ကပ္စီးကုပ္တာကို ျပဳျပင္ဖို႔

ကြၽန္ေတာ္ဟာ ကိုယ့္ဘာသာ ေခြၽတာတယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ့္ိကို ေခြၽတာတတ္တဲ့ မိဘ ၂ ပါးက ေမြးဖြားေပးခဲ့ၾကတယ္။ မလိုတဲ့မီးေတြပိတ္၊ ေရကို ေခြၽတာသံုး၊ ပိုက္ဆံကို မျဖဳန္းနဲ႔ ဆိုတဲ့ အဆံုးအမေတြနဲ႔ ႀကီးျပင္းလာရတာပါ။ ေစ်းဘယ္လိုဆစ္ရမယ္၊ ဘယ္လိုညႇိရမယ္ဆိုတာကို ကြၽန္႔ေတာ့္လူႀကီးဘဝရဲ႕ အေကာင္းဆံုး လက္နက္တစ္ခုအေနနဲ႔ သံုးခဲ့တာပါ။ ေခြၽတာတာက ကပ္စီးကုပ္တာအျဖစ္ ေျပာင္းလဲလာတဲ့အခါ ျပသနာစေတာ့တာပါပဲ။

ကပ္စီးကုပ္တာဟာ ကိုယ့္ဘာသာ လိမ္ေနတာပါပဲ။ ကပ္စီးကုပ္သူတစ္ေယာက္ဟာ မတန္တဲ့ဖိနပ္ေတြ ေစ်းေပါလို႔ ဝယ္စီးမယ္။ စီးမရေတာ့ ပစ္ထားၿပီး တစ္ျခားေစ်းေပါေပါတစ္ရံဝယ္မယ္။ ကပ္စီးကုပ္တာဟာ ေငြကို ျဖဳန္းတီးေနတာပါပဲ။

ကပ္စီးကုပ္တာ စိတ္ပိုင္းဆိုင္ရာပါ။ တစ္သက္လံုး ေဖ်ာက္ဖ်က္မရမဲ့အရာ မဟုတ္ပါဘူး။ တစ္ညထဲနဲ့ေတာ့ ျပင္လို႔မရပါဘူး။ အဓိ႒ာန္ တစ္ခုလိုပါတယ္။ အဲဒါမွ ေစ်းေပါေပါနဲ႔ လႊင့္ပစ္ရမယ့္ ပစၥည္းေတြကို ေက်ာ္သြားၿပီး တကယ္ ေကာင္းေကာင္း ႐ွည္႐ွည္ၾကာၾကာသံုးရမဲ့ ပစၥည္းတစ္ခု ဝယ္ႏိုင္မွာပါ။

ကိုယ့္ဘာသာကိုယ္ အရမ္းဖိအားေပးဖို႔ မလိုပါဘူး။ ျဖည္းျဖည္းသက္သာ အခ်ိန္ယူၿပီးလုပ္ပါ။ ကြၽန္ေတာ္ဆိုရင္ ေစ်းေပါေပါနဲ႔ ဝယ္ထားမိတဲ့ပစၥည္းေတြကို ႏွေျမာမေနပဲ လႊင့္ပစ္လိုက္ရပါတယ္။ အဲဒါမွ တကယ္အသံုးဝင္ လိုအပ္တာေတြအတြက္ ေနရာေပးႏိုင္မွာပါ။

ကြၽန္ေတာ္ကို ကပ္စီးကုပ္တာကေန စျပင္ေပးတာက ကြၽန္ေတာ့္ကြန္ပ်ဴတာပါ။ ကြၽန္ေတာ္ဟာ ကြန္ပ်ဳတာပ်က္ေနတာ သိလ်က္နဲ႔ အသစ္ဝယ္ရမွာ စိုးရြံ႔ေနပါတယ္။ ဘယ္ေလာက္ျပင္ျပင္ အသစ္တစ္လံုးဝယ္ရမယ္ဆိုတာ သိသာလာပါတယ္။ စာေရးတဲ့အလုပ္မွာ ကြန္ပ်ဴတာက မ႐ွိမျဖစ္ မို႔ပါ။

ေနာက္ဆံုး အေျခအေန အရမ္းဆိုးလာပါတယ္။ အေရးႀကီးတဲ့ စာတစ္ပုဒ္ ေရးေနတုန္းမွာ ကြန္ပ်ဴတာ ဟန္းသြားပါတယ္။ ခလုပ္ ဘယ္ေလာက္ႏွိပ္ႏွိပ္ အလုပ္မလုပ္ေတာ့ပါဘူး။

