ေအာင္ျမင္မႈဆိုတာ လြယ္လြယ္ကူကူနဲ႔ မရပါဘူး။ ထိပ္ဆံုးေရာက္ေနတဲ့ သူေတြထဲမွာ မ႐ုန္းကန္ဖူးသူ မ႐ွိပါဘူး။ ကံၾကမၼာဆိုတာ အခ်ိန္တိုင္း မ်က္ႏွာသာ မေပးပါဘူး။ အခက္အခဲေတြနဲ႔ ေတြ႕ၾကံဳရရင္ ျပန္ထၿပီး ေ႐ွ႕ဆက္ႀကိဳးစားမွ ေအာင္ျမင္မွာပါ။ ဒီမွာ ငယ္ငယ္က အခက္အခဲေတြ ၾကံဳခဲ့ေပမယ့္္ ဆက္ၾကိဳးစားခဲ့တဲ့ လူ ၁၁ ေယာက္ကို ေတြ႕ျမင္ႏိုင္မွာပါ။
၁. Walt Disney
မစ္ကီေမာက္ေလးရဲ႕ ဖခင္ Walt Disney ဟာ တီထြင္ဖန္တီးႏိုင္စြမ္းမ႐ွိဘူးလို႔ အစမွာ အေျပာခံခဲ့ရပါတယ္။ အဲဒါကို စိတ္ဓာတ္မက်ပဲ ကမၻာေက်ာ္ Donald Duck နဲ႔ Guffy တို႔ကို ဆက္ၿပီး တီထြင္ဖန္တီးျပခဲ့ပါတယ္။
၂. Steve Jobs
Apple ရဲ႕ ဖခင္ Steve Jobs ဟာ သူ႔မိဘေတြမွာ သူ႔ကိုေမြးထားဖို႔ ပိုက္ဆံမ႐ွိလို႔ ေပးပစ္ခံခဲ့ရသူပါ။ ေနာက္ပိုင္းမွာ သူပါဝင္တည္ေထာင္ခဲ့တဲ့ ကုမၸဏီက သူ႔ကို ျပန္အလုပ္ထုတ္ခဲ့ပါတယ္။ ခုခ်ိန္မွာေတာ့ ဒီဂ်စ္တယ္ကမၻာရဲ႕ ဖခင္တစ္ဦးအျဖစ္ ထင္႐ွားေနပါၿပီ။
၃. Steven Spielberg
ET, Jurassic Park တို႔ကို ႐ိုက္ကူးျပခဲ့တဲ့ ဒါ႐ိုက္တာႀကီးရဲ႕ စြမ္းေဆာင္ရည္ကို လူတိုင္းသိၾကပါတယ္။ သူဟာ ငယ္ငယ္က ႐ုပ္႐ွင္သင္တန္းေက်ာင္းတစ္ခုက အရည္အခ်င္းမမီဘူးဆိုၿပီး လက္မခံခဲ့တဲ့သူပါ။ အခု အဲဒိေက်ာင္းမွာ သူ႔နာမည္နဲ႔ ေက်ာင္းေဆာင္တစ္ခု ႐ွိေနပါၿပီ။
၄. Henry Ford
၂၀ ရာစု စက္မႈေတာ္လွန္ေခတ္ရဲ႕ ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ Ford ဟာ ကုမၸဏီႏွစ္ခါပ်က္၊ ဘဏ္ၿပိဳလဲမႈကို ငါးႀကိမ္ ၾကံဳေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္ အဲဒါေတြက သူ႔ကို ကမၻာ့အေကာင္းဆံုး ကားကုမၸဏီတစ္ခုတည္ေထာင္ဖို႔ စိတ္ဓာတ္က်မသြားေစခဲ့ပါဘူး။
၅. Richard Branson
ကေလးဘဝမွာ စိတ္မႏွံလို႔ ေက်ာင္းက လက္မခံခဲ့တဲ့ Richard Branson ဟာ အခုအခါမွာ စီးပြားေရးလုပ္ငန္းေပါင္းမ်ားစြာကို အကြက္ျမင္တတ္တဲ့ ၿဗိတိန္ႏိုင္ငံရဲ႕ ၁၂ ေယာက္ေျမာက္ အခ်မ္းသာဆံုး သူေ႒းဘဝကို ပိုက္ဆိုင္ထားပါတယ္။
၆. Abraham Lincoln
အေမရိကန္ရဲ႕ အႀကီးျမတ္ဆံုး ေခါင္းေဆာင္ေတြထဲက တစ္ေယာက္ျဖစ္တဲ့ ၁၆ ေယာက္ေျမာက္ သမၼတႀကီး Lincoln ဟာ စစ္ထဲမွာ ရာထူးခ်ခံခဲ့ရပါတယ္။ စီးပြားေရး ပ်က္စီးခဲ့ၿပီး ေရြးေကာက္ပြဲ ၈ ႀကိမ္ဆက္တိုက္ ႐ွံုးခဲ့ဖူးပါတယ္။
၇. Michael Jordan
ကမၻာ့ ဘီလီယံနာ ဘက္စကက္ေဘာ ကစားသမား No. 23 Michael Jordan ကို လူတိုင္း သိၾကမွာပါ။ သူငယ္ငယ္က သူ႔ကို ေက်ာင္းဘတ္စကက္ေဘာအသင္းက မေရြးခဲ့ဘူးဆိုတာေတာ့ လူတိုင္း မသိၾကပါဘူး။
၈. Albert Einstein
