ဉာဏ္ေကာင္းသူေတြရဲ႕ ဘံုတူညီခ်က္ ၇ ခ်က္

အိုင္စတိုင္း၊ ႐ွတ္စပီးယား၊ မဒမ္ မာရီက်ဴရီ သူတို႔အားလံုးမွာ ကြဲျပားျခားနားတဲ့ ဘဝဇာတ္လမ္းေတြ ႐ွိၾကပါတယ္။ လူသားေတြကို အက်ိဳးျပဳခဲ့ပံုျခင္းလဲ မတူညီပါဘူး။ ဒါေပမယ့္ ေတာ္တဲ့ ထူးခြၽန္တဲ့သူတိုင္းမွာ ဘံုတူညီေနတဲ့ အခ်က္ေလးေတြေတာ့ ႐ွိပါတယ္။

၁. အေျပာင္းအလဲကို လက္သင့္ခံႏိုင္ပါတယ္

ဉာဏ္ေကာင္းသူေတြဟာ ေျပာင္းလြယ္ ျပင္လြယ္႐ွိၿပီးေတာ့ အေျခအေနမ်ိဳးစံုကို လက္ခံႏိုင္ပါတယ္။ သူတို႔ ေတြ႕ထင္ထားတာနဲ႔ ရလဒ္က ေျပာင္းျပန္ျဖစ္ေနရင္ေတာင္ ေခါင္းမမာၾကပါဘူး။ ပါတ္ဝန္းက်င္နဲ႔လဲ လိုက္ေလ်ာေအာင္ ေနတတ္ၾကပါတယ္။

၂. သူတို႔ မသိတာကို သူတို႔ နားလည္ပါတယ္

ဉာဏ္ေကာင္းသူေတြဟာ မသိဘူး ေျပာရမွာ မေၾကာက္ၾကပါဘူး။ သူတို႔ မသိတဲ့ အေၾကာင္းအရာဆိုရင္ အမွန္အတိုင္း ဝန္ခံတတ္ၾကပါတယ္။ သူတို႔မသိရင္ သူတို႔ ေလ့လာဖို႔ ႀကိဳးစားပါတယ္။ သိဟန္ေဆာင္မေနပါဘူး။

၃. သူတို႔မွာ ရပ္တန္႔မရတဲ့ စူးစမ္းလိုစိတ္႐ွိတယ္

အိုင္စတိုင္းက ေျပာခဲ့ဖူးပါတယ္။ သူက ဘာမွ ထူးထူးေထြေထြ ေတာ္မေနပါဘူး။ အရမ္း စူးစမ္းခ်င္ရံုေလးပါ တဲ့။ ပါတ္ဝန္းက်င္အေပၚ စူးစမ္းေလ့လာလိုစိတ္ဟာ ထူးခြၽန္ဖို႔အတြက္ ေသာ့ခ်က္ ျဖစ္ႏိုင္ပါတယ္။ တျခားသူေတြ အမႈမဲ့ အမွတ္မဲ့ ထားမိတာေလးေတြကို ဂ႐ုတစိုက္ စူးစမ္းတတ္ၾကပါတယ္။

၄. ေမးခြန္းေကာင္းေကာင္း ေမးတတ္ပါတယ္

ပံုမွန္လူေတြနဲ႔ ထူးခြၽန္သူေတြ ကြာတာက ေမးခြန္းေကာင္းေကာင္း ေမးတတ္တာပါပဲ။ ဉာဏ္ေကာင္းသူေတြက ေမးခြန္းေကာင္းေကာင္းဟာ အေျဖေကာင္းေကာင္းလို တန္ဖိုး႐ွိတယ္ဆိုတာ သိၾကပါတယ္။ ေမးခြန္းေကာင္းေကာင္းေမးတာဟာ စဥ္းစားလိုစိတ္ကို အေထာက္အပံ့ေပးၿပီး ျပသနာေဟာင္းေတြအတြက္ အေျဖအသစ္ေတြ ႐ွာေပးႏိုင္ပါတယ္။

