လိင္ဆက္ဆံမႈေၾကာင့္ ခံစားရႏိုင္သည့္ နာမက်န္းမႈ (၃)ခု

လိင္မႈကိစၥနဲ႔ပတ္သက္လာၿပီဆိုရင္ အမ်ိဳးသားအမ်ားစုက စိတ္ေက်နပ္မႈအျပည့္အ၀မရေသးခင္မွာ ကိစၥၿပီးသြားမွာကိုေလာက္ပဲ စိုးရိမ္ပူပန္တတ္ၾကပါတယ္။ တကယ္ေတာ့ ဒီကိစၥအျပင္ သုက္လႊတ္ၿပီးေနာက္ ေခါင္းကိုက္တာတို႔၊ ကိုယ့္ရဲ႕သုက္ရည္ဓာတ္မတည့္တာတို႔လို ေနာက္ဆက္တြဲျပႆနာေတြရွိတတ္ပါေသးတယ္။ ဒါ့ေၾကာင့္ ဒီလိုအေျခအေနေတြၾကံဳေတြ႕လာရင္ ဘယ္လိုေျဖရွင္းမလဲဆိုတာကုိ ေဖာ္ျပလိုက္ပါတယ္။

၁။ လိင္ဆက္ဆံၿပီးေနာက္ ေခါင္းကိုက္ျခင္း

သင့္ရဲ႕ခႏၶာကိုယ္က စိတ္အျပည့္ရွိေနေပမယ့္ ေခါင္းကေတာ့ မၾကည္မလင္ ကိုက္ခဲေနတာမ်ိဳးျဖစ္ပါတယ္။ ေလ့လာမႈေတြအရ လူ(၁၀၀)မွာ (၁)ေယာက္ေလာက္က လိင္ဆက္ဆံေနခ်ိန္နဲ႔ ဆက္ဆံၿပီးေနာက္မွာ ခံစားရေလ့ရွိၿပီး အမ်ိဳးသားေတြက အမ်ိဳးသမီးေတြထက္ ပိုၿပီး ခံစားၾကရပါတယ္။ အေၾကာင္းရင္းကေတာ့ လိင္ဆက္ဆံေနခ်ိန္မွာ ခႏၶာကိုယ္အတြင္း အင္ဒရီလိုင္းေတြ ထုတ္လႊတ္ေလ့ရွိပါတယ္။ အင္ဒရီလိုင္းက သင့္ရဲ႕ ေသြးဖိအားကို ျမင့္တက္ေစတာေၾကာင့္ ေခါင္းကိုက္ေ၀ဒနာကို ခံစားရေစတာျဖစ္ပါတယ္။

သင့္ရဲ႕လိင္ဆက္ဆံၿပီးေခါင္းကိုက္ေ၀ဒနာက ႐ုတ္တရက္ျပင္းထန္ၿပီး မၾကာခဏျဖစ္ေနမယ္ဆိုရင္ ဂရုစိုက္ဖို႔ လိုအပ္ပါတယ္။ တျခားက်န္းမာေရးျပႆနာေတြမရွိဘူးဆိုရင္ေတာ့ လိင္ဆက္ဆံမႈမျပဳခင္ တစ္နာရီေလာက္ ႀကိဳၿပီး အကိုက္အခဲေပ်ာက္ေဆးေသာက္ထားမယ္ဆိုရင္ ေခါင္းကိုက္တာကို ကာကြယ္ထားႏိုင္မွာပါ။

၂။ စိတ္ဓာတ္က်ျခင္း

လိင္ဆက္ဆံၿပီးေနာက္မွာ ေက်နပ္အားရေနရမယ့္အစား တစ္နာရီေလာက္ၾကာတဲ့အထိ ကိုယ့္ကိုယ္ကို စိတ္ပ်က္လက္ပ်က္ျဖစ္ၿပီး စိတ္ဓာတ္က်ေနတာမ်ိဳးျဖစ္ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ကၽြမ္းက်င္ပညာရွင္ေတြက ေသခ်ာမသိၾကေသးပါဘူး။ အမ်ိဳးသမီးေတြရဲ႕ (၁၀)ရာခိုင္ႏႈန္းေလာက္မွာ ဒီအေျခအေနမ်ိဳးျဖစ္ႏိုင္ပါတယ္။

