ဘဝမွာ ေပ်ာ္ရႊင္ေအာင္ျမင္ဖို႔ နည္းလမ္းမ်ား

လူတစ္ေယာက္ရဲ႕ စြမ္းေဆာင္ရည္ဆိုတာ သူ႔ရဲ႕ အခ်ိန္ကို အက်ိဳး႐ွိ႐ွိ အသံုးခ်ႏိုင္စြမ္းပါပဲ။ အေႏွာက္အယွက္မ်ားလွတဲ့ေခတ္ႀကီးမွာ အလုပ္ကို ဦးစားေပးႏိုင္တဲ့သူက ေအာင္ျမင္မွာပါ။ ဒါေပမယ့္ တစ္ခါတစ္ေလမွာေတာ့ အလုပ္လုပ္တာရပ္ၿပီး ဘဝမွာ ေနေပ်ာ္ေအာင္ ေနဖို႔လဲလိုပါတယ္။

၁. အေကာင္းျမင္ပါ

လုပ္စရာေတြ၊ အလုပ္ေတြကိုပဲ အျမဲစဥ္းစားေနတာဟာ သင့္ကိုယ္သင္ စက္႐ုပ္တစ္ခုလို ပံုသြင္းလိုက္ျခင္းပါ။ အခက္အခဲေတြကို စြန္႔စားခန္းအေနနဲ႔ ေျပာင္းၿပီးစဥ္းစားၾကည့္ပါ။ အေကာင္းျမင္ျခင္းရဲ႕အက်ိဳးေတြဟာ မ်ားျပားလွပါတယ္။

၂. က်န္းမာေရးနဲ႔ညီၫြတ္ေအာင္ စားပါ

လူေတာ္ေတာ္မ်ားမ်ားဟာ တစ္သက္မွာ ကိုယ္ခႏၶာတစ္ခုပဲ ႐ွိမွာကို သတိမထားမိတတ္ပါဘူး။ စိတ္ဖိစီးမႈမ်ားတဲ့လူေနမႈပံုစံကလဲ ခႏၶာကိုယ္ကို မ်က္ႏွာသာ မေပးပါဘူး။ အဲဒါေတြကို ဆန္႔က်င္ဖို႔ေသခ်ာတဲ့နည္းလမ္းကေတာ့ က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ စားေပးျခင္းပါပဲ။

၃. ေလ့က်င့္ခန္းလုပ္ပါ

က်န္းမာေရးနဲ႔ညီၫြတ္ေအာင္ စားေပးရံုနဲ႔ မလံုေလာက္ေသးပါဘူး။ အေကာင္းဆံုးခႏၶာကိုယ္ရဖို႔ဆို ေလ့က်င့္ခန္းလဲ လုပ္ေပးရပါမယ္။ ေလ့က်င့္ခနး္ေတြဟာ ကိုယ္စိတ္ ႏွစ္ခုလံုးအက်ိဳး႐ွိေစပါတယ္။ မပ်င္းပါနဲ႔။

၄. အရမ္းမစိုးရိမ္ပါနဲ႔

ဘဝေတြဟာ ဆက္ႏြယ္ေနၾကေတာ့ ကြၽန္ေတာ္တို႔နဲ႔ ဆိုင္ဆိုင္ မဆိုင္ဆိုင္ စိတ္ပူေနတတ္ၾကပါတယ္။ သင့္ရဲ႕ လာမယ့္အလုပ္အတြက္ပဲ ျဖစ္ျဖစ္၊ နီေပါမွာ ငလ်င္လႈပ္တာပဲျဖစ္ျဖစ္ အကုန္လိုက္ၿပီး စိုးရိမ္ပူပန္မေနပါနဲ႔။ မတတ္ႏိုင္တဲ့ ကိစၥေတြအတြက္ မပူပန္ပါနဲ႔ေတာ့။ အခ်ိန္ကုန္ပါတယ္။

၅. အလုပ္ႀကိဳးစားပါ

ခုေခတ္မွာ ဉာဏ္သံုးၿပီး လုပ္တာက အလုပ္ႀကိဳးစားတာထက္ ေရပန္းစားပါတယ္။ ဉာဏ္သံုးတာက ျမန္ျမန္ဆန္ဆန္ ေခ်ာေခ်ာေမြ႕ေမြ႕ ႐ွိေပမယ့္ ႀကီးႀကီးမားမားအလုပ္ဆိုရင္ ႀကိဳးစားမွ ေအာင္ျမင္မႈရဖို႔ ေသခ်ာမွာပါ။

၆. ရယ္ပါ

ခုေခတ္မွာ ဟာသကားေတြ အၿငိမ့္ေတြ အရမ္းလူႀကိဳက္မ်ားေနတာ အလကားမဟုတ္ပါဘူး။ ရယ္ျခင္းဟာ စိတ္ပူပန္ျခင္းကို ေပ်ာက္ေစႏိုင္ပါတယ္။ ရယ္စရာေတြ႕ရင္ အားရပါးရ ရယ္လိုက္ၿပီးေတာ့ ပူပန္မႈေတြ လြင့္ပါးသြားမွာကို ေစာင့္ၾကည့္လိုက္ပါ။