၂၀ ရာစုရဲ႕ အႀကီးျမတ္ဆံုး သိပၸံပညာ႐ွင္ Einstein ဟာ အသက္ ၄ ႏွစ္မွ စကားစေျပာတာပါ။ ေက်ာင္းအထုတ္လဲ ခံခဲ့ရပါတယ္။ အဲဒါေတြက သူ႔ကို Physics ႏိုဘယ္ဆုရ႐ွိဖို႔ကေန မတားႏိုင္ခဲ့ပါဘူး။
၉. J.K Rowling
Harry Potter ရဲ႕ ဖန္တီး႐ွင္ စာေရးဆရာမႀကီးဟာ အစက ကေလးတစ္ေယာက္နဲ႔ အလုပ္လက္မဲ့ျဖစ္ေနလို႔ အစိုးရေထာက္ပံ့ေငြနဲ႔ ေနေနရတာပါ။ Harry Potter ဇာတ္လမ္းအက်ဥ္းခ်ဳပ္ကို စာအုပ္တိုက္ ၁၂ ခုက ပယ္ခ်ဘူးပါတယ္ တဲ့။
၁၀. Amitabh Bachchan
ဒီ Bollywood Star ႀကီး အမီတာဘခ်မ္းကို မိတ္ဆက္ေပးဖို႔ လိုမယ္မထင္ပါဘူး။ ဒါေပမယ့္ အိႏၵိယ ေရဒီယိုက သူ႔အသံကို ျငင္းဖူးၿပီး ပထမဆံုး ႐ုပ္႐ွင္ ၁၂ ကားလံုး ႐ွံုးဖူးတယ္ဆိုတာ သိသူနည္းပါတယ္။
၁၁. Oprah Winfrey
ဘဝေပးကံ ဆိုးတယ္ ထင္သူမ်ားအတြက္ Oprah Winfrey ဟာ အသက္ ၉ ႏွစ္မွာ မုဒိမ္းအက်င့္ခံရၿပီး ၁၅ ႏွစ္နဲ႔ ကိုယ္ဝန္ေဆာင္ခဲ့ရပါတယ္။ သူက ကမၻာ့ဩဇာအ႐ွိဆံုးအမ်ိဳးသမီးထဲ ပါဝင္လာၿပီး ကမၻာ့ ပထမဆံုး လူမည္း ဘီလ်ံနာ ျဖစ္ခဲ့တာကို ေမ့မထားပါနဲ႔။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
ကျရှုံးမှုကို အောင်မြင်မှုအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့တဲ့ လူသား ၁၁ ယောက်
အောင်မြင်မှုဆိုတာ လွယ်လွယ်ကူကူနဲ့ မရပါဘူး။ ထိပ်ဆုံးရောက်နေတဲ့ သူတွေထဲမှာ မရုန်းကန်ဖူးသူ မရှိပါဘူး။ ကံကြမ္မာဆိုတာ အချိန်တိုင်း မျက်နှာသာ မပေးပါဘူး။ အခက်အခဲတွေနဲ့ တွေ့ကြံုရရင် ပြန်ထပြီး ရှေ့ဆက်ကြိုးစားမှ အောင်မြင်မှာပါ။ ဒီမှာ ငယ်ငယ်က အခက်အခဲတွေ ကြံုခဲ့ပေမယ့်် ဆက်ကြိုးစားခဲ့တဲ့ လူ ၁၁ ယောက်ကို တွေ့မြင်နိုင်မှာပါ။
၁. Walt Disney
မစ်ကီမောက်လေးရဲ့ ဖခင် Walt Disney ဟာ တီထွင်ဖန်တီးနိုင်စွမ်းမရှိဘူးလို့ အစမှာ အပြောခံခဲ့ရပါတယ်။ အဲဒါကို စိတ်ဓာတ်မကျပဲ ကမ္ဘာကျော် Donald Duck နဲ့ Guffy တို့ကို ဆက်ပြီး တီထွင်ဖန်တီးပြခဲ့ပါတယ်။
၂. Steve Jobs
Apple ရဲ့ ဖခင် Steve Jobs ဟာ သူ့မိဘတွေမှာ သူ့ကိုမွေးထားဖို့ ပိုက်ဆံမရှိလို့ ပေးပစ်ခံခဲ့ရသူပါ။ နောက်ပိုင်းမှာ သူပါဝင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီက သူ့ကို ပြန်အလုပ်ထုတ်ခဲ့ပါတယ်။ ခုချိန်မှာတော့ ဒီဂျစ်တယ်ကမ္ဘာရဲ့ ဖခင်တစ်ဦးအဖြစ် ထင်ရှားနေပါပြီ။
၃. Steven Spielberg
ET, Jurassic Park တို့ကို ရိုက်ကူးပြခဲ့တဲ့ ဒါရိုက်တာကြီးရဲ့ စွမ်းဆောင်ရည်ကို လူတိုင်းသိကြပါတယ်။ သူဟာ ငယ်ငယ်က ရုပ်ရှင်သင်တန်းကျောင်းတစ်ခုက အရည်အချင်းမမီဘူးဆိုပြီး လက်မခံခဲ့တဲ့သူပါ။ အခု အဲဒိကျောင်းမှာ သူ့နာမည်နဲ့ ကျောင်းဆောင်တစ်ခု ရှိနေပါပြီ။
