ေအာင္ျမင္ေက်ာ္ၾကားသူတို႔၏ အားလပ္ရက္ကို ျဖတ္သန္းနည္းမ်ား

တခ်ိဳ႕ေတြအတြက္ေတာ့ တပတ္တာရဲ႕အလုပ္နားရက္ေတြဟာ ေန႔စဥ္အလုပ္ေတြကေန ကင္းလြတ္ခြင့္ရတဲ့ အခိုက္အတန္႔ေတြျဖစ္ၿပီး တစ္ခ်ိဳ႕ေတြအတြက္ကေတာ့ ယွဥ္ၿပိဳင္မႈမွာ ေရွ႕ကေနဦးေဆာင္ႏိုင္ဖို႔ အလုပ္နားရက္ ေတြမွာေတာင္မွ မနားမေနအလုပ္ေတြလုပ္ေနၾကရတတ္ပါတယ္။ ဒီေတာ့ အလုပ္နားရက္ေတြကို ကုန္ဆံုးပံု နည္းလမ္းမွန္မမွန္ဆိုတာကို သိႏိုင္ဖို႔အတြက္ ေအာင္ျမင္ေက်ာ္ၾကားသူေတြ သူတို႔ရဲ႕အလုပ္နားရက္ကို ဘယ္လိုကုန္ဆံုးၾကသလဲဆိုတာကို ေလ့လာၾကည့္ႏိုင္ဖို႔ တင္ျပလိုက္ပါတယ္။

Elon Musk

SpaceX နဲ႔ Tesla လုပ္ငန္းတို႔ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္ၿပီး ဘီလ်ံနာတစ္ဦးလည္းျဖစ္တဲ့ Elon Musk ကေတာ့ အလုပ္နားရက္ကို သူ႔ရဲ႕ ကေလး(၅)ေယာက္နဲ႔ အခ်ိန္ျဖဳန္းေလ့ရွိပါတယ္။

Jack Dorsey

Twitter နဲ႔ Square တို႔ကို ပူးေပါင္းတည္ေထာင္သူတစ္ဦးျဖစ္တဲ့ Jack Dorsey ကေတာ့ စေနေန႔မွာ ခရီးၾကမ္း လမ္းေလွ်ာက္ေလ့ရွိၿပီး တနဂၤေႏြေန႔မွာေတာ့ ေနာက္တစ္ပတ္စာအတြက္ လိုအပ္တဲ့ျပင္ဆင္မႈေတြ လုပ္ေဆာင္ေလ့ရွိပါတယ္။

Rachel Maddow

ႏိုင္ငံေရးစာနယ္ဇင္းသမားတစ္ဦးျဖစ္တဲ့ Rachel Maddow ကေတာ့ အလုပ္ရက္ေတြမွာ မက္ဟန္တန္က တိုက္ခန္းမွာေနထိုင္ၿပီး အလုပ္နားရက္ေရာက္ရင္ေတာ့ အေနာက္မက္ဆာခ်ဴးဆက္ျပည္နယ္က ေက်းလက္အိမ္မွာ သြားေရာက္ေနထိုင္ၿပီး ကာတြန္းစာအုပ္ဖတ္ေလ့ရွိပါတယ္။

Bill Gates

Microsoft ကုမၸဏီရဲ႕တည္ေထာင္သူ ကမာၻ႕အခ်မ္းသာဆံုးပုဂၢိဳဟ္ Bill Gate ကေတာ့ အလုပ္နားရက္ေတြမွာ ဆိုရင္ သူရဲ႕သမီးျဖစ္သူ ျမင္းစီးတာကို လိုက္လံၾကည့္႐ႈေလ့ရွိၿပီး ေပ်ာ္ေပ်ာ္ေနေလ့ရွိပါတယ္။

Arianna Huffington

ေအာင္ျမင္ေက်ာ္ၾကားတဲ့ စာေရးဆရာမတစ္ဦးျဖစ္တဲ့ Arianna Huffington ကေတာ့ စေနေန႔အလုပ္နားရက္မွာ အီးေမးလ္ေတြ စစ္ေလ့ရွိပါတယ္။

Mark Cuban

စြန္႔ဦးလူငယ္လုပ္ငန္းရွင္ ဘီလ်ံနာတစ္ဦးျဖစ္တဲ့ Mark Cuban ကေတာ့ အလုပ္နားရက္ေတြမွာ သူ႔ရဲ႕ဇနီးသည္နဲ႔ အတူ သာမာန္မိသားစုဘ၀ကို ျဖတ္သန္းေလ့ရွိၿပီး ကေလးေတြကို သြန္သင္ဆံုးမစရာရွိတာေတြကို ဆံုးမေလ့ရွိပါတယ္။

Malcolm Gladwell

ေရာင္းအားအေကာင္းဆံုးစာေရးဆရာတစ္ဦးျဖစ္တဲ့ Malcolm Gladwell ကေတာ့ သူရဲ႕စေနအားလပ္ရက္ ေတြကို လက္ဖက္ရည္ေသာက္၊ သတင္းစာဖတ္၊ ႐ုပ္ျမင္သံၾကားၾကည့္ၿပီး ကုန္ဆံုးေစတတ္သူပါ။