၇. ေကာင္းေကာင္းအိပ္ပါ

အိပ္ခ်ိန္ေကာင္းေကာင္းထားဖို႔ ဘယ္လိုေျပာေျပာ၊ ေတာ္ေတာ္မ်ားမ်ားဟာ ဆို႐ွယ္မီဒိယာနဲ႔ ဂိမ္းေတြရဲ႕ လႊမ္းမိုးမႈေအာက္မွာ အိပ္ခ်ိန္ကိုစေတးေနၾကဆဲပါ။ အဲဒါက စိတ္ညစ္ညဴးေစႏိုင္ၿပီး အလုပ္ခ်ိန္မွာ ႏိုးေနဖို႔ ေကာ္ဖီ တစ္ေန႔လံုး ေသာက္ေနရပါတယ္။ အဲဒိ သံသရာက ႐ုန္းထြက္ႏိုင္ဖို႔ ဖုန္းကို ေဝးေဝးထားၿပီး ဒီညပဲ အိပ္ေရးဝဝ အိပ္လိုက္ပါေတာ့။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ဘဝမှာ ပျော်ရွှင်အောင်မြင်ဖို့ နည်းလမ်း ရ သွယ်

လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ဆိုတာ သူ့ရဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်စွမ်းပါပဲ။ အနှောက်အယှက်များလှတဲ့ခေတ်ကြီးမှာ အလုပ်ကို ဦးစားပေးနိုင်တဲ့သူက အောင်မြင်မှာပါ။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ အလုပ်လုပ်တာရပ်ပြီး ဘဝမှာ နေပျော်အောင် နေဖို့လဲလိုပါတယ်။

၁. အကောင်းမြင်ပါ

လုပ်စရာတွေ၊ အလုပ်တွေကိုပဲ အမြဲစဉ်းစားနေတာဟာ သင့်ကိုယ်သင် စက်ရုပ်တစ်ခုလို ပုံသွင်းလိုက်ခြင်းပါ။ အခက်အခဲတွေကို စွန့်စားခန်းအနေနဲ့ ပြောင်းပြီးစဉ်းစားကြည့်ပါ။ အကောင်းမြင်ခြင်းရဲ့အကျိုးတွေဟာ များပြားလှပါတယ်။

၂. ကျန်းမာရေးနဲ့ညီညွတ်အောင် စားပါ

လူတော်တော်များများဟာ တစ်သက်မှာ ကိုယ်ခန္ဓာတစ်ခုပဲ ရှိမှာကို သတိမထားမိတတ်ပါဘူး။ စိတ်ဖိစီးမှုများတဲ့လူနေမှုပုံစံကလဲ ခန္ဓာကိုယ်ကို မျက်နှာသာ မပေးပါဘူး။ အဲဒါတွေကို ဆန့်ကျင်ဖို့သေချာတဲ့နည်းလမ်းကတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပေးခြင်းပါပဲ။

၃. လေ့ကျင့်ခန်းလုပ်ပါ

ကျန်းမာရေးနဲ့ညီညွတ်အောင် စားပေးရုံနဲ့ မလုံလောက်သေးပါဘူး။ အကောင်းဆုံးခန္ဓာကိုယ်ရဖို့ဆို လေ့ကျင့်ခန်းလဲ လုပ်ပေးရပါမယ်။ လေ့ကျင့်ခနး်တွေဟာ ကိုယ်စိတ် နှစ်ခုလုံးအကျိုးရှိစေပါတယ်။ မပျင်းပါနဲ့။

၄. အရမ်းမစိုးရိမ်ပါနဲ့

ဘဝတွေဟာ ဆက်နွယ်နေကြတော့ ကျွန်တော်တို့နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် စိတ်ပူနေတတ်ကြပါတယ်။ သင့်ရဲ့ လာမယ့်အလုပ်အတွက်ပဲ ဖြစ်ဖြစ်၊ နီပေါမှာ ငလျင်လှုပ်တာပဲဖြစ်ဖြစ် အကုန်လိုက်ပြီး စိုးရိမ်ပူပန်မနေပါနဲ့။ မတတ်နိုင်တဲ့ ကိစ္စတွေအတွက် မပူပန်ပါနဲ့တော့။ အချိန်ကုန်ပါတယ်။

၅. အလုပ်ကြိုးစားပါ

ခုခေတ်မှာ ဉာဏ်သုံးပြီး လုပ်တာက အလုပ်ကြိုးစားတာထက် ရေပန်းစားပါတယ်။ ဉာဏ်သုံးတာက မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့ ရှိပေမယ့် ကြီးကြီးမားမားအလုပ်ဆိုရင် ကြိုးစားမှ အောင်မြင်မှုရဖို့ သေချာမှာပါ။

၆. ရယ်ပါ

ခုခေတ်မှာ ဟာသကားတွေ အငြိမ့်တွေ အရမ်းလူကြိုက်များနေတာ အလကားမဟုတ်ပါဘူး။ ရယ်ခြင်းဟာ စိတ်ပူပန်ခြင်းကို ပျောက်စေနိုင်ပါတယ်။ ရယ်စရာတွေ့ရင် အားရပါးရ ရယ်လိုက်ပြီးတော့ ပူပန်မှုတွေ လွင့်ပါးသွားမှာကို စောင့်ကြည့်လိုက်ပါ။

၇. ကောင်းကောင်းအိပ်ပါ

အိပ်ချိန်ကောင်းကောင်းထားဖို့ ဘယ်လိုပြောပြော၊ တော်တော်များများဟာ ဆိုရှယ်မီဒိယာနဲ့ ဂိမ်းတွေရဲ့ လွှမ်းမိုးမှုအောက်မှာ အိပ်ချိန်ကိုစတေးနေကြဆဲပါ။ အဲဒါက စိတ်ညစ်ညူးစေနိုင်ပြီး အလုပ်ချိန်မှာ နိုးနေဖို့ ကော်ဖီ တစ်နေ့လုံး သောက်နေရပါတယ်။ အဲဒိ သံသရာက ရုန်းထွက်နိုင်ဖို့ ဖုန်းကို ဝေးဝေးထားပြီး ဒီညပဲ အိပ်ရေးဝဝ အိပ်လိုက်ပါတော့။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

%%footer%%