၄. Henry Ford
၂၀ ရာစု စက်မှုတော်လှန်ခေတ်ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Ford ဟာ ကုမ္ပဏီနှစ်ခါပျက်၊ ဘဏ်ပြိုလဲမှုကို ငါးကြိမ် ကြံုတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒါတွေက သူ့ကို ကမ္ဘာ့အကောင်းဆုံး ကားကုမ္ပဏီတစ်ခုတည်ထောင်ဖို့ စိတ်ဓာတ်ကျမသွားစေခဲ့ပါဘူး။
၅. Richard Branson
ကလေးဘဝမှာ စိတ်မနှံလို့ ကျောင်းက လက်မခံခဲ့တဲ့ Richard Branson ဟာ အခုအခါမှာ စီးပွားရေးလုပ်ငန်းပေါင်းများစွာကို အကွက်မြင်တတ်တဲ့ ဗြိတိန်နိုင်ငံရဲ့ ၁၂ ယောက်မြောက် အချမ်းသာဆုံး သူဋ္ဌေးဘဝကို ပိုက်ဆိုင်ထားပါတယ်။
၆. Abraham Lincoln
အမေရိကန်ရဲ့ အကြီးမြတ်ဆုံး ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ၁၆ ယောက်မြောက် သမ္မတကြီး Lincoln ဟာ စစ်ထဲမှာ ရာထူးချခံခဲ့ရပါတယ်။ စီးပွားရေး ပျက်စီးခဲ့ပြီး ရွေးကောက်ပွဲ ၈ ကြိမ်ဆက်တိုက် ရှံုးခဲ့ဖူးပါတယ်။
၇. Michael Jordan
ကမ္ဘာ့ ဘီလီယံနာ ဘက်စကက်ဘော ကစားသမား No. 23 Michael Jordan ကို လူတိုင်း သိကြမှာပါ။ သူငယ်ငယ်က သူ့ကို ကျောင်းဘတ်စကက်ဘောအသင်းက မရွေးခဲ့ဘူးဆိုတာတော့ လူတိုင်း မသိကြပါဘူး။
၈. Albert Einstein
၂၀ ရာစုရဲ့ အကြီးမြတ်ဆုံး သိပ္ပံပညာရှင် Einstein ဟာ အသက် ၄ နှစ်မှ စကားစပြောတာပါ။ ကျောင်းအထုတ်လဲ ခံခဲ့ရပါတယ်။ အဲဒါတွေက သူ့ကို Physics နိုဘယ်ဆုရရှိဖို့ကနေ မတားနိုင်ခဲ့ပါဘူး။
၉. J.K Rowling
Harry Potter ရဲ့ ဖန်တီးရှင် စာရေးဆရာမကြီးဟာ အစက ကလေးတစ်ယောက်နဲ့ အလုပ်လက်မဲ့ဖြစ်နေလို့ အစိုးရထောက်ပံ့ငွေနဲ့ နေနေရတာပါ။ Harry Potter ဇာတ်လမ်းအကျဉ်းချုပ်ကို စာအုပ်တိုက် ၁၂ ခုက ပယ်ချဘူးပါတယ် တဲ့။
၁၀. Amitabh Bachchan
ဒီ Bollywood Star ကြီး အမီတာဘချမ်းကို မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ ဒါပေမယ့် အိန္ဒိယ ရေဒီယိုက သူ့အသံကို ငြင်းဖူးပြီး ပထမဆုံး ရုပ်ရှင် ၁၂ ကားလုံး ရှံုးဖူးတယ်ဆိုတာ သိသူနည်းပါတယ်။
၁၁. Oprah Winfrey
ဘဝပေးကံ ဆိုးတယ် ထင်သူများအတွက် Oprah Winfrey ဟာ အသက် ၉ နှစ်မှာ မုဒိမ်းအကျင့်ခံရပြီး ၁၅ နှစ်နဲ့ ကိုယ်ဝန်ဆောင်ခဲ့ရပါတယ်။ သူက ကမ္ဘာ့ဩဇာအရှိဆုံးအမျိုးသမီးထဲ ပါဝင်လာပြီး ကမ္ဘာ့ ပထမဆုံး လူမည်း ဘီလျံနာ ဖြစ်ခဲ့တာကို မေ့မထားပါနဲ့။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================