သင့်ကို စကားပြောကောင်းသူ တစ်ယောက် ဖြစ်စေဖို့ အဲဒိ နှုတ်အမူအရာ ၇ မျိုးကို ဖော်ပြလိုက်ပါတယ်။
၁. အတင်းပြောခြင်း
၂. ဆုံးဖြတ်ခြင်း
၃. အဆိုးမြင်ခြင်း
၎. အထွန့်တက်ခြင်း
၆. ပုံကြီးချဲ့ခြင်း
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
ချက်ခြင်းပြင်ရမယ့် နှုတ်အမူအရာ ရမျိုး
သင့်စကားကို ဘယ်သူမှ နားထောင်မပေးရင် သင့်ရဲ့ အကောင်းဆုံး အကြံ ဉာဏ်တွေတောင် အလကား ဖြစ်ကုန်မှာပါ။ စကားပြော ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တဲ့ Julian Treasure ဟာ သူ့ရဲ့ ဟောပြောပွဲတစ်ခုမှာ အရမ်းဆိုးတဲ့ နှုတ်အမူအရာ ရ မျိုးအကြောင်း ပြောပြခဲ့ပါတယ်။ အဲဒါတွေက သင့်ကို ပရိသတ်မဲ့ ဖြစ်သွားစေနိုင်ပြီး သာမန်လူတွေရဲ့ အမူအကျင့်တွေပါပဲ။
သင့်ကို စကားပြောကောင်းသူ တစ်ယောက် ဖြစ်စေဖို့ အဲဒိ နှုတ်အမူအရာ ရ မျိုးကို ဖော်ပြလိုက်ပါတယ်။
၁. အတင်းပြောခြင်း
တစ်ယောက်ယောက်အကြောင်း မကောင်းပြောတာက သင့်ကိုလဲ အကျိုးသက်ရောက်ပါတယ်။ မကောင်းကြောင်း အတင်းပြောရင် သင့်ရဲ့ ကိုယ်ကျင့်တရားကို ထိခိုက်စေပြီး သူများတွေကလဲ သင့်အကြောင်း အဆင်းပြန်ပြောလာကြမှာပါ။
၂. ဆုံးဖြတ်ခြင်း
သင့်ရဲ့ စကားဝိုင်းတွေတိုင်းမှာ တခြားသူတွေအကြောင်းချည်းပဲ ပြောနေပြီး ကိုယ့်ဘာသာ ကောက်ချက်ချ ဆုံးဖြတ်နေရင်တော့ ခုလက်ရှိ သင်နဲ့ စကားပြောနေသူတောင် အဆုံးဖြတ်ခံရမှာ လန့်ပြီး သင့်ကို ပွင့်ပွင့်လင်းလင်း စကားမပြောရဲပဲ ဖြစ်သွားမှာပါ။
၃. အဆိုးမြင်ခြင်း
အကောင်းမြင်တတ်တာဟာ သင့်ကို စကားဝိုင်းထဲမှာ ပိုဝင်ဆန့်စေပြီး သင့်ရဲ့ ကျန်းမာရေးကိုပါ ပိုကောင်းလာစေပါတယ်။
၄. အထွန့်တက်ခြင်း
အထွန့်ထက်တာဟာ သင် မသိလိုက်ခင်မှာပဲ အကျင့်တစ်ခု ဖြစ်လာနိုင်ပါတယ်။ သင်ဟာ မကြာခင်မှာပဲ ရာသီဥတု၊ ပါတ်ဝန်ကျင်၊ သတင်း၊ အလုပ်၊ အရာအားလုံးကို အထွန့်တက်လာပါလိမ့်မယ်။ အဲဒါက မကောင်းတဲ့ နှုတ်အမူအရာ တစ်ခုပါ။
၅. အလွန်အကျွံ အကြောင်းပြချက် ပေးခြင်း
တချို့သူတွေက ဆုံးရှုံးမှုနဲ့ ကြံုရရင် သူတို့ကိုယ်တိုင်ကလွဲပြီး တခြားသူတွေ အားလုံး၊ တစ်လောကလုံးပေါ်မှာ အပြစ်ပုံချတတ်ကြပါတယ်။ တခြားသူတွေကတော့ မပြောချင်လို့ လွှတ်ပေးထားပေမယ့် သူ့ရဲ့ တာဝန်မယူတဲ့ စိတ်ဓာတ်ကြောင့် နောက်ထပ်အလုပ် တွဲလုပ်ချင်မှာ မဟုတ်ပါဘူး။
၆. ပုံကြီးချဲ့ခြင်း
ပုံကြီးချဲ့ပြောတာဟာ လူတိုင်းလိုလို လုပ်နေကျပါ။ ဒါပေမယ့် ပုံမှန်ထက် အကြီးချဲ့ပြောတာ လိမ်ညာတာဖြစ်ပြီး ဘယ်သူမှ အလိမ်အညာတွေ နားမထောင်ချင်ပါဘူး။
၇. ကိုယ့်ဘာသာ အလွန်အကျွံ အမှန်ယူခြင်း
အမြင်တွေ အတွေးအခေါ်တွေ ရှုပ်ထွေးလာတဲ့ အခါမျိုးမှာ ဘယ်သူကမှ ” တကယ်လို့ မင်းပြောတာသာ မှန်ခဲ့ရင် ” ဆိုတာနဲ့ စတဲ့ အတွေးအခေါ်တွေကို ကြားချင်မှာ မဟုတ်ပါဘူး။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================