ဒီအေျခအေနမ်ိဳးအတြက္ စိတ္က်ေရာဂါကုသေဆး၀ါးေတြက အေထာက္အကူျဖစ္ႏိုင္ေပမယ့္ ေဘးထြက္ဆိုးက်ိဳးေတြ ရွိႏိုင္ပါတယ္။ ဒါ့ေၾကာင့္ လိင္မႈကိစၥကၽြမ္းက်င္သူ ပညာရွင္ေတြဆီမွာပဲ ကုသမႈခံယူသင့္ပါတယ္။

၃။ သုက္ရည္ႏွင့္ ဓာတ္မတည့္ျခင္း

ကိုယ္ပူတာ၊ ႏွာေခါင္းနီလာတာ၊ ရင္ေတာင့္တာတို႔ေတြက တုပ္ေကြးေရာဂါျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ဒီလကၡဏာေတြကိုပဲ POIS လို ေခၚတဲ့ သုက္လႊတ္ၿပီးဖ်ားနာေရာဂါမွာ ၾကံဳေတြ႕ရႏိုင္ပါတယ္။ ဘာေၾကာင့္လဲ ဆိုရင္ သင့္ရဲ႕ခႏၶာကိုယ္က သင့္ရဲ႕သုက္ရည္ကို ျပင္ပကက်ဴးေက်ာ္၀င္ေရာက္လာတဲ့အရာတစ္ခုအျဖစ္ သတ္မွတ္ၿပီး ကိုယ္ခံအားစနစ္က တိုက္ဖ်က္တာေၾကာင့္ ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြရဲ႕ခႏၶာကိုယ္က ထြက္တဲ့ အရည္ေတြကလည္း အမ်ိဳးသားေတြနဲ႔ ဓာတ္မတည့္တာမ်ိဳးရွိတတ္ပါတယ္။

ဒီလကၡဏာေတြက လိင္ဆက္ဆံၿပီးေနာက္ ခ်က္ခ်င္းျဖစ္ႏိုင္သလို ရက္ေတာ္ေတာ္ၾကာၿပီးမွလည္း ျဖစ္ႏိုင္တဲ့ အတြက္ ဘာေၾကာင့္ျဖစ္တယ္ဆိုတဲ့ အေျခအေနမွန္ကို သိရွိႏိုင္ဖို႔ခက္ခဲပါတယ္။ ဒါ့ေၾကာင့္ လိင္ဆက္ဆံၿပီးေနာက္ ဒီလိုအေျခအေနေတြၾကံဳေတြ႕ရၿပီဆိုရင္ ဓာတ္မတည့္မႈဆိုင္ရာ ကၽြမ္းက်င္ပညာရွင္ေတြ၊ ဆရာ၀န္ေတြဆီသြားေရာက္ ျပသတာအေကာင္းဆံုးျဖစ္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

လိင်ဆက်ဆံမှုကြောင့် ခံစားရနိုင်သည့် နာမကျန်းမှု (၃)ခု

လိင်မှုကိစ္စနဲ့ပတ်သက်လာပြီဆိုရင် အမျိုးသားအများစုက စိတ်ကျေနပ်မှုအပြည့်အဝမရသေးခင်မှာ ကိစ္စပြီးသွားမှာကိုလောက်ပဲ စိုးရိမ်ပူပန်တတ်ကြပါတယ်။ တကယ်တော့ ဒီကိစ္စအပြင် သုက်လွှတ်ပြီးနောက် ခေါင်းကိုက်တာတို့၊ ကိုယ့်ရဲ့သုက်ရည်ဓာတ်မတည့်တာတို့လို နောက်ဆက်တွဲပြဿနာတွေရှိတတ်ပါသေးတယ်။ ဒါ့ကြောင့် ဒီလိုအခြေအနေတွေကြုံတွေ့လာရင် ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