အဲဒါနဲ႔ ကြၽန္ေတာ္ ခဏရပ္လိုက္ၿပီး လြန္ခဲ့တဲ့ ေျခာက္လထဲမွာ ကြၽန္ေတာ္ ဝယ္ခဲ့တာေတြကို ျပန္စဥ္းစားလိုက္တယ္။ ကပ္ေစးနည္းျခင္းက ကြၽန္ေတာ့္ဘဝကို ဖ်က္ဆီးေနတာ သိသာလာပါတယ္။ ေဘာင္းဘီ အေရာင္ညစ္ေထးေနတာေတြ၊ ပရိေဘာဂ စုတ္စုတ္ျပတ္ျပတ္ အေဟာင္းေတြကို ေစ်းေပါတာ တစ္ခုထဲနဲ႔ ဝယ္ခဲ့တယ္။ အဲဒါေတြက ေန႔တိုင္း စိတ္ညစ္ေနေစရပါတယ္။

အဲဒါနဲ႔ ကြၽန္ေတာ္ ကြန္ပ်ဴတာအေကာင္းစားအသစ္တစ္လံုးကို ရြံ႔တြန္႔တြန္႔နဲ႔ ဝယ္ခဲ့တယ္။ ပထမေျခလွမ္းပဲလိုတာပါ။ ေနာက္ အဲဒိေဘာင္းဘီေတြကို လႊင့္ပစ္ခဲ့တယ္။ ပရိေဘာဂေတြကို ေရာင္းပစ္ခဲ့တယ္။ ေနာက္ဆံုး တြန္႔ဆုတ္မေနပဲနဲ႔ အခန္းေကာင္းေကာင္း ငွါးေနႏိုင္ခဲ့ပါတယ္။

သင့္ကို စိန္ေခၚပါတယ္။ သင့္အဆင့္အတန္းနဲ႔ အညီေနထိုင္ပါ။ ေစ်းသက္သာလို႔ ဝယ္ထားရတဲ့ အရည္အေသြးမေကာင္းတဲ့ပစၥည္းေတြကို ပစ္လိုက္ပါ။ သင္ဘယ္သူပဲျဖစ္ေနေန သင္ေနေနတဲ့ေနရာ သင့္ပိုက္ဆံကို ဘယ္လိုသံုးသံုး သင္နဲ႔ထိုက္တန္ပါတယ္။ ကပ္စီးမနည္းပါနဲ႔ေတာ့။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ကပ်စီးကုပ်တာကို ပြုပြင်ဖို့

ကျွန်တော်ဟာ ကိုယ့်ဘာသာ ချွေတာတယ်လို့ ထင်ပါတယ်။ ကျွန်တော့်ိကို ချွေတာတတ်တဲ့ မိဘ ၂ ပါးက မွေးဖွားပေးခဲ့ကြတယ်။ မလိုတဲ့မီးတွေပိတ်၊ ရေကို ချွေတာသုံး၊ ပိုက်ဆံကို မဖြုန်းနဲ့ ဆိုတဲ့ အဆုံးအမတွေနဲ့ ကြီးပြင်းလာရတာပါ။ စျေးဘယ်လိုဆစ်ရမယ်၊ ဘယ်လိုညှိရမယ်ဆိုတာကို ကျွန့်တော့်လူကြီးဘဝရဲ့ အကောင်းဆုံး လက်နက်တစ်ခုအနေနဲ့ သုံးခဲ့တာပါ။ ချွေတာတာက ကပ်စီးကုပ်တာအဖြစ် ပြောင်းလဲလာတဲ့အခါ ပြသနာစတော့တာပါပဲ။

ကပ်စီးကုပ်တာဟာ ကိုယ့်ဘာသာ လိမ်နေတာပါပဲ။ ကပ်စီးကုပ်သူတစ်ယောက်ဟာ မတန်တဲ့ဖိနပ်တွေ စျေးပေါလို့ ဝယ်စီးမယ်။ စီးမရတော့ ပစ်ထားပြီး တစ်ခြားစျေးပေါပေါတစ်ရံဝယ်မယ်။ ကပ်စီးကုပ်တာဟာ ငွေကို ဖြုန်းတီးနေတာပါပဲ။