၅. သူတို႔ဟာ တျခားသူေတြရဲ႕ အေတြ႕အၾကံဳကို နားလည္ပါတယ္

ဉာဏ္ေကာင္းသူေတြဟာ တျခားသူေတြ ခံစားေနရတာကို လိုက္ခံစားႏိုင္ပါတယ္။ အဲလိုခံစားႏိုင္တာဟာ လူေတြရဲ႕ စိတ္ခံစားမႈကို သိနားလည္ႏိုင္ေစပါတယ္။ ဉာဏ္ေကာင္းသူေတြဟာ လူသစ္ေတြနဲ႔ ေတြ႕ဆံုၿပီး စကားေျပာရတာကို အရမ္းႏွစ္သက္ပါတယ္။

၆. သူတို႔ဟာ အသစ္ေတြကို လက္ခံပါတယ္

ထူးခြၽန္သူေတြဟာ အိုင္ဒီယာအသစ္ေတြကို သေဘာက်ပါတယ္။ ေ႐ွး႐ိုးစြဲမေနပါဘူး။ တျခားဘက္ကျမင္တဲ့ အျမင္ကို ေလးစားပါတယ္။ အေျဖအသစ္ေတြကို လက္ခံပါတယ္။

၇ သူတို႔ဟာ လြယ္လြယ္နဲ႔ မယံုတတ္ပါဘူး

လြယ္လြယ္မယံုတတ္တာဟာ အသစ္ေတြကို လက္ခံတတ္တာနဲ႔ ဆန္႔က်င္ဘက္ေတြလို႔ ထင္ရေပမယ့္ အဲဒိႏွစ္ခုလံုး လိုအပ္ပါတယ္။ အသစ္ေတြကို လက္ခံႏိုင္ပါတယ္။ ဒါေပမယ့္ သက္ေသေကာင္းေကာင္းျပပါ။ အဲ့လိုပါ။

ဉာဏ္ေကာင္းတဲ့သူေတြဟာ သက္ေသအခိုင္အမာ႐ွိတဲ့ အသစ္ေတြကို လက္ခံႏိုင္တဲ့စိတ္ ႐ွိၾကပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ဉာဏ်ကောင်းသူတွေရဲ့ ဘုံတူညီချက် ရ ချက်

အိုင်စတိုင်း၊ ရှတ်စပီးယား၊ မဒမ် မာရီကျူရီ သူတို့အားလုံးမှာ ကွဲပြားခြားနားတဲ့ ဘဝဇာတ်လမ်းတွေ ရှိကြပါတယ်။ လူသားတွေကို အကျိုးပြုခဲ့ပုံခြင်းလဲ မတူညီပါဘူး။ ဒါပေမယ့် တော်တဲ့ ထူးချွန်တဲ့သူတိုင်းမှာ ဘုံတူညီနေတဲ့ အချက်လေးတွေတော့ ရှိပါတယ်။

၁. အပြောင်းအလဲကို လက်သင့်ခံနိုင်ပါတယ်

ဉာဏ်ကောင်းသူတွေဟာ ပြောင်းလွယ် ပြင်လွယ်ရှိပြီးတော့ အခြေအနေမျိုးစုံကို လက်ခံနိုင်ပါတယ်။ သူတို့ တွေ့ထင်ထားတာနဲ့ ရလဒ်က ပြောင်းပြန်ဖြစ်နေရင်တောင် ခေါင်းမမာကြပါဘူး။ ပါတ်ဝန်းကျင်နဲ့လဲ လိုက်လျောအောင် နေတတ်ကြပါတယ်။

၂. သူတို့ မသိတာကို သူတို့ နားလည်ပါတယ်

ဉာဏ်ကောင်းသူတွေဟာ မသိဘူး ပြောရမှာ မကြောက်ကြပါဘူး။ သူတို့ မသိတဲ့ အကြောင်းအရာဆိုရင် အမှန်အတိုင်း ဝန်ခံတတ်ကြပါတယ်။ သူတို့မသိရင် သူတို့ လေ့လာဖို့ ကြိုးစားပါတယ်။ သိဟန်ဆောင်မနေပါဘူး။