၁။ လိင်ဆက်ဆံပြီးနောက် ခေါင်းကိုက်ခြင်း
သင့်ရဲ့ခန္ဓာကိုယ်က စိတ်အပြည့်ရှိနေပေမယ့် ခေါင်းကတော့ မကြည်မလင် ကိုက်ခဲနေတာမျိုးဖြစ်ပါတယ်။ လေ့လာမှုတွေအရ လူ(၁၀၀)မှာ (၁)ယောက်လောက်က လိင်ဆက်ဆံနေချိန်နဲ့ ဆက်ဆံပြီးနောက်မှာ ခံစားရလေ့ရှိပြီး အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီး ခံစားကြရပါတယ်။ အကြောင်းရင်းကတော့ လိင်ဆက်ဆံနေချိန်မှာ ခန္ဓာကိုယ်အတွင်း အင်ဒရီလိုင်းတွေ ထုတ်လွှတ်လေ့ရှိပါတယ်။ အင်ဒရီလိုင်းက သင့်ရဲ့ သွေးဖိအားကို မြင့်တက်စေတာကြောင့် ခေါင်းကိုက်ဝေဒနာကို ခံစားရစေတာဖြစ်ပါတယ်။

သင့်ရဲ့လိင်ဆက်ဆံပြီးခေါင်းကိုက်ဝေဒနာက ရုတ်တရက်ပြင်းထန်ပြီး မကြာခဏဖြစ်နေမယ်ဆိုရင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ တခြားကျန်းမာရေးပြဿနာတွေမရှိဘူးဆိုရင်တော့ လိင်ဆက်ဆံမှုမပြုခင် တစ်နာရီလောက် ကြိုပြီး အကိုက်အခဲပျောက်ဆေးသောက်ထားမယ်ဆိုရင် ခေါင်းကိုက်တာကို ကာကွယ်ထားနိုင်မှာပါ။

၂။ စိတ်ဓာတ်ကျခြင်း
လိင်ဆက်ဆံပြီးနောက်မှာ ကျေနပ်အားရနေရမယ့်အစား တစ်နာရီလောက်ကြာတဲ့အထိ ကိုယ့်ကိုယ်ကို စိတ်ပျက်လက်ပျက်ဖြစ်ပြီး စိတ်ဓာတ်ကျနေတာမျိုးဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက သေချာမသိကြသေးပါဘူး။ အမျိုးသမီးတွေရဲ့ (၁၀)ရာခိုင်နှုန်းလောက်မှာ ဒီအခြေအနေမျိုးဖြစ်နိုင်ပါတယ်။

ဒီအခြေအနေမျိုးအတွက် စိတ်ကျရောဂါကုသဆေးဝါးတွေက အထောက်အကူဖြစ်နိုင်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် လိင်မှုကိစ္စကျွမ်းကျင်သူ ပညာရှင်တွေဆီမှာပဲ ကုသမှုခံယူသင့်ပါတယ်။

၃။ သုက်ရည်နှင့် ဓာတ်မတည့်ခြင်း
ကိုယ်ပူတာ၊ နှာခေါင်းနီလာတာ၊ ရင်တောင့်တာတို့တွေက တုပ်ကွေးရောဂါဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေကိုပဲ POIS လို ခေါ်တဲ့ သုက်လွှတ်ပြီးဖျားနာရောဂါမှာ ကြံုတွေ့ရနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်က သင့်ရဲ့သုက်ရည်ကို ပြင်ပကကျူးကျော်ဝင်ရောက်လာတဲ့အရာတစ်ခုအဖြစ် သတ်မှတ်ပြီး ကိုယ်ခံအားစနစ်က တိုက်ဖျက်တာကြောင့် ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကလည်း အမျိုးသားတွေနဲ့ ဓာတ်မတည့်တာမျိုးရှိတတ်ပါတယ်။

ဒီလက္ခဏာတွေက လိင်ဆက်ဆံပြီးနောက် ချက်ချင်းဖြစ်နိုင်သလို ရက်တော်တော်ကြာပြီးမှလည်း ဖြစ်နိုင်တဲ့ အတွက် ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အခြေအနေမှန်ကို သိရှိနိုင်ဖို့ခက်ခဲပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံပြီးနောက် ဒီလိုအခြေအနေတွေကြံုတွေ့ရပြီဆိုရင် ဓာတ်မတည့်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်တွေဆီသွားရောက် ပြသတာအကောင်းဆုံးဖြစ်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%