Soledad O’Brien

စာနယ္ဇင္းသမားတစ္ဦးျဖစ္တဲ့ Soledad O’Brien ကေတာ့ အားလပ္ရက္ေတြမွာ မနက္ (၆)နာရီမွာ အိပ္ရာကထၿပီး ေလ့က်င့္ခန္းလုပ္၊ လူမႈေရးအလုပ္ေတြလုပ္ တစ္ခါတစ္ရံမွာ ျမင္းစီးေလ့က်င့္တတ္ပါတယ္။

Sergey Brin

Google အင္တာနက္၀န္ေဆာင္မႈလုပ္ငန္းရဲ႕ ပူးတြဲတည္ေထာင္သူ Sergey Brin ကေတာ့ ခႏၶာကိုယ္လက္ လႈပ္ရွားမႈေတြကို အင္တိုက္အားတိုက္လုပ္ေဆာင္တတ္သူတစ္ဦးျဖစ္ပါတယ္။ ေဟာ္ကီကစားတာ၊ ကၽြမ္းဘားကစားတာ၊ အျမင့္ခုန္တာ၊ ေကာင္းကင္ဘားတန္းကစားတာေတြကို အားလပ္ရက္မွာ လုပ္ေဆာင္ေလ့ရွိပါတယ္။

Adam Nash

The Wealthfront လုပ္ငန္းစုရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္တဲ့ Adam Nash ကေတာ့ အားလပ္ရက္ေတြမွာ သူရဲ႕ဇနီးျဖစ္သူနဲ႔ ဒိတ္လုပ္ၿပီး ညစာအတူသြားစားေလ့ရွိပါတယ္။

Michele Turner

Dictionary.com ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ေဟာင္းလဲျဖစ္ IAC ရဲ႕ ထုတ္ကုန္သစ္မဟာဗ်ဴဟာအဖြဲ႕ ေခါင္းေဆာင္လည္းျဖစ္တဲ့ Michele Turner ကေတာ့ အားလပ္ရက္ေတြမွာ မိသားစုကို အခ်ိန္အျပည့္ အ၀ေပးႏိုင္ဖို႔အတြက္ ဘယ္သူမွမႏိုးခင္ကတည္းက ထၿပီး အိမ္အလုပ္ေတြ လုပ္ေလ့ရွိသူျဖစ္ပါတယ္။

Tim Gunn

Project Runway အစီအစဥ္ရဲ႕ ပူးတြဲအစီအစဥ္တင္ဆက္သူ၊ အၾကံေပးျဖစ္တဲ့ Tim Gunn ကေတာ့ သူ႔ရဲ႕ စေနေန႔အားလပ္ရက္တိုင္းကို ျပတိုက္ေတြကို သြားေရာက္ေလ့လာတတ္သူ တစ္ဦးျဖစ္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

အောင်မြင်ကျော်ကြားသူတို့၏ အားလပ်ရက်ကို ဖြတ်သန်းနည်းများ

တချို့တွေအတွက်တော့ တပတ်တာရဲ့အလုပ်နားရက်တွေဟာ နေ့စဉ်အလုပ်တွေကနေ ကင်းလွတ်ခွင့်ရတဲ့ အခိုက်အတန့်တွေဖြစ်ပြီး တစ်ချို့တွေအတွက်ကတော့ ယှဉ်ပြိုင်မှုမှာ ရှေ့ကနေဦးဆောင်နိုင်ဖို့ အလုပ်နားရက် တွေမှာတောင်မှ မနားမနေအလုပ်တွေလုပ်နေကြရတတ်ပါတယ်။ ဒီတော့ အလုပ်နားရက်တွေကို ကုန်ဆုံးပုံ နည်းလမ်းမှန်မမှန်ဆိုတာကို သိနိုင်ဖို့အတွက် အောင်မြင်ကျော်ကြားသူတွေ သူတို့ရဲ့အလုပ်နားရက်ကို ဘယ်လိုကုန်ဆုံးကြသလဲဆိုတာကို လေ့လာကြည့်နိုင်ဖို့ တင်ပြလိုက်ပါတယ်။

Elon Musk
SpaceX နဲ့ Tesla လုပ်ငန်းတို့ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး ဘီလျံနာတစ်ဦးလည်းဖြစ်တဲ့ Elon Musk ကတော့ အလုပ်နားရက်ကို သူ့ရဲ့ ကလေး(၅)ယောက်နဲ့ အချိန်ဖြုန်းလေ့ရှိပါတယ်။

Jack Dorsey
Twitter နဲ့ Square တို့ကို ပူးပေါင်းတည်ထောင်သူတစ်ဦးဖြစ်တဲ့ Jack Dorsey ကတော့ စနေနေ့မှာ ခရီးကြမ်း လမ်းလျှောက်လေ့ရှိပြီး တနင်္ဂနွေနေ့မှာတော့ နောက်တစ်ပတ်စာအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်လေ့ရှိပါတယ်။

