောဆိုဆက်ဆံစရာမလိုပါဘူး။ လူအများကြီးရှေ့မှာ မပြောချင်ရင် တစ်ယောက်ချင်းတွေ့ပြီးပြောပါ။ လူအများကြီးကို မဖြစ်မနေပြောရမယ်ဆိုရင်လည်း ပြောမယ့်စကားတွေကို ကြိုတင်ပြင်ဆင်ရေးသားထားပါ။ သင့်ရဲ့အားသာချက်အားနည်းချက်တွေကို သိအောင် လုပ်ပြီး အဆင်ပြေအောင် ထိန်းညှိပါ။
၂။ သင့်ရဲ့အားသာချက်အဖြစ်ပြောင်းလဲပါ။
လူတွေက စကားနည်းသူတွေကို လျှှော့တွက်ထားတတ်ကြပေမယ့် စကားနည်းသူတွေကပဲ သူတို့ကို အံ့သြအောင် လုပ်နိုင်စွမ်းရှိပါတယ်။ စကားနည်းတဲ့သူတွေဟာ တစ်ခုခုကိုသရုပ်ဖော်ရာမှာ ကျစ်ကျစ်လစ်လစ် ပြောဆိုနိုင်ကြပြီး ဒီလိုပြောနိုင်တာကိုက အထင်ကြီးစရာဖြစ်ပါတယ်။ အပေါ်ယံကြည့်ပြီး လျှောက်ပြောနေတတ် သူတွေနဲ့နှိုင်းယှဉ်ရင် စကားနည်းသူတွေက အားလုံးကိုခြုံငုံသုံးသပ်နိုင်စွမ်းရှိကြပါတယ်။ စကားနည်းတဲ့ လုပ်ငန်းရှင်တွေက အပြောနည်းနည်းနဲ့ အလုပ်များများပိုလုပ်တတ်ကြပါတယ်။
၃။ ပြောစရာရှိရင်လည်း ပြောနိုင်ဖို့လိုပါတယ်။
စကားနည်းသူတွေဟာ တစ်ယောက်ထဲအချိန်ကုန်ရတာကို ပိုပြီးသဘောကျတတ်ပေမယ့် စီးပွားရေးလုပ်ငန်း လုပ်မယ်ဆိုရင်တော့ တစ်ယောက်ထဲလုပ်နေလို့မရပါဘူး။ တခြားလူတွေနဲ့ ပြောဆိုဆက်ဆံဖို့ လူမှုဆက်ဆံရေး အရည်အချင်းကောင်းတွေ မွေးမြူထားနိုင်မှ ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်နိုင်မှာဖြစ်သလို စိတ်ကူးကောင်းတွေကို ရောင်းစားနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန်တော်တော်များများမှာ စကားမပြောချင်လို့ နေချင်ရင်နေလို့ရပေမယ့် ပြောစရာရှိလာရင်တော့ ပြောနိုင်ဖို့ကြိုတင် ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။
၄။ စွမ်းအားအပြည့်ရှိဖို့ လိုပါတယ်။
တစ်ခါတစ်ရံမှာ အလုပ်တစ်ခုပြီးမြောက်ဖို့အတွက် မပြောမဖြစ်ပြောရမယ့်အနေအထားတွေ ကြံုတွေ့ရတတ် ပါတယ်။ ဒီလိုဆိုရင် အကောင်းဆုံးပြင်ဆင်ပြီး အဆင်သင့်ဖြစ်နေပြီး၊ စွမ်းအားအပြည့်ရှိနေပြီဆိုမှ လုပ်ဆောင်ပါ။
၅။ နည်းပညာကို အသုံးပြုပါ။
နည်းပညာခေတ်မှာ စကားနည်းသူတွေအတွက် ခလုတ်နှိပ်ရုံနဲ့အဆင်ပြေစေပါတယ်။ ဒါ့ကြောင့် လူတွေ့စကားတွေ အများကြီးမပြောချင်ဘူးဆိုရင် နည်းပညာကိုအသုံးပြုနိုင်ပါတယ်။ စကားနည်းသူတွေဟာ အသေးစိတ်အချက်အလက်တွေ၊ ဖန်တီးတီထွင်မှုတွေ၊ စီမံခန့်ခွဲမှုတွေမှာ ထူးချွန်တတ်ကြတာကြောင့် နည်းပညာ စနစ်တစ်ခုခုကို သုံးပြီး လူတွေနဲ့ ဆက်သွယ်နိုင်ပါတယ်။ Social Media တွေ၊ ဆော့ဖ်ဝဲတွေကို သင့်ကိုယ်စား စကားပြောခိုင်းလိုက်ပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================