၀န္ထမ္းေကာင္းေတြ မဆုံး႐ႈံးေစဖို႔ ေရွာင္ရွားသင့္တ့ဲ အမူအက်င့္ (၄)ခု

လုပ္ငန္းရွင္တစ္ဦးအေနနဲ႔ အရည္အခ်င္းရွိတ့ဲ၀န္ထမ္းေတြရရွိဖို႔ အခ်ိန္ေပးၿပီး ေလ့က်င့္သင္ၾကားေပးၾကရပါတယ္။ ဒါေပမယ့္ သတိမထားမိတ့ဲ စီမံခန္႔ခဲြမႈအမွားေတြေၾကာင့္ ၀န္ထမ္းေကာင္းေတြကို စိတ္ပ်က္သြားေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ၀န္ထမ္းေကာင္းေတြ မဆုံး႐ႈံးေစဖို႔ ေရွာင္က်ဥ္ရမယ့္ အမူအက်င့္ေတြကို စုစည္းတင္ျပလိုက္ပါတယ္။

(၁) အေျပာတစ္မ်ိဳးအလုပ္တစ္မ်ိဳးလုပ္ျခင္း

၀န္ထမ္းေတြကို လိုက္နာဖို႔ ညႊန္ၾကားထားတဲ့အတိုင္း သင္ကိုယ္တိုင္က မလိုက္နာဘူးဆိုရင္ ၀န္ထမ္းေတြရဲ႕ယုံၾကည္မႈကို ဆုံး႐ႈံးရမွာ ျဖစ္ပါတယ္။

(၂) စရိတ္ေခၽြတာလြန္းျခင္း

၀န္ထမ္းေတြ စြမ္းေဆာင္ရည္ျပည့္၀စြာ လုပ္ငန္းလုပ္ေဆာင္ႏိုင္ဖို႔အတြက္ လိုအပ္တ့ဲစက္ပစၥည္း ကိရိယာေတြျဖည့္တင္းေပးဖို႔ လက္တြန္႔ေနတာမ်ိဳး၊ လုံေလာက္တ့ဲ၀န္ထမ္းအေရအတြက္ မခန္႔ထားေပးတာမ်ိဳးေတြက ၀န္ထမ္းေတြရဲ႕စြမ္းေဆာင္ရည္ကို က်ဆင္းေစၿပီး အလုပ္ကို စိတ္ပ်က္သြားေစႏိုင္ပါတယ္။

(၃) အေသးစိတ္စိီမံခန္႔ခဲြမႈမ်ား လုပ္ေဆာင္ျခင္း

၀န္ထမ္းေကာင္းေတြခန္႔အပ္ထားၿပီး သင့္ေတာ္စြာေလ့က်င့္သင္ၾကားေပးၿပီးၿပီဆိုရင္ အလုပ္တာ၀န္ေတြကို ယုံယုံၾကည္ၾကည္ေပးအပ္ ေစခိုင္းသင့္ပါတယ္။ တစ္စုံတစ္ရာ ျပႆနာရွိခ့ဲမယ္ဆိုရင္လည္း ထပ္မံေလ့က်င့္သင္ၾကားေပးရမွာျဖစ္ပါတယ္။ ဒီလိုမဟုတ္ပဲ ကိစၥႀကီးငယ္မေရြး ေနရာတကာ၀င္ေရာက္ဆုံးျဖတ္ေနမယ္ဆိုရင္ ၀န္ထမ္းေတြရဲ႕လုပ္ရည္ကိုင္ရည္တိုးတက္လာမွာ မဟုတ္သလို အလုပ္ကိုပိုေကာင္းေအာင္လုပ္ဖို႔ မ၀ံ့မရဲျဖစ္ၿပီး စိတ္ပ်က္လာၾကမွာျဖစ္ပါတယ္။

(၄) သင့္သေဘာတစ္ခုတည္းျဖင့္ ဆုံးျဖတ္ေဆာင္ရြက္ျခင္း

၀န္ထမ္းေတြဟာ သင့္ရဲ႕ပုံတူလူသားေတြ မဟုတ္ပါဘူး။ လူတစ္ကိုယ္စိတ္တစ္မ်ိဳးျဖစ္ၾကတ့ဲအတြက္ သူတို႔မွာလည္း သင္နဲ႔ကြဲျပားျခားနားတ့ဲ အျမင္ေတြ၊ ဆန္းသစ္တ့ဲစိတ္ကူးေတြ ရွိတတ္ပါတယ္။ ဒါေၾကာင့္ သင့္၀န္ထမ္းေတြရဲ႕ စ႐ုိက္နဲ႔အႀကိုက္ကိုပါ တတ္ႏိုင္သေလာက္ ထည့္သြင္း စဥ္းစားေပးဖို႔နဲ႔ အလုပ္ကိုထိထိေရာက္ေရာက္လုပ္ႏိုင္ဖို႔ သူတို႔ဘာေတြလိုအပ္သလဲဆိုတာကိုပါ နားလည္ထားရမွာျဖစ္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