Rachel Maddow
နိုင်ငံရေးစာနယ်ဇင်းသမားတစ်ဦးဖြစ်တဲ့ Rachel Maddow ကတော့ အလုပ်ရက်တွေမှာ မက်ဟန်တန်က တိုက်ခန်းမှာနေထိုင်ပြီး အလုပ်နားရက်ရောက်ရင်တော့ အနောက်မက်ဆာချူးဆက်ပြည်နယ်က ကျေးလက်အိမ်မှာ သွားရောက်နေထိုင်ပြီး ကာတွန်းစာအုပ်ဖတ်လေ့ရှိပါတယ်။

Bill Gates
Microsoft ကုမ္ပဏီရဲ့တည်ထောင်သူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုဟ် Bill Gate ကတော့ အလုပ်နားရက်တွေမှာ ဆိုရင် သူရဲ့သမီးဖြစ်သူ မြင်းစီးတာကို လိုက်လံကြည့်ရှုလေ့ရှိပြီး ပျော်ပျော်နေလေ့ရှိပါတယ်။

Arianna Huffington
အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာမတစ်ဦးဖြစ်တဲ့ Arianna Huffington ကတော့ စနေနေ့အလုပ်နားရက်မှာ အီးမေးလ်တွေ စစ်လေ့ရှိပါတယ်။

Mark Cuban
စွန့်ဦးလူငယ်လုပ်ငန်းရှင် ဘီလျံနာတစ်ဦးဖြစ်တဲ့ Mark Cuban ကတော့ အလုပ်နားရက်တွေမှာ သူ့ရဲ့ဇနီးသည်နဲ့ အတူ သာမာန်မိသားစုဘဝကို ဖြတ်သန်းလေ့ရှိပြီး ကလေးတွေကို သွန်သင်ဆုံးမစရာရှိတာတွေကို ဆုံးမလေ့ရှိပါတယ်။

Malcolm Gladwell
ရောင်းအားအကောင်းဆုံးစာရေးဆရာတစ်ဦးဖြစ်တဲ့ Malcolm Gladwell ကတော့ သူရဲ့စနေအားလပ်ရက် တွေကို လက်ဖက်ရည်သောက်၊ သတင်းစာဖတ်၊ ရုပ်မြင်သံကြားကြည့်ပြီး ကုန်ဆုံးစေတတ်သူပါ။

Soledad O’Brien
စာနယ်ဇင်းသမားတစ်ဦးဖြစ်တဲ့ Soledad O’Brien ကတော့ အားလပ်ရက်တွေမှာ မနက် (၆)နာရီမှာ အိပ်ရာကထပြီး လေ့ကျင့်ခန်းလုပ်၊ လူမှုရေးအလုပ်တွေလုပ် တစ်ခါတစ်ရံမှာ မြင်းစီးလေ့ကျင့်တတ်ပါတယ်။

Sergey Brin
Google အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းရဲ့ ပူးတွဲတည်ထောင်သူ Sergey Brin ကတော့ ခန္ဓာကိုယ်လက် လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်လုပ်ဆောင်တတ်သူတစ်ဦးဖြစ်ပါတယ်။ ဟော်ကီကစားတာ၊ ကျွမ်းဘားကစားတာ၊ အမြင့်ခုန်တာ၊ ကောင်းကင်ဘားတန်းကစားတာတွေကို အားလပ်ရက်မှာ လုပ်ဆောင်လေ့ရှိပါတယ်။

Adam Nash
The Wealthfront လုပ်ငန်းစုရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Adam Nash ကတော့ အားလပ်ရက်တွေမှာ သူရဲ့ဇနီးဖြစ်သူနဲ့ ဒိတ်လုပ်ပြီး ညစာအတူသွားစားလေ့ရှိပါတယ်။

Michele Turner
Dictionary.com ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်းလဲဖြစ် IAC ရဲ့ ထုတ်ကုန်သစ်မဟာဗျူဟာအဖွဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ Michele Turner ကတော့ အားလပ်ရက်တွေမှာ မိသားစုကို အချိန်အပြည့် အဝပေးနိုင်ဖို့အတွက် ဘယ်သူမှမနိုးခင်ကတည်းက ထပြီး အိမ်အလုပ်တွေ လုပ်လေ့ရှိသူဖြစ်ပါတယ်။

Tim Gunn
Project Runway အစီအစဉ်ရဲ့ ပူးတွဲအစီအစဉ်တင်ဆက်သူ၊ အကြံပေးဖြစ်တဲ့ Tim Gunn ကတော့ သူ့ရဲ့ စနေနေ့အားလပ်ရက်တိုင်းကို ပြတိုက်တွေကို သွားရောက်လေ့လာတတ်သူ တစ်ဦးဖြစ်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%