၃. သူတို့မှာ ရပ်တန့်မရတဲ့ စူးစမ်းလိုစိတ်ရှိတယ်

အိုင်စတိုင်းက ပြောခဲ့ဖူးပါတယ်။ သူက ဘာမှ ထူးထူးထွေထွေ တော်မနေပါဘူး။ အရမ်း စူးစမ်းချင်ရုံလေးပါ တဲ့။ ပါတ်ဝန်းကျင်အပေါ် စူးစမ်းလေ့လာလိုစိတ်ဟာ ထူးချွန်ဖို့အတွက် သော့ချက် ဖြစ်နိုင်ပါတယ်။ တခြားသူတွေ အမှုမဲ့ အမှတ်မဲ့ ထားမိတာလေးတွေကို ဂရုတစိုက် စူးစမ်းတတ်ကြပါတယ်။

၄. မေးခွန်းကောင်းကောင်း မေးတတ်ပါတယ်

ပုံမှန်လူတွေနဲ့ ထူးချွန်သူတွေ ကွာတာက မေးခွန်းကောင်းကောင်း မေးတတ်တာပါပဲ။ ဉာဏ်ကောင်းသူတွေက မေးခွန်းကောင်းကောင်းဟာ အဖြေကောင်းကောင်းလို တန်ဖိုးရှိတယ်ဆိုတာ သိကြပါတယ်။ မေးခွန်းကောင်းကောင်းမေးတာဟာ စဉ်းစားလိုစိတ်ကို အထောက်အပံ့ပေးပြီး ပြသနာဟောင်းတွေအတွက် အဖြေအသစ်တွေ ရှာပေးနိုင်ပါတယ်။

၅. သူတို့ဟာ တခြားသူတွေရဲ့ အတွေ့အကြုံကို နားလည်ပါတယ်

ဉာဏ်ကောင်းသူတွေဟာ တခြားသူတွေ ခံစားနေရတာကို လိုက်ခံစားနိုင်ပါတယ်။ အဲလိုခံစားနိုင်တာဟာ လူတွေရဲ့ စိတ်ခံစားမှုကို သိနားလည်နိုင်စေပါတယ်။ ဉာဏ်ကောင်းသူတွေဟာ လူသစ်တွေနဲ့ တွေ့ဆုံပြီး စကားပြောရတာကို အရမ်းနှစ်သက်ပါတယ်။

၆. သူတို့ဟာ အသစ်တွေကို လက်ခံပါတယ်

ထူးချွန်သူတွေဟာ အိုင်ဒီယာအသစ်တွေကို သဘောကျပါတယ်။ ရှေးရိုးစွဲမနေပါဘူး။ တခြားဘက်ကမြင်တဲ့ အမြင်ကို လေးစားပါတယ်။ အဖြေအသစ်တွေကို လက်ခံပါတယ်။

၇ သူတို့ဟာ လွယ်လွယ်နဲ့ မယုံတတ်ပါဘူး

လွယ်လွယ်မယုံတတ်တာဟာ အသစ်တွေကို လက်ခံတတ်တာနဲ့ ဆန့်ကျင်ဘက်တွေလို့ ထင်ရပေမယ့် အဲဒိနှစ်ခုလုံး လိုအပ်ပါတယ်။ အသစ်တွေကို လက်ခံနိုင်ပါတယ်။ ဒါပေမယ့် သက်သေကောင်းကောင်းပြပါ။ အဲ့လိုပါ။
ဉာဏ်ကောင်းတဲ့သူတွေဟာ သက်သေအခိုင်အမာရှိတဲ့ အသစ်တွေကို လက်ခံနိုင်တဲ့စိတ် ရှိကြပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

%%footer%%