ကပ်စီးကုပ်တာ စိတ်ပိုင်းဆိုင်ရာပါ။ တစ်သက်လုံး ဖျောက်ဖျက်မရမဲ့အရာ မဟုတ်ပါဘူး။ တစ်ညထဲနဲ့တော့ ပြင်လို့မရပါဘူး။ အဓိဋ္ဌာန် တစ်ခုလိုပါတယ်။ အဲဒါမှ စျေးပေါပေါနဲ့ လွှင့်ပစ်ရမယ့် ပစ္စည်းတွေကို ကျော်သွားပြီး တကယ် ကောင်းကောင်း ရှည်ရှည်ကြာကြာသုံးရမဲ့ ပစ္စည်းတစ်ခု ဝယ်နိုင်မှာပါ။

ကိုယ့်ဘာသာကိုယ် အရမ်းဖိအားပေးဖို့ မလိုပါဘူး။ ဖြည်းဖြည်းသက်သာ အချိန်ယူပြီးလုပ်ပါ။ ကျွန်တော်ဆိုရင် စျေးပေါပေါနဲ့ ဝယ်ထားမိတဲ့ပစ္စည်းတွေကို နှမြောမနေပဲ လွှင့်ပစ်လိုက်ရပါတယ်။ အဲဒါမှ တကယ်အသုံးဝင် လိုအပ်တာတွေအတွက် နေရာပေးနိုင်မှာပါ။

ကျွန်တော်ကို ကပ်စီးကုပ်တာကနေ စပြင်ပေးတာက ကျွန်တော့်ကွန်ပျူတာပါ။ ကျွန်တော်ဟာ ကွန်ပျုတာပျက်နေတာ သိလျက်နဲ့ အသစ်ဝယ်ရမှာ စိုးရွံ့နေပါတယ်။ ဘယ်လောက်ပြင်ပြင် အသစ်တစ်လုံးဝယ်ရမယ်ဆိုတာ သိသာလာပါတယ်။ စာရေးတဲ့အလုပ်မှာ ကွန်ပျူတာက မရှိမဖြစ် မို့ပါ။

နောက်ဆုံး အခြေအနေ အရမ်းဆိုးလာပါတယ်။ အရေးကြီးတဲ့ စာတစ်ပုဒ် ရေးနေတုန်းမှာ ကွန်ပျူတာ ဟန်းသွားပါတယ်။ ခလုပ် ဘယ်လောက်နှိပ်နှိပ် အလုပ်မလုပ်တော့ပါဘူး။

အဲဒါနဲ့ ကျွန်တော် ခဏရပ်လိုက်ပြီး လွန်ခဲ့တဲ့ ခြောက်လထဲမှာ ကျွန်တော် ဝယ်ခဲ့တာတွေကို ပြန်စဉ်းစားလိုက်တယ်။ ကပ်စေးနည်းခြင်းက ကျွန်တော့်ဘဝကို ဖျက်ဆီးနေတာ သိသာလာပါတယ်။ ဘောင်းဘီ အရောင်ညစ်ထေးနေတာတွေ၊ ပရိဘောဂ စုတ်စုတ်ပြတ်ပြတ် အဟောင်းတွေကို စျေးပေါတာ တစ်ခုထဲနဲ့ ဝယ်ခဲ့တယ်။ အဲဒါတွေက နေ့တိုင်း စိတ်ညစ်နေစေရပါတယ်။

အဲဒါနဲ့ ကျွန်တော် ကွန်ပျူတာအကောင်းစားအသစ်တစ်လုံးကို ရွံ့တွန့်တွန့်နဲ့ ဝယ်ခဲ့တယ်။ ပထမခြေလှမ်းပဲလိုတာပါ။ နောက် အဲဒိဘောင်းဘီတွေကို လွှင့်ပစ်ခဲ့တယ်။ ပရိဘောဂတွေကို ရောင်းပစ်ခဲ့တယ်။ နောက်ဆုံး တွန့်ဆုတ်မနေပဲနဲ့ အခန်းကောင်းကောင်း ငှါးနေနိုင်ခဲ့ပါတယ်။

သင့်ကို စိန်ခေါ်ပါတယ်။ သင့်အဆင့်အတန်းနဲ့ အညီနေထိုင်ပါ။ စျေးသက်သာလို့ ဝယ်ထားရတဲ့ အရည်အသွေးမကောင်းတဲ့ပစ္စည်းတွေကို ပစ်လိုက်ပါ။ သင်ဘယ်သူပဲဖြစ်နေနေ သင်နေနေတဲ့နေရာ သင့်ပိုက်ဆံကို ဘယ်လိုသုံးသုံး သင်နဲ့ထိုက်တန်ပါတယ်။ ကပ်စီးမနည်းပါနဲ့တော့။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

%%footer%%