# ၀န်ထမ်းကောင်းတွေ မဆုံးရှုံးစေဖို့ ရှောင်ရှားသင့်တဲ့ အမူအကျင့် (၄)ခု #

လုပ်ငန်းရှင်တစ်ဦးအနေနဲ့ အရည်အချင်းရှိတဲ့ဝန်ထမ်းတွေရရှိဖို့ အချိန်ပေးပြီး လေ့ကျင့်သင်ကြားပေးကြရပါတယ်။ ဒါပေမယ့် သတိမထားမိတဲ့ စီမံခန့်ခွဲမှုအမှားတွေကြောင့် ၀န်ထမ်းကောင်းတွေကို စိတ်ပျက်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ၀န်ထမ်းကောင်းတွေ မဆုံးရှုံးစေဖို့ ရှောင်ကျဉ်ရမယ့် အမူအကျင့်တွေကို စုစည်းတင်ပြလိုက်ပါတယ်။

(၁) အပြောတစ်မျိုးအလုပ်တစ်မျိုးလုပ်ခြင်း
၀န်ထမ်းတွေကို လိုက်နာဖို့ ညွှန်ကြားထားတဲ့အတိုင်း သင်ကိုယ်တိုင်က မလိုက်နာဘူးဆိုရင် ၀န်ထမ်းတွေရဲ့ယုံကြည်မှုကို ဆုံးရှုံးရမှာ ဖြစ်ပါတယ်။

(၂) စရိတ်ချွေတာလွန်းခြင်း
၀န်ထမ်းတွေ စွမ်းဆောင်ရည်ပြည့်ဝစွာ လုပ်ငန်းလုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့စက်ပစ္စည်း ကိရိယာတွေဖြည့်တင်းပေးဖို့ လက်တွန့်နေတာမျိုး၊ လုံလောက်တဲ့ဝန်ထမ်းအရေအတွက် မခန့်ထားပေးတာမျိုးတွေက ၀န်ထမ်းတွေရဲ့စွမ်းဆောင်ရည်ကို ကျဆင်းစေပြီး အလုပ်ကို စိတ်ပျက်သွားစေနိုင်ပါတယ်။

(၃) အသေးစိတ်စိီမံခန့်ခွဲမှုများ လုပ်ဆောင်ခြင်း
၀န်ထမ်းကောင်းတွေခန့်အပ်ထားပြီး သင့်တော်စွာလေ့ကျင့်သင်ကြားပေးပြီးပြီဆိုရင် အလုပ်တာဝန်တွေကို ယုံယုံကြည်ကြည်ပေးအပ် စေခိုင်းသင့်ပါတယ်။ တစ်စုံတစ်ရာ ပြဿနာရှိခဲ့မယ်ဆိုရင်လည်း ထပ်မံလေ့ကျင့်သင်ကြားပေးရမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ ကိစ္စကြီးငယ်မရွေး နေရာတကာဝင်ရောက်ဆုံးဖြတ်နေမယ်ဆိုရင် ၀န်ထမ်းတွေရဲ့လုပ်ရည်ကိုင်ရည်တိုးတက်လာမှာ မဟုတ်သလို အလုပ်ကိုပိုကောင်းအောင်လုပ်ဖို့ မဝံ့မရဲဖြစ်ပြီး စိတ်ပျက်လာကြမှာဖြစ်ပါတယ်။

(၄) သင့်သဘောတစ်ခုတည်းဖြင့် ဆုံးဖြတ်ဆောင်ရွက်ခြင်း
၀န်ထမ်းတွေဟာ သင့်ရဲ့ပုံတူလူသားတွေ မဟုတ်ပါဘူး။ လူတစ်ကိုယ်စိတ်တစ်မျိုးဖြစ်ကြတဲ့အတွက် သူတို့မှာလည်း သင်နဲ့ကွဲပြားခြားနားတဲ့ အမြင်တွေ၊ ဆန်းသစ်တဲ့စိတ်ကူးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် သင့်ဝန်ထမ်းတွေရဲ့ စရိုက်နဲ့အကြိုက်ကိုပါ တတ်နိုင်သလောက် ထည့်သွင်း စဉ်းစားပေးဖို့နဲ့ အလုပ်ကိုထိထိရောက်ရောက်လုပ်နိုင်ဖို့ သူတို့ဘာတွေလိုအပ်သလဲဆိုတာကိုပါ နားလည်ထားရမှာဖြစ်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%